Category: News

  • မကာအိုမှာ စက်ရုပ်က နှောင့်ယှက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရဲတိုင်၊ စက်ရုပ် ခဏတာ ထိန်းသိမ်းခံရ

    မကာအိုမှာ စက်ရုပ်က နှောင့်ယှက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရဲတိုင်၊ စက်ရုပ် ခဏတာ ထိန်းသိမ်းခံရ

    မကာအိုမှာ အမျိုးသမီး တစ်ဦးက သူ့ကို စက်ရုပ်က နှောင့်ယှက်တယ်လို့ ရဲတိုင်ခဲ့ပြီး ရဲတွေက စက်ရုပ်ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။

    တရုတ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နယ်မြေရဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမျိုးသမီးတစ်ဦးနဲ့ စက်ရုပ်တစ်ရပ်ကြား ပြဿနာ ဖြစ်ခဲ့တဲ့အကြောင်း မတ်လ ၁၈ ရက်နေ့မှာ AFP သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။

    ပြီးတော့ အမျိုးသမီးက စက်ရုပ်ကို ရန်တွေ့အော်ဟစ်နေတဲ့ ဗီဒီယိုနဲ့ လူတူစက်ရုပ်ကို ရဲတွေက ခေါ်ဆောင်သွားတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

    အမျိုးသမီးက သူဟာ ဖုန်းသုံးနေတဲ့ အချိန်မှာ စက်ရုပ်က အနောက်ဖက်က ချဉ်းကပ်နှောင့်ယှက်တာ ခံခဲ့ရတယ်လို့ ရဲတွေဆီ တိုင်ကြားခဲ့ပါတယ်။

    ဗီဒီယိုထဲမှာတော့ အမျိုးသမီးက ဒေါသတကြီး ရန်တွေ့နေချိန် စက်ရုပ်က သူ့ရဲ့ သတ္တုလက်တွေကို မြှောက်ပြနေခဲ့ပြီး လမ်းသွားလမ်းလာတွေက သူတို့နှစ်ဦးကို ဝိုင်းကြည့်နေခဲ့တာ တွေ့ရပါတယ်။

    ဒီဖြစ်စဉ်မှာ စက်ရုပ်က အမျိုးသမီးကို ထိမိခဲ့တာမျိုး လုံးဝမရှိခဲ့သလို အမျိုးသမီးလည်း ပြင်ပဒဏ်ရာ ဘာမှမရခဲ့ပါဘူး။

    ဒါပေမဲ့ စက်ရုပ်နဲ့ ရန်ဖြစ်ရလို့ ကိုယ်လက်မအီမသာ ခံစားရကြောင်း အမျိုးသမီးက ပြောတဲ့အတွက် သူ့ကို ဆေးရုံ ပို့ပေးခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

    သိပ်မကြာခင်မှာ အမျိုးသမီးက ဆေးရုံပြန်ဆင်းသွားခဲ့သလို တိုင်ချက် တစ်ခုခု ဖွင့်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

    အခြေအနေ တင်းမာနေချိန်မှာ ရဲတွေက စက်ရုပ်ကို ခဏတာ ထိန်းသိမ်းပြီး အဲဒီနေရာကနေ ခေါ်ထုတ်သွားပေမယ့် ဖမ်းဆီးခဲ့တာတော့ မရှိဘူးလို့ အတည်ပြုထားပါတယ်။

    စက်ရုပ်ကို အသက် ၅၀ ကျော်အရွယ် မကာအို အမျိုးသား တစ်ဦးက တည်ဆောက်ထားပြီး သူ့ရဲ့ လုပ်ငန်းကို လူတွေ အာရုံစိုက်လာအောင် ဆွဲဆောင်ဖို့ လူကြားထဲမှာ စမ်းသပ်ထိန်းချုပ်မှု တစ်ခု လုပ်နေတဲ့အချိန် အခုလို ပြဿနာ တက်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။

    ရဲတွေကတော့ စက်ရုပ်စမ်းသပ်မှုဟာ လမ်းသွားလမ်းလာတွေအတွက် အနှောင့်အယှက်နဲ့ အန္တရာယ် မဖြစ်စေဖို့ သူ့ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

    ဗီဒီယိုထဲမှာ တွေ့ရတဲ့ စက်ရုပ်ကတော့ တရုတ် နည်းပညာ ကုမ္ပဏီ Unitreeက တည်ဆောက်ထားတဲ့ စက်ရုပ်အမျိုးအစားနဲ့ ဆင်တူတာကို တွေ့ရပါတယ်။

    တရုတ် အစိုးရဟာ နိုင်ငံတကာ စက်ရုပ်နည်းပညာ နယ်ပယ်မှာ ရှေ့ဆုံးကနေ ဦးဆောင်ဖို့ ရည်ရွယ်ထားပြီး ပြည်တွင်း ကုမ္ပဏီတွေ အနေနဲ့ လူတူစက်ရုပ်တွေ စမ်းသပ်တည်ဆောက်ကြဖို့ အားပေး တိုက်တွန်းထားပါတယ်။

    ဖေဖော်ဝါရီလတုန်းက တရုတ် နှစ်သစ်ကူး ဖျော်ဖြေပွဲ အစီအစဉ်မှာတော့ Unitreeရဲ့ လူတူစက်ရုပ်တွေဟာ လူသားတွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းပြီး ကွန်ဖူးစွမ်းရည်တွေ ပြသသွားတာကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

    ဒါပေမဲ့ စက်ရုပ် ပညာရှင်တွေကတော့ အဲဒီ လှုပ်ရှားမှုတွေဟာ ကြိုတင်ပြီး ပရိုဂရမ်သွင်း ညွှန်ကြားထားတာ၊ အဝေးထိန်း စနစ်နဲ့ ခိုင်းစေတာတွေသာဖြစ်ပြီး ကိုယ်ပိုင် ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဆုံးဖြတ် လှုပ်ရှားတာမျိုးတွေ တရုတ်စက်ရုပ်တွေမှာ မတွေ့ရသေးကြောင်း မှတ်ချက်ပေးထားပါတယ်။

    ကိုးကား: AFP

  • ငွေလိမ်ဂိုဏ်းများကို နိုင်ငံထဲထိ ဝင်ရောက်ဖြိုခွင်းမည်ဟု FBI ပြော

    ငွေလိမ်ဂိုဏ်းများကို နိုင်ငံထဲထိ ဝင်ရောက်ဖြိုခွင်းမည်ဟု FBI ပြော

    တရုတ်ကွန်မြူနစ်ပါတီ (CCP)၏ နောက်ကွယ်ပံ့ပိုးမှုဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသော အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Center) အများစုသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနယ်စပ်တလျောက် အများစု တည်ရှိနေပြီး အဆိုပါနိုင်ငံများထဲထိ ဝင်ရောက်ဖြိုခွင်းသွားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရ ဖက်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) ညွန်ကြားရေးမှူး Mr. Kash Patel က ယမန်နေ့၌ ပြောသည်။

    အီရန်စစ်ပွဲ အရှိန်မြင့်တက်လာနေချိန် အမေရိကန်ထိပ်တန်းထောက်လှမ်းရေးအရာရှိများသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ယမန်နေ့က အထက်လွှတ်တော်တွင် သက်သေထွက်ဆိုရာ၌ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

    FBI သည် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဦးစားပေးအဆင့်မြင့် စစ်ဆင်ရေးတခုကို လုပ်ဆောင်နေပြီး လိမ်လည်ခံရသူများအတွက် ပြည်တွင်း ရာဇဝတ်မှုတိုင်ကြားရေးဗဟိုဌာနတခုကို ဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။

    “ကျနော်တို့ အဲဒီနိုင်ငံတွေက အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးပါပြီ။ အဲဒီစခန်းတွေကို ပိတ်ပစ်နိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းပြီး အင်တာနက်ဖြတ်တောက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်”ဟု ပြောသည်။

    အဆိုပါ အွန်လိုင်းလိမ်လည်မှုစင်တာများသည် ကြီးမားသော အဆောက်အအုံဝင်းကြီးများ ဖြစ်ပြီး အချို့နေရာများ၌ တည်ဆောက်နေဆဲဖြစ်ကြောင်း၊ ထိုဂိုဏ်းများသည် အရှေ့တောင်အာရှမှနေ၍ အမေရိကန်နိုင်ငံသားနှင့် သက်ကြီးရွယ်အိုများထံမှ ငွေကြေးလိမ်လည်အမြတ်ထုတ်နေကြကြောင်း ၎င်းက ပြောသည်။

    “ကျနော်တို့ ဆက်လုပ်မယ့်အရာကတော့ အဲဒီနိုင်ငံတွေထဲအထိသွားပြီး ငွေလိမ်ဂိုဏ်းစခန်း တခုမကျန် အားလုံးကို အပြီးတိုင် ပိတ်ပစ်ဖို့ပါပဲ။ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ရပ်တန့်အောင် လုပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

    FBI သည် အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရန် ဘန်ကောက်အခြေစိုက်ရုံးထိုင်နေပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အပြင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနှင့်ပါ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ မတ်လဆန်းပိုင်း၌ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်မှ မြန်မာဘက်ခြမ်းရှိ ကျားဖြန့်အဆောက်အအုံများအား မှန်ဘီလူးဖြင့် ကြည့်နေသည့်ဓာတ်ပုံများ ထုတ်ပြန်ခဲ့သည်။

  • TNLA နှင့် MNDAA အပစ်ရပ်ဖို့ သဘောတူ

    TNLA နှင့် MNDAA အပစ်ရပ်ဖို့ သဘောတူ

    ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ကြား တွေ့ဆုံဆွေးနွေးမှု နှစ်ရက်မြောက် ယမန်နေ့ညတွင် အပစ်ရပ်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

    မတ်လ ၁၈ ရက် ည ၁၂ နာရီအတိတွင် TNLA နှင့် MNDAA တို့ အပစ်ရပ် သဘောတူညီမှုရရှိခဲ့ပြီး မြေပြင်ရှိ တပ်မှူးများကို လည်း ညွှန်ကြားထားပြီဖြစ်ကြောင်း နှစ်ဖက်တပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။

    အပစ်ရပ်သဘောတူညီမှု ရပြီးသော်လည်း ယနေ့ အခြားကိစ္စများ ဆက်လက်ဆွေးနွေးနေကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကို AA ခေါင်းဆောင်များက ပါဝင်ညှိနှိုင်းပေးနေကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူများထံမှ သိရသည်။

    ယနေ့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ နှစ်ဖက်တပ်များ ရောက်ရှိနေသည့် နေရာများတွင် ရပ်တန့်ကာ စစ်ဆိုင်ထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

    ယနေ့ မွန်းလွဲပိုင်းအထိ TNLA နှင့် MNDAA ထိန်းချုပ်နယ်မြေအစပ်ရှိ MNDAA ဂိတ်စခန်းများတွင် စစ်ဆေးမှုတင်းကျပ် ထားပြီး ကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားဆဲဖြစ်ကြောင်း၊ MNDAA ထိုးစစ်အတွင်း ဖမ်းဆီးထားသည့် TNLA တပ်ဖွဲ့ဝင် များနှင့် ဒေသခံအရပ်သားများအား ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

  • ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး သေဆုံး

    ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး သေဆုံး

    ရန်ကုန်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး Tayဆုံးကာ လူ (၃) ဦး ဒဏ်ရာပြင်းထန်စွာရရှိ

    ရန်ကုန်မြို့၊ ဒလ-တွံတေး လမ်းမအနီးတစ်ဝိုက်မှယမန်နေ့ည (၉) နာရီဝန်းကျင်က အရက်သေစာ သောက်စားထားသည်ဟု ယူဆရတဲ့ ယာဉ်မောင်းတစ်ဦးဟာ လမ်းတစ်လျှောက် ဆက်တိုက်ဆိုသလို ယာဉ်တိုက်မှုများ ကျူးလွန်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး လူ (၃) ဦး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ပို့ထားရတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    ဖြစ်စဉ်မှာ အဆိုပါ မော်တော်ယာဉ်ဟာ စက်မြေရပ်ကွက် လမ်းမပေါ်မှာ ပထမဦးဆုံး ယာဉ်တိုက်မှု စတင်ဖြစ်ပွားခဲ့တာပါ။ ထိုသို့တိုက်မိပြီးနောက် အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးမောင်းနှင်ရာမှ ဗိုလ်ရန်ပြေရပ်ကွက် အရောက်မှာတော့ လမ်းဘေးမှာ ဘုရားပန်းရောင်းချနေတဲ့ အံ့ကြီးအနောက်ရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးကို ထပ်မံတိုက်မိခဲ့ပါတယ်။

    အဆိုပါ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ကုသမှုခံယူနေရပါတယ်။

    ယာဉ်မောင်းဟာ ရပ်တန့်ခြင်းမရှိဘဲ ဒလ-တွံတေး လမ်းမကြီးကို ဖြတ်ကျော်ကာ အောင်မင်္ဂလာရပ်ကွက်၊ ရှင်စောပုလမ်းနဲ့ ၆ လမ်းထိပ်အရောက်မှာတော့ လမ်းလျှောက်လာတဲ့ မောင်နှမနှစ်ဦးကို တတိယအကြိမ် ထပ်မံတိုက်မိခဲ့ပြန်ပါတယ်။

