နေပြည်တော် ပျဉ်းမနား တရားရုံးအနီးမှာ အိမ်နီးနားချင်း မိသားစုချင်း မကျေနပ်မှုကနေတစ်ဆင့် အိမ်ပေါ်အထိ တက်ရောက်ပြီး ဓားနဲ့ ရက်ရက်စက်စက် ခုတ်သတ်မှု ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။
ဖြစ်စဉ်မှာ အိမ်နီးနားချင်း မိသားစု (၂) စုဟာ အမှုဖြစ်ပွားခဲ့သည်မှာ (၂) နှစ်ကျော်ရှိပြီဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းက တရားရုံးကနေ ပြစ်မှုကျူးလွန်သူ မိသားစုမှ သမီးဖြစ်သူကို ထောင်ဒဏ် (၆) လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သမီးဖြစ်သူမှာ အိမ်ထောင်ပြုထားသည်မှာ လပိုင်းမျှသာ ရှိသေးသဖြင့် ထောင်ဒဏ်ကျခံရမှုကို မကျေနပ်သော ဖခင်ဖြစ်သူက ငှက်ကြီးတောင်ဓားကိုင်ဆောင်ကာ အမှုနိုင်ခဲ့သည့် သားအမိရှိရာ အိမ်ပေါ်သို့ တက်ရောက်ကာ ရန်ပြုခုတ်နှက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့ ရက်စက်စွာ ခုတ်နှက်မှုကြောင့် အိမ်ထောင်ကွဲ မိခင်ဖြစ်သူမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး၊ ကျောင်းကနေ အဖြူအစိမ်းဝတ်စုံနဲ့ ပြန်လာတဲ့ Grade-8 (၁၄ နှစ်အရွယ်) သားငယ်လေးကိုပါ လမ်းမအထိ မသေမချင်း လိုက်လံခုတ်နှက်ခဲ့တာကြောင့် သားငယ်လေးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ (၅၀/၅၀) အခြေအနေနဲ့ ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရပါတယ်။
သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ –
“ကလေးက တော်တော်လေး ဒဏ်ရာပြင်းထန်ပါတယ်။ မျက်စိတစ်ဖက် မရှိတော့ဘူး၊ ကျန်တဲ့တစ်ဖက်ကလည်း မလှုပ်ဘူး။ လက်မ မရှိတော့သလို၊ လက်သန်းလည်း ပြတ်သွားတယ်။ လက်တစ်ဖက်လည်း ကျိုးသွားပြီး ဦးနှောက်ထဲ လေဝင်သွားတဲ့အထိ ဖြစ်သွားတာ။ ခေါင်းနဲ့ နဖူးမှာတင် အချက် ၅၀ ချုပ်ထားရတယ်” လို့ ကြေကွဲဖွယ် သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ အမျိုးသမီးရဲ့ အစ်မဖြစ်သူကလည်း –
“နင့်ရဲ့ မာန်တွေကြောင့် နင်အသတ်ခံရတာ ငါ့ညီမ… နောင်ဘဝများ ရှိခဲ့ရင် မာန်ချပြီး ပြန်လာခဲ့။ နင် ဖြောင့်ဖြောင့်သွားပါ၊ နင့်သားလေးကို ငါ ကြိုးစားပြီး ကုပေးမယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားတာ တွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ရက်စက်စွာ ဓားနဲ့ တက်ခုတ်ခဲ့တဲ့ တရားခံ အဖေလုပ်သူနဲ့ ၎င်း၏ ဇနီးဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီလို့ သိရပါတယ်။
တောင်းပန်ညှိနှိုင်းမှုကို လက်မခံဘဲ ဥပဒေအတိုင်း ဖြေရှင်းခဲ့ရာကနေ အငြိုးအတေးတွေ ထားပြီး အခုလို အသက်တစ်ချောင်း ဆုံးရှုံးကာ ကလေးငယ်တစ်ဦးပါ ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အများပြည်သူက စိတ်မကောင်းဖြစ်လျက် ရှိကြပါတယ်။
#CrimeNews #Pyinmana #CrimeUpdate #MyanmarNews #Tragedy
#shwemovieschannel
အမေကို သ-တ်ပစ်တာ အားရတော့ပေါ့ခုတော့ သားလေးက ၁၄ နှစ်ကို ကျောင်းကပြန်လာတာ ဖြူနဲ့ အစိမ်းဝတ်လေးနဲ့
မတေ မချင်း လမ်းထိ လိုက်ခုတ် သ-တ်ထာ ငှက်ကြီးတောင်နဲ့ဆိုတော့ ဆွဲမဲ့သူမရှိဘူးတဲ့ ဝဠ်ကျွေးတေကြီးလိုက်ကြတာ
ညှိုးငယ်စွာ အသိပေးအပ်ပါသည်
/ဒေါ်နီလာကျော်အိမ်မှ ကါးများ၁နာရီ ထွက်ပါမည်
ကုတင် ၁၀၀၀ ဆေးရုံ မှ ၂ နာရီ ကွေ့ကြီး သုတ္သာန်သို့ ပို့ဆောင် သင်္ကြိုပါမည်
ရပ်နီး ရပ်ဝေးမှ ဆွေမျိုး မိတ်ဆွေ များအား အကြောင်းကြား ဖိတ်ကြားအပ်ပါသည်

နင့်ရဲ့မာန်တေကြောင့် နင်အသ -တ်ခံရတာ
ငါ့ညီမ နောင်ဘဝတေများရှိခံဲ့ရင် မာန်ချပီး ပြန်လာခဲ့
နင်ဖြောင့်ဖြောင့်သွား နင့်သားလေးကို ငါ ကြိုးစားပီး ကုပေးမယ်



Leave a Reply