📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဆင်လန်ကို ရိက္ခာလာပို့သည့်စစ်ကြောင်း AA နှင့်ပူး‌ပေါင်းတပ်တို့၏ လျှပ်တပြက်တိုက်ခိုက်မှုအတွင်း ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

(ရိုးပေါ်ရှိနေရာတချို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပွိုင့် ၆၆၆ စခန်းလည်း AA ထံ လက်နက်မျိုးစုံဖြင့် ပစ်ခတ်ခံနေရ၍ အထိနာမှုများပြားနေ)

ရခိုင်-ပဲခူးရိုးပေါ်ရှိ ဆင်လန်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်ကြောင်းသည် အာရက္ခတပ်တော်(AA)နှင့်ပူး‌ပေါင်းတပ်တို့၏ လျှပ်တပြက်တိုက်ခိုက်မှုအတွင်း ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အပိုင် ညောင်ခြေတောင်ဖက်မှ ရိုးပေါ်ရှိ ဆင်လန်စခန်းကို ရိက္ခာလာပို့သည့် ‌အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းမှာ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီကျော်ခန့်က AA နှင့်ပူး‌ပေါင်းတပ်တို့၏ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံးသွားခဲ့ရသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“AA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့အလာကိုစောင့်ပြီး ခြုံခိုတိုက်တာ လျှပ်တပြက်တိုက်တာပေါ့။ ပြောက်ကျားစနစ်နဲ့။ ၁၀ လောက်တော့သေတယ်လို့ ခန့်မှန်းတယ်။ ဒဏ်ရာရတာတွေလည်း ပါတယ်” ဟု ပြောသည်။

ထောက်ပို့လာသည့် စစ်ကြောင်းအား အကြမ်းဖက်စစ်တပ်က ဆင်လန်စခန်းမှ ဆင်းပြီး စစ်ကူတိုက်ခိုက်ခဲ့ကာ တိုက်ပွဲမိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရသူများနှင့် ရိက္ခာများအား ဆင်လန်စခန်းသို့ ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဆင်လန်စခန်းကနေ စစ်သားတွေဆင်းကူလို့ ပစ်ခတ်မှုရှိခဲ့တယ်။ ဒဏ်ရာရစစ်သားတွေကို ဆွဲထုတ်သွားတယ်။ ရိက္ခာတွေကို သူတို့စခန်းကိုယူသွားတယ်” ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ရိက္ခာဖြတ်တောက်ခံရသည်မှာ လနှင့်ချီကြာနေသည့်အတွက် ထောက်ပို့ရိက္ခာများအား စစ်ကြောင်းထိုးကာ မြေပြင်မှလာပို့နေရသည့်အတွက် AA နှင့်ပူးပေါင်းတော်လှန်ရေးတပ်ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အထိနာကျဆုံးမှုများပြားလျက်ရှိကြောင်း သိရသည်။

‌AA သိမ်းထားသည့် ညောင်ကျိုးစခန်းကို ရယူရန်ကြိုးပမ်း‌နေသည့် အကြမ်းဖက်စစ်တပ်နှင့် AA ဦးဆောင်သည့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့မှာ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင်လည်း လေလာတောင် တောင်ခြေရင်းအနီးအနားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သူက ဆက်ပြောသည်။

“လေလာတောင်ကနေ ညောင်ကျိုးစခန်းကိုရဖို့ တိုက်နေတာကြာပြီ။ မတိုးနိုင်ဖြစ်နေတာ။ ဒီနေ့မနက် တောင်ခြေရင်းအနီးမှာ တိုက်ပွဲဖြစ်နေတယ်” ဟု ပြောသည်။

ရိက္ခာဖြတ်တောက်ပိတ်ဆို့ခံထားရသည့် အကြမ်းဖက်စစ်တပ်၏ ပွိုင့်(၆၆၆)စခန်းသည်လည်း AA ၏ လက်နက်ကြီး၊ စနိုက်ဘာတို့ဖြင့်ပစ်ခတ်ခံနေရကာ အထိနာကျဆုံးမှုများပြားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုပြောသည်။

အကြမ်းဖက်စစ်တပ်ဖက်မှ AA နှင့်တော်လှန်ရေးတပ်ဖွဲ့များအား စစ်ကြောင်းထိုးခြင်း၊ ရိက္ခာပို့သည့် အခါတွင်လည်း ကင်းထောက်ဒရုန်းများ၊ အ‌သေခံဒရုန်းများ၊ ဂျက်ဖိုက်တာများကို အများအပြားသုံးကာ တိုက်ခိုက်သည့်အတွက် AA နှင့်တော်လှန်ရေးတပ်ဖွဲ့များဖက်မှ အလစ်သုတ်ကာ လျှပ်တပြက်ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေရကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်