Category: News
-

ကသာမှာ စစ်တပ်ရဲ့ MI-17 ရဟတ်ယာဉ် ၁ စီးကိုတော်လှန်ရေးတပ်တွေပစ်ခတ်လို့ အရေးပေါ်ဆင်း
ကသာမှာ စစ်တပ်ရဲ့ MI-17 ရဟတ်ယာဉ် ၁ စီးကိုတော်လှန်ရေးတပ်တွေပစ်ခတ်လို့ အရေးပေါ်ဆင်း ကသာမြို့မှာခြေမြန်တပ်ရင်း ခမရ(၃၀၉)ကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ်၁စီးကိုတော်လှန်ရေးပူးပေါင်းတပ်တွေကပစ်ခတ်လို့ ထိမှန်ပြီး အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါဖြစ်စဥ်ဟာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့) ညနေ ၄ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ “ညနေက Mi17 ၃ စီးဆင်းဖို့ကို ဖိုက်တာတွေ ပတ်ပျံပေးတာ။ပြန်အတက်မှာ ၂ စီးမြောက်ရဟတ်ယာဉ်ကို ထိတယ်။အဲ့ဒီအစီးက ငအိုးမှာ အရေးပေါ်ဆင်းရတယ်”လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။ မတ်လ ၂၅ရက် ညနေ ၃နာရီ ၃၀မိနစ်နဲ့ ၄နာရီကြားမှာ မိတ္ထိလာ၊ တံတားဦး၊ ဟုမ္မလင်းလေဆိပ်တက် ဂျက်ဖိုက်တာ ၅ စီးက ခမရ(၃၀၉)အနီးနဲ့ ကသာမြို့နယ်အတွင်း ပတ်ပျံပြီး ရဟတ်ယာဉ် ၃စီးက…
-

ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာ
ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာသဖြင့် အရေးပေါ်ကုသနေ တောင်ကိုရီးယားက လုပ်ငန်းခွင်တခုမှာ စက်ညှပ်လို့ သေဆုံးသွားပြီဆိုတဲ့ မြန်မာလုပ်သားဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် အရေးပေါ်ကုသမှုတွေ ပြန်လုပ်နေတယ်လို့ အဲဒီအလုပ်သမားနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။ အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သား ကိုစန်းယုဟာ မတ် ၂၄ ရက်က လုပ်ငန်းခွင်ထဲမှာ စက်ညှပ်မိပြီး ဦးခေါင်းကို အပြင်းအထန် ထိခိုက်ခဲ့တာကြောင့် အာဂျုတက္ကသိုလ်ဆေးရုံဆီ အရေးပေါ်ပို့ခဲ့ပေမဲ့ အသက်မမီတော့ဘဲ သေဆုံးပြီလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုစန်းယုဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်မှုတွေလုပ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သူနဲ့ရင်းနှီးသူတွေက ဆိုပါတယ်။ ကိုစန်းယုနဲ့ ဆွေမျိုးနီးစပ်တော်သူတယောက်က “သူ့ကို ဆရာဝန်တွေက ရေခဲတိုက်ထဲ မထည့်သေးဘဲ အောက်စီဂျင်ပေးထားတာ၊ အသက်ပြန်ရှင်လာလို့ ခွဲခန်းထဲခေါ်သွားတယ်”…
-

နေပြည်တော်မှာ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ထံ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်ရဲ့ မတ် ၂၅ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။ လယ်ပြင်မကျေးရွာအုပ်စု၊ ထန်းတပင်ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အောင်ကျော်ဟာ အနီးအနားရှိ ကျေးရွာတွေမှ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေမပါဘဲ ကိုယ်တိုင်ဦးဆောင်ပြီး အတင်းအဓမ္မဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပို့ဆောင်ပေးနေသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးကို ရန်ကုန်-မန္တလေး အမြန်လမ်း (၂၂၉) မိုင်အနီးရှိ ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် မှောက်ခိုင်းရာမှာ စစ်ကောင်စီတပ်သားတွေလို့ ထင်မှတ်ပြီး “ငါက အုပ်ကြီးကွ”လို့ မောက်မာစွာပြောဆိုခဲ့တဲ့အတွက် နေရာမှာပဲပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးမှူး အောင်ကျော်နဲ့အတူ ပါရှိတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တံဆိပ်တုံးတွေနဲ့ အခြားအထောက်အထားတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းရာမှာ ပါဝင်ကူညီနေတဲ့…
-

ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော
အမေရိကန်နဲ့ အီရန်ကြားမှာ ကြားခံဝင်ရောက်ဆောင်ရွက်နေတဲ့ ပါကစ္စတန်ရဲ့ အရာရှိ ၂ ဦး ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန်-အီရန် အပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က လက်ခံလိုက်ပြီလို့ အေပီသတင်းဌာနက ဖော်ပြလာပါတယ်။ ပါကစ္စတန်ဘက်ကပြောတဲ့ အဲဒီအဆိုပြုချက်တွေထဲမှာ … – ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့ – အရပ်သားတွေပါဝင်တဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု – အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေကို နောက်ဆုတ်လိုက်ဖို့ – နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကနေ စောင့်ကြည့်ခွင့်ပေးဖို့ – မစ်ဆိုင်း ကန့်သတ်ချက်တွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ ပို့ဆောင်ဖြတ်သန်းခွင့်ပေးဖို့ ဆိုတဲ့အချက်တွေလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ် ကလည်း အမေရိကန်-အီရန် ပဋိပက္ခတွေကို…
-

စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အရေးယူဖို့လိုအပ်
စက်သုံးဆီ အရောင်းဆိုင်တွေမှာ လှည့်လည် ဆီ တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ မတန်တဆ အမြင့်ဈေးနဲ့ ပြန်လည် ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။ “အခုက တချို့ တက္ကစီသမားတွေက ကားမဆွဲကြတော့ဘူး။ ဆီတန်းစီပြီး…