📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: News

  • သင်္ကြန်အတွင်း ကပစ ၁၆ ကာကင်းစခန်းများမှ တပ်သားများထွက်ပြေးမှုထိန်းမနိုင်သိမ်းမရဖြစ်နေ

    သင်္ကြန်အတွင်း ကပစ ၁၆ ကာကင်းစခန်းများမှ တပ်သားများထွက်ပြေးမှုထိန်းမနိုင်သိမ်းမရဖြစ်နေ

    အာရက္ခတပ်တော် (AA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေး ထိပ်တိုက်ရင်ဆိုင်နေရသည့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ကပစ ၁၆ အားလုံခြုံရေးယူထားသည့် မြန်မာစစ်တပ် ကာကင်းစခန်းများမှ သင်္ကြန်ကာလအတွင်းပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်များထွက်ပြေးမှုမှာထိန်းမနိုင်သိမ်းမရဖြစ်နေသည်ဟု သတင်းရရှိသည်။ ယခုထွက်ပြေးမှုများသည်အာရက္ခတပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးမှ၂၀၂၆ ခုနှစ် ဧပြီ၁၁ရက်နေ့စွဲဖြင့်မြန်မာစစ်တပ်မှအနည်းဆုံးတပ်ဖွဲ့ဝင် ၁၅ဦး၏လက်နက်ချလာကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းတွင်ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု တော်လှန်ရေးနှင့်နီစပ်သည့် သတင်းရင်းမြစ်က နိရဉ္စရာ​ သို့ပြောဆိုသည်။ “ဒီဧပြီ ဒုတိယအပတ်မှာလည်း ထပ်မံထွက်ပြေးမူရှိနေတယ်။ထွက်ပြေးမှုက ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်။ ထွက်ပြေးကြတာ။ တချို့က နီးစပ်ရာတော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်မှုရှိနေတယ်။တချို့လည်းကိုယ်လွှတ်ရုန်း ထွက်ပြေးကြတယ်လို့ သိရပါတယ်” ဟု ပြောသည်။ ယခုထွက်ပြေမှုများသည်ဧပြီလ ဒုတိယအပတ်မှစတင်ပြီး ပိုမိုများပြားလာသည်ဟု သိရသည်။ ထွက်ပြေးကြသည့်စစ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ရောက်ရှိသွားပါကအသက်ချမ်းသာရာရသွားပြီး ထွက်ပြေးနေသူများကိုဝိုင်းပိတ်ဆို့ လိုက်ရှာနေသည့် စစ်တပ် စစ်ကြောင်းနှင့် တိုးလျှင် အသေပစ်သတ်ခံရသည်ဟု သိရသည်။ “ပြည်သူ့စစ် တချို့တပ်ဖွဲ့ဝင်တွေက ဒေသခံမဟုတ်တဲ့ခါ လမ်းမသိဘူး။တချို့ဆိုလည်း သူတို့ကင်းပုန်းချထားတဲ့…

  • လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်

    လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်

    လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်သည့်တိုက်ပွဲတွင် ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်းလည်း ပါဝင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား ဧပြီလ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၇) ရက်နေ့ နံနက် (၀၅:၀၀) နာရီ အချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်ယက်စခန်းသိမ်းတိုက်ပွဲတွင် ရန်သူသေဆုံးအလောင်း (၈) လောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ဦးတို့ရှိခဲ့သည်။ စခန်းသိမ်းတိုက်ပွဲပြီးနောက် တပ်ကူပေးရန်ရောက်ရှိလာသော ရန်သူ့တပ်ကူစစ်ကြောင်းများနှင့် စခန်းစွန့်ခွါထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းခဲ့ရာ ရန်သူသေဆုံး (၁၄) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၉) ဦးရှိခဲ့ပြီး MA1 ၃ လက်၊ MA11 ၄ လက်၊ MA4 ၁ လက်၊ ၅.၅၆ (ကပစ)…

  • မင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန်

    မင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန်

    လူထုအာဏာမတရားရယူထားတဲ့ စစ်ရာဇဝတ်သား မင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ယခုအခါအရပ်ဖက်အစိုးရအသွင်သစ်ဖြင့် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိင် တပ်ရင်းမှူးအဆင့် ရာထူးရှိချိန်က ဦးဆောင်ခဲ့တဲ့ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဘီးလင်းမြို့နယ်က လေးကေတပ်စခန်းကို ဧပြီ ၁၂ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ KNUက ဒီကနေ့မှာ စခန်းသိမ်းပိုက်နိုင်မှု သတင်းကို ဖော်ပြလာတာပါ။ ဒီလို ဖော်ပြရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိင်က အခုအခါ လူထုအာဏာ မတရားရယူထားတဲ့ အခြေအနေကိုလည်း အထက်ပါအတိုင်း မီးမောင်းထိုး ဖော်ပြထားတာပါ။ လေးကေတပ်စခန်းကို KNLA ပူးပေါင်းတပ် ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ…

  • မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး

    မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး

    မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး၊ ပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်မည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ၁ လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း သိရှိရသည်။ လက်ရှိ ရန်ကုန်ခေတ်သစ်၏ စျေးကွက်အတွင်း စုံစမ်းချက်အရ…

  • ဧပြီလအတွင်း စစ်တပ်စခန်း ၅ ခုကိုသိမ်းပိုက်ပြီး KNU ထိုးစစ်အရှိန်မြှင့်

    ဧပြီလအတွင်း စစ်တပ်စခန်း ၅ ခုကိုသိမ်းပိုက်ပြီး KNU ထိုးစစ်အရှိန်မြှင့်

    ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလဆန်းမှ ဧပြီလ ၁၃ ရက်အထိ နှစ်ပတ်အတွင်း စစ်တပ်ရှေ့တန်း ခြေကုပ်စခန်း ငါးခုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်အခြေအနေသိသည့် စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ နှစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည့် စခန်းများမှာ KNU တပ်မဟာ (၇) လှုပ်ရှားရာ လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသရှိ ကြယ်ပြောင်စခန်း ၊ KNU တပ်မဟာ (၁) လှုပ်ရှားရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း ၊ KNU တပ်မဟာ (၃) လှုပ်ရှားရာ ရွှေကျင်မြို့နယ်ရှိ လက်ယက်စခန်း၊ KNU တပ်မဟာ (၅) လှုပ်ရှားရာ ဖာပွန်မြို့နယ်မြောက်ဘက်ရှိ ထနဲကျိုးနှင့် ကော်သွေးကျိုးစစ်စခန်းများဖြစ်သည်။ ကြယ်ပြောင်စခန်း ယမန်နေ့ (ဧပြီလ ၁၃ ရက်)နံနက်ပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်မြောက်ဘက်ရှိ…