ဒီမနက် ၆ နာရီကျော်က လမ်းမတော်မြို့နယ် ၇ လမ်းက တိုက်ခန်းတခုမှာ အိမ်အတွင်း ဝင်ရောက် လုယက်မှု တခုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။’ တိုက်ခန်းအတွင်း ဝင်ရောက်လုယက်စဉ် အော်ဟစ် အကူညီတောင်းတာကို လုယက်သူက ဓားနဲ့ ယမ်းခဲ့ လို့ အလုခံရတဲ့ အမျိုးသမီးတယောက် ဘယ်လက် နဲ့ ညာလက် နှစ်ဖက်လုံး ဓားဒဏ်ရာတွေ ရရှိခဲ့ပါ တယ်။ လမ်းမတော် ၇ လမ်းမှာ နေထိုင်တဲ့ အမျိုးသားတ ယောက်က “တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ ပြည်သူ့ဘဝ မလုံခြုံတော့ဘူး။ လမ်းထဲမှာ မနက် အစောကြီးပဲ ရှိသေးတယ်။ တိုက်ခန်းထဲ ဝင်လုတာ ငွေ ကျပ် ၇ သိန်း ပါသွားတယ်။ လူကတော့ ကံကောင်းလို့ မသေဘူးပေါ့။…
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှာ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီမိနစ်၂၀လောက်က မီးလောင်မှုဖြစ်ပွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး အချိန်ကြာမြင့်စွာ ငြှိမ်းသတ်ရသလို ညနေ၆နာရီအထိ မီးငြိမ်းသွားပြီဆိုတဲ့ အချက်အလက် ထပ်မံထုတ်ပြန်ထားတာမရှိသေးပါဘူး။ မီးလောင်မှုက မီးများတဲ့အတွက် Level 2ယာဉ်အုပ်စုတွေ၊ ဌာနချုပ်ယာဉ်အုပ်စုတွေနဲ့ ငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁ နာရီ ၃၈ မိနစ်ခန့်မှာ မီးထိန်းနိုင်ခဲ့တယ်ဆိုပေမဲ့ ညနေပိုင်းအထိ ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကို လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကြက်ခြေနီအသင်းတွေကလည်း ဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးကြတယ်လို့ သိရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ မီးလောင်မှုကြောင့် စက်ရုံအလုပ်သမား ၂ ဦး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။ M-Brother အထည်ချုပ်စက်ရုံမီးလောင်မှု လူသေဆုံးမှုရှိဟု သတင်းထွက်၊ စစ်တပ်က လုံခြုံရေးယူ ရွှေပြည်သာမြို့နယ်၊…
BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ နောက်လိုက်အချို့ ကို အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ဒီကနေ ညနေပိုင်းမှာ ခေါ်ထုတ်သွားပြီးလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ ဖေဖော်ဝါရီလ ၁၈ နေ့မနက်ပိုင်းမှာပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်လာတဲ့စစ်ကြောင်းက နယ်မြေရှင်းလင်းရေးအကူအညီပေးခဲ့ပြီး ရွာတစ်နေရာကို ရဟတ်ယာဉ်နှစ်စီးဆင်းပြီးတဲ့နောက် ဗိုလ်နဂါးနဲ့ နောက်လိုက်တွေကို ခေါ်ထုတ်သွားတာလို့ ဒေသ ခံ သတင်းရင်းမြစ်နဲ့စစ်ရေးသတင်းရင်းမြစ် ၇ ဦးက ပြောပါတယ်။ ” နဂါးကို စစ်တပ်က ခေါ်ထုတ်သွားပါပြီ။ confirm ပေးပါတယ်” လို့ စစ်ကိုင်းတိုင်းက PDF သတင်းရင်းမြစ်ကပြောပါတယ်။ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်က ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ပြောပါတယ်။ ၎င်းက ” နဂါးက ခွေးတပ်နဲ့ ပေါင်းသွားပြီ။ သေတ္တရာဘက်ကနေ ခွေးတွေဝင်လာပြီး…
ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။…
သင်ရိုး ညွှန်းတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာအစား မြန်မာဘာသာစကားဖြင့် ပြောင်းလဲ ပြဋ္ဌာန်းရန် ပါဝင် မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပြီး ပညာရေးစနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲရေး စာတမ်းနှင့်အကြံဉာဏ်များ တောင်းခံနေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင် တစ်နိုင်ငံလုံးရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ တက္ကသိုလ်ပါမောက္ခချုပ်၊ ကျောင်းအုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရမများကို ခေါ်ယူတွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးအားနည်းနေ၍ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်တစ်ခုလုံးကို မဖြစ်မနေ အပြောင်းအလဲလုပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးစနစ်တစ်ခုလုံး မကြာမီ အပြောင်းအလဲလုပ်ရန် အကြံဉာဏ်၊ စာတမ်းများနှင့် အကြံပြုချက်များကို…