Category: News

  • သူများငွေမှားလွှဲတာကို ကိုယ့် KPay အကောင့်ပါ အပိတ်ခံရ

    သူများငွေမှားလွှဲတာကို ကိုယ့် KPay အကောင့်ပါ အပိတ်ခံရ

    သူများငွေမှားလွှဲတာကို ကိုယ့် KPay အကောင့်ပါ အပိတ်ခံရပြီး… ဘဏ်သွားရှင်းတာတောင် လက်ခံမယ့်သူမရှိတဲ့ အဖြစ် အခုခေတ်မှာ ငွေပေးချေမှုတွေအတွက် KPay ကို အားကိုးနေရပေမယ့်၊ တကယ်တမ်း ပြဿနာတစ်ခုခု ကြုံလာတဲ့အခါ တာဝန်ယူ ဖြေရှင်းပေးမယ့်သူ မရှိဘဲ ဘယ်လောက်တောင် ဒုက္ခရောက်ရသလဲ ဆိုတာကို သက်သေပြနေတဲ့ ရင်နာစရာ ဖြစ်စဉ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ကိုတော့ ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ “Dressy Clothing Brand” ရဲ့ Facebook Page ကနေ ဝမ်းနည်း ပူဆွေးစွာနဲ့ အများသိအောင် မျှဝေထားတာပဲ ဖြစ်ပါတယ်။ 💸 မထင်မှတ်ဘဲ ဝင်လာတဲ့ ဒုက္ခ (သို့) ငွေမှားလွှဲခံရခြင်း ပြီးခဲ့တဲ့ (ဇွန်လ ၃၀ ရက်) နေ့က Dressy Clothing ရဲ့…

  • ချင်းမိုင်က အိမ်ငှားစုံတွဲရဲ့လုပ်ရပ် နာမည်ကြီးနေ

    ချင်းမိုင်က အိမ်ငှားစုံတွဲရဲ့လုပ်ရပ် နာမည်ကြီးနေ

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အခန်းငှားရမ်းသူတစ်ယောက်ဟာ နှစ်ရှည်ငှားရမ်းနေထိုင်ခဲ့တဲ့ အိမ်ငှားတွေ ပြောင်းရွှေ့သွားပြီးတဲ့နောက် သူ့ရဲ့အခန်းကို လာရောက်ကြည့်ရှုစဉ်မှာတော့ ထင်မှတ်မထားလောက်တဲ့ မြင်ကွင်းမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကတော့ အခန်းထဲမှာ အမှိုက်တွေ တောင်ပုံရာပုံဖြစ်နေတဲ့အပြင် အနံ့အသက်ဆိုးတွေလည်း ပြည့်နေပြီး လူမနေထိုင်တော့တဲ့အခြေအနေမှာ အဲကွန်းနဲ့ ပန်ကာတွေကိုလည်း ဖွင့်ထားခဲ့တာ တွေ့ခဲ့ရတာပါ။ ဒီဖြစ်ရပ်က ထိုင်းနိုင်ငံတွင်း မီဒီယာတွေမှာ နာမည်ကျော်သွားခဲ့ပြီး ဒီလိုနေထိုင်ခဲ့တဲ့ အိမ်ငှားတွေအပေါ် အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ ကန် အင်ဒီဂို က ဇူလိုင် ၆ ရက်မှာ သူ့ရဲ့မိခင် ပိုင်ဆိုင်တဲ့ အခန်းတွေ ထဲ တစ်ခန်းမှာ အိမ်ငှားတွေ ပြောင်းသွားတာကြောင့် သွားရောက်စစ်ဆေးရာမှာ မြင်ခဲ့ရတဲ့မျက်မြင် အခြေအနေကို ဆိုရှယ်မီဒီယာမှာ ပြန်ပြီး မျှဝေသွားခဲ့တာပါ။ ဒီအခန်းကို စုံတွဲတစ်တွဲဆီ ငှားရမ်းထားခဲ့တာ ဖြစ်ပြီး မူအန်ခရိုင်၊…

  • ကဲ နန်းနန်းတို့ဘက် လှည့်လာပြီ

    ကဲ နန်းနန်းတို့ဘက် လှည့်လာပြီ

    မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း Non-CDM ဝန်ထမ်းများ၏ စစ်မှုထမ်းအကျုံး ဝင်စာရင်း ကောက်ယူနေပြီး စစ်မှုထမ်းဆောင်ပါက ရာထူးတိုးရေး အခွင့်အလမ်းရှိမည်ဟု မက်လုံးပေး မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းအကျုံး ဝင်သူများအဖြစ် စာရင်းကောက်ယူနေပြီး လတ်တလောတွင် စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသူများကိုသာ ဦးစားပေးခေါ်ယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ သိရသည်။ ယခင် ဇွန်လနှောင်းပိုင်းတွင် နေပြည်တော် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်အရ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားဝန်ထမ်းများ၏ စစ်မှုထမ်းအကျုံးဝင်စာရင်းများကို ပြုစုကာ ပြန်လည်တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။ ထိုသို့…

  • ယောဂီဝတ်စုံဖြင့် အလှူခံနေသည့် အမျိုးသမီးကြီး

    ယောဂီဝတ်စုံဖြင့် အလှူခံနေသည့် အမျိုးသမီးကြီး

    မန္တလေးတွင် သားဖြစ်သူခိုင်းစေချက်အရ ညပိုင်းစားသောက်ဆိုင်များတွင် ယောဂီဝတ်စုံဖြင့် အလှူခံနေသည့် အမျိုးသမီးကြီးကို ခေါ်ယူဆုံးမ မန္တလေးမြို့တွင် သားဖြစ်သူ၏ ခိုင်းစေချက်အရ စားသောက်ဆိုင်များတွင် ယောဂီဝတ်စုံဝတ်ဆင်ကာ ငွေဖလားဖြင့် လိုက်လံအလှူခံနေသည့် အမျိုးသမီးကြီးတဦးကို ယနေ့ ဇူလိုင်၈ရက် ညပိုင်းက ခေါ်ယူဆုံးမခဲ့ကြောင်း ချမ်အေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။ ၆၂-လမ်းနှင့် —–လမ်းရှိ ဆိုင်တဆိုင်တွင် ညပိုင်းအချိန် စားသုံးနေသူများထံ သင်္ကန်းဝတ်ပုဂ္ဂိုလ်တဦး ဝင်ရောက် အလှူခံနေကြောင်း သတင်းများ တက်လာမှုကြောင့် ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်/သံဃနာယကဥက္ကဋ္ဌဆရာတော်ဦးဆောင်ပြီး သာ/ထိန်းအဖွဲ့ဆရာတော်များသည် အဆိုပါဆိုင်နေရာနှင့် နီးစပ်ရာ ဆိုင်များသို့ (၂)ညတိုင်တိုင် ကြွရောက်ကြရာ မတွေ့ရှိရပဲ ယနေ့ညပိုင်းတွင် ယောဂီအဝတ်အစား ဝတ်ကာ ငွေဖလားဖြင့် လှည့်လည် အလှူခံနေသည့် သက်ကြီးပိုင်း အမျိုးသမီးတဦးကို တွေ့ရှိရ၍ ခေါ်ယူ စစ်ဆေးကြခြင်းဖြစ်သည်။ “သားဖြစ်သူက အလှူခံမယ့်နေရာသို့ ဆိုင်ကယ်နဲ့…

  • Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် ပြုကျင့်

    Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် ပြုကျင့်

    Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ညက အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းဆရာမ ဇနီးမောင်နှံ ၂ ဦး အိပ်နေချိန် နေအိမ်ကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦး ရောက်လာကာ အမျိုးသမီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူ ကျောင်းဆရာမကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်နေချိန်မှာ ယောက်ျားဖြစ်သူက ထွက်ပြေးပြီး အင်းတော်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုမှ စစ်ကြောင်းမှူး ဗိုလ်ကြီးအောင်ကိုဝင်းရဲ့…