📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: News

  • ရွှေကူရဲ့ အလှလေးတွေ ထုတ်ပြလာတဲ့ KIA, KPDF (ရုပ်သံ)

    ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊ KPDF နှစ်မြှုပ်ဖျက်ဆီး ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကို​စောင့်​နေတဲ့စစ်သား​တွေက တိုက်ခိုက်ခံရချိန်မှာ ထွက်​ပြေးသွားကြပါတယ်။ စက်တင်ဘာ ၁ ရက်ညမှာ​တော့ ကချင်စစ်​ရေးအ​ခြေအ​နေ​တွေ​ရေးသားတင်​ပေး​နေတဲ့လူမှုကွန်ယက်​တွေမှာ စစ်သင်္ဘောကို ​ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကို​ဖော်ပြလာပါတယ် ။ အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းရရှိပါတယ်။ “ရွှေကူဆေးရုံမှာကုတင်တွေဆွဲထုတ်ပြီးကြမ်းပြင်ပေါ်မှာကုနေရတာ။စစ်တပ်အရမ်းအထိနာထားတယ်။ လေကြောင်းကနေလည်းဆက်တိုက်လာကြဲနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သီးခြားအတည်မပြုနိုင်ပေမဲ့ ခလရ(၁၂၀) တပ်ရင်းမှူး သေဆုံးခဲ့သလို…

  • မအလ လာရောက်ပြီးနောက် အခြေအနေ ပိုဆိုးလာတဲ့ ညောင်တုန်းတာပြိုကျမှု

    မင်းအောင်လှိုင် လာရောက်ပြီးနောက် ညောင်တုန်းတာပြိုကျမှု ပိုမိုဆိုးရွားလာပြီး နေ့စဉ် မြေသားတာ တမံများ ပြိုကျနေ တာပြိုကျမှု သတင်းကို စစ်တပ်က ဖုံးဖိထားပြီး ပီနန်အိတ်သောင်းချီ အရေးပေါ် အလှူခံ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာတွင် ညောင်တုန်းကျွန်းတာပြိုကျမှုမှာ အကြမ်းဖက် မင်းအောင်လှိုင် လာရောက်ပြီးနောက် အခြေအနေဆိုးရွားလာပြီး နေ့စဉ်မြေသားတာများ တဖြည်းဖြည်းပြိုကျလျက်ရှိကြောင်း ညောင်တုန်းတာပြုပြင်ရေးတွင် လုပ်အားပေးခေါ်ယူခံနေရသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အဆိုပါ ညောင်တုန်းကျွန်းတာသည် ဧရာ၀တီမြစ်ရေကို တားဆီးထားခြင်းဖြစ်ပြီး ဩဂုတ် ၂၅ ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် မြေသားတာတံမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင်တစ်ဆက် တည်းတွင် ကမ်းပြိုကျသွားခဲ့ကြောင်း၊ ယင်းနောက် ဒေသပြည်သူများနှင့်စစ်တပ်က တာပြိုကျမှု ကာကွယ်တားဆီးရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်…

  • ချစ်သူဟောင်းမှ အက်ဆစ်ဖြင့်ပက်၍ မျက်နှာဖျက်ဆီးခံခဲ့ရသည့် မင်းသမီးလောင်းလေး၏ ရင်နင့်ဖွယ်ဖြစ်စဉ်

    ချစ်သူဟောင်းမှ အက်ဆစ်ဖြင့်ပက်၍ မျက်နှာဖျက်ဆီးခံခဲ့ရသည့် မင်းသမီးလောင်းလေး၏ ရင်နင့်ဖွယ်ဖြစ်စဉ် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ရည်မှန်းချက်ကြီးကြီးမားမား ထားခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဟာ ချစ်သူဟောင်းရဲ့ အတ္တနဲ့ ရက်စက်မှုကြောင့် တစ်မုဟုတ်ချင်း ပြိုလဲခဲ့ရပါတယ်။ သူမကတော့ ငယ်စဉ်ကတည်းက မင်းသမီးတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပြီး မိသားစုရဲ့ သဘောမတူမှုကိုတောင် လွန်ဆန်ကာ ရန်ကုန်ကို တက်လာခဲ့တဲ့ မြိတ်သူလေး မကြည်မွှေးအိမ် ပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာအိပ်မက်တွေဟာ ပွင့်လန်းခါစမှာတင် ယုတ်မာလှတဲ့ လုပ်ရပ်တစ်ခုကြောင့် အပြီးတိုင် ကြွေလွင့်သွားခဲ့ရပါပြီ။ အဖြစ်အပျက်ကတော့ သူမရဲ့ ပထမဆုံးချစ်သူ (အနုပညာအလုပ် အတူတူလုပ်သူ) ရဲ့ မနာလိုဝန်တိုမှုတွေကနေ စတင်ခဲ့တာပါ။ ကောင်လေးဖြစ်သူဟာ မကြည်မွှေးအိမ်ကို ဒါရိုက်တာတွေက နေရာပေးလာတာကို မလိုလားခဲ့သလို၊ ရှုတင်လိုက်ဖို့ ကြိုးစားတဲ့အခါမှာလည်း မျက်လုံးကို ကုတ်ဖဲ့တဲ့အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပါတယ်။…

