လူထုအာဏာမတရားရယူထားတဲ့ စစ်ရာဇဝတ်သား မင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ယခုအခါအရပ်ဖက်အစိုးရအသွင်သစ်ဖြင့် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိင် တပ်ရင်းမှူးအဆင့် ရာထူးရှိချိန်က ဦးဆောင်ခဲ့တဲ့ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဘီးလင်းမြို့နယ်က လေးကေတပ်စခန်းကို ဧပြီ ၁၂ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ KNUက ဒီကနေ့မှာ စခန်းသိမ်းပိုက်နိုင်မှု သတင်းကို ဖော်ပြလာတာပါ။ ဒီလို ဖော်ပြရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိင်က အခုအခါ လူထုအာဏာ မတရားရယူထားတဲ့ အခြေအနေကိုလည်း အထက်ပါအတိုင်း မီးမောင်းထိုး ဖော်ပြထားတာပါ။ လေးကေတပ်စခန်းကို KNLA ပူးပေါင်းတပ် ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ…
မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး၊ ပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်မည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ၁ လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း သိရှိရသည်။ လက်ရှိ ရန်ကုန်ခေတ်သစ်၏ စျေးကွက်အတွင်း စုံစမ်းချက်အရ…
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလဆန်းမှ ဧပြီလ ၁၃ ရက်အထိ နှစ်ပတ်အတွင်း စစ်တပ်ရှေ့တန်း ခြေကုပ်စခန်း ငါးခုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်အခြေအနေသိသည့် စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ နှစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည့် စခန်းများမှာ KNU တပ်မဟာ (၇) လှုပ်ရှားရာ လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသရှိ ကြယ်ပြောင်စခန်း ၊ KNU တပ်မဟာ (၁) လှုပ်ရှားရာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ လေးကေစခန်း ၊ KNU တပ်မဟာ (၃) လှုပ်ရှားရာ ရွှေကျင်မြို့နယ်ရှိ လက်ယက်စခန်း၊ KNU တပ်မဟာ (၅) လှုပ်ရှားရာ ဖာပွန်မြို့နယ်မြောက်ဘက်ရှိ ထနဲကျိုးနှင့် ကော်သွေးကျိုးစစ်စခန်းများဖြစ်သည်။ ကြယ်ပြောင်စခန်း ယမန်နေ့ (ဧပြီလ ၁၃ ရက်)နံနက်ပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်မြောက်ဘက်ရှိ…
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) တောင်/မြောက်လမ်းဆုံအနီးတွင် ရေပက်ခံကားတစ်စီး ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့သဖြင့် ခုနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဧပြီ ၁၄ ရက်၊ နံနက် ကိုးနာရီကျော်ခန့်က တောင်မြောက်လမ်းဆုံအနီးတွင် ကားတစ်စီး ဘီးကျွတ်ပြီး တိမ်းမှောက်ခဲ့ရာ ဒဏ်ရာရသူများထဲတွင် ကိုယ်ဝန်ဆောင်တစ်ဦးပါဝင်ကြောင်း မြို့နယ်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ “ရေပက်ခံကားက ဘီးကျွတ်ပြီး လမ်းလယ်ဘလောက်တုံးနဲ့ တိုက်မိပြီး မှောက်သွားတာ။ ကားပေါ်ပါလူတွေက ဒဏ်ရာရတယ်။ ကိုယ်ဝန်ဆောင်သည်လည်းပါတယ်”ဟု တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ ယာဉ်ပေါ်တွင် ၁၃ ဦးလိုက်ပါလာပြီးဒဏ်ရာရရှိသူများကို မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းအစိုးရ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွား ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအနီးတွင်လည်း ပေါက်ကွဲမှုများဖြစ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦး လာရောက်ဖွင့်လှစ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး တည် ဆောက်ထားသော တနင်္သာရီတိုင်းအစိုးရ ဗဟိုသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို အကြမ်းဖက် စစ်တပ်ခန့် ဝန်ကြီးချုပ် ဇော်နိုင်ဦးတက်ရောက်၍ ဖဲကြိုးဖြတ်ပွဲ ပြုလုပ်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ဗဟိုမဏ္ဍပ်အနောက်ဘက်ခြမ်းကို ဗုံး ၁ လုံး၊ တိုင်းရဲရုံးကို ဗုံး ၁ လုံးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး…