NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဒုဝန်ကြီးနဲ့ PDF တပ်မှူးအချို့ပဲခူးတိုင်းကမြို့ပေါ်တနေရာမှာ လမ်းလျှောက်ထွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားတဲ့ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့ကပေးပို့ပါတယ် ။ နေရာဒေသ နဲ့ အချိန်ကာလကိုဖော်ပြမထားပေမယ့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဦးမင်းကိုနိုင် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနဲ့PDFတပ်မှူးအချို့ဟာ မြို့ပေါ် လူနေရပ်ကွက် အခုမှာ အရပ်ဝတ်တွေနဲ့ သက်တောင့်သက်သာ အနေအထားနဲ့ လမ်းလျှောက်နေကြတာ တွေ့ရပါတယ်။ မိနစ်ဝက်ခန့်သာရှိတဲ့ ရုပ်သံမှာ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက အခု နေရာဟာ ပဲခူးတိုင်းအတွင်း စိုးမိုးထားတဲ့နေရာလို့ ပြောပါတယ်။ “ငါ့အကိုလည်းတောထဲမှာမဟုတ်တော့ဘူး။ ငါ့အကိုလည်း မြို့ပေါ်မှာ…
ပန်ဆယ်လို အိမ်ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရ ပိုစ့်တင်ခဲ့တဲ့တပ်ထောက်ခံသူတစ်ဦး သူ့အိမ်ကို စစ်တပ်က ဖျက်လို့ ရူးမတတ်အောင် ခံစားနေရဟုဆို စစ်အာဏာရှင်တော်လှန်ရေးမှာ ရန်ပုံငွေရှာဖွေရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သူ မပန်ဆယ်လို ရဲ့အိမ် ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရပိုစ့် တင်ခဲ့တဲ့ စိမ်းမို့ ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ မကြာသေးခင်ကာလ က သူ့အိမ်ကို စစ်တပ်က ဘူဒိုဇာ နဲ့ထိုးဖျက်သွားတဲ့အတွက် ရူးမတတ်အောင်ခံစားရတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။ စိမ်းမို့ ဆိုတဲ့ ဖေ့ဘုတ်အကောင်ပိုင်ရှင်ဟာ စစ်တပ်အသိုင်းနဲ့ နီးစပ်ပတ်သက်သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ ပိုစ့်တွေလည်းတင်ခဲ့သူဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ စစ်ကောင်စီ တပ်တွေဟာ ရန်ကုန်နဲ့တခြားမြို့တွေက ရပ်ကွက်တွေမှာ ကျူးကျော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိမ်တွေကို ဖျက်စီးဖယ်ရှားနေတာဖြစ်ပါတယ်။ “စစ်ကောင်စီက အခုလိုလုပ်ရပ်တွေဟာ ပြည်သူတွေကို အကြောက်တရားပိုအောင်လုပ်တာ”လို့ ပြည်သူတစ်ဦးက ဝေဖန်ပါတယ်။ အာဏာသိမ်းပြိးနောက်ပိုင်း…
ပရိသတ်တို့ရေ… ဒီနေ့မှာတော့ ရင်နာစရာကောင်းလွန်းလို့ ဖတ်ရင်းနဲ့တောင် ဒေါသထွက်မိမယ့် သတင်းတစ်ခုကို ဝေမျှချင်ပါတယ်။ “ကြောင်စပါး” (ကြောင်လေးတွေကို ရေချိုး အလှပြင် ပေးတဲ့နေရာ) ဆိုတဲ့ ဆိုင်းဘုတ်လှလှလေး နောက်ကွယ်မှာ အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေကို တိရစ္ဆာန်တွေထက်တောင် ဆိုးဆိုးရွားရွား နှိပ်စက်ပြီး ကာမရောင်းစားနေတဲ့ငရဲခန်း တစ်ခုအကြောင်းပါ။ ထိုင်းနိုင်ငံ၊ ပထုံဌာနီမှာ ဖြစ်ပွားခဲ့တာပါ။ အပြင်ပန်းကြည့်ရင်တော့ ကြောင်လေးတွေကို ရေချိုးပေးတဲ့၊ ပြုစုပေးတဲ့ ဆိုင်လေးပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးတွေကို အခန်းပိတ်ပြီး အဓမ္မစေခိုင်းနေတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦးကို ကယ်တင်နိုင်ခဲ့ရာကနေ ဒီလို စက်ဆုပ်ဖွယ်ရာ အမှောင်လောကကြီး ပေါ်ပေါက်လာခဲ့တာပါ။ အဆိုးဆုံးက ဘာလဲဆိုတော့ ဒီကလေးမလေးတွေဟာ တစ်နေ့ကို ဧည့်သည် ၇ ယောက်အထိ မနားတမ်း…
တောင်သာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၂ ရက်နေ့တွင် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ “မဲတောကနေ့ ဇေယျာသီရီ ကို တက်လာတာတဲ့ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ခွေး စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး…
ဘယ်သူမှ အသက်အပို မပါဘူးနော် ဘယ်လိုပြောလို့ ပြောရမယ်မသိတော့ဘူး စေတနာနဲ့ ပြောရင်လည်း မကြိုက်ချင်ကြဘူး စက်ဘီးနင်းရင် ဘာလို့ လမ်းလယ်တွေကတတ်နင်းကြတာလဲ ခံရရင်ကိုယ်ဘဲခံရတာ ခုလဲ ကျော်သူတံတားအဆင်းမှာ စက်ဘီးကို ကားတိုက်ပြေးသွားပြန်ပီး မိသားစု ၃ယောက်စီးလာတာ ကလေးကတော့ အသံပြန်ထွက်လာပီ မိဘနှစ်ပါး ယူဆရသူတွေကတော့ မေးထူးခေါ်ပြော မရတော့ဘူးလို့ ကနဦး သတင်းရတယ် ကိုယ်ဖြစ်ကိုယ်ခံရမှာမို့ အနှေးယာဉ် မောင်းမယ်ဆိုရင် လမ်းလယ်က တတ်မမောင်းကြပါနဲ့ ညဖက်သွားမယ်ဆိုလည်း ရောင်ပြန်စတေကာတွေဖြစ်ဖြစ် မီးအလင်းဖြစ်ဖြစ် တပ်ဆင်ကြပါလို့ အကြံပြုပါရစေ Photo : Emergency 35 Channel ပြည်သူမှ ပြည်သူသို့ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်)