Category: News

  • စတုဒီသာသွားစားမိလို့ ကံ.ဆို:စွာနဲ့ အ that ခံ.လိုက်ရတဲ့ တူလေးအကြောင်း စိတ်မကောင်းစွာပြောပြလာခဲ့တဲ့ ဦးလေးဖြစ်သူ

    စတုဒီသာသွားစားမိလို့ ကံ.ဆို:စွာနဲ့ အ that ခံ.လိုက်ရတဲ့ တူလေးအကြောင်း စိတ်မကောင်းစွာပြောပြလာခဲ့တဲ့ ဦးလေးဖြစ်သူ

    စတုဒီသာသွားစားမိလို့ ကံ.ဆို:စွာနဲ့ အ that ခံ.လိုက်ရတဲ့ တူလေးအကြောင်း စိတ်မကောင်းစွာပြောပြလာခဲ့တဲ့ ဦးလေးဖြစ်သူ မန္တလေးတိုင်း အမရပူရမှာ ဖြစ်ပွားခဲ့တဲ့ Grade 6 ကျောင်းသားလေး လည်ပင်း dar htoe ခံ.ရပြီး thay ဆုံ:ခဲ့တဲ့ ဖြစ်စဥ်နဲ့ ပ.တ်သ.က်ပြီး ဦးလေးဖြစ်သူက အကြောင်းစုံရှင်းပြလာခဲ့တာတွေ့ရပါတယ်. ဦးလေးဖြစ်သူက ” မန္တလေးတိုင်းဒေသကြီး အမရပူရ မြစ်ငယ် ယာဥ်တော်စံ ကျေးရွာမှာ ဖြစ်ပွာ:ခဲ့တဲ့ dar htoe မှုအတွင်း thay ဆုံ:ခဲ့သူဟာ အသ.က် ၁၅ နှစ်အရွယ်ရှိ သူ့ရဲ့တူလေး မောင်ထက်ထူးအောင် ဖြစ်ကြောင်း တသက်နဲ့တစ်ကိုယ် စတုဒီသာဆိုရင် ရှက်လို့ ဘယ်လိုသွားစားခိုင်းခိုင်း လုံးဝသွားမစားတဲ့ သူ့တူလေးက အဲဒီနေ့မှာ ဖြစ်ချင်တော့ သူငယ်ချင်း ၂ဦးနဲ့အတူ သွားစားခဲ့ကြကြောင်း. စတုဒီသာ…

  • ကပစ(၁၆)အနီးက ကာကင်းစခန်းတွေ AA နဲ့ မဟာမိတ်တွေ ထပ်သိမ်း

    ကပစ(၁၆)အနီးက ကာကင်းစခန်းတွေ AA နဲ့ မဟာမိတ်တွေ ထပ်သိမ်း

    အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ” ကပစ(၁၆)ရဲ့ ပတ်ချာလည်မှာ ကာကင်းစခန်းတွေထပ်ထပ်ဆောက်နေတာရှိတယ်။ ဘက်ဟိုးနဲ့ အခိုင်အမာ‌ဆောက်တာ။ အဲ့စခန်းတွေထဲက သုံးခုထပ်ရတာ”လို့စစ်ရေးသတင်းရင်းမြစ်က ဇွန်လ ၂၅ရက် မနက်ပိုင်းမှာပြောပါတယ်။ ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ် ။ ဇန်နဝါရီလထဲမှာ (၆၆၆) ပွိုင့်ကုန်း နဲ့ ​မေလတိုက်ပွဲတွေမှာ ကပစ(၁၆)အနီးက ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်။ ၆၆၆ ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။ မေလ(၄) ရက်ကနေမေလ (၇)ရက်အတွင်းတိုက်ပွဲတွေမှာတော့ ပွိုင့်…

  • ဘဏ်အချက်အလက်ခိုးယူခံရသော်လည်း လုံခြုံစွာအသုံးပြုနိုင်ဟု ဧရာ၀တီဘဏ်ပြော

    ဘဏ်အချက်အလက်ခိုးယူခံရသော်လည်း လုံခြုံစွာအသုံးပြုနိုင်ဟု ဧရာ၀တီဘဏ်ပြော

    နိုင်ငံတကာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဆိုက်ဘာရာဇဝတ်ဂိုဏ်း LAPSUS$ က ဧရာဝတီဘဏ် (AYA Bank) ၏ စနစ် System များကို ဖောက်ထွင်း၍ အလွန်အရေးကြီးသော အချက်အလက်များကို ရယူထားနိုင်ခဲ့ကြောင်း ပြောဆိုလာသည်။ အဆိုပါ ဆိုက်ဘာဂိုဏ်း၏ အဓိကလုပ်ရပ်မှာ ကုမ္ပဏီကြီးများနှင့် ဘဏ်များ၏ အတွင်းရေးဒေတာများ၊ ဆော့ဖ်ဝဲလ်ပင်မကုဒ် များနှင့် သုံးစွဲသူ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူကာ ငွေညှစ်ခြင်း ဖြစ်ကာ၊ ၎င်းတို့ တောင်းဆိုသော ငွေကြေးကို မပေးပါက ခိုးယူထားသော အချက်အလက်များကို အင်တာနက်ပေါ်၌ အခမဲ့ ချပြပစ်မည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ လက်ရှိတွင် အဆိုပါဂိုဏ်းသည် ဧရာဝတီဘဏ်၏ Main Platform ထဲမှ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (PII) များ အပါအဝင် ဖိုင်တွဲချုံ့ထားပြီးသား ဒေတာပမာဏ…

  • AYA Bank သုံးစွဲသူတွေရဲ့ အချက်အလက်တွေ Dark Web မှာ ရောင်းချခံရ

    AYA Bank သုံးစွဲသူတွေရဲ့ အချက်အလက်တွေ Dark Web မှာ ရောင်းချခံရ

    AYA Bank သုံးစွဲသူတွေရဲ့ အချက်အလက်တွေ Dark Web မှာ ရောင်းချခံရ ဘဏ်အကောင့်ဖွင့်ထားသူ တဦးချင်းရဲ့ အချက်အလက်တွေ ပေါက်ကြားနိုင် မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်တဲ့ ဧရာဝတီဘဏ် (AYA Bank) ရဲ့ သုံးစွဲသူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ရယူထားပြီး ဘဏ်ဘက်က သတ်မှတ်ရက်အတွင်း ဆက်သွယ်ညှိနှိုင်းခြင်းမရှိရင် လာမယ့် ဇူလိုင်လ ၈ ရက်နေ့ကစပြီး Dark Web ပေါ်မှာ ရောင်းချသွားမယ်လို့ LAPSUS$ GROUP ဟက်ကာအဖွဲ့က ခြိမ်းခြောက်ထားပါတယ်။ LAPSUS$ ဟာ Microsoft၊ Nvidia၊ Samsung၊ Uber နဲ့ Rockstar Games တို့လို နည်းပညာကုမ္ပဏီကြီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ လူသိများပါတယ်။ Dark Web ပေါ်က ဒေတာပေါက်ကြားမှုနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို…

  • အရာတော်မှာ တိုက်ပွဲဖြစ်ပြီး PDF ၁၀ ဦးကျဆုံး

    အရာတော်မှာ တိုက်ပွဲဖြစ်ပြီး PDF ၁၀ ဦးကျဆုံး

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၁၀) ကြားက တောလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။ ဇွန် ၂၄ ရက်မနက် ၃ နာရီခန့်မှာ ငွေတွင်းပျုစောထီးစခန်းကနေ စခတ ၁၀ ဘက်ကို ရိက္ခာသယ်ယူဖို့ ထွက်လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ “ထောက်ပို့လမ်းကြောင်းထွက်တာကို ကြားကနေဖြတ်တိုက်တာ။ ငွေတွင်းကနေ သွားတဲ့အဖွဲ့ကို တိုက်နေချိန် လေ့ကျင့်ရေး ၁၀ ကနေ ထွက်လာတဲ့ အင်အားက ဝင်လုံးသွားတာ။ ရှေ့ကိုတိုက်နေချိန် နောက်ကိုဝိုင်းခံလိုက်ရတဲ့သဘောပါ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ၁၀ ဦးကျဆုံးပြီး…