Category: News
-

လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး
မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “မစ်ရှင်အနေနဲ့ဝင်ဆော်တာ။ လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။ မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။ လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။ အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။ သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။ ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။ မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ “သေတဲ့ရာထူးက…
-

သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van
ဂျော့ရှုဝါဗန် အနိုင်ရမှု အမေရိကန်သံရုံး ဂုဏ်ပြု အမေရိကန်နိုင်ငံ၌ မေလ ၁၀ ရက်က ကျင်းပသော UFC 328 ပြိုင်ပွဲတွင် ဖလိုက်ဝိတ်တန်းချန်ပီယံ ဂျော့ရှုဝါဗန်သည် ဂျပန်ဖိုက်တာ Tatsuro Taira အား အနိုင်ယူကာ ချန်ပီယံခါးပတ် ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်သည်။ UFC တွင် အံ့မခန်း စွမ်းဆောင်ရည်အတွက် မြန်မာ-အမေရိကန် ဖလိုင်းဝိတ် ကြယ်ပွင့် Joshua “The Fearless” ကို အထူးဂုဏ်ပြုကြောင်း၊ ဗန်၏ကြိုးစားအားထုတ်မှုနှင့် မကြောက်မရွံ့ စိတ်ဓာတ်များသည် မြန်မာ နိုင်ငံကနေ အမေရိကန်အထိ ပရိသတ်များအား ဆက်လက် စိတ်ခွန်အားများ လှုံ့ဆော်ပေးနေကြောင်း ဆိုထားသည်။ ဂျော့ရှုဝါဗန်သည် ယမန်နှစ် ဒီဇင်ဘာလက ဖလိုင်းဝိတ်ချန်ပီယံ Pantoja…
-

ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်
ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုဟု အမေရိကန်အစိုးရက ဆက်လက်သုံးစွဲ မြန်မာပြည်သူများနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများအပေါ် ဗုံးကျဲသတ်ဖြတ် တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံအရေးယူမည်ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက် ထောက်နိုင်ငံ ခြားရေးဝန်ကြီး Michael George DeSombre က တရားဝင် ထုတ်ဖော်ပြောဆိုသည်။ အမေရိကန်အခြေစိုက် Burma Research Institute က ဦးဆောင်၍ ခရစ် ယာန်ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများ စုပေါင်းပြီး မြန်မာနိုင်ငံတွင် ပြည်သူများနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုများနှင့် ပတ် သက်၍ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Rubio ထံသို့ စာပေးပို့ခဲ့ကြရာ၊ အမေရိကန်အစိုးရက ထိုသို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။ “ကျနော်တို့…
-

မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို
မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်တွင် လူမှုကူညီရေးအသင်းမှ လူငယ် ၁၉ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား ၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ တောင်ခွင်မင်းကြီးတိုက် ၊ ရှမ်းပွဲဇေတဝန်ကျောင်းအနီး ဖွင့်လှစ်ထားသော ဖေးကူလက်များ လူမှုကူညီရေးအသင်း၌ ရှိနေသည့် လူငယ် ၁၉ ဦးကို စစ်သား ၁၀ယောက်က မေလ ၈ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ဝင်ရောက် ပေါ်တာဆွဲသွားကြောင်း Voice Of Mandalayက သတင်းထုတ်ပြန်သည်။ ” ၁၀ ယောက် ကား ၂ စီးနဲ့ လာဖမ်းတာပါ”ဟု Voice Of…
-

မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်
မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မုံရွာ ကျောက်စစ်ပုံ အမြောက်တပ်မှ အကြမ်းဖက် စစ်သားများက ဘူးတောင်းကန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊…