📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဒါရိုက်တာ မိုက်တီး၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းနှင့် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်

ဒါရိုက်တာ မိုက်တီး၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းနှင့် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်

အကြမ်းဖက်စစ်တပ်က ဒါရိုက်တာ မိုက်တီး၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းနှင့် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ရွေး ကောက်ပွဲနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်ကြောင်း အနုပညာသတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဟာသ သရုပ်ဆောင် အုန်းဒိုင်း ကို တောင်ဒဂုံမြို့နယ်တရားရုံး က ထောင်ဒဏ် ၇ နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင်လည်း ဒါရိုက်တာ မိုက်တီး ကို ရန်ကင်းတရားရုံးက ထောင်ဒဏ် ၇ နှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံးကသရုပ်ဆောင် ကျော်ဝင်းထွဋ် ကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လိမ်လည်ဝါဒဖြန့်ဇာတ်ကားဖြစ်သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် တို့ကို အောက်တိုဘာ ၂၇ ရက်နေ့ စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ရုံးချိန်း တစ်ချိန်းတည်းနဲ့ပဲ ပြစ်ဒဏ်ချတယ်။ တရားဥပဒေအရ ခုခံပိုင်ခွင့်နဲ့ ရှေ့နေတွေဌားခွင့်မရပါ”ဟု အနုပညာသတင်းရင်းမြစ်က ပြောဆိုသည်။

ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းကာကွယ်ရေး ဥပဒေပုဒ်မ ၂၃ (က) ဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၇ ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာ မိုက်တီးက ၂၀၂၁ ခုနှစ်အတွင်း စစ်အုပ်စုကို ဝေဖန်ခဲ့သဖြင့် နိုင်ငံရေး ပုဒ်မ ၅၀၅ (က) ဖြင့် ၂၀၂၂ ခုနှစ်၊ အောက် တိုဘာလ ၂၈ ရက်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်