Category: News

  • ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

    ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

    ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ သတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍

    စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

    ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ လည်လှီးသတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍ စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေါက်တာကောင်းစံ၏ မိတ်ဆွေများက ပြောဆိုသည်။

    မေလ ၂ ရက်နေ့ ဒေါက်တာကောင်းစံ၏ ဇနီးဖြစ်သူမှာ ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်းမှ သားသမီးတို့၏ အုပ်စုဖွဲ့ လည်လှီးသတ်ဖြတ်ခြင်း ခံခဲ့ရပြီး

    အဆိုပါ လူသတ်မှုကို ကျူးလွန်သူများမှာ လက်ရှိ တပ်တွင် ရာထူးရှိနေဆဲ အရာရှိကြီးများ၏ သားသမီးများဖြစ်နေခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်က တရားခံကို သိရှိထားသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲ လစ်လျူရှုထားခဲ့ကြောင်း သိရသည်။

    ယင်းကဲ့သို့ တရားဥပဒေမဲ့ လုပ်ရပ်များနှင့် ပတ်သက်၍ ဒေါက်တာကောင်းစံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဇနီးဖြစ်သူကို သတ်ဖြတ်သော တရားခံများကို ဖမ်းဆီးမပေးမှုအတွက်

    ရဲနှင့် စစ်တပ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီးနောက် မေလ ၇ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ရဲများက ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်ရှိ နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

    “ဒေါက်တာကောင်းစံက လိုင်းပေါ်မှာ ရဲနဲ့ စစ်တပ်ကို သူ့ရဲ့မိန်းမကို သတ်သွားတဲ့လူကို အခုထိ ဖမ်းဆီးချုပ်နှောင်ခြင်း မရှိသေးလို့ တော်တော်ဒေါသထွက်ပြီး ပြောဆိုနေတာပါ။

    သတ်သွားတဲ့လူက စစ်တပ်က လူကြီးသားသမီးတွေ ဖြစ်နေတာကြောင့် ရဲတွေက မဖမ်းတာပါ။ အဲ့ဒါကို ဝေဖန်လို့ဆိုပြီး သူ့ကို လာဖမ်းသွားတာ ဖြစ်ပါတယ်။”ဟု ဒေါက်တာကောင်းစံ၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။

    ဒေါက်တာကောင်းစံသည် ၂၀၁၅ ခုနှစ်ကတည်းက စစ်တပ်မှ ထွက်ခဲ့သည့် စစ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ပြီး ဒလမြို့နယ်၊ အံကြီးအနောက်ရပ်ကွက်တွင် ‘ထူး’ အမည်ရှိ ဆေးခန်းဖွင့်လှစ်ကာ ဆေးကုသမှုများ ပေးနေသော ဆရာဝန်တစ်ဦးလည်းဖြစ်သည်။

    ၎င်းသည် ယခင်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့ဖူးသူ ဖြစ်သည်။

    လက်ရှိတွင် ဒေါက်တာကောင်းစံကို ရန်ကုန်အင်စိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပြီး

    ၎င်းဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင်ပင် စစ်တပ်နှင့် ရဲကို ဝေဖန်ပြောဆိုထားသည့် ၎င်း၏ လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုဖိုင်များနှင့် ပို့စ်များအားလုံးကို အကြမ်းဖက်စစ်တပ်က ၎င်း၏ အကောင့်မှတစ်ဆင့် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

  • ကပစ(၂၂)က ထွက်လာတဲ့ စစ်ကြောင်းကို အသင့်စောင့်ကြိုတိုက်ခိုက်

    ကပစ(၂၂)က ထွက်လာတဲ့ စစ်ကြောင်းကို အသင့်စောင့်ကြိုတိုက်ခိုက်

    ကပစ(၂၂)က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုတိုက်ခိုက်

    အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံက ထွက်ခွာလာတဲ့ တပ်မ(၉၉)ဦးစီးတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကင်းပုန်းဝတ်ကာ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်လို့ မြိုင်-ပကဖ ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