    အဆိုပါ တိုက်မိမှုကြောင့် အသက်မပြည့်သေးတဲ့ မောင်ဖြစ်သူမှာ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရပြီး အစ်မဖြစ်သူမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ထားရပါတယ်။

    လက်ရှိမှာတော့ သက်ဆိုင်ရာ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းနဲ့ ယာဉ်တိုက်မှုမှာ ပါဝင်သူတွေရဲ့ အမည်စာရင်း အသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

    မဆင်မခြင် မောင်းနှင်မှုကြောင့် အပြစ်မဲ့တဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းရပါတယ်ဗျာ။

    ပရိသတ်ကြီးတို့အနေနဲ့လည်း ညဘက် လမ်းသွားလမ်းလာပြုတဲ့အခါမှာရော၊ ကားမောင်းတဲ့အခါမှာပါ အထူးသတိထားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျ။

  • ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ်

    ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ်

    📢 ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ် (မတ်လ ၁၉ – ၃၁)

    ရန်ကုန်မြို့ရှိ မြို့နယ်များ (အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း) အားလုံးအတွက် မတ်လကုန်အထိ အသုံးပြုရမည့် ဓာတ်အားပေးဝေမှု ဇယားသစ် ထွက်ရှိလာပါတယ်။ အဓိကပြောင်းလဲချက်အနေနဲ့ မနက် ၉ နာရီကနေ ည ၉ နာရီအတွင်း အုပ်စုတစ်ခုလျှင် (၄) နာရီစီ၊ တစ်နေ့ (၂) ကြိမ် ဓာတ်အားပြတ်တောက်မှာ ဖြစ်ပါတယ်။

    အရေးကြီးအချက်များ:

    * မိမိတို့၏ မူလအုပ်စု (Group A သို့မဟုတ် B) ပြောင်းလဲခြင်း မရှိပါ။

    * စက်မှုဇုန်များ၊ သန်လျင်သီလဝါနှင့် အရေးကြီးဌာနဆိုင်ရာများကို (၂၄) နာရီ မီးပေးထားမည် ဖြစ်သည်။

    📅 အလှည့်ကျ မီးပေးဝေမှုဇယား (နေ့ရက်အလိုက်)

    အောက်ပါဇယားတွင် “A” သို့မဟုတ် “B” ဟု ပြထားသော အချိန်များသည် ထိုအုပ်စုဝင် မြို့နယ်များ မီးရရှိမည့်အချိန် ဖြစ်ပါသည်။

    | နေ့ရက် | 05:00-09:00 | 09:00-13:00 | 13:00-17:00 | 17:00-21:00 | 21:00-01:00 | 01:00-05:00 |

    | 19, 21, 23, 25, 27, 29, 31 | B + (A) | A | B | A | B + (A) | A + (B) |
    | 20, 22, 24, 26, 28, 30 | A + (B) | B | A | B | A + (B) | B + (A) |

    > မှတ်ချက်:

    > * A ဟုပြထားချိန်တွင် Group A မီးရပြီး Group B မီးပြတ်ပါမည်။

    > * B ဟုပြထားချိန်တွင် Group B မီးရပြီး Group A မီးပြတ်ပါမည်။

    > * ညပိုင်း (၂၁:၀၀) နောက်ပိုင်းနှင့် မနက်စောစောပိုင်းများတွင် အုပ်စုနှစ်ခုလုံးအား ရရှိနိုင်သည့် အခြေအနေပေါ်မူတည်၍ ခွဲဝေပေးသွားမည် ဖြစ်သည်။

    နမူနာကြည့်ရန်:

    သင်က အုပ်စု (A) ထဲမှာဆိုရင် မတ်လ ၁၉ ရက်နေ့မှာ:

    * မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ မီးရပါမယ်။

    * နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ မီးပြတ်ပါမယ်။

    * ညနေ ၅ နာရီကနေ ည ၉ နာရီအထိ မီးပြန်ရပါမယ်။

    ဒီဇယားကိုကြည့်ပြီး လုပ်ငန်းဆောင်တာတွေကို ကြိုတင်စီမံနိုင်ကြပါစေ။