ရွေးတုအစိုးရတပ်မှ အလင်းဝင် လက်နက်ချသူနှင့် စစ်သုံ့ပန်းပေါင်း ၄၆၇ ဦး အထိရှိလာ

ယခု ဇွန်လ အတွင်း ရွေးတုအစိုးရတပ်မှ အလင်းဝင် လက်နက်ချသူနှင့် စစ်သုံ့ပန်းပေါင်း ၄၆၇ ဦး အထိရှိလာ

ရွေးတုအစိုးရလက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်သည့် စစ်သား၊ ပြည်သူ့စစ် နှင့် ရဲတပ်ဖွဲ့ဝင်များမှာ ပြီးခဲ့ သည့်ဇွန်လ တစ်လတာအတွင်း၌ ‌တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသူ၊ လက်နက်ချသူနှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအရေအတွက်မှာ ၄၆၇ ဦးအထိရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့်စစ်သုံးပန်းစုစုပေါင်းမှာ ၃၂၃ ဦးအထိရှိပြီး ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်းမှ ၁၇၄ ဦးအထိ သုံ့ပန်းဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းများအနက် ၂၃၁ ဦးမှာစစ်သားများဖြစ်ပြီး ပြည်သူ့စစ် ၉၁ ဦးအထိပါဝင်ကာ ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်းဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇွန်လတိုက်ပွဲများအတွင်း လက်နက်ချခဲ့သည့်တပ်သားဦးရေ ၁၂၀ ဦးအထိရှိခဲ့ပြီး မကွေးတိုင်းမှ ၁၀၀ ဦးအထိလက်နက်ချခဲ့ကာ ကရင်ပြည်နယ်မှ ၁၆ ဦး၊ စစ်ကိုင်းတိုင်းမှ ၄ ဦးအထိရှိကြောင်း ထုတ်ပြန်ချက် အရသိရ‌သည်။

မကွေးတိုင်းတွင် ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း Operation Su အမည်ဖြင့် ပြုလုပ်ခဲ့သည့်စစ်ဆင်ရေးအတွင်း ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီးစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့မျက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သုံ့ပန်း ၅၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် ၅၅ လက်သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များထံအလင်းဝင်ပူးပေါင်းခဲ့သည့် တပ်သား ၂၄ ဦးရှိခဲ့ပြီး ၎င်းတို့မှာ မကွေးတိုင်းမှ ၁၁ ဦး၊ ချင်းပြည်နယ်မှ လေး ဦး၊ စစ်ကိုင်းတိုင်းမှ လေး ဦး၊ ကရင်ပြည်နယ်မှ သုံး ဦးနှင့် တနင်္သာရီတိုင်းမှ တစ်ဦး တို့ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ ဇွန်လအထိကောက်ယူရရှိသည့်စာရင်းများအရ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်သူ၊ လက်နက်ချသူနှင့် ဖမ်းဆီးရမိသည့်စစ်သုံ့ပန်း စုစုပေါင်းမှာ ၃၆၇၈ ဦး အထိရှိပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *