📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

၇ နှစ်အရွယ် မွန်ကလေးငယ် သတ်ဖြတ်ခံရမှု

၇ နှစ်အရွယ် မွန်ကလေးငယ်ကို သတ်ဖြတ်သူမှာ အသက်မပြည့်သေးသော ဦးလေးနှင့် အစ်မအရင်းဖြစ်ကြောင်း ထိုင်းရဲချုပ်အမှုမှန်ဖော်ထုတ်

ထိုင်း-မြန်မာနယ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်တွင် အသက် ၇နှစ်အရွယ် မွန်တိုင်းရင်းသူ နောင်အငွန်အသတ်ခံရမှု၏ တရားခံများမှာ အသက် ၁၇နှစ်အရွယ် ဦးလေးဖြစ်သူနှင့် ၁၃နှစ်အရွယ် အစ်မအရင်းတို့ဖြစ်ကြောင်း ယနေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့သည်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါလူသတ်မှုသည် ၎င်းတို့၏ နေအိမ်အတွင်း၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တရားခံနှစ်ဦးက ဝန်ခံထွက်ဆိုထားသည်။

“ဒီမနက်ပိုင်းတော့ တရားခံရမိပြီလို့ သိရတယ်။ လက်ရှိမှာကတော့ ဖြစ်တဲ့ ရာဘာခင်းနေရာကို အာဏာပိုင်တေွအများကြီး ရောက်နေတယ်”ဟု စံခလပူရီရောက်ရှိနေသော ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးသည့် ကလေးငယ် သေဆုံးသွားပြီးနောက် ရုပ်အလောင်းကို အဝတ်အစားဗီရိုအတွင်း ဦးစွာဝှက်ထားခဲ့ကြပြီးနောက် လူမသိစေရန် ဘေးတွဲသုံးဘီးဆိုင်ကယ်ပေါ်တင်ကာ ပရန်ဖလယ်ကျေးရွာအုပ်စုရှိ ရော်ဘာခြံအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း၊ သိပ္ပံနည်းကျ DNA အထောက်အထားများနှင့် အသေးစိတ် စစ်ဆေးမေးမြန်းခဲ့ရာတွင် ဦးလေးတော်စပ်သူနှင့် အစ်မဖြစ်သူတို့ကိုယ်တိုင် ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အမှုမှန်ထွက်ပေါ်လာခဲ့သည်။

အဆိုပါအမှုမှန်ပေါ်ပေါက်လာစေရန် ယမန်နေ့(ဇွန်လ ၅ ရက်)က ထိုင်းအမျိုးသားရဲချုပ် ကစ်ထရတ် ဖန်ဖက်နှင့် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး တိုင်ရုန် ဖိဝန်တို့ စံခလပူရီသို့ ရဟတ်ယာဉ်ဖြင့် အရေးပေါ်လာရောက်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ရဲချုပ်သည် အမှတ် ၇ နယ်မြေရဲတပ်ဖွဲ့မှူး၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB)နှင့် အဆင့်မြင့်အရာရှိကြီးများနှင့် အစည်းအဝေးပြုလုပ်ကာ အမှုတွဲများ၊ သက်သေခံအထောက်အထားများကို စစ်ဆေးခဲ့သည်။

ထို့ပြင် ရဲချုပ်နှင့်အဖွဲ့သည် လူသတ်မှုဖြစ်ပွားပြီး ရုပ်အလောင်းလာရောက်စွန့်ပစ်ထားသည့် ရော်ဘာခြံအတွင်းသို့ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အချိန်တိုအတွင်း တရားခံအစစ်များကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသအခြေပြုသတင်းထုတ်ပြန်ရေးဌာနများတွင် ဖော်ပြထားသည်။

“အမှုမှန်ပေါ်သွားလို့ တော်‌သေးတယ်။ နယ်စပ်ဒေသလည်းဖြစ်နေတယ်။ လူပေါင်းစုံကူးလူးသွားလာနေတဲ့ နေရာဖြစ်တော့ ဟိုလူထင် ဒီလူထင်ဖြစ်နေတော့ အလုပ်လုပ်ရခက်ကုန်တယ်။ လုပ်တဲ့သူကလည်း အသက်မပြည့်သေးတဲ့‌ ကလေးတေွပဲဖြစ်နေတာကတော့ အတော်စိတ်မကောင်းဘူး”ဟု ဘုရားသုံးဆူ(ရှမ်းကုန်း)တွင် နေထိုင်သူတစ်ဦး အမျိုးသမားတစ်ဦးက‌ ပြောသည်။

လက်ရှိအချိန်တွင် လူသတ်မှုအား ကိုယ်တိုင်ကျူးလွန်ခဲ့သည့် ဆွေမျိုးတော်စပ်သူ တရားခံနှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုးကားနှင့်ဓါတ်ပုံ – စံခလပူရီ အစိုးရပြန်ကြားရေးအဖွဲ့

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်