Category: News
-

တအောင်း၊ ကိုးကန့်၊ “ဝ”
MNDAA တပ်ဖွဲ့တွေက ပြည်ထောင်စု လမ်းမတလျောက် မှာရှိတဲ့ TNLA စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ အရင်နေ့တွေ ကတည်းက ပြောနေပါတယ်။ MNDAA ရဲ့ စစ်ပြင်ဆင်ပုံက ကွတ်ခိုင်မြို့ကို ပူးတွဲအုပ်ချုပ်ခွင့် ရဖို့လောက်ပဲ ရည်ရွယ်တာ မဟုတ်ဘူး။ ပြည်ထောင်စု လမ်းမတလျောက် TNLA တွေကို မောင်းထုတ်မှာပါလို့ ပြောခဲ့တာကို ဝိုင်းဆဲကြတယ်။ “ဝ” ကို အားကိုးလို့မရမှန်း၊ “ဝ” နဲ့ ကိုးကန့်ဆိုတာ တစ်သားတည်းရှိကြောင်းပြောတော့ “ဝ” ဆိုတာ ငါတို့ တအာင်းမျိုးနွယ်ပဲ ငါတို့ဘက်ပါမှာသေချာတယ် ဆိုပြီး နလပိန်းတုန်း အတွေးမျိုးနဲ့ မျှော်လင့်နေခဲ့ကြတာ။ ခုတော့ တွေ့ပြီ မလား။ “ဝ” တပ်ဖွဲ့ ရာချီပြီး လာရှိူးအထွက်ဘက်မှာ နေရာယူထားကြတယ်။ ကိုးကန့်အဖွဲ့တွေ TNLA ကို တိုက်နေချိန်…
-

အထက်မင်းလှတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို
မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များကြောင်း သိရသည်။ မတ်လ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် ရေနံမ ရဲစခန်းမှ ဒီးဒုတ်ကန်ကျေးရွာဘက်သို့ ထွက်ခွာလာသော အင်အား ၆၀ ဝန်းကျင်ပါ သံပြားကာ စစ်စိမ်းရောင်ဖောကား ၂ စီးနှင့် ဆိုင်ကယ် ၃ စီးကို ပြည်စိုးကျေးရွာ လမ်းပေါက်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA က မတ်လ ၁၃ ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။ “တိုက်ခိုက်ခဲ့တာကတော့ ၅ မိနစ်ဝန်းကျင်လောက်ပဲ ကြာပါတယ် ခင်ဗျ။ စတိုက်တဲ့အချိန်မှာ သူတို့ က သတိလက်လွတ်အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့၊ သူတို့ဘယ်လိုမှ ပြန်ပြီးတော့မှ…
-

မြိတ် – ထားဝယ် လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး ပုလောမြို့နယ်၊ တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KNLA တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ တောင်ယာကမ်းရွာရှိ စခန်းအပြင် အောက်ပေါင်းရွာစခန်း၊ လေသာတောင်ရှိ စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့စခန်းနှင့် ပုလောမြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့နှင့်…
-

ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရသူ
ကွမ်းယာဝါးနေစဉ် ရယ်မောလိုက်ရာမှ ကွမ်းနင်ပြီး အသက်ရှူပိတ်သွားကာ သေဆုံးခဲ့သည့် စိတ်မကောင်းစရာဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ပါတယ်။ အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မတ်လ (၁၂) ရက်ညပိုင်းက နာမည်ကြီး အဆိုတော်များ လာရောက်ဖျော်ဖြေသည့် မော်လံပွဲတစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ပွဲစင်အောက်တွင် ထိုင်ကာ ပွဲကိုကြည့်ရှုနေရင်း အလွန်ပျော်ရွှင်နေပြီး အားရပါးရ ရယ်မောနေခဲ့ကြောင်း မျက်မြင်တွေက ပြောကြပါတယ်။ ထိုအချိန်မှာ သူဟာ ကွမ်းယာကိုလည်း ဝါးနေခဲ့တယ်လို့ ဆိုပါတယ်။ ရယ်မောနေစဉ်အတွင်း ပါးစပ်ထဲရှိ ကွမ်းယာကြောင့် ပါးစပ်အတွင်း နီရဲနေခဲ့ပြီး မကြာခင်မှာပဲ အသက်ရှူမဝသလို ဖြစ်လာခဲ့ပါတယ်။ ထို့နောက် ခဏအကြာတွင် လဲကျသွားခဲ့ပြီး အနီးအနားရှိ လူများက အရေးပေါ် CPR ကူညီဆောင်ရွက်ပေးကာ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပါတယ်။ သို့သော် ဆေးရုံသို့ ရောက်ရှိမီ လမ်းပေါ်မှာပင်…
-

ကွတ်ခိုင်က TNLA တပ်စခန်းတွေကို MNDAA ထိုးစစ်ဆင်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်ထဲက TNLA တပ်စခန်းတွေကို MNDAA တပ်ဖွဲ့က ဒီမနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ကွတ်ခိုင်မြို့အထွက်က ရှုခင်းသာ ၊ပန်ဖတ်ရွာ နဲ့ ကောင်းခါးရွာ လမ်းခွဲနေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာလို့ မြို့ခံတွေကပြောပါတယ်။ “မနက်ကတည်းက အခုထိ အသေးအကြီးအသံတွေစုံနေတာပဲ။ အကုန်လုံး တံခါးပိတ်ပြီး နေနေရတယ်။ ကျောင်းတွေ စျေးတွေ အကုန်ပိတ်ထားပြီ” လို့ ကွတ်ခိုင်မြို့ခံတယောက်ကပြောပါတယ်။ တိုက်ပွဲကြောင့် TLEC ပညာရေး လက်အောက်ကနေ ကျင်းပနေတဲ့ စာပေးပွဲတွေလည်း ရပ်လိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ MNDAA ဘက်က TNLA တပ်ဖွဲ့ စခန်းတွေ ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး မြို့ပေါ်ရပ်ကွက်က TNLA တပ်ဖွဲ့စခန်းတွေကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ “MNDAA ဘက်က ဒရုန်းနဲ့စတင်တိုက်ခိုက်တာတွေလုပ်နေပြီ။…