မိသားစုပုံလေးတောင် အတူတူမရိုက်လိုက်ရဘဲ၊ နှုတ်မဆက်ဘဲ ထွက်ခွာသွားသူ

မိသားစုပုံလေးတောင် အတူတူမရိုက်လိုက်ရပဲ နှုတ်မဆက်ဘဲ ထွက်ခွာသွားတဲ့ (၂၇) နှစ်အရွယ် ခင်ပွန်းဖြစ်သူအတွက် ဇနီးသည်ရဲ့ ရင်နင့်ဖွယ် စကားသံများ… 💔😭

မြိတ်မြို့က အသက် (၂၇) နှစ်အရွယ် ကိုကောင်းထက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ သူဟာ မကွယ်လွန်ခင် တစ်ရက်အထိ ပတ်ဝန်းကျင်က နာရေးကိစ္စတွေကို သွားရောက်ကူညီခဲ့ပြီး မိသားစု၊ မိတ်ဆွေတွေနဲ့ ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တယ်လို့ သိရပါတယ်။

​ဒီလို ရုတ်တရက် အဆုံးစီရင်သွားတဲ့အပေါ် ဇနီးဖြစ်သူက ဝမ်းနည်းပူဆွေးစွာနဲ့ “”ဘာဖြစ်လို့ဘဝကိုလွယ်လွယ်အရှုံးပေးလိုက်ရတာလဲယောကျာ်းရယ် ငါသမီးလေးနဲ့ဘယ်လိုရှေ့ဆက်ရမှာလဲဟာ ဘဝအဆက်ဆက်သံသရာအဆက်ဆက်ဒီလိုအဖြစ်ဆို:မျိုးနဲ့ကင်းဝေးပါစေယောကျာ်းရယ်. နှစ်တစ်ထောင်ကြာမှခေါင်းအုံးတစ်လုံးထဲတူတူ အိပ်စက်ခွင့်ရတာဆို အခုတော့နင်ငါ့ကိုထားခဲ့ပြီလား ယောကျာ်းရယ် ငါတို့မိသားစုပုံလေးတောင်မရို-က်ရသေးဘူးလေဟာ နင်အရမ်းချစ်တဲ့နင့်သမီးလေးကိုထားခဲ့ပြီတဲ့လားဟာ ငါမယုံနိုင်သေးဘူးယောကျာ်းရဲ့”” လို့ ပြောခဲ့ပါတယ်။

​အစ်မဖြစ်သူကလည်း “”မွေးလာကတည်းက ပင်ပန်းဆင်းရဲမှုဒ-ဏ်ကို ခါ:ဆီ:ခံရသူရေ အခုလဲ ဘာတွေများ ပူ-လော-င်နေတာလဲ ငါမောင်လေးရယ်… ဒီမြို့လေးကို လာချင်တာ ကောင်းတို့ကိုတွေ့ချင်လို့လေ ဒီလို အသ.က်.မဲ့.တဲ့ ခန္ဓာလေးမှ မဟုတ်တာကွယ်”” လို့ စိတ်မကောင်းစွာ ရေးသားခဲ့ပါတယ်။

​ကိုကောင်းထက်ရဲ့ နာရေးကိုတော့ ဇွန်လ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *