ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဖလူးကျေးရွာနဲ့ မင်းလက်ပံရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မနက် ၉ နာရီကျော်က မဲဆောက်မြို့နယ် မဲ့ကို့ကင်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မြန်မာစစ်ဘေးရှောင်နေသူ ၂ ယောက် ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ မြန်မာစစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။ ထိုင်းပိုင်နက်ထဲကို ၆၀-မမ စိန်ပြောင်းကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် မကြာခင်မှာ ထိုင်းအထူးတပ်ဖွဲ့ကလည်း ၁၂၀-မမ ၄ လုံးနဲ့ ပြန်လည်ပစ်ခတ် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်အရေးကူညီနေသူ ကိုဆယ်ပေါက်က “ခုအချိန်မှာက စစ်ဘေးရှောင်အရေး ကူညီနေသူတွေအတွက် သွားလာရတာ အရမ်းခက်ခဲတယ်။ မနေ့ကဆို မဲ့ကို့ကင်းကျေးရွာက စစ်ဘေးရှောင်နေသူတွေဆီသွားဖို့ ထိုင်းစစ်တပ်က အသွားမခံလို့ ပြန်လှည့်ခဲ့ရတယ်။ မြန်မာဘက်အခြမ်းက တိုက်ပွဲတွေဖြစ်လို့…
ဗန်းမောက်မြို့ထဲ ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့ စစ်တပ်နဲ့ SNA သေဆုံး၊ ထိခိုက်သူများလို့ပြန်ဆုတ် စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်တွေကို တော်လှန်ရေးတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့် စစ်အုပ်စုဘက်မှာသေဆုံး ထိခိုက်မှုများနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။ နေ့စဥ်နီးပါး လေကြောင်းပစ်ကူနဲ့ မြို့ထဲကို ပြန်ဝင်ရောက်နိုင် ဖို့ကြိုးစားနေပေမယ့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို သယ်ပြီး စစ်အုပ်စုက ပြန်ဆုတ်နေရတယ်လို့ ဆိုပါတယ်။ “နာရီပိုင်းလောက်နဲ့ ၁၀ ယောက်လောက်သေတာ”လို့ ရှေ့တန်းရဲဘော်တစ်ဦးက ဗန်းမောက်တိုက်ပွဲ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။ နိုဝင်ဘာ ၁၇ ရက်က ဗန်းမောက် မြို့အနီးက နတလ (နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း)ကုန်းကို စစ်အုပ်စုက ပြန်ရပြီး မြို့ထဲကိုဝင်နိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။ “နတလကုန်းကို ခံစစ်အသေအချာပြင်ထားတယ်။မြို့ထဲကပ်တယ်။ကပ်မရတော့နတလဘက်ပြန်ဆုတ်တယ်”လို့ဗန်းမောက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နိုဝင်ဘာလ အတွင်း ဗန်းမောက်တိုက်ပွဲတွေမှာ…
ဒါရိုက်တာ မိုက်တီး၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းနှင့် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ် အကြမ်းဖက်စစ်တပ်က ဒါရိုက်တာ မိုက်တီး၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းနှင့် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ရွေး ကောက်ပွဲနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်ကြောင်း အနုပညာသတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဟာသ သရုပ်ဆောင် အုန်းဒိုင်း ကို တောင်ဒဂုံမြို့နယ်တရားရုံး က ထောင်ဒဏ် ၇ နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင်လည်း ဒါရိုက်တာ မိုက်တီး ကို ရန်ကင်းတရားရုံးက ထောင်ဒဏ် ၇ နှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံးကသရုပ်ဆောင် ကျော်ဝင်းထွဋ် ကို ထောင်ဒဏ်…
(ရိုးပေါ်ရှိနေရာတချို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပွိုင့် ၆၆၆ စခန်းလည်း AA ထံ လက်နက်မျိုးစုံဖြင့် ပစ်ခတ်ခံနေရ၍ အထိနာမှုများပြားနေ) ရခိုင်-ပဲခူးရိုးပေါ်ရှိ ဆင်လန်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်ကြောင်းသည် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်တို့၏ လျှပ်တပြက်တိုက်ခိုက်မှုအတွင်း ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း သတင်းရရှိသည်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အပိုင် ညောင်ခြေတောင်ဖက်မှ ရိုးပေါ်ရှိ ဆင်လန်စခန်းကို ရိက္ခာလာပို့သည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းမှာ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီကျော်ခန့်က AA နှင့်ပူးပေါင်းတပ်တို့၏ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံးသွားခဲ့ရသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “AA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့အလာကိုစောင့်ပြီး ခြုံခိုတိုက်တာ လျှပ်တပြက်တိုက်တာပေါ့။ ပြောက်ကျားစနစ်နဲ့။ ၁၀ လောက်တော့သေတယ်လို့ ခန့်မှန်းတယ်။ ဒဏ်ရာရတာတွေလည်း…
ဘုရားစင်မှာ ယုန်ပုံလေးထောင်ဖို့ ပြောပြီး သူ့ကိုယ်သူ ဘုရားနဲ့ နှိုင်းကာ ဗုဒ္ဓဘာသာကို ပုတ်ခတ်စော်ကားပြောဆိုလာတဲ့ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေး သရုပ်ဆောင် ယုန်လေးရဲ့ မြို့ပြပေါ်က လမ်းမများ ဇာတ်ကားကို မကြာသေးခင်က ရုံတင်ပြသနေပြီး ကြည့်ရှုသူ တယောက်မှ မရှိတာကြောင့် ရုံပိတ်လိုက်ရတယ်လို့ မနေ့က ယုန်လေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အဲ့တာဟာ မူးလို့ ရေးလိုက်တာဖြစ်ပြီး ဘုရားစင်ပေါ် ယုန်ရုပ်ထောင်ပြီး ကိုးကွယ်ထားသင့်ကြောင်း သူ့ကိုယ်သူ ဘုရားနဲ့နှိုင်းကာ ဗုဒ္ဓဘာသာကို အထင်အမြင်သေးအောင် ပြောဆိုလာခဲ့ပါတယ်။ ဒီလုပ်ရပ်ကို အမျိုးဘာသာ သာသနာ ချစ်သူများက ငြိမ်ခံမနေသင့်ပဲ ထိရောက်တဲ့ အရေးယူမှုမျိုး ပြုလုပ်သင့်တယ်လို့လည်း ဝေဖန်သံများ ထွက်ပေါ်နေပါတယ်။