Category: News

  • သတ်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခံရသည့် တက်တူးဖြင့် မိန်းကလေးငယ် အမှု နောက်ဆက်တွဲ

    သတ်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခံရသည့် တက်တူးဖြင့် မိန်းကလေးငယ် အမှု နောက်ဆက်တွဲ

    ထိုင်းတွင် သတ်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခံရသည့် တက်တူးဖြင့် မိန်းကလေးငယ် အမှုမှ သဝန်တိုတတ်သည့် ချစ်သူကို ဖမ်းဆီး ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်တွင် အပြာရောင် ပလတ်စတစ် အမှိုက်ပုံးအတွင်း အမှိုက်အိတ်ဖြင့် ထည့်သွင်းစွန့်ပစ်ထားသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေး ချွန်သီချာ ပရာဆတ်ရတ်၏ ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ၎င်း၏ ချစ်သူဖြစ်သူ အသက် ၁၆ နှစ်အရွယ် လူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ သံသယရှိသူ လူငယ်သည် ၎င်း၏ချစ်သူ မိန်းကလေးတွင် အခြားအမျိုးသားတစ်ဦးနှင့် ပတ်သက်မှုရှိနေသည်ဟု စွပ်စွဲကာ သဝန်တိုပြီး ဒေါသအမျက် ချောင်းချောင်းထွက်ကာ ဓားဖြင့် အကြိမ်ကြိမ် ထိုးသတ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းသည် သေဆုံးသူ၏ ရုပ်အလောင်းကို ဆိုင်ကယ်ဘေးတွဲဖြင့် တင်ဆောင်ကာ ၂…

  • ပုသိမ်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲအရှိန်မြင့်လာ

    ပုသိမ်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲအရှိန်မြင့်လာ

    ပုသိမ်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲအရှိန်မြင့်လာပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာသဖြင့် စိတ်ဓာတ်ပျက်ပြားပြီးထွက်ပြေးမှုတွေရှိနေ ​ ​ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်​ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ဦးဆောင်တဲ့ ပူးပေါင်းတော်လှ​န်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကထိခိုက်သေဆုံးသူများပြားနေသလို စစ်ဓာတ်ပျက်ပြားပြီး ထွက်ပြေးတာတွေရှိနေတယ်လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်ဆီက သိရပါတယ်။ ပုသိမ်၊ ရေကြည်နဲ့ သာပေါင်းစတဲ့ မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ကို ရက္ခိုင်တပ်တော် (AA) ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ပွဲအရှိန်မြင့်လာပြီး စစ်တပ်ဘက်က အထိနာမှုတွေရှိလာတာကြောင့် သာပေါင်းမြို့နယ်၊ ရိုးမတောအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်စခန်းတွေကနေ စစ်ဗိုလ်တချို့အပါအဝင် တပ်ဖွဲ့ဝင်တော်တော်များများဟာ ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်း ထွက်ပြေးမှုတွေရှိနေတယ်လို့ဆိုပါတယ်။ စစ်တပ်အနေနဲ့ အဲဒီတပ်ပြေးတွေကို လိုက်လံဖမ်းဆီရင်း ပြန်လည်ဖမ်းဆီးရမိတဲ့အခါမှာ ရိုက်နှက်နှိပ်စက်တာ၊ ခေါင်းတုံးပြီး အပြစ်ပေးတာတွေလုပ်ဆောင်လေ့ရှိတယ်လို့…

  • မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်

    မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်

    မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က ဗိုလ်မှူး နှင့် ဗိုလ်ကြီးအပါအဝင် ငါးဦးသေဆုံး မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ နေရာတစ်ခုတွင် စစ်ကော်မရှင်၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအင်အားစုများက အပိုင်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇွန်လ ၂၃ ရက်တွင် အဆိုပါ စစ်ကော်မရှင်၏ ထောက်ပို့ရဟတ်ယာဉ်ကို မဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လေကြောင်းမှတစ်ဆင့် အကြမ်းဖက်နေသည့် စစ်ရဟတ်ယာဉ်မှာ မြေပြင်ပေါ်သို့ ပျက်ကျကာ မီးလောင်ကျွမ်းခဲ့ရသည်။ အဆိုပါ ရဟတ်ယာဉ် ပစ်ချခံရသည့် ဖြစ်စဉ်အတွင်း ရဟတ်ယာဉ်ပေါ်တွင် ပါရှိလာသော စက်မောင်းသမား ဗိုလ်မှူး၊ ဗိုလ်ကြီးအစရှိသည့် စစ်ကော်မရှင်အရာရှိကြီးများအပါအဝင် အားလုံးနီးပါး မီးလောင်သေဆုံးခဲ့ရပြီး၊ စစ်ကော်မရှင်တပ်သား တစ်ဦးတည်းသာ စိုးရိမ်ရသည့် ဒဏ်ရာပြင်းထန်စွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း မြေပြင်သတင်းများအရ…

  • မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ

    မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ

    မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့ကို မဘသတဖြစ်လဲ မျိုးချစ်​​မြန်မာရဟန်းတော်များသမဂ္ဂက ဘုန်းကြီးတွေက လာရောက်စုဝေးပြီး အဖမ်းခံရတဲ့ မဘသဆရာတော် ဒေါက်တာလက္ခဏသာရနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ မဘသဆရာတော် ဒေါက်တာလက္ခဏသာရကို သင်္ဃန်းကျွန်းသံဃနာယကနဲ့ သင်္ဃန်းကျွန်းစည်းကမ်းထိန်းသိမ်းသံဃာတွေက ရဲတွေ၊ အခြားဌာနဆိုင်ရာတွေနဲ့အတူ လာရောက်ဖမ်းဆီးသွားကြောင်း၊ ယခုအခါ ဒေါက်တာလက္ခဏသာရကို ကားဝစ်သောက် (လိုင်စင်မဲ့ယာဥ်) စီးလို့ဆိုပြီး သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ (၈)၊ ၎င်းကားပေါ်မှာ ဓါးတွေ့လို့ဆိုပြီး လက်နက်ဥပဒေ ပုဒ်မ ၂၃(က) တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရကာ…

  • ပခုက္ကူ မြိုင်နယ်မှာ စစ်အုပ်စု ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချနိုင်ခဲ့လို ပျက်ကျမီးလောင်

    ပခုက္ကူ မြိုင်နယ်မှာ စစ်အုပ်စု ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချနိုင်ခဲ့လို ပျက်ကျမီးလောင်

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်းမှာ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုရဟတ်ယာဉ် MI-17 တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး ပျက်ကျမီးလောင်နေတယ်လို့ Magway People`s Defence Force-MGY PDF က အတည်ပြုပြောပါတယ်။ ဇွန်လ ၂၃ ရက် နေ့လယ်က မြိုင်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်ဖို့ ရောက်ရှိ‌လာတဲ့ Mi17 အမျိုးအစားရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပြီး မီးလောင်ပျက်စီးနေတယ်လို့ Magway People`s Defence Force-MGY PDF က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။ “မြိုင်နယ်တစ်နေရာမှာ ပစ်ချနိုင်ခဲ့တာပါ၊မီးလောင်ပျက်စီးသွားပါတယ်” လို့ MGY PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြိုင်မြို့နယ် တောင်ပိုင်းမှာ ရောက်ရှိနေတဲ့စစ်အုပ်စုစစ်ကြောင်းတွေကို ပစ်ကူပေးဖို့ ရောက်ရှိလာတာဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို…