Category: News

  • ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေ

    ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေ

    လှိုင်းဘွဲ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေဟု KNU ထုတ်ပြန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို နယ်မြေခံ စစ်ကောင်စီတပ်မှူးက ခေါ်ယူပြီး စစ်မှုထမ်းရန် တပ်သားသစ်များအား ဒီဇင်ဘာ ၁၂ရက် နောက်ဆုံးထား စုဆောင်းပို့ဆောင်ပေးရန်ပြောဆိုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်သည်။ စစ်ကောင်စီက လှိုင်းဘွဲ့ဗျူဟာရုံး၌ လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလို စသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဒီဇင်ဘာ ၁၀ ရက်တွင် စစ်မှုထမ်းအကြောင်းအရာ ဆိုင်ရာနောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူပြီး အပါတ်စဉ် (၇)တွင် ပို့ဆောင်ခြင်းမရှိသေးသော ကျေးနယ်များအနေဖြင့်…

  • နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA  က  ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ

    နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ

    မောင်​တော နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ ​မောင်​တော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲစခန်း (နခခ ၅) မြို့သူကြီးကို တိုက်ခိုက်ရာတွင် မိုင်းကွင်းများနှင့် မိုင်း​ထောင်ချီခင်းထားသည့်အတွက် အာရက္ခတပ်တော် (AA) အ​နေဖြင့် ​မြေ​အောက်ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ခိုက်ခဲ့ရ​ကြောင်း သိရသည်။ ထိုးစစ်ရက်​ပေါင်း ၅၅ရက် အကြာတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် အ​လောင်း ၄၅၀​ ကျော်နှင့် စစ်သုံ့ပန်း ၃၀၀ နီးပါးကို AA က ဖမ်းဆီးရမိခဲ့ပြီး လေကြောင်းမှလာရောက်တိုက်ခိုက်သည့် လေယာဉ်များကို လေယာဉ်ပစ်လက်နက်များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို AA ကထုတ်ပြန်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီက ပစ်ခတ်ခဲ့သည့် ၁၂၂ မမ ဒုံးကျည်ကိုလည်း Direct Fire…

  • နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်

    နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်

    မုံရွာမြို့ နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရေယာဉ် ၂ စီးဖြင့် အုန်းပင်ဆိပ်ကမ်းမှ ကံကြီးကုန်း ပျူစောထီးရွာနှင့်…

  • AA ကိုင်ထားသည့်ဝှက်ဖဲ

    ဆိုးရွားလှသည့် ပြစ်မှုများကျူးလွန်ခဲ့သူဖြစ်​သော်လည်း ​ယခုအခါ ကြိုးချီထား​သော လက်နှစ်​ချောင်းနောက်ပစ်၍ ဒူး​​ထောက်လျက်​တွေ့ရသည်။ဒီဇင်ဘာလ ​​နေ​ရောင်​အောက်တွင်မျက်နှာ ရှုံ့တွ၍ ဓါတ်ပုံရိုက်​နေသူကို ကြည့်​နေသည်။ ​အောက်​ခြေစစ်သားများမှာ ရိက္ခာပြတ်၍ နိုဝင်ဘာ လဆန်းကတည်းက စားစရာမရှိ​တော့​ကြောင်း ရင်ဖွင့်ထားကြ​သော်လည်း သူကမူ ရက်​ပေါင်းများစွာအစာ​ရေစာ ပြတ်၍အဟာရချို့ငဲ့​နေ​သောပုံစံမျိုးမဟုတ်ပါ။သူဆိုသည်မှာ နမည်ဆိုးဖြင့် လူသိများ​နေ​သော အမှတ်( ၁၅ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းဖြစ်သည်။ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုမောင်တောမြို့သိမ်းတိုက်ပွဲတွင် ဒီဇင်ဘာလ၈ရက်နေ့က AAက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။အသက် ၅၅ နှစ်ခန့်ရှိ​​သော ဗိုလ်မှူးချုပ်သူရိန်ထွန်းမှာ အလုပ်သင်ဗိုလ်​လောင်းသင်တန်း အမှတ်စဥ် ၂၂ ဆင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်လည်းရခိုင်ပြည်နယ်တွင် တာဝန်ကျခဲ့သူဖြစ်သည်။ရခိုင်ပြည်နယ်တွင် ထိုစဥ်က ၃ နှစ်တာဝန်ကျခဲ့လျင်ပင်အနည်းဆုံး ၂၀၁၅ ခုနှစ် မှ ၂၀၁၈ခုနှစ် အထိ့တာဝန်ထမ်းခဲ့သူဖြစ်​ကြောင်း စစ်​ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော CDM ဗိုလ်ကြီး ဇင်​ယော်က ​ပြောသည်။ထို့ကြောင့် စစ်​အုပ်စုက ရခိုင်ပြည်နယ်တွင်…

  • စစ်ကောင်စီတပ်ဖွဲ့ဝင်များ  ရခိုင်သို့ပို့ဆောင်ခြင်းခံရပြီး သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများ ကျေနပ်မှုမရှိဘဲဆူပူ

    စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်သို့ပို့ဆောင်ခြင်းခံရပြီး သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများ ကျေနပ်မှုမရှိဘဲဆူပူ

    ဧရာဝတီတိုင်း တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်သို့ပို့ဆောင်ခြင်းခံရပြီး သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများ ကျေနပ်မှုမရှိဘဲဆူပူ ဧရာဝတီတိုင်းရှိ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်းသို့ ပို့ဆောင်ခံရပြီး နောက်တန်းပြန်ခွင့်မရဘဲ သေဆုံးမှုများနေသည့်အတွက် တပ်တွင်းမိသားစုများမှာ ကျေနပ်မှုမရှိဘဲ ဆူပူမှုဖြစ်နေကြောင်း သိရသည်။ စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ် ဂွမြို့နှင့်နယ် မြေချင်းဆက်စပ်နေသည့် ဧရာဝတီတိုင်းမှ ခြေလျင် တပ်ရင်း၊ ခြေမြန် တပ်ရင်းများ တိုက်ပွဲအတွင်းပို့ ဆောင်ခံရသည့်အတွက် သေဆုံးမှုများ များပြားနေမှုအပေါ် တပ်မိသားစုဝင်များက ကျေနပ်မှုမရှိဘဲဆူပူမှုဖြစ် ပွားလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “စစ်ရေးဗျူဟာအရ အသိပေးလို့မရဘူးဆိုပြီးတော့ သေတာကိုလည်း အကြောင်းမကြားဘူး။ ထွက်ပြေး ပျောက်ဆုံးဆိုတော့ လစာခံစားခွင့်တွေမရဘူး။ သေနေတာတောင် မသိတော့ ဆွမ်းသွတ်ခွင့်မရဘဲ အခွင့် အရေးတွေလည်း ဆုံးရှုံးရပါတယ်”ဟု တပ်မိသားစုဝင် တစ်ဦးက ပြောသည်။ ဂွတိုက်ပွဲအတွင်းသို့ ဟင်္သာတ၊ အိမ်မဲ၊…