Category: News

  • ပရိသတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မောင်မောင်လွင် ၆ လ ပွဲပယ်နှင့်  ဒဏ်ကြေး ကျပ်သိန်း ၃,၀၀၀,၀၀၀ ချမှတ်ခံရ

    ပရိသတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မောင်မောင်လွင် ၆ လ ပွဲပယ်နှင့် ဒဏ်ကြေး ကျပ်သိန်း ၃,၀၀၀,၀၀၀ ချမှတ်ခံရ

    အမျိုးသမီးပရိတ်သတ်တဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကို ဒဏ်ကြေးငွေ ကျပ်သိန်း ၃,၀၀၀,၀၀၀ နှင့် ပွဲကစားခွင့် ခြောက်လပိတ်လိုက်ကြောင်း မြန်မာနေရှင်နယ်လိဂ် (MNL) က ယနေ့ (မတ်လ ၁၃ ရက်) တွင် ထုတ်ပြန်သည်။

    အဆိုပါ ဖြစ်စဉ်မှာ သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်၌ ပွဲကြည့်စင်ပေါ်မှ အမျိုးသမီးပရိသတ်တဦးက မောင်မောင်လွင်အား လူမျိုးရေးဆိုင်ရာ နှိမ်ချသည့် အသုံးအနှုန်းများဖြင့် အော်ဟစ်ပြောဆိုခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

    Mm News.xyz 2026 03 12 002502

    ယင်းဖြစ်စဉ်ကြောင့် MNL I & II League 2025-26 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နှင့် (၁၈) တို့အရ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ခြောက်လအထိ ကစားခွင့်နှင့် ဘောလုံးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

    ထို့အပြင် ဒဏ်ကြေးငွေကျပ်သိန်း ၃,၀၀၀,၀၀၀ ကိုလည်း ပေးဆောင်စေရမည်ဟု ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီ ထုတ်ပြန်ချက်မှာတော့

    MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် အထက်ပါဖြစ်ရပ်များအတွက် မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် အစည်းအဝေးပြုလုပ်၍ ရတနာပုံ-ရန်ကုန်ယူနိုက်တက်ပွဲစဉ် ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် မှတ်တမ်းပုံများအား ပြန်လည်လေ့လာသုံးသပ်ခြင်းများ ပြုလုပ်ကာ အောက်ပါအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

    အဆိုပါပြိုင်ပွဲသို့ ပွဲကြည့်စင်ပေါ်မှ လာရောက်ကြည့်ရှုအားပေးသည့် အမျိုးသမီးပရိသတ်တစ်ဦး (ယခင်က ဘောလုံးပြိုင်ပွဲများလာရောက်ကြည့်ရှုအားပေးရာတွင် ပြိုင်ပွဲကြည့်ရှုနေစဉ်တလျောက် အသင်းများမှနည်းပြ/ ကစားသမားအပါအဝင် ပရိသတ်၊ပြိုင်ပွဲတာဝန်ကျဝန်ထမ်းများအား ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခဲ့သည့်အတွက် နိုင်ငံတကာဘောလုံးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများတွင် ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးသူ) သည် ပြိုင်ပွဲကြည့်ရှုနေစဉ် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားနာမည်တပ်၍ ဝေဖန်ပုတ်ခတ်အော်ဟစ်ဆဲဆိုနေခဲ့သဖြင့် ပထမပိုင်းပြိုင်ပွဲအပြီး ပွဲရပ်နားနေစဉ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၇၇) မောင်မောင်လွင်သည် ပွဲကြည့်စင်ပေါ်ပြေးတက်၍ အဆိုပါအမျိုးသမီးအား ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့သည့်ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရှိရသည်။

    မည်သို့ပင်ဖြစ်စေ ကစားသမားတစ်ဦးအနေဖြင့် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကို ကျော်လွန်၍ ယခုကဲ့သို့ ပြုမူလုပ်ဆောင်ခဲ့ခြင်းအတွက် MNL I & II League 2025-26 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နှင့် (၁၈)တို့အရ ၁၁-၃-၂၀၂၆ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ကြီးမှူးကျင်းပသောပြိုင်ပွဲများ၊ ဘောလုံးနှင့်ပတ်သက်သော လှုပ်ရှားမှုများတွင် (၆)လအထိ ကစားခွင့်/ပါဝင်လုပ်ဆောင်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ်သိန်း(၃၀) ပေးဆောင်ရန် ချမှတ်ခဲ့သည်။

    အလားတူ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုခဲ့သည်ဟုဆိုကာ တာဝန်ကျဒိုင်လူကြီး ဦးကျော်ဇေယျာအောင်နှင့် ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်တို့ကိုလည်း ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံး သုံးပွဲအထိ ပါဝင်ကိုင်တွယ်ခွင့်မပြုရန် အသီးသီး အရေးယူခဲ့ကြောင်း သိရသည်။

    ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံရမည်ဖြစ်သော်လည်း မောင်မောင်လွင်မှာ ပွဲပြီးဆုံးသည့်အထိ ဆက်လက်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဘောလုံးနည်းပြဟောင်းတဦးက “အဓိကကတော့ နေရှင်နယ်လိဂ်ရဲ့ ဒိုင်တွေနဲ့ ပြိုင်ပွဲကြီးကြပ်တွေရဲ့ အရည်အသွေး အခုထက်ပို ကောင်းဖို့လိုတာပေါ့။ ပြီးတော့ ဘောလုံးအဖွဲ့ချုပ်ကလည်း လိဂ်ပိုမိုတိုးတက်ဖို့ ပံ့ပိုးသင့်တယ်။ အသင်းတွေ ကစားသမားတွေကလည်း စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့လိုတယ်”ဟု မှတ်ချက်ပြု ပြောသည်။

    မြန်မာနေရှင်နယ်လိဂ်တွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ထိပ်တန်းဘောလုံးအသင်းများဖြစ်သည့် ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။

    အမှတ်ပေးဇယားအရ အဆင့်အမြင့်ဆုံးရရှိသော အသင်းသည် ချန်ပီယံဖြစ်လာပြီး၊ အာရှအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိလေ့ရှိသည်။

  • တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ ဖြင့် ပစ်ခတ် တိုက်ခိုက်

    တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ ဖြင့် ပစ်ခတ် တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    မတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီ ၈ မိနစ်ခန့်တွင် တောင်ငူမြို့အအခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီ သိုလှောင်ကန်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)। Anti-Coup People’s Liberation Force (ACPLF)အဖွဲ့တို့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးကို ပစ်ခတ်ရာ ၁၃ လုံးကို အောင်မြင်စွာကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    BWM အဖွဲ့နှင့် မဟာမိတ်များ၏ စည်းလုံးမှုနှင့် နယ်မြေခံအဖွဲ့တို့၏ အမာခံ ကူညီမှုများကြောင့် အကြမ်းဖက် စစ်အုပ်စုက အထပ်ထပ်ပိတ်ဆို့ ကာဆီးထားသည့် ကြားမှ ခက်ခဲစွာ ဝင်ရောက်ပစ်ခတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအပြီး ထိခိုက်မှု ကြီးမားသည်ဟု လေတပ်တွင်းမှ သတင်းပေးပို့ပြီး တိုင်းမှူးအသစ်ဖြစ်သူ သူရဇော်လွင်စိုး ယနေ့ နံနက်အစောပိုင်းတွင် လာရောက်စစ်ဆေးပြီး လေတပ်တော်ဝင်နေချိန်ဖြစ်၍ သတင်းအစအန အပြင်မထွက်ရန် ပြင်းပြင်းထန်ထန် သတိပေးကြောင်း ကြားသိရသည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အကြမ်းဖက် စစ်ကောင်စီကို အဓိက လေယာဉ်ဆီ ရောင်းချပေးနေသော အီရန် အာဏာရ အဖွဲ့အစည်း ခေါင်းဆောင်များ ချေမှုန်း ခံရပြီးသည့်နောက် လက်ရှိအချိန်တွင် လေယာဉ်ဆီ ဆက်လက်ရရှိရန် စစ်ကောင်စီ အတွက် အကြပ်ရိုက်နေချိန်ဖြစ်ကြောင်း၊ ပြည်သူများနှင့် တော်လှန်ရေး အဖွဲ့များကို ဆက်လက်တိုက်ခိုက်ရန်အတွက် အာရပ်နိုင်ငံများကို ကြိုးစားဆက်သွယ် နေသည်ဟုကြားသိရပြီး ထိုအခွင့်အရေးကို အခွင့်ကောင်းယူ၍ လေတပ်နှင့် ဆီကန်တို့ကို ကြိုးစားတိုက်ခိုက်သည့်အနေဖြင့် မဟာမိတ်တို့နှင့် ပူးပေါင်းကာ တောင်ငူလေတပ်၏ လေယာဉ်ဆီလှောင်ကန်နှင့် အရေးကြီး ပစ်မှတ်ထား၍ BWM ၏ Mission 51 အဖြစ် ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

    “၃ နေရာခွဲပြီး ၆ လုံးစီ တပြိုင်တည်း ပစ်ခဲ့ပါတယ်။ ၁၃ လုံးကတော့ အောင်အောင်မြင်မြင် ပစ်နိုင်ခဲ့တယ်။ ညကလည်း စစ်ခွေးတွေက လက်နက်ကြီးနဲ့ ၆ လုံးချက်ချင်းပြန်ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပြန်ပစ်တာတွေရှိတယ်။ အခုစစ်ခွေး တိုင်းမှူး အသစ် ကြည့်ပြီး စစ်ဆေးနေတယ်လို့ ကြားတယ်။ စစ်ရှုံးကောင်စီရဲ့ လေယာဉ်ဆီ အကြပ်အတည်းအချိန်တွင် ကျွန်ုပ်တို့ တော်လှန် ရေးအဖွဲ့အစည်းများ အခွင့်အရေးကို အမိအရယူပြီး စကစ၏ လေတပ် များ၊ ဆီကန်များကို ပိုမိုကြိုးစားတိုက်ခိုက်ဖို့ တိုက်တွန်းလိုပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အပြစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များကို အဓိက ပစ်မှတ်ထား၍ တိုက်ခိုက်နေသော စစ်ကောင်စီ၏ အဓိက အားထားနေသော လေတပ် အကြပ်ရိုက်ချိန်ကို အခွင့်ကောင်းယူပြီး လေတပ်နှင့် လေယာဉ်ဆီလှောင်ကန်များ ဖျက်ဆီးရေး မစ်ရှင်များကို အင်တိုက်အားတိုက်ဖော်ဆောင်ကြလျှင် တော်လှန်ရေး အမြန်ဆုံးအောင်နိုင်မည်ဖြစ်ကြောင်း BWM အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲဖို့အတွက် QR ကုတ်စနစ်နဲ့သာ စက်သုံးဆီကို ဝယ်ယူဖို့ ထုတ်ပြန်ပြီးတဲ့နောက် ကားလိုင်စင်သက်သေခံကဒ်ပြား(ဝှီးတက်) မှာ ပါတဲ့ ဘားကုတ်တွေမှာ တချို့ လွဲချော်မှုတွေရှိနေလို့ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

    ” QR Code ဖတ်လိုက်တဲ့အခါ တချို့ က က.ည.န မှာ စာရင်းမရှိဆိုတဲ့ဟာတွေရှိတယ်၊ နောက်ဆုံးစီးရီးတွေဆိုရင် software ထဲမှာ မဝင်တာတွေရှိတယ်၊ ဆိုင်ကယ်တွေကလည်း လိုင်စင်မပါတဲ့ဟာတွေများတယ်၊ ဒီတခေါက်က အခုမှ စလုပ်တာဆိုတော့ နား လည်မှုနဲ့ ပြဿနာ မတက်အောင်တော့ လုပ်ပေးရတာပေါ့၊ အဓိက အဲ့လိုရောင်းရမယ်ဆိုရင် ဒါတွေကို Update လုပ်သင့်တာပေါ့၊ ဆိုင်ကယ်တွေဆိုရင် နောက်ဆုံးထွက်တဲ့ နံပါတ်တွေဆိုရင် ဒီထဲ မဝင်သေးဘူး၊ သူတို့က လိုင်စင်လည်းပါနေတော့ သူတို့က ပြဿနာရှာမှာဆိုးတော့ မရောင်းလို့လည်း မရဘူးလေ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာတဦးက သူတို့ရဲ့ အတွေ့အကြုံနဲ့ အခက် အခဲတွေကို ပြောပါတယ်။

    မော်တော်ကားဆိုရင် ဝှီးတက်ရဲ့ နောက်ကျောက ဘားကုဒ်နဲ့ဖတ်ပြီး ဆိုင်ကယ်နဲ့ အိုးဝေတွေကို စက်သုံးဆီရောင်းချတဲ့ဆိုင်တွေက QR Code လုပ်ပေးကာ အဲ့ဒီ QR Code ကို scan ဖတ်ပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။

    650252624 952274217159023 3084211347150109664 N

    ” စောစောက လေးလေးဆိုရင် ဘားကုဒ်ဖတ်လိုက်တယ်၊ ဘားကုဒ်မှာ သူ့ကားနံပါတ်မဟုတ်ဘူး၊ ဒါပေမယ့် သူက 7 ကြီး ဘာကုဒ်မှာ ဖတ်လိုက်တော့ 8 နဲ့ပေါ်တာ အဲ့ဒါဆို ဒီနေ့ ဆီထည့်လို့မရဘူးလို့ပေါ်နေတာ တကယ်တန်း အုံနာဘုတ်မှာရော သူ့ရဲ့ ဝှီးတက်မှာရောက သူ့ရဲ့ 7G နဲ့ပါနေတာ ကျနော်တို့ဆိုင် တဆိုင်တည်းမဟုတ်ဘူး တခြားဆိုင်လည်း ဖတ်ခဲ့ပြီးသားရယ်၊ က.ည.န Error ပေါ်နေတာပေါ့ ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာက ပြောပါတယ်။

    ကားပိုင်ရှင်တဦးက ” ဆီဆိုင်က က.ည.န ကိုလွှတ်တော့ က.ည.န မှာလည်း လိုင်စင်သက်တမ်းတိုးတဲ့ကားတွေနဲ့ ပြည့်နေတယ်၊ ဘွတ်ကင် လည်းယူရမယ်တဲ့ အချိန်တွေပေးရမယ် ဆီကလည်း မရဆိုတော့ က.ည.န ကမှားတဲ့ အမှားက ပြည်သူကို ဒုက္ခရောက်စေတယ်” လို့ ပြောပါတယ်။

    အစိုးရ က ဆိုင်ကယ်တွေကို ၂ လီတာ၊ သုံးဘီး နဲ့ အိုးဝေတွေကို ၄ လီတာ၊ အိမ်စီးကား 92 95 က ၁၂ လီတာ၊ ဒီဇယ်က အိမ်စီးကားနဲ့ လိုက်ထရပ်တွေကို လီတာ ၂၀ ရောင်းချဖို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

    QR Code စနစ်ကတော့ ကားဝှီးတက်မှာပါတဲ့ ဘားကုတ်ကို QR စနစ်ထဲ ရိုက်ထည့်ပြီး တနေ့ကို တကြိမ်သာဆီထည့်ခွင့်ရှိမှာဖြစ်ပြီး ဆိုင်ကယ်တွေအနေနဲ့ကတော့ ဝှီးတက်မှာပါတဲ့ အချက်အလက်တွေအပေါ် ဆိုင်က QR Code ထုတ်ပေးတာတွေ Application နဲ့ အလိုအလျှောက် စစ်ဆေးတဲ့နည်းလမ်းကိုအသုံးပြုသွားမယ်လို့သိရပြီး မတ်လ ၁၂ ရက်နေ့ကစတင်ပြီး နေပြည်တော် ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျူအာကုတ် အသုံးပြုတဲ့စနစ်ကို စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

  • ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ယနေ့ ည ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်တိုင်တိုင် ကျောက်တော်တံတားဘေးကို ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “တံတားတောင်ထိသွားတယ်လို့ကြားပါတယ်။ မြို့တစ်ဖက်ခြမ်း တံတားထိပ်ပစ်ခဲ့တာပါ။ ဂျက်ကဝဲနေတုန်းပါ” လို့ သူကပြောဆိုပါတယ်။

    အခုလို အကြမ်းဖက် စစ်ကော်မရှင်က အများပြည်သူသွားလာနေတဲ့ ကျောက်တော် ဂစ္ဆပနဒီတံတားကို ဉီးတည်ပြီးတိုက်ခိုက်ခဲ့မူကြောင့် တံတားပျက်စီးမူ ရှိနိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။

    အထိအခိုက် အပျက်အစီးကို လောလောဆယ် မသိရသေးပါ။ ဆက်လက် စုံစမ်း မေးမြန်းနေတုန်းဖြစ်ပါတယ်။

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။.

    စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းသည်ကပစ (၁၆)အနီးရှိ စခန်းများတဆင့် ၂ မိုင်ခန့်အကွာ အဝေးကို စစ်ကြောင်းထိုးလာသဖြင့် AA ပူးပေါင်းတော်လှန်ရေးတပ်များနှင့် မြေပြင်တွင်ထိတွေ့ တိုက်ပွဲဖြစ်နေခြင်းဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကော်မရှင်တပ်က ပါရာမော်တာ စက်တပ်လေထီး၊ဒရုန်း၊အတွဲလိုက်ပစ်လက်နက်၊ဂျက်စသည်တို့ဖြင့်ပစ်ကူပေးနေတယ်သည်ဟုဆိုသည်။

    ကပစ (၁၆)နှင့် ၂ မိုင်ဝန်းကျင် အကွာဝေးကို တိုက်ပွဲရောက်ရှိလာရုံသာမက ကပစ (၁၆) အထဲသို့ပါ လက်နက်ကြီး ရှော့တိုက်ဒုံးပါ တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်သည် ကပစ (၁၆) မှ ဝန်းထမ်း စစ်မေ၊တပ်ဖွဲ့ဝင်မိသားစုများကို တခြားတပ်နယ်ဖက်သို့ ရွှေ့ပြောင်းထားရပြီး ကပစ (၁၆) ထဲတွင်လည်းတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြည့်တင်းထားသည်ဟုစစ်ရေးနီးစပ်သူများထံမှ သိရသည်။

    ၎င်းပြင်စစ်ကော်မရှင်တပ်သည်ညောင်ကျိုးကျေးရွာဖက်သို့ လေ​လာတောင်ဖက်မှတဆင့် ထိုးစစ်ဆင်နေမှုကြောင့် မတ်လ ၁၁ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေသည်ဟုလည်းဒေသခံစစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။

    “လေလာတောင်ဖက်မှာရှိတဲ့ စကမတွေက ညောင်ကျိုးဖက်ထိုးတာပါ။အဲဒါကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်”ဟုပြောသည်။

    ဆင်လန်ကျေးရွာစခန်းမှတဆင့် လေ​လာတောင်စခန်းသော စစ်အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီးနောက် ယခုလို နောက်ထပ်တဖန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

    စစ်ကော်မရှင်သည် လေလာတောင်ရှေ့တန်းစခန်းများက AA ထိန်းချုပ်ထားသော ညောင်ကျိုးကျေးရွာဖက်ကို မကြာခဏ ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲလည်းမကြာခဏ ဖြစ်နေသည်ဟုသိရသည်။