  • RLG နံပါတ်သုံး လုပ်စားနေတဲ့သူတွေနဲ့ အလှူခံအဖွဲ့တွေကို စ,ဒွမ်ပါပြီ

    RLG နံပါတ်သုံး လုပ်စားနေတဲ့သူတွေနဲ့ အလှူခံအဖွဲ့တွေကို စ,ဒွမ်ပါပြီ

    သံဃာမပါဘဲ RLG ယာဉ်စီးနင်းသူများ၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သည့် သံဃာနှင့် သီလရှင်များအပြင် တရားမဝင် အလှူခံများကို ဓမ္မစက်၊ အာဏာစက်ဖြင့် စတင် အရေးယူမည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သံဃာနှင့် သီလရှင်များ ကား၊ ဆိုင်ကယ် ကိုယ်တိုင် မောင်းနှင်နေမှုများ၊ သာသနာ့ယာဉ်များကို အလွဲသုံးစားပြုခြင်းများနှင့် စည်းကမ်းမဲ့ အလှူခံနေမှုများကို သာသနာထိန်းသိမ်းရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ မြေပြင်တွင် လက်တွေ့ စစ်ဆေး အရေးယူနေပါပြီ။ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ အမှတ် (၉၄) ပြင်ဦးလွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ရဟန်း၊ သာမဏေနှင့် သီလရှင် ဆရာလေးများ ကား၊ ဆိုင်ကယ် မောင်းနှင်မှုများကို မောင်းနှင်ခွင့် မပြုကြောင်း ပညာပေး မှတ်တမ်းယူထားပြီး နောက်တစ်ကြိမ် လွန်ကျူးပါက ထိရောက်စွာ အရေးယူသွားမည်ဟု…

  • ပွဲဖြစ်နေတဲ့ နိုင်ငံကျော် မင်းသားရဲ့ မိတ်ကပ်ဆရာ

    ပွဲဖြစ်နေတဲ့ နိုင်ငံကျော် မင်းသားရဲ့ မိတ်ကပ်ဆရာ

    “နိုင်ငံကျော် မင်းသားရဲ့ မိတ်ကပ်ဆရာကို ဒီလို တည်းခိုခန်း အဆင့်လောက်မှာ ထားလို့ရမလား” ဆိုပြီး ပွဲစီစဉ်သူတွေကို ဒေါသထွက်နေတဲ့ မိတ်ကပ် စည်သူထွဋ် မင်းသား အောင်ဇမ္ဗူ မအောင်မြင်ခင် အချိန်ကတည်းက ဒီနေ့လို နိုင်ငံကျော် ထိပ်တန်းမင်းသား ဖြစ်လာသည်အထိ မိတ်ကပ် အမြဲ လိမ်းပေးခဲ့ရတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတဲ့ မိတ်ကပ်ဆရာ စည်သူထွဋ်တစ်ယောက် ပဲခူးမြို့မှာ အလုပ်ကိစ္စနဲ့ ရောက်ရှိနေစဉ် ပွဲစီစဉ်သူတွေ စီစဉ်ပေးခဲ့တဲ့ ဟိုတယ်နဲ့ ပတ်သက်ပြီး စိတ်အခန့်မသင့်ကာ စီမံသူတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။ အလုပ်ကိစ္စအတွက် ပဲခူးမြို့မှာ တည်းခိုဖို့ ဟိုတယ်ကို ပွဲစီစဉ်သူတွေဘက်က အခမဲ့ စီစဉ်ပေးခဲ့ပေမဲ့လည်း အခန်းတွင်း ပိတ်စများ ပရမ်းပတာ ဖြစ်နေတာ၊ အစွန်းအထင်းတွေနဲ့ အဆင်မပြေတာတွေကို ပုံနှင့်တကွ တင်ပြပြီး “နိုင်ငံကျော်မင်းသားရဲ့ မိတ်ကပ်ဆရာဆိုတဲ့…