နာရေးဖဲဝိုင်း အငြင်းပွားမှုကနေအစပြုပြီး ရွာသားတွေကို ဓားထောက် ကြိမ်းမောင်းကာ သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ ပကဖနဲ့ အဖွဲ့ဝင်တချို့ကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတစ်ရွာရဲ့ နာရေးအိမ်တစ်ခုမှာ တိုက်နယ်-၅ ပကဖ တာဝန်ခံနဲ့ ရွာသားတွေကြား အငြင်းပွားမှု ဖြစ်ပွားပြီး တိုက်နယ် ပကဖနဲ့ အဖွဲ့ဝင်တချို့က ကျေးရွာသားတွေကို လက်နက်နဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ ဒေသခံ ၃ ဦးဆီက စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၁ ရက် ညပိုင်းမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက ကျေးရွာတစ်ရွာက နာရေးအိမ်တစ်ခုမှာ တိုက်နယ်-၅ တာဝန်ခံနဲ့ အဖွဲ့ဝင်တွေ လာရောက်ကာ နာရေးဖဲဝိုင်း ဝင်ကစားရာကနေ အခုလို ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ရွာဓလေ့အတိုင်း အသုဘအိမ်မှာ…
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ရဲ့ဓါတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ပစ်မယ်လို့ အီရန်စစ်တပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက အီရန်ရဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပြီးနောက် အီရန်စစ်တပ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဟော်မုဇ်ရေလက်ကြားကို အချိန်(၄၈)နာရီအတွင်း ပြန်ဖွင့်ဖို့ အီရန်ကို ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် ယခုလိုမျိုးတုံ့ပြန်ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခုစတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ အီရန်စစ်တပ်က”အမေရိကန်က အီရန်ရဲ့ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို ကျွန်တော်တို့အပြီးတိုင်ပိတ်ပစ်သွားမှာပါ။ ပျက်စီးဿွားတဲ့ ဓါတ်အားပေးစက်ရုံတွေ ပြန်လည်တည်ဆောက်မပြီးမချင်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာမဟုတ်ပါဘူး”လို့ပြောဆိုခဲ့ပါတယ်။
မတ်လနှောင်းပိုင်းရဲ့ အပူရှိန်ပြင်းတဲ့ မန္တလေးမြို့ရဲ့ နွေနေ့လယ်ခင်းမှာ ဆိုင်ကယ်နဲ့လှည့်လည်ရောင်းချတဲ့ ရွှေရင်အေးသည်အမျိုးသမီးတစ်ဦးဟာ ချွေးဒီးဒီးကျပြီး ဆိုင်ကယ်ကို တွန်းလာခဲ့တယ်။ နွေဆို မန္တလေးမြို့ပေါ်တက်ပြီး ရွှေရင်အေးလာရောင်းကြသူတွေဟာ တွန်းလှည်းနဲ့ အများဆုံး ရောင်းကြတာဖြစ်ပေမဲ့ သူမကတော့ ဆိုင်ကယ်နဲ့ ရောင်းချနေတာပါ။ ဒီကနေ့မှာတော့ သူ့ဆိုင်ကယ်ထဲက စက်သုံးဆီပြတ်သွားတဲ့အတွက်၊ ဝယ်လို့လည်းမရတာကြောင့် နေပူကြီးထဲတွန်းနေရတာဖြစ်ပါတယ်။ မတ်လဆန်းက စတင်ခဲ့တဲ့ စက်သုံးဆီအကျပ်အတည်း ရက်သတ္တပတ် ၂ ပတ်ကျော်လာတဲ့အချိန်မှာတော့ မန္တလေးမြို့မှာ စက်သုံးဆီအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တန်းတွေဟာ ယခင်ကထက် ရှည်လျားစွာ တန်းစီနေကြရပြီဖြစ်ပါတယ်။ ယာဥ်တန်းတွေဟာ ဆီဆိုင်အလိုက် မန္တလေးအခေါ် လေးပြကနေ ၇ ပြခန့်အထိ ရှိနေပြီး တစ်မိုင်နီးပါးလောက်အထိ တန်းစီနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ပိုဆိုးတယ်။ မနက် ၇ နာရီကစပြီး ညနေ…
မြန်မာပြည်တွင် အမေရိကန် CIA ၏ လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်သင့်ဟုဆို မြန်မာပြည်တွင် အမေရိကန် ထောက်လှမ်းရေး-CIA ၏လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သင့်ကြောင်း India Narrative က အမြင် သဘောထားဖော်ထုတ်ရေးသားထားသည်။ မကြာသေးမီက ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးရမိခြင်းက အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အမေရိကန်၏ လျှို့ဝှက်လှုပ်ရှားမှုများအပေါ် ငြင်းခုံဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ လျှို့ဝှက်အရေးယူဆောင်ရွက်ရန် ကြိုးပမ်းသည်ဟု သံသယရှိရသော ဤဖြစ်ရပ်သည် ပေါ်ထွက်လာသည့် စိုးရိမ်ဖွယ်ရာအချက်နှစ်ချက်ကြောင့် အရေးပါနေသည်။ ပထမအချက်မှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအလွန် အခြေအနေဖြစ်ပြီး၊ ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အတွက် တရုတ်နိုင်ငံ၏ တိုးမြှင့်တွန်းအားပေးလာမှု ဖြစ်သည်။ အမေရိကန်သည် ၂၀၂၁…
“၅၀၀၀ ဖိုးသော ဆီတစ်ပုလင်းနဲ့ လဲလှယ်လိုက်ရတဲ့ အသက်” စက်သုံးဆီဝယ်ဖို့ မနက် ၂ နာရီခွဲကတည်းက တန်းစီခဲ့ရတဲ့ မွန်ပြည်နယ် ချောင်းဆုံက Taxi သမားတစ်ဦး အပူရှပ်ပြီး သေဆုံးသွားခဲ့ရတဲ့သတင်းဟာ တကယ့်ကို စိတ်မကောင်းစရာပါ။ တစ်နေ့တာ ဝမ်းရေးအတွက် ပူပြင်းတဲ့ရာသီဥတုအောက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့ ပြည်သူတွေရဲ့ဘဝဟာ တကယ့်ကို ရုန်းကန်နေရပါတယ်။ ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ဖိုးပဲ ကန့်သတ်ရောင်းချပေးနေတာကြောင့် ဆီဆိုင်ကို အခေါက်ခေါက်အခါခါ ပြန်လာတန်းစီနေရတဲ့ ဒုက္ခတွေဟာ ဘယ်တော့မှ အဆုံးသတ်မှာလဲ? ကွယ်လွန်သူအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။