Category: News
-

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျော နံပါတ် ၈၁ ပါ အင်္ကျီဝတ်သူ ဖမ်းဆီးခံရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ အသက် ၈၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်၊ အင်္ကျီအနီဝတ်တာနဲ့ လှုပ်ရှားမှု တွေမှာ ပါဝင်သူတချို့ကို စစ်အာဏာရှင်တပ်က စစ်ဆေး ဖမ်းဆီးနေပါတယ်။ ရန်ကုန်မြို့မှာတော့ ပန်းအရောင်းဆိုင်တွေ၊ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်အာဏာရှင်တပ်သား၊ ရဲ နဲ့ အရပ်ဝတ်လုံခြုံရေးတွေ တင်းကျပ်နေပြီး မန္တလေးမြို့မှာ နံပါတ် ၈၁ ပါတဲ့ အင်္ကျီဝတ်ဆင်ထားသူနဲ့ အရပ်သား တယောက် ဖမ်းဆီးခံရပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ပုံမှန်နေ့တွေထက် အစစ်ဆေးနဲ့ လုံခြုံရေး တင်းကျပ်ထားပြီး မွေးနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့တဲ့နေရာတွေကို စစ်ဆေးခဲ့တယ်လို့ ရန်ကုန် မြေပြင်ကင်းထောက်အဖွဲ့ တချို့က ပြောပါတယ်။ ရန်ကုန်ကင်းထောက်အဖွဲ့ တာဝန်ရှိသူတယောက်က “အရင် ပုံမှန်နေ့တွေထက် ဒီနေ့မနက်မှာ စစ်သား၊…
-

မြန်မာတွေကို သိက္ခာချတဲ့အောင်ပေ…
မြန်မာတွေကို သိက္ခာချတဲ့အောင်ပေ…မိန်းမကို ရက်စက်ပြီး ထွက်ပြေးလာတဲ့ တရားခံ ယောကျ်ား ဟင်္သာတမှာ အဖမ်းခံရပြီ (ပြေးလို့ လွတ်မယ်ထင်နေတာ)” မနေ့က တစ်ဖေ့စ်ဘုတ်လုံး ဟိုးလေးတကျော်ဖြစ်ပြီး လူတိုင်းကို ရင်ထိတ်သွားစေခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က တိုက်ခန်း သေတ္တာမည်းကြီးထဲမှာ ရင်ကွဲစရာ တွေ့ခဲ့ရတဲ့ မြန်မာအမျိုးသမီးလေး မအေးအေးနွဲ့ရဲ့ အဖြစ်ဆိုးကို မှတ်မိကြသေးတယ်မလား? အခုတော့ ပြစ်မှုကျူးလွန်ပြီး မြန်မာပြည်ကို အထုပ်အပိုးဆွဲကာ ထွက်ပြေးလာတဲ့ ခင်ပွန်းဖြစ်သူ တရားခံကို ဒီကနေ့ မနက်ပိုင်းမှာပဲ အရှင်လတ်လတ် ဖမ်းဆီးရမိသွားပြီ ဖြစ်ပါတယ်။ 🚨 ဟင်္သာတမြို့က နေအိမ်မှာ အရှင်လတ်လတ် ဖမ်းမိခြင်း CCTV မှတ်တမ်းတွေအရ ပြစ်မှုကျူးလွန်သူဟာ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ အသက် (၃၆) နှစ်အရွယ် စားဖိုမှူး အောင်ပြည့် (ခေါ်) အောင်ပေ ဖြစ်တယ်လို့…
-

မြောက်ဒဂုံ (၁၃) နှစ်အရွယ် သားငယ်လေး ဖြစ်စဉ်
မြောက်ဒဂုံ (၁၃) နှစ်အရွယ် သားငယ်လေး ဖြစ်စဉ်မှာ ကိုယ်တိုင် ရေထဲဆင်း ဆယ်ယူခဲ့တဲ့ ပရဟိတအဖွဲ့က အဖြစ်မှန်ထုတ်ပြောပြီ 🌊 ရေနစ်တာပဲ ဖြစ်နိုင်တယ်လို့ ယူဆထားတဲ့ ကယ်ဆယ်ရေးအသင်း ဒီနေ့မနက်ပိုင်းက သားငယ်လေးကို အင်ကြင်းရေကန်ထဲကနေ ဆယ်ယူပြီး မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ “ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း” က ကိုထွန်းမြတ်ညွန့်ရဲ့ လူမှုကွန်ရက် ပို့စ်မှာတော့… “ပြင်ပဒဏ်ရာ ဘာမှမတွေ့ရဘဲ ရေနစ်တဲ့ လက္ခဏာပဲ တွေ့ရတဲ့အတွက် ရေနစ်တာလို့ပဲ ယူဆရကြောင်း” ရေးသားထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကွန်မန့်တစ်ခုမှာလည်း မှုခင်းဆရာဝန်က ရေနစ်တယ်လို့ပဲ မှတ်ချက်ပြုကြောင်း ကြားသိရတယ်လို့ သူက ပြန်လည်ဖြေကြားထားတာ တွေ့ရပါတယ်။ ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း” က ကိုထွန်းမြတ်ညွန့် ဆိုတာကလည်း အဖြစ်မှန်တွေကို ရဲရဲဝံ့ဝံ့ပြောတတ်သူပါ။မြောက်ဥက္ကလာဆေးရုံရေခဲတိုက် ပြသနာကို ဖေါ်ထုတ်ပေးခဲ့သူလည်းဖြစ်ပါတယ်၊ 😭…
-

နေပြည်တော် ပျဉ်းမနား တရားရုံးအနီးမှာ အိမ်နီးနားချင်း မိသားစုချင်း မကျေနပ်မှုကနေတစ်ဆင့် အိမ်ပေါ်အထိ တက်ရောက်ပြီး ဓားနဲ့ ရက်ရက်စက်စက် ခုတ်သတ်မှု ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဖြစ်စဉ်မှာ အိမ်နီးနားချင်း မိသားစု (၂) စုဟာ အမှုဖြစ်ပွားခဲ့သည်မှာ (၂) နှစ်ကျော်ရှိပြီဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းက တရားရုံးကနေ ပြစ်မှုကျူးလွန်သူ မိသားစုမှ သမီးဖြစ်သူကို ထောင်ဒဏ် (၆) လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သမီးဖြစ်သူမှာ အိမ်ထောင်ပြုထားသည်မှာ လပိုင်းမျှသာ ရှိသေးသဖြင့် ထောင်ဒဏ်ကျခံရမှုကို မကျေနပ်သော ဖခင်ဖြစ်သူက ငှက်ကြီးတောင်ဓားကိုင်ဆောင်ကာ အမှုနိုင်ခဲ့သည့် သားအမိရှိရာ အိမ်ပေါ်သို့ တက်ရောက်ကာ ရန်ပြုခုတ်နှက်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ရက်စက်စွာ ခုတ်နှက်မှုကြောင့် အိမ်ထောင်ကွဲ မိခင်ဖြစ်သူမှာ နေရာမှာတင် ပွဲချင်းပြီး…
-

ဆရာမဖြစ်သူ၏ ဓာတ်ပုံကိုသုံး၍ မဖွယ်မရာပြုလုပ်ခဲ့သည့် ကျောင်းသား(၃)ဦး
ကံချိုင်ရွာ၌ ဆရာမဖြစ်သူ၏ ဓာတ်ပုံကိုသုံး၍ မဖွယ်မရာပြုလုပ်ခဲ့သည့် ကျောင်းသား(၃)ဦးနှင့် ထိုကိစ္စအား ဖုံးဖိပေးရန်ကြိုးပမ်းသည့် ကျောင်းအုပ်ကြီးအပါဝင် ဆရာမအချို့ကြောင့် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားရ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ငပုတော့မြို့နယ်ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာရှိ စစ်ကျွန်ပညာရေး အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က – ကံချိုင်) တွင် အလယ်တန်းပြဆရာမတစ်ဦး၏ TikTok အကောင့်မှ ဓာတ်ပုံများကို ရယူကာ မဖွယ်မရာစာသားများ ရေးသားဖြန့်ဝေခဲ့သည့် ကျောင်းသား (၃) ဦးအား အရေးယူပေးရန်နှင့် ယင်းဖြစ်စဉ်ကို မမှန်မကန် ဖုံးဖိရန် ကြိုးပမ်းခဲ့သည့် ကျောင်းအုပ်ကြီးနှင့် ဆရာမအချို့၏ လုပ်ရပ်အပေါ် တရားမျှတမှု ရရှိရန် ရဲစခန်း၌ တိုင်ကြားထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ(၂၈) ရက်နေ့က အ.ထ.က (ကံချိုင်) ကျောင်းမှ Grade 9 ကျောင်းသားများဖြစ်ကြသည့် မောင်စိုးပြည့်ရှင်း (ဘ) ဦးအောင်မြင့်+ဒေါ်ခင်မိုး၊…