Category: News
-

ကားရပ် ပြဿနာတစ်ခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုသားသုံးဦးက သံတုတ်နဲ့ရိုက် ဓါးနဲ့ခုတ်မှုဖြစ်ပွား
ဘာမဟုတ်တဲ့ လမ်းဘေးကားရပ်တဲ့ကိစ္စလေးတခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုးသားသုံးဦးက သံတုတ်နဲ့ရိုက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများ တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မိန်းကလေး၏ အကိုဖြစ်သူမှ ၎င်း၏ လူမှုကွန်ယက်တွင်ပြောဆိုမှုများအရသိရပါသည်။ တောင်ကြီးမြို့ ဈေးအနီး တွင်ကားရပ်ရာမှ အဆိုပြဿနာဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦးက အမျိုးသမီးနှင့် ၎င်းအကိုဖြစ်သူကို ကြမ်းတမ်းစွာဆဲဆိုခဲ့ပြီး ကားကိုလေးခွများနှင့်ပစ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထို့အပြင် အမျိုးသားနှစ်ဦးမှ မိန်းကလေးကို ချုပ်နှောင်ကာ အင်္ကျီများဆုတ်ဖြဲကာ လက်သီးဖြင့်ထိုးခြင်း သံတုတ်နဲ့ရိုက်နှက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများကျူးလွန်ခဲ့ပါသည်။ ထိုအခြေအနေကြောင့် မိန်းကလေးတွင် နှုတ်ခမ်းကွဲ မေးရိုးကျိုး သွားကျိုး ဒဏ်ရာများဖြင့်တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံတွင် ကုသနေရကြောင်းသိရပါသည်။ ကျူးလွန်သူများတွင် တောင်ကြီးမြို့တွင် အောင်အမည်ဖြင့် ဆေးခန်းဖွင့်ထားသော ဆရာဝန်ဖြစ်သူလည်း ပါဝင်ကြောင်း မိန်းကလေး၏ အကိုဖြစ်သူပြောဆိုမှုများအရ သိရပါသည်။ ကျူးလွန်သူများကိုအရေးယူပေးရန်နှင့် လူမှုကွန်ယက်တွင်လည်း ဖြန့် ဝေပေးရန်တောင်းဆိုမှုများစွာတွေ့နေရပါသည်။
-

EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ ကားပိုင်ရှင်များ ငြီးတွား
အမြန်လမ်းတစ်လျှောက်ရှိ EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ ကားပိုင်ရှင်များ ငြီးတွား အမြန်လမ်းတစ်လျှောက်ရှိ EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ အားသွင်းချိန်မရဖြစ်နေကြောင်း ကားပိုင်ရှင်များက ငြီးတွားပြောဆိုသည်။ ဘက်ထရီအားအပေါ်အဓိကထားမောင်းနှင်ရသော လျှပ်စစ်မော်တော်ယာဉ်(EV)များကို အားသွင်းရန် အမြန်လမ်းတစ်လျှောက် လျှပ်စစ်မီးမလုံလောက်ဖြစ်နေ၍ ခရီးဝေးထွက်ရန် အလွန်စိုးရိမ်ပူပန်နေကြကြောင်း ယာဉ်ပိုင်များက ဆိုသည်။ လောင်စာဆီသုံး(ICE)ကားမှ စက်သုံးဆီဈေးကြောင့် EV ကားပြောင်းစီးသူတစ်ဦးကတော့ အမြန်လမ်းတလျှောက် ကားမောင်းရင်း မသိမသာ တမျိုး၊ သိသိသာသာ တစ်မျိုး ဘတ္ထရီရာခိုင်နှုန်းမည်မျှ ကျန်ရှိသနည်းဆိုသည်ကို စိုးရိမ်စိတ်ဖြင့် ကြည့်ပြီးမောင်းလာခဲ့ရသည်ဟု ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့နှင့်မနီးမဝေးရှိ အမြန်လမ်း(၃၉)မိုင်သို့ ခရီးတိုတစ်ခုကို ၎င်းပိုင် EV ကားဖြင့် မိသားစုနှင့်အတူ ထွက်ခဲ့သည့်အခြေအနေများကို အထက်ပါအမျိုးသားက ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ရေးသေားပြောပြခြင်းဖြစ်သည်။ အိမ်က ဘတ္ထရီအား ၈၅ ရာခိုင်နှုန်းဖြင့် စထွက်ခဲ့ရာ…
-

ဆင်ပေါင်ဝဲမှာ ဒေါက်တိုင်တွေ စ,ရှင်းပြီဟေ့… (ရုပ်သံ)
ဆင်ပေါင်ဝဲမြို့နယ်တွင် KTV မှ ပြန်လာသော ဘ၀သစ်ရဲဘက်စခန်း အကျဉ်းဦးစီးအရာရှိ သက်စိုး ၏ကားကို စစ်ဆေးရန် တားဆီးသော် လည်း မောင်းပြေး၍ ပစ်ခတ်ရှင်းလင်းမှု အကျဉ်းဦးစီးအရာရှိနှင့်ထောင်တန်းစီ သေ ဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် KTV မှပြန်လာသော ဘ၀သစ်ရဲဘက်စခန်း အကျဉ်းဦးစီးအရာရှိ ၃ ပွင့် သက်စိုး၏ ကားကို တော် လှန်ရေးတပ်များက စစ်ဆေးရန် တားဆီးသော်လည်း မောင်းပြေး၍ ပစ်ခတ်ရှင်းလင်းရာ အကျဉ်းဦးစီးအရာရှိနှင့်ထောင်တန်းစီး သေဆုံးသွားကြောင်း ဗီဒီယိုရုပ်သံနှင့်တကွ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ် ပြန်သည်။ ပြီးခဲ့သည့်မေလ ၅ ရက်နေ့ ညပိုင်း မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ ကိုးပင် လမ်းတွင်းပိုင်း တစ်နေရာတွင်…
-

ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ
အိမ်ရှင်နဲ့ ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ ထောင်ဒဏ် (၁၀) လ ချမှတ်ခံရ စင်ကာပူနိုင်ငံမှာ အိမ်အကူ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ စလော့ဂိမ်း အွန်လိုင်းလောင်းကစား စွဲလမ်းနေပြီး အိမ်ရှင်ရဲ့ အသက် (၁၁) နှစ်နဲ့ (၁၂) နှစ်အရွယ် ကလေးတွေ စုထားတဲ့ စင်ကာပူဒေါ်လာ (၁၇,၀၀၀) (မြန်မာငွေ သိန်း ၅၆၀ ကျော်) ကို ခိုးယူခဲ့လို့ ထောင်ဒဏ် (၁၀) လ ချမှတ်ခံလိုက်ရပါတယ်။ ပြစ်မှုကျူးလွန်သူ မအေးစုနိုင် (အသက် ၂၇ နှစ်) ဟာ ဇွန်လ (၃) ရက်နေ့က တရားရုံးမှာ သူမရဲ့ အပြစ်ကို ဝန်ခံခဲ့ပါတယ်။ တရားရုံးမှတ်တမ်းတွေအရ မအေးစုနိုင်ဟာ Queen Astrid Park မှ…
-

ပုဂံမြို့တဖက်ကမ်း မြစ်ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ပုဂံမြို့တဖက်ကမ်း မြစ်ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ကျူးလွန်၊ မြို့အနှံ့ပြန့်ကြဲနေတဲ့ ပုပ်ပွ အလောင်း ၂၄ လောင်း တွေ့ရပြီး မီးရှို့ထားတဲ့ အရိုးစုတွေလည်း တွေ့ရှိ၊ သတ်ဖြတ်ခံရသူ ၄၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံ-ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ အများအပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး မြို့အနှံ့ ပြန့်ကြဲကာ ပုပ်ပွနေတဲ့ အလောင်း ၂၄ လောင်း တွေ့ရသလို မီးရှို့ဖျက်ဆီးထားတဲ့ အရိုးစုတွေနဲ့ မြေမြုပ်ထားတဲ့ အလောင်းတွေလည်း တွေ့ရတယ်လို့ အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ မန္တလေးနန်းတွင်း…