Category: News

  • မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူနိုက်တက်အသင်းဟာ ဒီမနက်အစောပိုင်းက ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတွေရဲ့ ဂျာစီအင်္ကျီကို ပုံမှန်စပွန်ဆာဖြစ်တဲ့ “Snapdragon” အမှတ်တံဆိပ်နေရာမှာ အထူးထုတ်လုပ်ထားတဲ့ “(RED)” အမှတ်တံဆိပ်ပါ ဂျာစီနဲ့ အစားထိုး ဝတ်ဆင်ကစားသွားပါတယ်။

    ဒီအပြောင်းအလဲဟာ ကမ္ဘာတဝန်းက HIV/AIDS တိုက်ဖျက်ရေးလှုပ်ရှားမှုကို ကူညီပံ့ပိုးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

    ဒီပူးပေါင်းဆောင်ရွက်မှုဟာ အားကစားရဲ့စွမ်းအားကို လက်တွေ့ကမ္ဘာအတွက် အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲနိုင်ကြောင်း ပြသလိုက်တာလို့ (RED) အဖွဲ့ ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိတ်ချားလ်စ်က ပြောပါတယ်။

    Match Worn Shirt ရဲ့ ပူးတွဲတည်ထောင်သူ တီမန်ဇွန်ဒါဝစ်ခ်ကလည်း “ဒီအင်္ကျီတွေဟာ ကွင်းထဲက အကောင်းဆုံး ဘောလုံးအခိုက်အတန့်တွေကို ကွင်းပြင်ပက အဓိပ္ပာယ်ရှိတဲ့ အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲပေးတာကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။

    ပရိသတ်တွေကို သူတို့ချစ်မြတ်နိုးတဲ့ အားကစားနဲ့ ပိုမိုနီးစပ်စေခြင်းအားဖြင့် အသက်ကယ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်တွေအတွက် ရန်ပုံငွေနဲ့ အသိပညာပေးမှုကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

    မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ် မေလက ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း (RED) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။

    (RED) အဖွဲ့ကို ၂၀၀၆ ခုနှစ်မှာ U2 အဖွဲ့ရဲ့ အဆိုတော် ဘိုနိုနဲ့ ဆန်တာမိုနီကာမြို့တော်ဝန်ဟောင်း ဘော်ဘီ ရှရိုင်ဗာတို့က စတင်တည်ထောင်ခဲ့တာပါ။

    (RED) ရဲ့ ဝက်ဘ်ဆိုက်အရ ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်တွေ၊ နာမည်ကျော်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး မမျှတမှုတွေကို တိုက်ဖျက်ဖို့ ရန်ပုံငွေရှာဖွေတာ၊ အာရုံစိုက်မှုရအောင် လုပ်ဆောင်တာလို့ သိရပါတယ်။

    ဒီအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ကမ္ဘာတဝန်းက လူပေါင်း သန်း ၃၅၀ ကျော်ရဲ့ ဘဝတွေကို အကျိုးပြု ကူညီနိုင်ခဲ့ပြီးဖြစ်ပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ကစားသမားတွေရဲ့ လက်မှတ်ပါ အင်္ကျီတွေကို လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

    အခု ရှာဖွေရရှိတဲ့ ရန်ပုံငွေတွေကိုတော့ HIV/AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါလိုမျိုး ကမ္ဘာ့အန္တရာယ်အရှိဆုံး ကပ်ရောဂါတွေကို တိုက်ဖျက်ဖို့ ၂၀၀၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ Global Fund ဆီကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

    ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်တုန်းကလည်း ဝက်စ်ဟမ်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း (RED) အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။ အခုနှစ်မှာလည်း ဒီအစီအစဉ်ကို ထပ်လုပ်မယ်လို့ ဇန်နဝါရီလထဲမှာ ကြေညာခဲ့တာဖြစ်ပြီး လက်ရှိစပွန်ဆာဖြစ်တဲ့ Snapdragon ကုမ္ပဏီကလည်း အပြည့်အဝ ထောက်ခံအားပေးထားပါတယ်။

    (RED) အမှတ်တံဆိပ်ကို မန်ယူအမျိုးသမီးအသင်းက ဧပြီ ၂၆ ရက်နေ့ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာ ဝတ်ဆင်ကစားခဲ့ပြီး အမျိုးသားအသင်းကတော့ ဧပြီ ၂၇ ရက်၊ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို ( ၂-၁) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဝတ်ဆင်ကစားခဲ့တာပါ။

    ဒီတပွဲအတွက်သာ အထိမ်းအမှတ်အနေနဲ့ ပြောင်းလဲတာဖြစ်ပြီး နောက်ပိုင်းပွဲစဉ်တွေမှာတော့ Snapdragon အမှတ်တံဆိပ်ကိုပဲ ပြန်လည်အသုံးပြုမှာပါ။

    ဒီပွဲစဉ်မှာ ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ လက်မှတ်ပါ ဒီအထူးထုတ် (Limited-edition) အင်္ကျီတွေကို Match Worn Shirt (MWS) လေလံပလက်ဖောင်းကနေတဆင့် လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

    ပွဲထွက်ကစားသမားတွေနဲ့ အရန်ကစားသမားတွေရဲ့ အင်္ကျီတွေအားလုံးကို ပရိသတ်တွေအနေနဲ့ ဧပြီ ၂၇ ရက်ကနေ မေ ၂ ရက်အထိ MWS ဝက်ဘ်ဆိုက်နဲ့ အက်ပလီကေးရှင်းကနေတဆင့် ပါဝင်လေလံဆွဲနိုင်မှာ ဖြစ်ပါတယ်။

    ဒီလေလံပွဲကနေရရှိတဲ့ အကျိုးအမြတ်အားလုံးကို (RED) နဲ့ Global Fund တို့ကို လှူဒါန်းသွားမှာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းတွေ တိုက်ဖျက်ရေးအတွက် (RED) အဖွဲ့ရဲ့ လုပ်ငန်းတွေကို ထောက်ပံ့ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    Photo: Reuters

  • ပုသိမ်ညဘက် ရေပေါ်ဈေးတွင် အလှူခံသူများအား စစ်ဆေးအရေးယူ

    ပုသိမ်ညဘက် ရေပေါ်ဈေးတွင် အလှူခံသူများအား စစ်ဆေးအရေးယူ

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ညဘက် ရေပေါ်ဈေးတွင် အလှူခံနေသည့် ပုဂ္ဂိုလ်များအား သာသနာသန့်ရှင်းရေး အစီအစဉ်အဖြစ် သက်ဆိုင်ရာအဖွဲ့များက စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။

    သတင်းရင်းမြစ်များအရ အဆိုပါ အလှူခံသူများအနက် တချို့မှာ နေ့ဘက်တွင် ရဟန်းအဖြစ် အလှူခံစားသောက်နေပြီး ညဘက်တွင် လူဝတ်လဲ၍ အရက်သေစာသောက်စားနေကြောင်း တွေ့ရှိရသည်။

    ထိုကြောင့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့နှင့် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ရဟန်းသံဃာများ ပူးပေါင်းကာ စစ်ဆေးဖမ်းဆီးခဲ့ပြီး သက်ဆိုင်သူများကို လူဝတ်လဲစေကာ အရေးယူဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။

    တာဝန်ရှိသူများက သာသနာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် အပြုအမူများအား ဆက်လက်တားဆီးအရေးယူသွားမည်ဟု ပြောကြားထားသည်။

  • သုတ်ပိုး(DNA) ကို ရောင်းပြီး တစ်လ ဒေါ်လာ ၁,၅၀၀ အထိ ရှာလို့ရ

    သုတ်ပိုး(DNA) ကို ရောင်းပြီး တစ်လ ဒေါ်လာ ၁,၅၀၀ အထိ ရှာလို့ရ

    အမေရိကန်မှာ ကိုယ့်ရဲ့ သုတ်ပိုး(DNA) ကို ရောင်းပြီး တစ်လ ဒေါ်လာ ၁,၅၀၀ အထိ ရှာလို့ရတယ်ဆိုတာ သိပြီးပြီလား?

    “အပိုဝင်ငွေဆိုတာထက် ပိုတဲ့… ထူးခြားတဲ့ အရာ တစ်ခုပါ”

    Facebook ပေါ်မှာ သုတ်ပိုးလှူဒါန်းဖို့ (Sperm Donation) ကြော်ငြာတွေ မြင်ရင် အလကားညာနေတာလို့ မထင်လိုက်ပါနဲ့။

    ဒါဟာ အမေရိကန်မှာ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ လုပ်ငန်းကြီးတစ်ခုပါ။

    ဒါကို ဘယ်သူတွေက ဝယ်တာလဲ? ဘာလုပ်ဖို့လဲ?

    ဒီသုတ်ပိုးတွေကို ကလေးရဖို့ ခက်ခဲနေတဲ့ ဇနီးမောင်နှံတွေ၊ မျိုးရိုးဗီဇကောင်းမွန်တဲ့ ကလေးလိုချင်သူတွေက ဝယ်ယူကြတာပါ။

    ဆိုလိုတာက ခင်ဗျားရဲ့ DNA (မျိုးဗီဇ) ကောင်းမွန်နေရင်၊ ကျန်းမာသန်စွမ်းရင်၊ ပညာအရည်အချင်း ကောင်းရင် ခင်ဗျားဟာ သူတို့အတွက် “ရွှေတွင်း” ပါပဲ။

    ပိုက်ဆံက ဘယ်လိုရတာလဲ?

    • တစ်ကြိမ်လှူဒါန်းရင် ပျမ်းမျှ $၁၀၀ ကနေ $၁၅၀ အထိ လက်ငင်းရပါတယ်။

    • တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ် လှူခွင့်ရရင် တစ်လကို ဒေါ်လာ ၁,၂၀၀ ကနေ ၁,၅၀၀ ဝန်းကျင်အထိ အသာလေး ရနိုင်ပါတယ်။

    • ဒါတင်မကဘူး… ကိုယ့်ရဲ့ ကျန်းမာရေးကို $၄,၀၀၀ ဖိုးလောက်ရှိတဲ့ Comprehensive Health Screening နဲ့ အလကား စစ်ဆေးပေးဦးမှာပါ။

    ဒါပေမဲ့ “စူပါမင်း” ဖြစ်မှ ရမယ်!

    ပိုက်ဆံအများကြီး ပေးရတာမို့ ဆေးခန်းတွေက လူတိုင်းကို လက်မခံပါဘူး။

    1. IQ နဲ့ ပညာအရည်အချင်း: တချို့နေရာတွေမှာ Degree ရှိမှ လက်ခံပါတယ်။

    2. အရပ်အမောင်း: ၅ ပေ ၉ လက်မနဲ့အထက် ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ ရှိတတ်ပါတယ်။

    3. မျိုးရိုးရာဇဝင်: မျိုးရိုးထဲမှာ ရောဂါအခံ ရှိ၊ မရှိ အသေအချာ စစ်ဆေးပါတယ်။

    သိထားဖို့က…

    ဒါဟာ ရေတိုမှာ ပိုက်ဆံရလွယ်ပေမဲ့ ကိုယ့်ရဲ့ မျိုးဆက်တစ်ခု ကမ္ဘာ့တစ်နေရာမှာ ရှိနေတော့မယ်ဆိုတဲ့ အချက်ကိုတော့ ထည့်စဉ်းစားရပါမယ်။

    တချို့ကလည်း ဒါကို ကုသိုလ်ဖြစ် လှူဒါန်းရင်း အပိုဝင်ငွေရတယ်လို့ သတ်မှတ်ကြပါတယ်။

    ကိုယ်က စူပါမင်း ဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာ Sperm Bank တွေဆီကို သွားပြီး လျှောက်ထားနိုင်ပါပြီ။ 😀

    မိသားစုဝင်တို့ရော… အမေရိကန်က ဒီလို အပိုဝင်ငွေရှာနည်းကို ဘယ်လိုမြင်လဲ?

    ကိုယ်တိုင်ရော လုပ်ကြည့်ဖို့ စိတ်ကူးရှိလား?

    ဒါမှမဟုတ် အတွေ့အကြုံရှိသူတွေရှိရင်လည်း ပြောပြပေးသွားပါဦး! 👇

  • မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်

    မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်

    မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်

    မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းသည် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးမြို့မှတစ်ဆင့် မွေးရပ်ဇာတိချင်းပြည်နယ်၊ Tuivial ရွာသို့ ဆက်လက်သယ်ဆောင်ကြပြီဟုသိရသည်။

    ကွယ်လွန်သူ၏ ရုပ်အလောင်းအား ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ Hat Yai ဆေးရုံမှ ထုတ်ယူကာ Z-Rescue ပရဟိတ၏အကူအညီဖြင့် မြဝတီအထိ ပို့ဆောင်ခဲ့ကာ ကိုဇော်လူမှုကူညီရေးအသင်း၏အကူအညီဖြင့် မြဝတီ-ပဲခူး-မန္တလေး -ကလေးဝ လမ်းကြောင်းမှတစ်ဆင့် ယနေ့ နေ့လည် ၁၂ နာရီမထိုးမီတွင် ကလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ကလေးမြို့ရှိ အမျိုးအိမ်တွင် အခေါင်းပြင်ဆင်ခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ပြီးနောက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် Tahan ZYA လူမှု ကူညီရေးကားဖြင့် ဇာတိရွာသို့ ဆက်လက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဆွေမျိုးနီးစပ်သူတစ်ဦးက “ကလေးရောက်တာက ၁၂ နာရီမထိုးခင် ရောက်လာတာပါ။ အမျိုးအိမ်မှာ ခဏနားပြီး အခေါင်း ပြင်ဆင်တာတွေလုပ်တယ်၊ ဆုတောင်းပြီးတော့ ၁၂ နာရီခွဲလောက်မှာ ဇာတိရွာကို သယ်ဆောင်သွားပါပြီ။ လောလော ဆယ်ကတော့ မိသားစုတွေကလဲ ဘယ်ချိန်သဂြိုလ်မယ် ဆိုတာမပြောတတ်သေးပါဘူး။” ဟု ပြောသည်။

    ကလေးမြို့မှတစ်ဆင့် ဇာတိနေရပ် Tuivial ရွာအထိ ရုပ်အလောင်းပို့ဆောင်ရေးကို Tahan ZYA က တာဝန်ယူ ကူညီဆောင် ရွက်ပေးနေကြောင်း သိရသည်။

    လက်ရှိတွင် ၎င်းနှင့်အတူ မလေးရှားသွားရောက်ရန် ထွက်ခွါလာခဲ့ကြသော သူငယ်ချင်း ၃ ဦးမှာ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များမှ အမှုဖွင့်ခြင်း ခံထားကြရတာကြောင့် ထောင်ဒဏ် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေရှိ နေကြောင်း သိရသည်။

    ကွယ်လွန်သူ၏ ရုပ်အလောင်းအား ထိုင်းရဲတပ်ဖွဲ့က ၁၃ ရက်ကြာ ထိန်းသိမ်းထားခဲ့ရပြီး၊ ဆွေမျိုးတော်စပ်ကြောင်း သက်သေပြရန်ခက်ခဲမှုနှင့် ရုံးလုပ်ငန်းလိုအပ်ချက်များကြောင့် ကြန့်ကြာခဲ့ရသော်လည်း၊ ဆရာအာဒမ်၊ ဆရာဇမ်ထွမ်း တို့၏ကြိုးပမ်းမှုကြောင့် ရှေ့နေတစ်ဦး၏ အကူအညီဖြင့် ညှိနှိုင်းဆောင်ရွက်ကာ ယခုကဲ့သို့ နေရပ်သို့ ပြန်လည်သယ် ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

    Tg. Pau Lam Kim သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနယ်စပ်မှတစ်ဆင့် ကားဖြင့်ထွက်လာစဉ် ကားပေါ်တွင် လူအရမ်းများသည့်အတွက် အသက်ရှူမွန်းကျပ်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

  • ခရီးဆောင်အိတ်ထဲ ဆေးခြောက် ၁၁၀ ကီလိုဂရမ် တွေ့ပြီး သီရိလင်္ကာရဟန်း ၂၂ ပါး ဖမ်းခံရ

    ခရီးဆောင်အိတ်ထဲ ဆေးခြောက် ၁၁၀ ကီလိုဂရမ် တွေ့ပြီး သီရိလင်္ကာရဟန်း ၂၂ ပါး ဖမ်းခံရ

    သီရိလင်္ကာနိုင်ငံက လေဆိပ်တခုမှာ ရဟန်းတော် ၂၂ ပါးရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ဝှက်သယ်လာတဲ့ ဆေးခြောက် ၁၁၀ ကီလိုဂရမ်ကို အကောက်ခွန်အရာရှိတွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးလိုက်ပါတယ်။

    ပြီးခဲ့တဲ့ စနေနေ့က ဘန်ကောက်ကနေ မြို့တော် ကိုလံဘိုကို ရောက်လာတဲ့ အဲဒီရဟန်းတော်တွေရဲ့ အိတ်တွေထဲမှာ ဝှက်သယ်လာတာပါ။ အာနိသင် အတော်ပြင်းတဲ့ Kush အမျိုးအစား ဆေးခြောက်တွေကို ရဟန်းတပါးချင်းစီမှာ ၅ ကီလိုဂရမ်လောက်စီ တွေ့ခဲ့တာလို့ အကောက်ခွန်ဘက်က ပြောပါတယ်။

    ဒီရဟန်းတော်တွေဟာ အဓိကအားဖြင့် ကျောင်းသားရဟန်းတွေဖြစ်ပြီး အမည်မဖော်လိုတဲ့ အလှူရှင်တဦးရဲ့ အစီအစဉ်နဲ့ ထိုင်းနိုင်ငံကို လေးရက်ကြာ အပန်းဖြေခရီး သွားခဲ့ကြတာပါ။ အားလုံး ခရီးစရိတ်ငြိမ်းနဲ့ သွားခဲ့ကြတာဖြစ်ပြီး အပြန်မှာ အခုလို ဖမ်းခံလိုက်ရတာပါ။

    ဒီခရီးစဉ်ကို စီစဉ်ပေးခဲ့တယ်လို့ ယူဆရတဲ့ ၂၃ ပါးမြောက် ရဟန်းတပါးကိုလည်း ကိုလံဘိုမြို့ဆင်ခြေဖုံးတခုမှာ ထပ်မံဖမ်းဆီးလိုက်ပြီလို့ ရဲတပ်ဖွဲ့က BBC ကို ပြောပါတယ်။

    ရဲပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ဒီခရီးစဉ်မှာ ကိုယ်တိုင်မလိုက်တဲ့ အဲဒီရဟန်းက ကျန်တဲ့ရဟန်းတွေကို “ဒီအထုပ်တွေက အလှူပစ္စည်းတွေပါ” လို့ ပြောပြီး ပေးလိုက်တာလို့ သိရပါတယ်။ လေဆိပ်ရောက်ရင် ဗန်ကားတစီးက လာယူလိမ့်မယ်လို့လည်း မှာထားခဲ့တာပါ။

    သီရိလင်္ကာ မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနက ရဟန်းတော်တချို့ရဲ့ ဖုန်းတွေကို စစ်ကြည့်တဲ့အခါမှာတော့ သူတို့ဟာ ထိုင်းမှာရှိနေတုန်း လူဝတ်လဲပြီး ပျော်ပျော်ပါးပါး လည်ပတ်နေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း တွေ့ခဲ့ရပါတယ်။

    ဖမ်းဆီးခံရတဲ့ ရဟန်း ၂၂ ပါးကို တနင်္ဂနွေနေ့မှာ ရုံးထုတ်ခဲ့ပြီး နောက်ထပ် စစ်မေးဖို့အတွက် ခုနစ်ရက်ကြာ ချုပ်မိန့် ယူထားပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဒီရဟန်းတော်တွေဟာ သူတို့သယ်လာတဲ့ အထုပ်ထဲမှာ ဘာပါလဲဆိုတာကို သိချင်မှ သိလိမ့်မယ်လို့ ယူဆထားပါတယ်။ ဆေးခြောက်တွေကို ကျောင်းသုံးပစ္စည်းတွေ၊ မုန့်တွေနဲ့ရောပြီး ဝှက်ထားတာကြောင့်ပါ။

    ရဟန်းတော်တစုကို လေဆိပ်ကနေ မူးယစ်ဆေးဝါး မှောင်ခိုသယ်မှုနဲ့ အခုလို အစုလိုက်အပြုံလိုက် ဖမ်းတာဟာ သီရိလင်္ကာမှာ ပထမဆုံးအကြိမ် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

    ကိုးကား။ ။ BBC သတင်း Sri Lankan monks arrested after 110kg of cannabis discovered in their luggage

    ဓာတ်ပုံ – ဖမ်းဆီးခံရတဲ့ ရဟန်း ၂၂ ပါးကို တနင်္ဂနွေနေ့မှာ ရုံးထုတ်စဉ်/ AFP