(၆၁)နှစ်အရွယ် အဒေါ်ကြီးကို ပြုကျင့်ခဲ့တဲ့ (၈၄)နှစ်အရွယ် ဘုန်းကြီး

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့တာပါ။

ဖတ်သလွန်ပြည်နယ်က အသက် (၆၁) နှစ်အရွယ် အမျိုးသမီးကြီးဟာ နေ့စဉ်လိုလို ဘုန်းကြီးကျောင်းကို သွားရောက်ပြီး ကျောင်းက ခွေးလေးတွေ၊ ကြောင်လေးတွေကို အစာကျွေးလေ့ရှိသူပါ။

အဲဒီနေ့ကလည်း ပုံမှန်အတိုင်းပဲ ဘုန်းကြီးကျောင်းကို ရောက်သွားခဲ့ရာကနေ အသက် (၈၄) နှစ်အရွယ် ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘုန်းကြီးက သူ့ကို အစာတွေယူဖို့အတွက် ကျောင်းထဲ ဝင်ခိုင်းခဲ့ရာကနေ ဖြစ်ရပ်ဆိုးကြီး စတင်လာခဲ့ပါတယ်။

ကျောင်းထဲရောက်တဲ့အခါ ဘုန်းကြီးက “ကံကြမ္မာကို အကြောင်းပြုပြီး ပျော်ရွှင်အောင်လုပ်ပေးမယ်” လို့ အကြောင်းပြကာ အတင်းအဓမ္မ အဝတ်အစားတွေ ချွတ်ခိုင်းပြီး အဓမ္မကျင့်ခဲ့တာပါ။

ဒီအဖြစ်အပျက်ကြောင့် အဆိုပါအမျိုးသမီးကြီးဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိပြီး ဆေးရုံမှာ (၅) ရက်တိုင်တိုင် ကုသမှုခံယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဘုန်းကြီးရဲ့ တုံ့ပြန်မှုနဲ့ ရှေ့ဆက်မယ့်တရားရေးရာ

အခုဆိုရင်တော့ အမျိုးသမီးကြီးဟာ ရှေ့နေနဲ့အတူ တရားဝင် ရဲစခန်းမှာ အမှုဖွင့်ထားပြီး သတင်းမီဒီယာတွေကိုလည်း တိုင်ကြားထားပါတယ်။

ရှေ့နေရဲ့ ပြောကြားချက်အရ အမျိုးသမီးဟာ ဘုန်းကြီးကို ရိုသေလေးစားမှုရှိပြီး ရင်းနှီးနေသူဖြစ်တဲ့အတွက် အချိန်တိုအတွင်း ဖြစ်ပျက်သွားတဲ့အရာတွေကို ဘာမှမလုပ်နိုင်ဘဲ အံ့အားသင့်ပြီး ကြောက်လန့်နေခဲ့တာလို့ သိရပါတယ်။

အခြားတစ်ဖက်မှာတော့ အသက် (၈၄) နှစ်အရွယ် ဘုန်းကြီးကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး “အရာအားလုံးကို တရားရုံးမှာပဲ ရှင်းကြတာပေါ့” ဆိုတဲ့ စကားကိုသာ တိုတိုတုတ်တုတ် ပြောကြားထားပါတယ်။

သူ့ရဲ့ သမီးဖြစ်သူကတော့ အသက်အရွယ်ကြီးရင့်ပြီး အကြားအာရုံ၊ အမြင်အာရုံ အားနည်းနေတဲ့ ဖခင်ဖြစ်သူအနေနဲ့ ဒီလိုမျိုး လုပ်ဆောင်နိုင်ပါ့မလားဆိုပြီး မယုံကြည်ကြောင်းနဲ့ ဖခင်ကို အမှန်အတိုင်း ပြောပြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းဆိုတာ စိတ်အေးချမ်းရာနေရာဖြစ်သင့်ပေမဲ့ အခုလို မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့လိုက်ရတဲ့ အမျိုးသမီးကြီးအတွက်တော့ ရင်နာစရာပါပဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး တရားစီရင်မှုတွေ ထွက်ပေါ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

ဒီလိုမျိုး ဘာသာရေးအသွင်ဆောင်ပြီး ကျူ၊၊၊းလွန်ခံရတဲ့ ဖြစ်ရပ်တွေအပေါ်မှာရော သင် ဘယ်လိုမြင်မိပါသလဲ? ကိုယ့်အမြင်လေးတွေကို ကွန်မန့် မှာ ဆွေးနွေးပေးသွားကြပါဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *