Author: Baby Yit Lone
-

ဆံနွယ်ရှည်မလေးရဲ့ ငရဲခန်းည
မိုးဦးကျရာသီဆိုတော့ အရာရာဟာ အလွမ်းငွေ့ငွေ့ လောင်လှိုက်နေသလို သွန်းတစ်ယောက်လည်း သူမရဲ့ ဆံနွယ်ရှည်တွေကို တမ်းတနေမိသည်။ ဆံနွယ်ရှည်တွေကို တွေးမိတိုင်း လူယုတ်မာနှစ်ယောက်ကို ရင်ထဲအသည်းထဲက နာကျည်းနေမိလေသည်။ သူမနာမည်က သွန်းသံစဥ်.. အသက်က ၂၂ နှစ်..။ မိဘတွေက နယ်မှာနေတယ်။ သူမကတော့ ရန်ကုန်က ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဒီဇိုင်နာအလုပ်ရတဲ့ ပိုက်ဆံလေးနှင့် အိမ်လေးတစ်လုံးငှားနေတယ်…။ အလုပ်ကတော့ ဒဒီဇိုင်နာအလုပ်ပေါ့။ အောင်အောင်မြင်မြင် မဟုတ်ပေမဲ့ အဆင်ပြေလှသည်။ သွန်းတစ်ယောက် အလွမ်းတွေကို ကြိုးစားဖြေဖျောက်ရင်း စိတ်ထဲတွင် ပိုပို၍ ဝင်လာမိလေဖြစ်နေတယ်…..။ ထိုနေ့က ဒီဇင်ဘာ ၂၇ သောကြာနေ့။ ဖုန်းအလန်းသံမြည်၍ နာရီကြည့်လိုက်ရာ မနက် ၆ နာရီပင်ထိုးလေပြီ။ နေရောင်ခြည်က မျက်နှာပေါ်သို့ တိုးဝင်စပြုလေပြီ။ ရာသီဥတု သာယာသော်လည်း သွန်းတစ်ယောက် စိတ်လေးလံစွာဖြင့် အိပ်ယာထလိုက်လေသည်။ ဒီနေ့…
-

တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်
တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှု အမြဲတမ်းဆက်ကြုံရ မယ်လို့ ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ သတိပေး “ဘုံရန်သူပျောက်ပြီးမှသာလျင် ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာဖက်ဒရယ်မှ ဖြစ်လာမှာမဟုတ်ဘူး။ ဘယ်ဒီမိုကရေစီမှ ဖြစ်လာမှာ မဟုတ်ပါဘူး” – ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ဖို့ စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး ပူးပေါင်းမှုမရှိရင် စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုအမြဲတမ်း ဆက်ကြုံနေရမယ်လို့ သတိပေးလိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင်ရံပုံငွေရှာဖွေရေး အစီအစဉ်မှာ ဆလိုင်းထန်းချွန်းဖေက ညီညွတ်ရေးလိုအပ်မှုကို အလေးထားပြောကြားခဲ့ပြီး ညီညွတ်ရေးအတွက် မိမိအတ္တတွေ ဘေးဖယ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်လူငယ်များရဲ့…
-

Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်
ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်၊ နိုင်ငံခြားလူသတ်ဇာတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့ ရန်ကုန်မြို့လယ် Beauty Land Hotel မှ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်နှင့် ရည်းစားဖြစ်သူ မအေမွန်အောင်တို့ဖြစ်ပြီး နိုင်ငံခြားလူသတ်ဇာတ်ကားထဲမှ ပုံစံအတိုင်း သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်ရှိ 32nd Beauty Land Hotel၊ ၅ လွှာ၊…
-

မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်
မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရတုံရွာနှင့် ဘူးတောင်းကန်ရွာအကြားရှိ နေအိမ်တဲများကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပလဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့…
-

မုံရွာမှာ စစ်အုပ်စုက ပွဲလမ်းသဘင်တွေထပ်လုပ်ပြီး ပေါ်တာဆွဲနိုင်လို့ လူငယ်တွေသတိထားဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး
မုံရွာမှာ စစ်အုပ်စုက ပွဲလမ်းသဘင်တွေထပ်လုပ်ပြီး ပေါ်တာဆွဲနိုင်လို့ လူငယ်တွေသတိထားဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာစစ်အုပ်စုကစျေးရောင်းပွဲနဲ့ ဖျော်ဖြေပွဲတွေထပ်လုပ်ဖို့ စီစဥ်နေပြီး ပေါ်တာဆွဲနိုင်လို့လူငယ်တွေသတိပြုသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။ လာမယ့်နိုဝင်ဘာ ၂၈ ရက်ကနေဒီဇင်ဘာ ၂ ရက်အထိ ၅ ရက်တိုင် မုံရွာမြို့က ပြည်သူ့ဥယျာဥ်မှာ စစ်ကောင်စီက စျေးရောင်းပွဲတော်လုပ်ပြီး စတိတ်ရှိုးပါထည့်ဖို့စီစဥ်နေကြောင်းမြို့ခံတွေကပြောပါတယ်။ စတိတ်ရှိုးပွဲမှာတော့ နန်းခင်ဇေယျာ၊ လမင်းကဗျာတို့နဲ့အတူ တခြားနာမည်မရသေးတဲ့ သရုပ်ဆောင် အဆိုတော်သစ်တွေလည်းပါဝင်မယ်လို့ဆိုပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲနီးလာလို့ တိုင်းပြည်အေးချမ်းသယောင် ပွဲလမ်းသဘင်တွေလုပ်ပြနေတာဖြစ်ပြီး ပေါ်တာဆွဲတာတွေပါ ခံရနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ “အခုချိန် မုံရွာမြို့ပေါ်က ရပ်ကွက်တွေမှာ ပေါ်တာဆွဲမှုတွေက ဆက်လက် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်ထားတဲ့ နေပြည်တော်က စစ်ခေါင်းဆောင် ဖက်ဆစ်ကောင်တွေအတွက် ကျနော်တို့လူငယ်တွေရဲ့အသက်တွေ သေပေးနေရတာမျိုး၊ ဘဝပေးနေရတာမျိုးတွေဟာ ထိုက်တန်မှု…