ပခုက္ကူ မြိုင်နယ်မှာ စစ်အုပ်စု ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချနိုင်ခဲ့လို ပျက်ကျမီးလောင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်းမှာ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုရဟတ်ယာဉ် MI-17 တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး ပျက်ကျမီးလောင်နေတယ်လို့ Magway People`s Defence Force-MGY PDF က အတည်ပြုပြောပါတယ်။

ဇွန်လ ၂၃ ရက် နေ့လယ်က မြိုင်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်ဖို့ ရောက်ရှိ‌လာတဲ့ Mi17 အမျိုးအစားရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပြီး မီးလောင်ပျက်စီးနေတယ်လို့ Magway People`s Defence Force-MGY PDF က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

“မြိုင်နယ်တစ်နေရာမှာ ပစ်ချနိုင်ခဲ့တာပါ၊မီးလောင်ပျက်စီးသွားပါတယ်” လို့ MGY PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြိုင်မြို့နယ် တောင်ပိုင်းမှာ ရောက်ရှိနေတဲ့စစ်အုပ်စုစစ်ကြောင်းတွေကို ပစ်ကူပေးဖို့ ရောက်ရှိလာတာဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို MGY-PDF၊မကွေးဖက်ဒရယ်ယူနစ်၊ပခုက္ကူခရိုင် ၊မြိုင်နယ်က တော်လှန်ရေးတပ်တွေပူးပေါင်း ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်ကလည်း ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်မှာ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ ပါရာမော်တာ စက်တပ်လေထီးတစ်စီးကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *