Category: News
-

တံတားဦးပွဲ နောက်ဆက်တွဲ နည်းဗျူဟာမှူး တကောင် စနိုက်ပါစာမိ
တံတားဦးလေတပ် တိုက်ခိုက်ခံနေရပြီးနောက် လေတပ်မှ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦး Sniper ထိမှန်သေဆုံး မန္တလေးတိုင်း၊ တံတားဦးလေတပ်ကို တော်လှန်ရေးတပ်တွေက အသေခံ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အမှတ် (၇) လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦးဟာ Sniper ထိမှန်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦးဟာ တံတားဦးမြို့နယ်၊ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းက ဖြစ်ပြီး လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် ဒရုန်းတွေ ပျံတက်လာတဲ့ အနောက်တောင်ဘက်ကို ဦးတည် စစ်ကြောင်းထိုးဖို့ ထွက်ခွာစဉ်မှာ Sniper ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ “သူက စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ပေါ့နော်။ Sniper ထိပြီးတော့…
-

သာသနာတော် သန့်ရှင်းရေးအတွက် မထေရ်မြတ်ကြီးများ လျစ်လျူမရှုသင့်တော့သည့် ကိစ္စ
သာသနာတော် သန့်ရှင်းရေးအတွက် မထေရ်မြတ်ကြီးများ လျစ်လျူမရှုသင့်တော့သည့် ကိစ္စ ယနေ့ခေတ် သာသနာ့ရိပ်မှာ ခိုလှုံပြီး ဓာတ်ဂိုဏ်း၊ နတ်ဂိုဏ်း၊ ဝိဇ္ဇာလောကဆိုသည့် အယူဝါဒများဖြင့် သာသနာနှင့် မလျှော်ကန်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြသည်မှာ ရင်လေးစရာကောင်းလှပါသည်။ အမှန်တကယ်တော့ ဓာတ်ဂိုဏ်း၊ နတ်ဂိုဏ်းနှင့် အင်းဝိဇ္ဇာ ပညာရပ်များကို ယုံကြည်ကိုးကွယ်လိုပါက ဗုဒ္ဓဘာသာ သာသနာနှင့် သီးခြားခွဲထွက်၍ မိမိတို့ဘာသာ သီးသန့် ဝတ်စုံ၊ သီးသန့် အဝတ်အစားများ သတ်မှတ်ကာ လွတ်လပ်စွာ ကိုးကွယ် ကျင့်သုံးကြလျှင် မည်သူမျှ ကန့်ကွက်စရာ အကြောင်းမရှိပါ။ ယခုမူ သာသနာ့အလံအောက်၊ သံဃာ့အဝတ်အစားအောက်တွင် ခိုလှုံကာ ဘာမှန်းမသိသော အယူဝါဒများကို သာသနာ့ပုံစံဖုံးပြီး လူအများအား ထိုင်ကန်တော့စေခြင်း၊ အရိုအသေပေးစေခြင်းများ ပြုလုပ်နေကြသည်မှာ လုံးဝ မဖြစ်သင့်သည့် ကိစ္စဖြစ်ပါသည်။ သာသနာရေးနှင့် သံဃာ့အဖွဲ့အစည်းမှ…
-

တံတားဦး ငှက်သိုက် ဒွမ်ခဲ့တဲ့ FPV အက်ရှင်လေး ရှိုး
တံတားဦးလေတပ်ကို FPV ဒရုန်းများဖြင့်တိုက်ခိုက်မှုတွင် စစ်သားအုပ်စုကို FPV ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာ (ရုပ်/သံ) မန္တလေးတိုငး၊ တံတားဦးလေတပ်ကို FPV ဒရုန်းများဖြင့် ယမန်နေ့ တိုက်ခိုက်မှုတွင် လေတပ်မှ စစ်သားအုပ်စုကို FPV ဒရုန်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည့် ဗီဒီယိုမှာလည်း ယနေ့တွင် ထွက်ပေါ်လာသည်။ တော်လှန်ရေးတပ်က စေလွှတ်လိုက်သော FPV ဒရုန်းက တံတားဦးလေတပ်စခန်းရှိ တိုက်လေ ယာဉ်သိုလှောင်ရုံများကို ကျော်ကာ လေတပ်မှ စစ်သားများ စုဝေးနေသော နေရာသို့ တန်း တန်းမတ်မတ်သွားရောက်ကာ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ကို ဗီဒီယိုတွင် မြင်တွေ့ရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း လက်ရှိအချိန်အထိ တော် လှန်ရေးတပ်များကသော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ယမန်နေ့ မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအတွင်း စစ်တပ်၏ တိုက်လေယာဉ်…
-

ဒူဘိုင်းမှာ အစာမကျွေးဘဲ ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီး
ဒူဘိုင်းတွင် အလုပ်ရှင်မှ ပိတ်လှောင်ထားသည်ဟုဆိုကာ အဆက်အသွယ်ပြတ်သွားခဲ့သည့် မြန်မာအမျိုးသမီးငယ် အေဂျင့်ထံတွင်ရှိနေပြီး ငွေကြေးအများအပြားတောင်းခံနေ မိသားစုတွေရဲ့ ရင်ထဲမှာတော့ သောကမီးတွေ တောက်လောင်နေခဲ့ရပါပြီ။ ဒူဘိုင်းနိုင်ငံကို အလုပ်သွားလုပ်တဲ့ မလင်းလင်းနွယ်ဆိုတဲ့ မြန်မာအမျိုးသမီးငယ်လေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုဆီကို အထိတ်တလန့်နဲ့ ဖုန်းဆက်လာခဲ့ပါတယ်။ အလုပ်ရှင်နဲ့ ပြဿနာတက်ပြီး လက်တွေကို အရိုက်ခံထားရသလို၊ အစာရေစာမကျွေးဘဲ အခန်းထဲမှာ ၃ ရက်တိတိ ပိတ်လှောင်ခံထားရတယ်လို့ သူမက ဖုန်းဆက်ခွင့်ရတဲ့အချိန်လေးမှာ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီလို ဖုန်းခေါ်ဆိုပြီးချိန်ကစလို့ မလင်းလင်းနွယ်နဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ပါတယ်။ အပူမီးဝိုင်းနေတဲ့ မိသားစုဝင်တွေဟာ သက်ဆိုင်ရာ အေဂျင့်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အေဂျင့်ဘက်က ဘာမှမသိရဘူးလို့သာ အစပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ သမီးလေးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်လွန်းလို့ မိသားစုက လူမှုကွန်ရက်ပေါ်မှာ အေဂျင့်ရဲ့ ပုံနဲ့တကွ အကူအညီတောင်းခံတဲ့ ပို့စ်တစ်ခုကို…
-

ပစ္စည်းတင် သင်္ဘော ၁ စီးသာကျန်တဲ့ ဗန်းမော် ရေယာဥ်တွေ (ရုပ်သံ)
KIA ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ရေယာဉ်အုပ်စုမှ ရိက္ခာနှင့်ခဲယမ်းများ အပါအဝင် ပစ္စည်းတင် သင်္ဘော ၁ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိဟု ဗိုလ်မှူးကြီးနော်ဘူပြောဆို၊ ကုန်ပစ္စည်းတင် သင်္ဘော ၁ စီး ထပ်မံပေးပို့ရန် စစ်တပ်က ကြိုးစားနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ရေယာဉ် ၁၅ စီးပါ စစ်သင်္ဘောအုပ်စုက ရိက္ခာနှင့်လက်နက်ခဲယမ်းများ တင်ပို့ရန် ကြိုးစားခဲ့သော်လည်း KIA ၏ ဟန့်တားတိုက်ခိုက်မှုကြောင့် ပစ္စည်းတင်သင်္ဘော ၁ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။ ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ မန္တလေးမှ ဆန်တက်လာသော စစ်သင်္ဘောများက ဗန်းမော်မြို့သို့ ရိက္ခာနှင့်လက်နက်ခဲယမ်းများ တင်ပို့နိုင်ရန် ကြိုးစားခဲ့သော်လည်း KIA က သင်္ဘောများ ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်…