Category: News

  • အွန်လိုင်းကနေ ပိုက်ဆံချေးတာ

    အွန်လိုင်းကနေ ပိုက်ဆံချေးတာ

    ကောင်မလေး ၁ ယောက် အွန်လိုင်းကနေ ပိုက်ဆံချေးတာ

    ပိုက်ဆံမရခင် လိပ်ပြာမဲကြီး အရင်လှန်ပြရလို့ နောက်ဆုံး မလှန်ပြ နိုင်တော့ပဲ တိုင်တဲ့သတင်း၊

    ဖြစ်စဉ်က အသက် 16နှစ်ရှိ၊ ကောင်မလေးက သူ ပိုက်ဆံလိုတော့ လိုင်းပေါ်ကနေ ဘတ် 1500ချေးခဲ့ပါတယ်။

    သူမချေးခဲ့တဲ့ရက်က 3.03.2026ကပါ၊ ဒါပေမဲ့ ကောင်မလေးကို တဖက်က ပိုက်ဆံ မချေးပေးခင် ပိုက်ဆံချေးတာ မအောင်မြင်သေးဘူး။

    ဘာပြောလဲ ဆိုတော့ ၊မှတ်တဲ့ကွန်ပြူတာဦးနှောက်က မီးစိမ်းမပြသေးဘူး။

    ပိုက်ဆံလိုချင်ရင် လိပ်ပြာမဲကြီးလှန်ပြလို့ ပြောတယ်။

    အဲတော့ ကောင်မလေးက ပိုက်ဆံလိုချင်တော့၊ တဖက်က ပြောတာကို ယုံပီး၊

    တကယ်ပဲ လိပ်ပြာမဲကြီးကို လှန်ပြ၊ video ရိုက်ပီး ပို့ပေးလိုက်ပါတယ်ရှင့်။

    နောက်တော့ ကောင်မလေးလဲ ဘတ် 1500 ရသွားပီး ပြန်မဆပ်နိုင်တော့ဘူး။

    ပိုက်ဆံ 1500ကို အတိုးနဲ့ အရင်း ပေါင်းတော့ ၊ ဘတ် 20,000 ဖြစ်သွားတယ်ရှင့်။

    ကောင်မလေးက သူဘယ်လိုမှ မပေးနိုင်တဲ့ အကြောင်း ပြောလိုက်တော့၊ တဖက်ငွေချေးပေးသူက၊

    မပေးနိုင်ရင် နင့် လိပ်ပြာမဲကြီး ငါ့ကို ကျွေးရမယ်ပြောတော့ ကောင်မလေးက မရဘူး မကျွေးနိုင်ဘူး ဆိုပီး လက်မခံခဲ့ဘူး။

    အဲတော့ ငွေချေးပေးသူက၊ ကောင်မလေး အရင် တုန်းက လိပ်ပြာမဲကြီး လှန်ပြတဲ့ပုံကို၊ ဆိုရှယ်ပေါ် တင်လိုက်ပါတော့တယ်။

    အဲကိစ္စနဲ့ အရှက်တွေကွဲပီး၊ ကောင်မလေးက ရဲကို ရှက်ရှက်နဲ့ လာတိုင်ရပါတော့တယ်။

    ဒီကောင်မလေးလိုပဲ အသက် 21နှစ်၊ ကောင်မလေးတယောက်လဲ အဲလိုဖြစ်ဖူးတယ်တဲ့ရှင့်။

    21နှစ်ကောင်မလေးကတော့ လိပ်ပြာမလှန်ပြရဘူး၊

    မှတ်ပုံတင်နဲ့လူ တွဲရိုက်ခိုင်းပီး၊ မဆပ်နိုင်တော့ နေ့တိုင်း လိုင်းပေါ်မှာ ပုံတင်ခံရတယ်လို့ ပြောပြခဲ့တယ်။

    အဲဒါကြောင့် ရဲသတိပေးတာက၊ လိုင်းပေါ်မှာ ငွေချေးရင် သွားမယုံကြပါနဲ့ အဲတာ အလိမ်အညာတွေလို့ ပြောပြပါတယ်။

  • ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ

    ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ

    ဆင်ကိုဆိတ်၊ လိပ်ကိုဂျပိုး ပြောတတ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ

    ​စစ်ကောင်စီ၏ ပြန်ကြားရေး ဒုတိယဝန်ကြီးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး၊ ပြည်သူလူထုအကြား “ဇော်မဲလုံး” ဟု အမည်ပြောင်ဖြင့် လူသိများသော ဗိုလ်ချုပ်ဇော်မင်းထွန်း ရဟန်းဝတ်ဖြင့် ရှိနေသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာမှုအပေါ် အများပြည်သူအကြား ဝေဖန်မှုများ ပြင်းထန်နေသည်။

    ​ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲများတွင်ပြည်သူဖက်ရပ်တည်သည့် မီဒီယာများနှင့် ပြည်သူလူထုအပေါ် ခက်ထန်မာကျောစွာ ဆက်ဆံလေ့ရှိပြီး၊ လက်တွေ့ဖြစ်ရပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော “ဆင်ကိုဆိတ်၊ လိပ်ကိုဂျပိုး” ဟု တင်စားရလောက်သည့် လိမ်ညာပြောဆိုမှုများကြောင့် ပြည်သူအများစု၏ မုန်းတီးဆဲဆိုခြင်းကို ခံနေရသူလည်း ဖြစ်သည်။

    ​သတင်းရင်းမြစ်အချို့၏ အဆိုအရ ၎င်း၏ဇနီးဖြစ်သူသည် အာဏာကို အသုံးပြုကာ တပ်မတော်ပိုင် မြေယာများကို အရောင်းအဝယ် ပြုလုပ်ခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။

    ထိုအရှုပ်တော်ပုံများကြောင့် မင်းအောင်လှိုင်၏ နောက်ထပ်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့သစ်တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှာ နေရာပေးခြင်း မခံရတော့ဘဲ ဘေးရောက်သွားခဲ့သူ ဖြစ်သည်။

    မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ ဗုဒ္ဓဘာသာဝင်များသည် ကုသိုလ်အလို့ငှာ ရဟန်းဝတ်ကြသလို၊ ဘေးဒုက္ခနှင့် ကြုံတွေ့ရချိန် သို့မဟုတ် ကံဇာတာ ညံ့ခိုင်ချိန်များတွင် ယတြာချေသည့် အနေဖြင့်လည်း ဝတ်လေ့ရှိကြသည်။

    စစ်မာန်တက်ကာ ပြည်သူကို ရန်သူသဖွယ် ဆက်ဆံခဲ့သူတစ်ဦး ယခုကဲ့သို့ သင်္ကန်းစည်းထားသည်ကို မြင်တွေ့ရခြင်းမှာ အဆီအငေါ့မတည့်လှကြောင်း လူအများက ယူဆနေကြသည်။

    ​စစ်တပ်လိုလားသူ လော်ဘီများကမူ ၎င်းသည် သင်္ကြန်ကာလအတွင်း တာဝန်အားလပ်ချိန်တွင် ဒုလ္လဘရဟန်း ခေတ္တဝတ်ခြင်းဖြစ်သည်ဟု ကာကွယ်ရေးသားနေကြသော်လည်း၊ ပြည်သူလူထုအကြားတွင်မူ ယုံကြည်ခြင်း မရှိကြပေ။

    လူမှုကွန်ရက် စာမျက်နှာများတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရဟန်းဝတ်ပုံနှင့် ပတ်သက်၍

    “ဒုက္ခတွေ့မှ ဘုရားတနေတာလား”

    ​”ဝဋ်ကြွေးတွေက သင်္ကန်းဝတ်ရုံနဲ့ ပြေပါ့မလား”

    ​”မြန်မြန်သာ ပျံတော်မူပါတော့ ဘုရား”

    စသဖြင့် ပြင်းထန်သော မှတ်ချက်များဖြင့် ဝေဖန်တုံ့ပြန်နေကြသည်ကို တွေ့ရှိရသည်။

    လက်ရှိတွင် ၎င်းသည် မည်သည့်နေရာတွင် မည်သည့်အတွက်ကြောင့် အမှန်တကယ် သင်္ကန်းစည်းနေသည်ကိုမူ အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

  • မွန်ဝန်ကြီးသား အုပ်ကြီးကို ပါးရိုက်ကာ အမှုလည်းဖွင့်ထား

    မွန်ဝန်ကြီးသား အုပ်ကြီးကို ပါးရိုက်ကာ အမှုလည်းဖွင့်ထား

    မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် မွန်ဝန်ကြီး၏သားက ကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်သည့် အပြင် အမှုလည်း ဖွင့်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်(ဧပြီ၁၇ရက်)တွင် သံဖြူဇရပ်မြို့နယ်၊ပငရွာအတွင်း တရားမဝင် မွန်ပြည်နယ်ဝန်ကြီး နိုင်လယိတမသား ဇင်မျိုး၏အဖွဲ့နှင့် ပငရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ စကားများ ရန်ဖြစ်ကြရာမှ ဇင်မျိုးက အုပ်ကြီးကို ပါးရိုက်ခဲ့သည့်အပြင် အုပ်ကြီးအပါအဝင် ၈ဦးအား သံဖြူဇရပ်ရဲစခန်း၌ အမှုဖွင့်ထားကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။

    “အဲဒီသတင်းကို လဂွန်းအိမ်စာစဉ်က တင်ထားတာတွေ့လို့ ဒေသခံတွေဆီ စုံစမ်းကြည့်တော့ သတင်း မှန်ပါတယ်။ဖြစ်တာကတော့ ဝန်ကြီးသားဆိုတဲ့ကောင်က အာဏာပြတာပေါ့။ပင ဆိုတာ နိုင်လယိ တမရဲ့ ဇာတိရပ်ရွာလည်းဖြစ်တော့ ရွာမှာရှိနေတဲ့ ဝန်ကြီးသားနဲ့ဆွေမျိုးအပေါင်းအပါက ပါဝါပြပြီး အုပ်ကြီးကိုပါ ပါးရိုက်ပစ်လိုက်တာ။ပြီးတော့ ပါးလည်းရိုက် အမှုလည်းဖွင့်တော့ ပြည်သူတွေကြားထဲ မှာ ဟာသဖြစ်နေတာပေါ့”ဟု ၎င်းက ပြောသည်။

    ပငရွာတွင် သင်္ကြန်တွင်း ညနေ ၆ နာရီထိသာ ရေကစားပြီး ဆောင်းဘောက်များလည်း ပိတ်ရန် အမိန့်ထုတ်ထားပြီး ရေကစားမဏ္ဍပ်၌ ၆ နာရီကျော်သည့်တိုင် ဆောင်းဘောက်ဖွင့်ထားသဖြင့် ဝန်ကြီးသားက ဆောင်းဘောက်ပိတ်ရန် ပြောဆိုရာမှ ရန်ဖြစ်ကြကြောင်း သိရသည်။

    “ဝန်ကြီးသားက ပြည်သူ့စစ်ကို ထိုးတယ်။အုပ်ကြီးရောက်လာတော့ ပါးရိုက်တယ်။ဝန်ကြီးသားရဲ့ အ ပေါင်းအပါတွေကလည်း ပြည်သူစစ်တွေနဲ့ ထိုးကြိတ်ကြတယ်။ ပြောရရင် အဲရွာအုပ်ကြီးကလည်း ကောင်းတဲ့ကောင်မဟုတ်ဘူး။ ရသလို ဖန်စားနေတယ်လို့ သတင်းထွက်နေတဲ့ကောင်။ ဘယ်လိုပဲဖြစ် ဖြစ် အုပ်ကြီးကို ပါးရိုက်တာကတော့ လွန်သွားပြီ”ဟု ၎င်းက ဆက်လက်ပြောသည်။

    အမှုဖွင့်ခံထားရသူများထဲတွင် ပြည်သူ့စစ်နှင့် ရွာသားများလည်း ပါဝင်ကြောင်း သိရသည်။

    “ဝန်ကြီးသားဆိုတဲ့ကောင်လေးကလည်း အဖေက ဝန်ကြီးဆိုတော့ ရွာထဲမှာ လူပါးဝတယ်။ ပင ဆိုတာက ရွာဆိုပေမယ့် မြို့သာသာရှိတဲ့ ရွာကြီးပါ”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်တွင် နှစ်ဆန်းတစ်ရက်အထိ သင်္ကြန်ကျပြီး ရေပက်သည်မှာ ရှေးကတည်းက ဖြစ်သည်။

    နိုင်လယိတမသည် စစ်အုပ်စုလက်အောက်ခံ မွန်ညီညွတ်ရေးပါတီမှ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် တရားမဝင်မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီးပွားရေးဝန်ကြီး ဖြစ်ခဲ့ကာ ယခု အရပ်သားအယောင်ဆောင် အစိုးရတုလက်ထက်တွင်လည်း စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ခံရသည်။

    “နိုင်လယိတမက စစ်ဗိုလ်ချုပ်တွေကို ပြားပြားမှောက်ရိုသေတယ်။တက်လာတဲ့ ဝန်ကြီးချုပ်တွေနဲ့ တည့်အောင်ပေါင်းပြီး သူ့အကျိုးစီးပွားအတွက် ဝန်ကြီး လုပ်စားနေတာ”ဟု ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    မွန်ညီညွတ်ရေးပါတီက မွန်လူမျိုးများအရေးကို တဖွဖွရေရွတ်လေ့ရှိသော်လည်း နိုင်လယိတမ၏ ဝန်ကြီးသက်တမ်းအတွင်း မွန်လူမျိုးများအရေး လုပ်ကိုင်ဆောင်ရွက်ပေးမှု လုံးဝမရှိပေ။
    ပငရွာသည် အိမ်ထောင်စု ၄၀၀၀ ဝန်းကျင်ရှိသော ကျေးရွာအုပ်စုအဆင့် ရွာကြီးဖြစ်သည်။

    ပုံစာ – နိုင်လယိတမ

  • ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး

    ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး

    မြောက်ဦးနှင့် မောင်တောမြို့တွင် အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး

    ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်နှစ်ခုတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

    ကျူးလွန်ခဲ့သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) ဌာနက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသော်လည်း မည်သို့ဆောင်ရွက်နေသည်ကိုမူ အသေးစိတ်မသိရကြောင်း ခံရသည့် ကာယကံရှင်မိသားစုဝင်များက ဆိုကြသည်။

    အဆိုပါ သက်ငယ်မုဒိမ်းမှုနှင့် သတ်ဖြတ်မှုဖြစ်စဉ်မှာ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာနှင့် မောင်တောမြို့နယ် အောင်သုခကျေးရွာတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဧပြီလ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးကို အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသအခြေစိုက် သတင်းဌာနများက ရေးသားဖော်ပြထားကြသည်။

    လက်ရှိတွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမျိုးသားကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) ဌာနက စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “တစ်ရွာတည်းနေတဲ့ ဦးသင်္ခါကျော်ဆိုသူက ကျူးလွန်ခဲ့တာလို့ ပြောကြတယ်။ အဲဒီကလေးမကို အိမ်ကို လိမ်ခေါ်ပြီးတော့ ပြုကျင့်ခဲ့တာလို့ သိရတယ်။ အခုတော့ အမှုမှန်ပေါ်ပေါက်ဖို့ ဒီလပ် (DLEPS) က စစ်ဆေးနေတယ်လို့ ကြားသိရတယ်” ဟု ၎င်းက ပြောသည်။

    အလားတူ မောင်တောမြို့နယ် အောင်သုခကျေးရွာတွင်လည်း ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က အသက် ၂ နှစ်နှင့် ၅ လအရွယ် မိန်းကလေးငယ် ၁ ဦးကို တစ်ရွာတည်းနေ အသက် ၁၇ နှစ်အရွယ် မောင်ကျော်ဆန်းလှိုင် ဆိုသူက အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

    မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားခဲ့သည့် မောင်ကျော်ဆန်းလှိုင်နှင့် အလောင်းဖျောက်ရန် အားပေးကူညီခဲ့သည့် မိခင်ဖြစ်သူ ဒေါ်လှမြသန်းတို့ သားအမိကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    ထိုသို့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဧပြီလ ဒုတိယအပတ်တွင် ဒေါ်လှမြသန်း ပြန်လည်လွတ်မြောက်လာသောကြောင့် အောင်သုခကျေးရွာသားများက တရားမျှတမှုရရှိရေး ကမ်ပိန်းလုပ်တောင်းဆိုခဲ့ကြသည်။

    မောင်တောမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက “တရားခံရဲ့ အမေဖြစ်သူက အလောင်းဖျောက်ရာမှာ ပါနေတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် မလွှတ်သင့်ဘူးလေ။ အခုလွတ်လာတော့ ရွာမှာထပ်ပြီးတော့ ရွာသားတွေနဲ့ ပြဿနာတက်ကြတယ်” ဟု ပြောသည်။

    အဓမ္မပြုကျင့်သည့်အပြင် လူသတ်ပြီး အလောင်းဖျောက်မှုကို ကျူးလွန်သော ဒေါ်လှမြသန်းနှင့် ပေါက်စချေ (ခ) မောင်ကျော်ဆန်းလှိုင် တို့ သားအမိနှစ်ဦးကို အောင်သုခရွာသားများမှ ရွာမှနှင်ထုတ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

    “ဒေါ်လှမြသန်းဆိုတဲ့ အမျိုးသမီးက လွတ်လာပြီးတော့ ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ရဲ့ မိဘတွေကို သွားပြီးတော့ သူ့မှာအပြစ်မရှိလို့ လွတ်လာတာဘာညာ သွားပြောတယ်လို့ သိရတယ်။ ပြီးတော့ ဆရာမတစ်ယောက်နဲ့ အေးအေးဆေးဆေး နေခဲ့ရတာလို့ သွားပြောတော့ နှစ်ဖက်ပြဿနာထပ်ဖြစ်ကြတယ်လို့ သိရတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

    မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာနှင့် မောင်တောမြို့နယ် အောင်သုခရွာမှ အဓမ္မပြုကျင့်လူသတ်မှုအတွက် တရားခံများကို ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ပြီး တရားမျှတမှုရရှိရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံများက လိုလားနေကြသည်။

    မြောက်ဦးမြို့ရှိ ဘကကျောင်းတစ်ကျောင်းမှ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာတစ်ဦးက ၆ နှစ်မှ ၈ နှစ်အတွင်းရှိ KG တန်း ကျောင်းသူလေးဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ရန် ကြိုးပမ်းခဲ့သည့်ဖြစ်စဉ် ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

    ထို့အတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းကလည်း မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှု ဖြစ်ပွားခဲ့သည်။

    အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) ဌာနက အဓမ္မပြုကျင့်မှုကို ကျူးလွန်ခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်ပြီး အထူးသဖြင့် သက်ငယ်အဓမ္မပြုကျင့်မှုတွင် တရားခံကို ထောင်ဒဏ်တစ်သက် သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

  • ချောင်းသာတွင် အငြိမ်းစားဗိုလ်ကြီးကို ရဲစခန်းမှူးနှင့်အဖွဲ့က ဝိုင်းရိုက်နှက်

    ချောင်းသာတွင် အငြိမ်းစားဗိုလ်ကြီးကို ရဲစခန်းမှူးနှင့်အဖွဲ့က ဝိုင်းရိုက်နှက်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာရှိတဲ့ “77777” KTV မှာ စစ်အာဏာရှင်တပ် အငြိမ်းစားဗိုလ်ကြီးတယောက်ကို ရဲအရာရှိတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ဧပြီ ၂၄ ရက်က အငြိမ်းစားဗိုလ်ကြီး စည်သူနိုင်က KTV မှာ လိုအပ်တဲ့ပစ္စည်းတွေ မှာယူရာက 77777 KTV က တာဝန်ရှိသူတို့အကြား အငြင်းပွားမှုဖြစ်ပွားပါတယ်။ အငြင်းပွားမှုကို လာရောက်ဖြေရှင်းပေးတဲ့ ချောင်းသာနယ်မြေ ရဲစခန်းက စခန်းမှူး မျိုးကိုကို၊ နယ်ထိန်း ဝေလင်း၊ သီဟဇော် ဆိုတဲ့ အရာရှိတွေနဲ့ပါ ထပ်ဆင့်အငြင်းပွားမှု ဖြစ်ပွားပြီး ရဲအရာရှိတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

    ဒေသခံတယောက်က “ရိုက်နှက်ခံရတဲ့ ဗိုလ်ကြီးက ရဲတွေမှန်း မသိဘူး၊ မူးနေတာ။ လာပြီးဖြေရှင်းပေးတဲ့ ဝိုင်းရိုက်တဲ့ရဲတွေက ပထမ ဗိုလ်ကြီးမှန်း မသိဘူး။ နောက် သိတော့လည်း ရိုက်တယ်။ ဂရုမစိုက်ဘူး။ ဗိုလ်ကြီးမကလို့ ဘာဖြစ်ဖြစ်လို့ ပြောတာ။ ဗိုလ်ကြီးဆိုတော့ (–) ဖြစ်လား ဆိုပြီး ချတာ” လို့ ပြောပါတယ်။

    အငြိမ်းစားဗိုလ်ကြီး စည်သူနိုင်ကို ချောင်းသာနယ်မြေစခန်းမှူး မျိုးကိုကိုနဲ့အဖွဲ့က သေနတ်ကျည်ထိုးကာ ချိန်ရွယ်ပြီး ခြေထောက်နဲ့ကန်၊ သေနတ်ဒင်နဲ့ ထုရိုက်ခဲ့တာလို့ သိရပါတယ်။

    ဝိုင်းရိုက်နှက်ခံရတဲ့ ဗိုလ်ကြီး(ငြိမ်း) စည်သူနိုင်ဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ကိုယ်ခန္ဓာအနှံ့ ရရှိတာကြောင့် ချောင်းသာတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူပေမဲ့ စိုးရိမ်ရတဲ့အတွက် ပုသိမ်ပြည်သူ့ဆေးရုံကြီးကို လက်ရှိ ပြောင်းရွှေ့ကုသနေရပါတယ်။

    ပုသိမ်အခြေစိုက် အငြိမ်းစား တပ်တာဝန်ရှိသူတယောက်က “အငြိမ်းစားတွေဆို ရဲတွေရော၊ တပ်ဘက်ကပါ အရေးမလုပ် ဂရုမစိုက်တာ။ KTV မှာမကလို့ ဘယ်မှာဖြစ်ဖြစ် အငြိမ်းစားမို့ မလေးစားတာ မကောင်းဘူး။ အစဉ်အလာအရလည်း မကောင်းဘူး။ စိတ်ထဲကိုမကောင်းဘူး” လို့ ပြောပါတယ်။

    အဆိုပါ တပ်အငြိမ်းစားအရာရှိ အရိုက်ခံရမှုကို စစ်အာဏာရှင် ရဲတပ်ဖွဲ့ဘက်ကအပြင် တပ်ဘက်ကပါ သတင်းဖုံးထားပြီး ဒဏ်ရာရ အငြိမ်းစားဗိုလ်ကြီးမှာ ဧပြီ ၂၇ ရက်အထိ သတိမရတချက် ရတချက် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။