📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မန္တလေး ဘုရားကြီး ဂေါပကဥကဋ္ဌနေရာနဲ့ ဘဏ္ဍာငွေတွေ ကြံ့ဖွတ် သိမ်းလိုက်ပြီ

မန္တလေး မဟာမုနိ ဘုရားကြီး ဂေါပက ဥက္ကဌအဖြစ် မင်းအောင်လှိုင်ရဲ့ လူယုံတပည့်၊ ကြံ့ခိုင်ရေး အမာခံကို နေရာပေး

ဘုရားကြီးရဲ့ ဘဏ္ဍာငွေပိုင်ဆိုင်မှု ငွေသား ကျပ်သိန်း ၁၂၀,၀၀၀ ရှိထားပြီး အွန်လိုင်းကပါ အလှူခံလို့ နေ့စဉ် ကျပ်သိန်း ရာချီ အလှူငွေရနေ

စစ်အုပ်စုခန့်တဲ့ ယခင် ဂေါပက ဥက္ကဌ ဘုရားထီးတင်ရင်း လဲကျသေဆုံးလို့ လူစားထိုးခန့်တာ ဖြစ်

မန္တလေးမြို့ မဟာမုနိ ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌအဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လူယုံတပည့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အမာခံ၊ စစ်အုပ်စုခန့် မန္တလေးမြို့တော်ဝန်ဟောင်း ဦးကျော်ဆန်းကို ခန့်အပ်လိုက်တယ်လို့ စစ်အုပ်စုက ဇွန် ၁၃ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၃ မှာ စစ်အုပ်စုက ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ အဖြစ် နေရာပေးခဲ့သူ ဦးမြဝင်း ဆိုသူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ရက်က ဘုရားကြီး ထီးတော်တင်နေစဉ်အတွင်း ငြမ်းစင်ပေါ်မှာ လဲကျသေဆုံးတာကြောင့် စစ်အုပ်စုက သူ့နေရာမှာ ဦးကျော်ဆန်း ကို အစားထိုး ခန့်တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဦးကျော်ဆန်းကို ဂေါပက ဥက္ကဌ နေရာပေးပြီးနောက် မန္တလေးက နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တဲ့ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ သီရိရွှေစင်ရွှေဆိုင်ပိုင်ရှင် ဦးအောင်နိုင်ဆွေ စသူတို့ကိုလည်း ဂေါပကအဖွဲ့ဝင်တွေအဖြစ် နေရာပေး ထည့်သွင်းထားပါတယ်။

ဦးကျော်ဆန်း အပါအဝင် ဘုရားကြီး ဂေါပကအဖွဲ့ဝင်သစ် ၁၁ ဦးဟာ ဇွန် ၁၃ရက်က စတင်ပြီး ဂေါပက တာဝန်တွေ စတင်ယူနေကြပြီလို့ ဘုရားကြီးဂေါပကအဖွဲ့ရဲ့ လူမူကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဟာ ကျပ်သိန်းပေါင်း ထောင်သောင်းချီတဲ့ ဘုရားကြီးဘဏ္ဍာတော်ပိုင် ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲ၊ ကိုင်တွယ်သုံးစွဲရတဲ့ အဖွဲ့ဖြစ်တာကြောင့် စစ်အုပ်စုက သူတို့နဲ့ နီးစပ်ဆက်နွှယ်သူတွေ၊ သူတို့ရဲ့ လူယုံတွေကို ဂေါပကအဖွဲ့မှာ နေရာပေးတာ ဖြစ်မယ်လို့ မန္တလေးမြို့ခံတွေက သုံးသပ်ပါတယ်။

စစ်အာဏာမသိမ်းမီကာလ ၂၀၁၉ ခုနှစ်မှာ မန္တလေးမြို့၊ မဟာမုနိဘုရားကြီးဂေါပက အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဘုရားဘဏ္ဏာတော်ငွေ အဖြစ် ငွေသား ကျပ်သိန်းပေါင်း ၁၂၀,၀၀၀ ကျော် ရှိပြီး ဂေါပကအဖွဲ့အနေနဲ့ ဘုရားကြီးဘဏ္ဍာတော်ပိုင် ရွှေနဲ့ အဆောက်အအုံ၊ မြေနေရာတွေလည်း စီမံခန့်ခွဲရတယ်လို့ ထုတ်ပြန်ဖူးပါတယ်။

ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌအဖြစ် နေရာရလာသူ ဦးကျော်ဆန်းဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ကနေ ယခု ၂၀၂၆ ဧပြီလအထိ မန္တလေးမြို့တော်ဝန်အဖြစ် စစ်အုပ်စုရဲ့ နေရာပေးခံခဲ့ရသူ ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၅ ခုနှစ်၊ ကြ့ခိုင်ရေးပါတီ အာဏာရစဉ်ကလည်း မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် နေရာရခဲ့သူ ဖြစ်ပါတယ်။

မြင်းခြံနယ်သား ဦးကျော်ဆန်းဟာ အင်ဂျင်နီယာဘွဲ့ရ တစ်ယောက်ဖြစ်ပြီး ၂၀၁၀ မတိုင်မီက ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်် အဖြစ် နေရာရခဲ့သူ ဖြစ်ကာ ကြံ့ခိုင်ရေးပါတီမှာလည်း မန္တလေးတိုင်း ဗဟိုကော်မတီဝင် ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ ဘုရားကြီး ဂေါပကအနေနဲ့ လူမူကွန်ယက်ကတဆင့်ပါ အလှူငွေတွေ လက်ခံတာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေထံကနေ နေ့စဉ် အလှူငွေ ကျပ်သိန်း ရာချီ လက်ခံရရှိနေတယ်လို့ ဘုရားဂေါပက အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်