    မေလ ၇ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပေါက်မြို့နယ် တယ်ပင်ကန်ကျေးရွာ အရှေ့တောင်ဘက်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး

    မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

    တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဦးစွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကော်မရှင်တပ် စစ်ကြောင်း ဖရိုဖရဲဖြစ်ကာ မျက်မြင် ၁၀ ဦးထက်မနည်း လဲကျသွားခဲ့ပြီး

    တိုက်ပွဲဖြစ်ပွားချိန် ကြာလာတာနဲ့အမျှ စစ်ကော်မရှင်တပ် စစ်ကြောင်းဘက်မှ အင်အား ၅ ဆခန့် များနေတာကြောင့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုနည်းစေရန် ဖြေးဖြေးချင်း အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

    အဆိုပါတိုက်ခိုက်မှုကို မြိုင်-ပကဖ၊ ပေါက်-ပကဖနဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY PDF) ပူးပေါင်းတပ်ဖွဲ့တို့က အတူတကွ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း မုံရွာ(နမခ) ကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင် ပျူစောထီးကျေးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ ရဟတ်ယာဉ်တွေကို

    တော်လှန်ရေးတပ်ဖွဲ့က ပွိုင့်-၅ စက်သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ရာ MI-17 ရဟတ်ယာဉ်တစီး ကျည်ထိမှန်သွားခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။

  • အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

    အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

    အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

    မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များသည် ဒီမိုကရေစီနည်းလမ်းတကျ ဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများ၏ သဘောထားကို လျစ်လျူရှုရာရောက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၁၀ ရက်) တွင် သဘောထားထုတ်ပြန်လိုက်သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် –

    စိတ်ရှည်သည်းခံမှု

    လွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

    ပြည်သူ့ဆန္ဒကို လျစ်လျူရှုမှု

    အဆိုပါ အပြုသဘောမဆောင်သည့် လုပ်ရပ်များကို အစိုးရသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခြင်းသည် ပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို စော်ကားရာရောက်သည်။

    ပြည်တွင်းရေး စွက်ဖက်မှု

    အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများသည် အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းနှင့် တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများ ဆောင်ရွက်လျက်ရှိသည်။

    အဖွဲ့ဝင်နိုင်ငံအများစုကို ကျေးဇူးတင်ရှိမှု

    အာဆီယံအတွင်း မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ တူညီဆန္ဒ မရရှိသေးသော်လည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများအပေါ် နားလည်မှုရှိရှိ ထောက်ခံကူညီပေးခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုကို ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

    ရှေ့လုပ်ငန်းစဉ်နှင့် ရပ်တည်ချက်

    မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေများအပေါ် မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် “မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်” ဖြင့်သာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေး၊ အကျိုးစီးပွားများကို ဆက်လက်ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်သားစွာ ထုတ်ပြန်ခဲ့သည်။

  • အမှန်တရားကို ဖုံးထားတဲ့ ပက်ထရစ်ရှာကေ့စ်

    အမှန်တရားကို ဖုံးထားတဲ့ ပက်ထရစ်ရှာကေ့စ်

    ရှာရှာရဲ့caseအပေါ် ကျွန်တော့်ရဲ့ အမြင်ကတော့ ဒဲ့ကြီးလိမ်နေတယ် အမှန်တရားကို ဖုံးထားတယ်လို့ ကို မြင်ပါတယ်။

    ဒါဟာ ရိုးရိုးလေး ဖြစ်နေတဲ့ကိစ္စ မဟုတ်တော့ဘဲ အစီအစဉ်တကျနဲ့ လုပ်ဆောင်နေတဲ့ သက်သေဖျောက်ဖျက်မှု တစ်ခု ဖြစ်နေပါတယ်။

    ၁။ အချိန်ဆွဲပြီး သက်သေဖျောက်ခြင်း (Buying Time)

    Mint ဘက်က Patria ကို ပြန်မလွှတ်တာ ဒါမှမဟုတ် ဖုန်းပေးမကိုင်တာဟာ အကြောင်းပြချက် တစ်ခုပဲ ရှိပါတယ်။

    အဲဒါကတော့ Patria ကို အပြင်ကလူတွေ၊ ရဲတွေနဲ့ တိုက်ရိုက် မတွေ့ဆုံစေချင်တာ ပါ။

    ဆေးစစ်ချက်: မုဒိမ်းမှုမှာ အချိန်ကြာလေလေ ခန္ဓာကိုယ်ပေါ်က သက်သေတွေ (DNA, ဒဏ်ရာ) က ပျောက်ပျက်သွားလေလေ ဖြစ်ပါတယ်။

    ဒါကြောင့် သူက ရက်ကျော်အောင် အချိန်ဆွဲနေတာ ဖြစ်နိုင်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု: လူတစ်ယောက်ကို အခန်းထဲမှာ ပိတ်လှောင်ပြီး ခြိမ်းခြောက်ထားရင် အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီလူဟာ ကြောက်ရွံပြီး သူတို့ခိုင်းတာကို လုပ်လာတတ်ပါတယ်။ ဒါကို Mint က အသုံးချနေတာပါ။

    ၂။ “Staged Videos” တွေရဲ့ ရည်ရွယ်ချက်

    အခုတင်နေတဲ့ ဗီဒီယိုတွေဟာ ဥပဒေကြောင်းအရ ခုခံဖို့အတွက် “ကြိုတင်ပြင်ဆင်မှု” တွေ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာ Patria က တရားစွဲရင်တောင် “ကြည့်ပါ၊ သူကိုယ်တိုင် အဆင်ပြေတယ်လို့ ဗီဒီယိုထဲမှာ ပြောထားတာပဲ” ဆိုပြီး သက်သေပြဖို့ ကြိုးစားနေတာပါ။

    ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ အကျပ်ကိုင်ခံရမှု (Coercion) အောက်မှာ ရှိနေတယ်ဆိုတာကို Patria ရဲ့ မျက်လုံးတွေနဲ့ အမူအရာတွေက သက်သေပြနေပါတယ်။

    ၃။ ဥပဒေကြောင်းအရ ပိတ်မိနေခြင်း (Legal Limbo)

    တကယ်လို့ မလေးရှားရဲတပ်ဖွဲ့ (PDRM) က အမှုကို တရားဝင် လက်ခံလိုက်ပြီဆိုရင် Patria က “အဓိက သက်သေ/ကာယကံရှင်” ဖြစ်တဲ့အတွက် အမှုစစ်ဆေးနေစဉ်အတွင်း မလေးရှားကနေ ထွက်ခွာခွင့် (သို့မဟုတ်) မြန်မာပြည်ပြန်ခွင့် ခဏတာ ပိတ်ပင်ခံရနိုင်ပါတယ်။

    ဒါပေမဲ့ အရေးကြီးတာက သူဟာ “လုံခြုံတဲ့နေရာ” (Safe House) မှာ ရှိနေရမှာပါ။ Mint နဲ့အတူ ရှိနေရမှာ မဟုတ်ပါဘူး။ အခုက သံသယရှိသူနဲ့အတူ ရှိနေတာက အလွန်ကို အန္တရာယ်များပါတယ်။

    စကားမစပ် ကိုယ်ချင်းမစာ ကောင်းနေတဲ့အသံကြီးဆိုပြီး အားရဝမ်းသာ ဘလိမ်းနေတဲ့လူတစုကိုလည်း လီးပါပဲနော်

    ကိုယ်မွေးထားတဲ့သားသမီးအဲလိုဖြစ်ရင် လက်ခမောင်းတီးပြီး ဝမ်းသာပေးလိုက်😂

    ငါးခူက သက်သေခံဖျောက်ဖျက်ဖို့အချိန်ဆွဲနေတာ

    အဆင်ပြေတယ်သာပြောတယ်

    ရှာရှာခုထိ ဖုန်းမကိုင်ရ

    သူ့အမေ ခုထိ ရှာရှာနဲ့အဆက်အသွယ်မရသေးဘူး

    ငါးခူကသာ ပိုစ့်တွေတင်နေတာ

    ဘယ်သမီးက ဒီလိုချိန် အမေကို စာတကြောင်းတောင်မပို့ပဲနေမလဲဟ

    မြန်မာနိုင်ငံက ဟာတွေက ကိုယ့်မြန်မာနိုင်ငံက မိန်းကလေးကို
    ကောင်းနေတဲ့အသံကြီးဆိုပြီး ဝိုင်းဘလိမ်းနေကြသေးတယ်

    ဦးနှောက်ကို အလုပ်လုပ်ကြစမ်း

    တချို့ influencer တွေကအစ ဝင်မပါဖို့တောင်ပြောနေသေးတယ်

    Ohhh shit

    မင်းတို့သားသမီးကျ mုလား loe ရင် လွှတ်ထားလိုက်ကြလေ

    Naw Poe Zar Win

  • UFC ဆရာအကြီးတွေ အကုန်အံ့အားသင့်ခဲ့ရတဲ့ ဗန်ရဲ့စကေးလ်

    UFC ဆရာအကြီးတွေ အကုန်အံ့အားသင့်ခဲ့ရတဲ့ ဗန်ရဲ့စကေးလ်

    မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ချန်ပီယံ Joshua Van က စိန်ခေါ်သူ ဂျပန်ဖိုက်တာကို အနိုင်ထိုးပြီး UFC ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ် အနိုင်ရ

    မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် အမေရိကန်နိုင်ငံသား မြန်မာ့ကျားသစ် ဂျိုရှုအာဗန် (Joshua Van) သည် ယနေ့ကျင်းပသည့် UFC Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား စိန်ခေါ်သူ တက်ဆူရို တိုင်ရာ (Tatsuro Taira) ကို အပြတ်အသတ် အနိုင်ယူပြီး ၎င်း၏ ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။

    ယနေ့ပြုလုပ်သည့် ပွဲစဉ်သည် UFC သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာရှသားဖိုက်တာ နှစ်ဦး ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ရသည့် သမိုင်းဝင်ပွဲစဉ်တစ်ခု ဖြစ်သည်။

    စိန်ခေါ်သူ ဂျပန်ဖိုက်တာ တိုင်ရာသည် နိုင်ပွဲအများစု စံချိန်ဖြင့် ဗန်၏ချန်ပီယံခါးပတ်ကို လာရောက်စိန်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း ချန်ပီယံ ဂျိုရှုအာဗန်၏ ပြင်းထန်သော လက်သီးချက်များနှင့် နည်းစနစ်ကျသော တိုက်ကွက်များကို မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရသည်။

    ဂျိုရှုအာဗန်နှင့် တိုင်ရာတို့၏ ချန်ပီယံလုပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၅ ချီမြောက် (၃ မိနစ် ၂၈ စက္ကန့်) အရောက်တွင် ဗန်က ပြိုင်ဘက်ဂျပန်ဖိုက်တာကို အလဲထိုး (Knockout) ဖြင့် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ် သည်။

    ဂျိုရှုအာဗန်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကမ္ဘာ့ထိပ်သီး အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့သူဖြစ်သည်။

    ယခု ပထမဆုံးအကြိမ် ခါးပတ်ကာကွယ်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဗန်သည် Flyweight ဝိတ်တန်းတွင် ကမ္ဘာ့အဆင့် အားအကောင်းဆုံး ချန်ပီယံဖြစ် ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။

    ဒီကနေ့ကျင်းပခဲ့တဲ့ UFC 328 ပွဲစဉ်ဟာ ဂျိုရွှာဗန် (Joshua Van) အတွက်တော့ သူ့ကို အထင်သေးခဲ့ကြတဲ့ ဝေဖန်ရေးသမားတွေရဲ့ ပါးစပ်ကို ပိတ်ပစ်လိုက်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

    🥊 ဆရာကြီးတွေ ခန့်မှန်းချက် လွဲချော်ခဲ့ရတဲ့ ဗန်ရဲ့ စွမ်းဆောင်ရည်

    ပွဲမတိုင်ခင် အင်တာဗျူးမှာ ဗန်က တိုင်ယာကို “ချုပ်ကွက်” နဲ့ ကစားပြမယ်လို့ ပြောခဲ့တုန်းက UFC ကျွမ်းကျင်သူ ဆရာကြီးအများစုက ဗန်တစ်ယောက် အာချောင်နေတာပဲလို့ သုံးသပ်ခဲ့ကြပြီး တိုင်ယာကပဲ အနိုင်ရလိမ့်မယ်လို့ တစ်ထပ်တည်း ခန့်မှန်းခဲ့ကြတာပါ။

    ဒါပေမယ့် လက်တွေ့ပွဲမှာတော့ ဆရာကြီးတွေ မျက်လုံးပြူးသွားခဲ့ရပါတယ်။

    တိုင်ယာဟာ ဗန်ကို ထိချက်ကောင်းကောင်း တစ်ချက်တောင် ရအောင် မထိုးနိုင်ခဲ့သလို၊ ဗန်ကသာ တတိယအချီ ၃ မိနစ်ကျော်မှာ တိုင်ယာကို ချုပ်ကွက်နဲ့ အနိုင်ရလုနီးပါး ချုပ်ပြသွားခဲ့လို့ အားလုံး အံ့ဩခဲ့ရပါတယ်။

    🔥 တိုင်ယာရဲ့ ဇွဲနဲ့ ဗန်ရဲ့ စိုးမိုးမှု

    တိုင်ယာအနေနဲ့ ကြမ်းပြင်ပေါ်မှာ Position Pressure တွေပေးပြီး ဗန်ကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

    တိုင်ယာရဲ့ မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်မှုကတော့ MMA လောကမှာ တကယ်ကို စံနမူနာယူစရာပါပဲ။

    ဒါပေမယ့် ဗန်ကတော့ ပိုပြီး ပါးနပ်ခဲ့ပါတယ်။ တိုင်ယာရဲ့ ချုပ်ကွက်တွေကို ကောင်းကောင်း ရုန်းထနိုင်ခဲ့သလို၊ ပွဲတစ်ပွဲလုံးမှာ ထိုးချက်ပေါင်း ၂၂၅ ချက်မှာ ၁၄၀ တိတိ ထိမှန်အောင် ထိုးနိုင်ခဲ့ပါတယ်။

    အထူးသဖြင့် ပြိုင်ဘက်ရဲ့ ဦးခေါင်းကိုတင် ၁၁၆ ချက်အထိ ပစ်မှတ်ထား ထိုးနှက်ခဲ့တာက ဗန်ရဲ့ ပြတ်သားတဲ့ ပြင်ဆင်မှုကို ပြသနေတာပါ။

    💰 ဆုကြေး ဒေါ်လာတစ်သိန်းနဲ့ Fight of the Night ဆု

    ပွဲအပြီးမှာတော့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တဲ့အတွက် ဂျိုရွှာဗန်ဟာ Fight of the Night ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ဆုကြေး ဒေါ်လာ (၁) သိန်း ထပ်မံ ရရှိသွားခဲ့ပါတယ်။

    ဒါဟာ ဗန်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ Fight of the Night ဆုကို ၂ ကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

    အခုဆိုရင် UFC ရဲ့ Flyweight တန်းမှာ ဂျိုရွှာဗန်ရဲ့ “ဗန်ခေတ်” တစ်ခေတ်ကို တရားဝင် စတင်လိုက်ပြီလို့ ဆိုရတော့မှာပါ။

    မြန်မာ့ဂုဏ်ဆောင် ဂျိုရွှာဗန်ရဲ့ သမိုင်းဝင်နိုင်ပွဲအတွက် ဂုဏ်ပြုစကားလေးတွေ Comment မှာ ရေးပေးခဲ့ကြပါဦးခင်ဗျာ!