Category: News

  • မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားအား ယနေ့တွင် မှော်ဘီတရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ လူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်လကျော်အကြာတွင် ကျူးလွန်သူအမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “သေဒဏ်ချလိုက်ပါတယ်။ ၃၀၂(၁) နဲ့ပါ။ ခုနကပဲ အမိန့်ချပါတယ်” ဟု မှော်ဘီတရားရုံးနှင့် နီးစပ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက အတည်ပြုပြောကြားသည်။ ဇန်နဝါရီ ၂၄ ရက်တွင် မှော်ဘီမြို့နယ်၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ ခေါင်းပြတ်ကို ကိုင်ကာ လျှောက်သွားနေခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ အဆိုပါအမျိုးသားသည် ဇနီးဖြစ်သူနှင့် နေအိမ်တွင် စကားများရန်ဖြစ်ရာမှ ဇနီးအား သတ်ဖြတ်ကာ ခေါင်းဖြတ်၍ အထက်ပါအတိုင်း လမ်းပေါ်လျှောက်သွားနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက်တွင် အဆိုပါ…

  • ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နောက် အရင်က ငုတ်တုတ်မေ့နေတဲ့ EV ဆိုင်ကယ် လောက ဟာဆိုရင် အခု မတ်လမှာ ပြန်လည် ခေါင်းထောင်နေပြီ ဖြစ်ပါတယ်။ မန္တလေးမြို့ဟာ ဆိုရင် ဆိုင်ကယ်ကို အဓိကထားသုံးစွဲကြတဲ့ မြို့တမြို့ ဖြစ်တာကြောင့် စက်သုံးဆီ အသုံးပြုပြီး မောင်နှင်ရတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟာဆိုရင် ဆက်သုံးဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပြီးတဲ့နောက် မတ်လ ၃ ရက်နေ့က စပြီး စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ အချိန်အတော်ကြာတန်းစီနေရပြီး လမ်းပိတ်တဲ့အထိဖြစ်နေပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲဖို့အတွက် သတင်းထုတ်ပြန်ပြီးတဲ့နောက်…

  • လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား

    လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား

    ပြည်တွင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်း မှတ်ပုံတင်မတည်ငွေအဖြစ် သိန်း ၅၀၀ ကျပ် ၊ ပြည်ထောင်စုအဆင့် အသင်းအဖွဲ့တွေက မတည်ငွေအဖြစ် သိန်း ၁၀၀၀ ကျပ် ဘဏ်စာရင်းမှာ အမြဲတမ်းထားရှိဖို့ တာဝန်ရှိသူတွေက တရားဝင် ညွှန်ကြား သတ်မှတ်လိုက်တယ်လို့ အသင်းအဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။ ” ဘဏ်စာရင်းပြရမယ်။ အနည်းဆုံး သိန်း ၅၀၀ ပြရမယ်ပြောတယ်။ အခုမှစာ တရားဝင်ထုတ်လာတာပေါ့။အရင်က အဲလိုမရှိဘူး ။ အသင်းရဲ့ ငွေစာရင်းအဝင်အထွက် ၊ လုပ်ဆောင်ချက်တွေ အစီအရင်ခံစာတင်ရမယ်။ စာထဲမှာအရတော့ ပြီးခဲ့တဲ့လကမှ အစည်းဝေးဆုံးဖြတ်ချက်နဲ့ထုတ်တာလို့ပါတယ်။ သိန်း ၅၀၀ မပြနိုင်ရင် အသင်းဖျက်သိမ်းရမှာလား မေးထားတာတော့ ပြန်ဖြေကြားတာမရှိသေးဘူး ။ ” လို့ ကရင်ပြည်နယ်ထဲက လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။ တကယ်လို့…

  • အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား

    အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနိုင်ငံ၏ စီးပွားရေးအချက်အခြာဖြစ်သော တဲလ်အဗစ်မြို့အား ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့လယ်ရှိ အဆောက်အအုံအချို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း လတ်တလော ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများအရ သိရသည်။ ​ ဟီဘရူးသတင်းရင်းမြစ်များနှင့် ဂျာနယ်လစ်များမှ ရရှိထားသော သီးသန့်ရုပ်သံဖိုင်တွင် အီရန်၏ ဒုံးကျည်များ တဲလ်အဗစ်ကောင်းကင်ယံသို့ ရောက်ရှိလာပြီးနောက် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။ ဤတိုက်ခိုက်မှုသည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်နေသော “Operation Epic Fury” စစ်ဆင်ရေးကို အီရန်က တုံ့ပြန်သည့် “၁၀ ကြိမ်မြောက် ဒုံးကျည်လှိုင်း” ဖြစ်သည်ဟု IRGC က ကြေညာထားသည်။ ​ ထိခိုက်ပျက်စီးမှုနှင့် လက်ရှိအခြေအနေ ​ ဒေသတွင်းသတင်းများအရ တဲလ်အဗစ်ရှိ လူနေအဆောက်အအုံတစ်ခုပေါ်သို့…

  • စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်

    စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်

    စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်အဖြစ် ဝေဖန်၊ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရပြီ စစ်တပ်၏ ကန့်သတ်ချက်အမိန့်တွင် EV ကားများကို ဖယ်ထုတ်ထား၍ အောင်ပြည့်စုံနှင့်ခင်သီရိသက်မွန်တို့ တင်သွင်းသော EV ကားများ ရောင်းအားတက်စေရန် လုပ်ဆောင်မှုဟု သုံးသပ် အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ယာဉ်များမောင်းနှင်ရန် အမိန့်ထုတ်မှုအပေါ် ရူးကြောင်ကြောင် အမိန့် အဖြစ် ဝေဖန်လိုက်ပြီး ယမန်နေ့ညပိုင်းမှစတင်၍ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရကြောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများမှ ပြည်သူများက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ…