Category: News

  • အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    ရေကြည်မြို့ အ​​​​ခြေစိုက် အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်အချို့ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။ ရခိုင်ပြည်နယ်၊ ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်နက်အချို့ပို့ဆောင်ပြီး ခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လေယာဥ်တွေပို့တာတော့ ခုရက်ပိုင်းမှာပဲ၊ လေယာဥ်ဆင်းဖို့လည်း လမ်းဖောက်ပြီး အဆောက်အအုံအချို့လည်း လုပ်နေကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒါတွေလုပ်လာကြတာပါ”ဟု မြောက်စမ်း အမြောက်တပ် ၃၄၄ နှင့် နီးစပ်သူက ပြောသည်။ ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် ၃၄၄တွင် ပြီးခဲ့သည့် ရက်အတွင်းက စတင်ကာ အရေးပေါ်…

  • ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်

    ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်

    ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေ စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ဖမ်းဆီးရရှိသည်နှင့် ကျူးလွန်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်စီရင်မည်ဟု AA က သတိပေး ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့သိမ်းတိုက်ပွဲမှာ AA နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေကြောင်း AA က သတင်းထုတ်ပြန်သည်။ အာရက္ခတပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြိုလေးမြိုအနက်မှ လက်ရှိအချိန် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း၊ ဂွမြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီဖြစ်ကြောင်း၊ အာရက္ခတပ်တော်တပ်ဖွဲဝင်များကလည်း ဂွ မြို သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဂွမြို့သို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များကို မည်သိုပင်…

  • မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်

    စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား ရန်ကုန်တိုင်း၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ရေနှစ်ပတ်လည် အခမ်းအနားပွဲသို့ အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ပြီး ရေတပ်နှစ်ပတ်လည်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုပါ မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းထားကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကာ လုံခြု့ရေးအတွက် အထူးတင်းကျပ် ပြင်ဆင်ထားကြောင်း သိရှိရသည်။ လတ်တလော အချိန်အထိ အဆိုပါ အခမ်းအနား သို့…

  • ဂွမြို့ မကြာခင်ရက်များအတွင်း သေချာပေါက်သိမ်းနိုင်တော့မည်ဟု AA အသိပေး

    ဂွမြို့ မကြာခင်ရက်များအတွင်း သေချာပေါက်သိမ်းနိုင်တော့မည်ဟု AA အသိပေး

    အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ညွန့်ပေါင်းတပ်အစုကဲ့သို့ဖြစ်နေသော စစ်ရှုံးစစ်ကောင်စီတပ်မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေရဟု AA ထုတ်ပြန် အာရက္ခတပ်တော်(AA)က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဂွမြို့ကိုလည်း မကြာခင် ရက်များအတွင်း သေချာပေါက် သိမ်းနိုင်တော့မည်ဟု ဖော်ပြသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့ကို AAက ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၂၁ရက်ညပိုင်းတွင် ဂွမြို့သိမ်းတိုက်ပွဲ အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်ဟု ဆိုသည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွမြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။ “ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ…

  • ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်နေ

    ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်က ခံစစ်ပြင်နေ

    စစ်ကောင်စီတပ်ဟာ ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းဘက်က ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ကျုံပျော်၊ သာပေါင်းစတဲ့ မြို့တွေမှာ စစ်အင်အား ဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားပါတယ်။ ဒေသတချို့မှာ ညမထွက်ရအမိန့်ထုတ်ပြီး အဖမ်းအဆီးတွေ လုပ်နေသလို ခုခံကာကွယ်ဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုသွားတဲ့ ကားလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ ဒေါင့်ချောင်း၊ ဗောဓိ စတဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဒီရက်ပိုင်းမှာပဲ သိမ်းပိုက်ထားပါတယ်။ ငသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ဗေဒါစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ကို ရွှေ့ပြီး ခံစစ်ပြင်နေတယ်လို့ လုံခြုံရေးအရ…