Category: News

  • ရန်ကုန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေရာအနှံ့အပြား၌ သစ်ပင်များလဲကျ

    ရန်ကုန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေရာအနှံ့အပြား၌ သစ်ပင်များလဲကျ

    ရန်ကုန်မြို့အတွင်း ယနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းတွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အချို့ရှိ လမ်းမကြီးများပေါ်၌ သစ်ပင်နှင့် သစ်ကိုင်းအများအပြား လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့ခံများထံမှ သိရသည်။

    ယနေ့ နေ့လယ်ပိုင်း လေပြင်းတိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၉၀) ရပ်ကွက်၊ ပုဏ္ဏမီလမ်းမပေါ်တွင် သစ်ပင်လဲကျခဲ့သလို၊ ရန်ကင်းမြို့နယ် (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းနှင့် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကျောက်လမ်းတို့တွင်လည်း သစ်ပင်များ ပြိုလဲကျခဲ့ ကြောင်း သိရသည်။

    ထို့ပြင် ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာရှေ့နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်း အိမ်ရာရှေ့တို့တွင်လည်း သစ်ကိုင်းများ ကျိုးကျမှုများ ရှိခဲ့သည်။

    “ရန်ကုန်မှာ မိုးရွာပြီ။ လေပြင်းတွေတိုက်ပြီးတော့ မိုးအများကြီးတော့ မရွာဘူး။ အပူနည်းနည်း သက်သာသွားတယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။

  • ငလျင်ထိထားတဲ့ပျော်ဘွယ်မှာ လေပြင်းတိုက်လို့ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီး

    ငလျင်ထိထားတဲ့ပျော်ဘွယ်မှာ လေပြင်းတိုက်လို့ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီး

    ​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။

    ပျော်ဘွယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ကနေ ၄ နာရီ ၂၀ မိနစ်ခန့်အထိ နာရီဝက်ကြာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ပျော်ဘွယ်မြို့ပေါ်ရှိ မြို့မ၊ မြင်းဘက်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွေနဲ့ ရွှေညောင်ဖူး၊ မင်းလမ်း၊ ရွာထင်၊ ထရံကာ၊ ဂွေးဇီး၊ မြောက်ကန်ကြီးနဲ့ ဘတ္တကျေးရွာအုပ်စုတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က အသိပေးပါတယ်။

    အဲဒီ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၆လုံး၊ စာသင်ကျောင်း (၁)ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က ထပ်မံအသိပေးပါတယ်။

    “အမိုးလန်တဲ့အိမ်တွေလည်း ရှိတယ်။ အဲဒီအိမ်တွေဆိုရင် ငလျင်တုန်းက အိမ်တွေယိုင်ထားတာ ခုထိမပြင်နိုင်သေးတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လေဘေးသင့်ပြည်သူတွေကို ရပ်နီးရပ်ဝေးစေတနာရှင်တွေစုပေါင်းပြီး ကူညီပေးကြဖို့ မြို့ခံလူမှုကူညီရေးလုပ်ကိုင်သူတွေက နှိုးဆော်နေကြပါတယ်။

    အဲဒီနေ့ကပဲ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်က ဒေသအချို့မှာ မိုးသက်လေပြင်းကျပြီး အဆောက်အအုံတွေ ပျက်စီးမှု ရှိခဲ့ပါတယ်။

    လာမယ့် မေလ ၃ ရက်အထိ မိုးအခြေအနေမှာ အရှေ့ဘက်နဲ့ အနောက်ဘက်မှ လာတဲ့ လေပွေလှိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္လာရီတိုင်း ၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ NUG ရဲ့ မိုးဇလက အသိပေးထားပါတယ်။

    ဒေသအလိုက် နေ့အပူချိန်တွေတိုးလာတာကြောင့် နေ့လယ်ပိုင်းနဲ့ ညနေပိုင်း အချိန်တွေမှာ လေပြင်းတိုက်ခတ်တာ၊ မိုးတိမ်တောင်ကြီးတွေ ဖြစ်ပေါ်တတ်တာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ မိုးသီးတွေကြွေကျတာ၊ လျှပ်စီးလက်တာနဲ့ မိုးကြိုးပစ်တာ စတဲ့ ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်လို့ ပိုပြီး ဂရုပြုကြဖို့ လိုအပ်ကြောင်း သတိပေးထားပါတယ်။

    (ပျော်ဘွယ်မြို့နယ်တွင် လေပြင်းကြောင့် ပျက်စီးခဲ့သော နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-ပျော်ဘွယ်မီးသတ်)

  • လူစိတ်မရှိ ဇနီးသည်ကို ရက်ရက်စက်စက်သတ်ပစ်သူ

    လူစိတ်မရှိ ဇနီးသည်ကို ရက်ရက်စက်စက်သတ်ပစ်သူ

    လူစိတ်မရှိ ဇနီးသည်ကို ရက်ရက်စက်စက်သတ်ပစ်သူ

    ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနေ

    (အဘ)ဦးစိုးမြင့်၏သား မြတ်သူရစိုးသည်

    ပုံတွင်ပါရှိသော

    ခင်မောင်ထွေး နဲ့ ဒေါ်ခင်မြကြည်တို့၏သမီး

    မချစ်စု(ခေါ)မဖြိုးအုံမာ ကို

    သူမရဲ့ယောက်ျား မြတ်သူရစိုးက

    ရက်ရက်စက်စက် သားနှစ်ယောက်ရဲ့ရှေ့မှာ

    သတ်ဖြတ်အလောင်းဖျောက်ခဲ့ပါသည်။

    ယခုသူသည်ထွက်ပြေးတိမ်းရှောင်နေပါသည်။

    မိဘပြည်သူများအနေဖြင့် မြတ်သူရစိုးကိုတွေ့ရှိပါက

    နီးစပ်ရာရဲစခန်းများသို့ အမြန်ဆုံး အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံသည်။

    အနာဂတ် အမျိုးသမီးထု၏ ဘဝ လုံခြုံဖို့

    ဒီအမှုကို ဝိုင်းဝန်း ဖော်ထုတ်ပေးကြပါ။

  • စစ်ကိုင်း နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀

    စစ်ကိုင်း နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀

    စစ်ကိုင်းတံတား နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀ ဝန်းကျင် ပေါ်တာဆွဲခံရ

    မန္တလေးတိုင်း၊ စစ်ကိုင်းတံတား နှာပေါက်အဝင်မှာ တစ်ရက်တည်း လူငယ် ၄၀ ဝန်းကျင် ပေါ်တာဆွခံရတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

    ဧပြီ ၂၈ရက်မှာ စစ်ကိုင်းမြို့ဘက်ကလာတဲ့ ကားပေါ်ကလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့သိရပါတယ်။

    “ ကားပေါ်က လူငယ်တွေကို ကားပေါ်ကဆွဲချပြီး ဖမ်းတာ လူငယ် ၄၀ ဝန်းကျင်လောက်ရှိလေမယ်။

    ဖမ်းဆီးခံထားရတဲ့လူငယ်တွေကို light truck နှစ်စီးနဲ့ ခေါ်သွားတာ” လို့ မျက်မြင်တွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    ဒီနေ့ ဧပြီ ၃၀ ရက်မှာလည်း စစ်ကိုင်းမြို့တစ်မြို့လုံးပတ်ပြီး ပေါ်တာဆွဲမှာဖြစ်လို့

    ပျူစောထီးတွေက သူတို့နဲ့သိတဲ့လူရင်းတွေကို အပြင်မထွက်ဖို့ သတိပေးနေတယ်လို့လည်း စစ်ကိုင်းမြို့ခံတစ်ဦးဆီက သိရပါတယ်။

  • DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းနေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာတွင် ပူးပေါင်းပါဝင်နေသည့် DKBA ခေါင်းဆောင် ထွန်းရီအား ရေးဘီလူးတပ်ရင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ထွန်းရီမှာ ဒဏ်ရာအပြင်း အထန် ရရှိသွားသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ ပစ်ခတ်မှုအတွင်း ထွန်းရီကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းမီးကျောက်အချို့ကို သိမ်းဆည်းရမိခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ခမရ ၃၄၃ တပ်ရင်းရှေ့ရှိ ထွန်းရီ၏ နေအိမ်အား ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ ဝင်ရောက်ရှင်းလင်းချိန်တွင် ထွန်းရီမှာ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ လက်ဖက်ရည်သောက်နေစဉ် ဖြစ်ပြီး ရေးဘီလူးတပ်ရင်းက ကျားပါးစပ်အတွင်း ဝင်နှိုက်သည့်ပုံစံမျိုးဖြင့် နေအိမ်အတွင်းအထိ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ်မှုကြောင့် ထွန်းရီတွင် သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သလို ၎င်း၏ နေအိမ်အတွင်းမှ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။

    ရေးဘီလူးတပ်ရင်း တာဝန်ရှိသူ၏ ပြောပြချက်အရ ထွန်းရီသည် စစ်ကောင်စီတပ်နှင့် အပြည့်အဝ ပူးပေါင်းနေသူတစ်ဦးဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ ၅၈၆ တပ်ရင်းအနီးနှင့် နှင်းစုံကျေးရွာတံတားတို့တွင် ကိုယ်ပိုင်ဂိတ်များဖွင့်လှစ်၍ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များအား စစ်ကြောင်းထိုးသည့်အခါတွင်လည်း နယ်မြေနှင့် လမ်းကြောင်း ကျွမ်းကျင်သည့်အတွက် အနီးကပ်ကူညီပေးနေသူ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရေးမြို့နယ်တွင် DKBA ​ခေါင်းဆောင်ထွန်းရီတဲ့သူက စကမ ပူးပေါင်းကောင်ပါ။ ရေးမြို့နယ်၅၈၆တပ်နားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ နှင်းစုံကျေးရွာတံတားမှာလည်း ကိုယ်ပိုင်ဂိတ်လုပ်ထားတယ်။ တော်လှန်ရေးတပ်တွေကိုစကမဘက်ကစစ်ကြောင်းထိုးလာချိန် ဒီကောင်တွေကအပြည့်ဝအကူညီပေးတယ်။ ဒီကောင်တွေကလမ်းကျွမ်းတယ်။ နယ်မြေရင်းနှီးတယ်။ စကမ နဲ့အတူတကွနေလိုက်လို့ချတာပါ။ ကျွန်တော်တို့ သူအိမ်ထဲကနေ သေနတ် ၁လက်၊ လက်ပစ်ဗုံး ၂လုံး၊ ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ စစ်ဆင်ရေးကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။