AA 646758679 1291309289763341 5672870575272908313 N

ကပစ(၁၆) စက်ရုံကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

ပန်းတောင်းမြို့နယ်မှ ကပစ(၁၆) စက်ရုံကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၆) ဟာ မေလ ၁ ရက်နေ့က လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့ရပြီး အဆောင်တချို့ ထိမှန်မှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” တိုက်ပွဲ ကပစ(၁၆)ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်ဖြစ်ကြတယ်။ ကပစ(၁၆) ကို AA နဲ့ တော်လှန်ရေးဖက်က လက်နက်ကြီးနဲ့ပစ်လိုက်တာ။ အဆောင် တချို့ ထိမှန်သွားတယ်” လို့ ပြောပါတယ်။

မသုန်ရွာအနီးရှိ ကပစ (၁၆)ဟာ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယမ်းချက်စက်ရုံဖြစ်ပြီး အဲဒီ စက်ရုံကို အာရက္ခတပ်တော် (AA) ပူး‌ပေါင်းတော်လှန်‌ရေးတပ်တွေက မေလ ၁ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အပျက်အစီး ဘယ်အတိုင်းအတာထိ ရှိ/ မရှိကိုတော့ မသိရှိသေးဘူးလို့ သူကပြောပါတယ်။

“အဆောင်တချို့ကို ထိမှန်တာတော့ရှိတယ်။ ဒါပေမယ့် ပျက်စီးတဲ့အတိုင်းအတာကိုကျတော့ ပြောဖို့ခက်တယ်။ အဝေးက မြင်ရတာတော့ ထိမှန်တာတော့ သေချာတယ်။ တိုက်ပွဲဖြစ်နေတုန်း AA ဘက်က လက်နက်ကြီးနဲ့ ပစ်တာ” လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေဟာ ကပစ (၁၆) အနီးဝန်းကျင်မှာ မကြာခဏဖြစ်ပွားနေပြီး AA ရဲ့ စနိုက်ဘာ လက်ချက်ကြောင့် စစ်သားတွေမကြာခဏ သေဆုံးနေသလို ထွက်ပြေးသူလည်းဆက်တိုက် ရှိနေတယ်လို့ ဆိုပါတယ်။

တချို့ထွက်ပြေးကြတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိထားတယ်လို့လည်း သူက ပြောပါတယ်။

“AAနဲ့ တော်လှန်ရေးဖက်က အခွင့်သာရင် သာသလို စနိုက်ဘာနဲ့ပစ်နေတာ။ တချို့စစ်ကောင်စီ တပ်သားတွေက မနေရဲတော့ ထွက်ပြေးကြတာတွေရှိတယ်။ ကပစလည်း လက်နက်ကြီး အပစ် ခံထားရတော့ အကြောက်တရားစိုးမိုးနေကြတယ်။ စစ်တပ်က ထွက်ပြေးတဲ့သူက ပုံမှန်ရှိတယ်။ တချို့ကို တော်လှန်ရေးဖက်က ဖမ်းထားတာရှိတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကပစ(၁၆) အနီးဝန်းကျင်က ပွိုင့်(၅၀၀)ကုန်းနဲ့ ကာကင်း စခန်းငယ်တွေရဲ့ အနီးပတ်ဝန်တို့မှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *