Category: News

  • ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ (dementia)ရဲ့ အစောပိုင်း လက္ခဏာတွေ စတင် ခံစားနေရတယ်လို့ ယူဆရကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

    စိတ္တဗေဒ အထူးပြု ဆရာဝန် နှစ်ဦးက ထရမ့်အနေနဲ့ ကိစ္စတွေကို မှတ်သားထားမှုတွေမှာ မကြာခဏ ရောနှော ရှုပ်ထွေးသွားတတ်တာ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ကျန်းမာရေးအရ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ပိုများလာတာကို ထောက်ပြခဲ့ပြီး ဒါတွေက အသက်ကြီးလာလို့ သာမန် ဖြစ်လေ့ဖြစ်ထ ရှိနေတာတွေထက် အများကြီးပိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    စိတ္တဗေဒ အထူးပြု ဆရာဝန်တွေဖြစ်တဲ့ ဂျွန်ဂတ်နာနဲ့ ဟယ်ရီ ဆီးဂဲလ်တို့က အသက် ၇၉ နှစ်အရွယ် သမ္မတရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စကားပြောဆိုမှုတွေထဲက လက္ခဏာရပ်တွေကို ဆန်းစစ် လေ့လာကြည့်တဲ့အခါ မှတ်ဉာဏ် ချွတ်ယွင်းမှု ရောဂါ အစောပိုင်း အဆင့်တွေနဲ့ ဆင်တူနေတာကြောင့် စိုးရိမ်သင့်တယ်လို့ ပြောပါတယ်။

    မကြာသေးခင်က အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ထရမ့်ဟာ မျက်စိကို မှေးမှိတ်ပြီး ပျော့တိပျော့ခွေနဲ့ ငိုက်မျဉ်းသလို၊ မှိန်းနေသလို ရှိနေခဲ့တဲ့ အကြောင်းကို ဂတ်နာက ညွှန်ပြခဲ့ပါတယ်။

    ကိုယ်က အမေရိကန် အိုးပင်းလို ပြိုင်ပွဲကြီးမှာ တကယ့် ပွဲကြီးပွဲကောင်းတွေကို အားပေးနေပြီး အားလုံးရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ အခြေအနေမှာ ထရမ့်က သူ့ပင်ကို စိတ်နဲ့ဆိုရင် ဒီလိုဖြစ်နေမှာလားလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

    ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ ဆေးကျောင်းမှာ သုံးနှစ်နီးပါးလောက် သင်ကြားပို့ချခဲ့ဖူးသူ ဂတ်နာက ထရမ့်ဟာ သူ့အပေါ် ရာဇဝတ်ကြောင်း စွပ်စွဲချက်နဲ့ တရားရုံးမှာ စစ်ဆေးနေတဲ့ ကိစ္စလိုမျိုးတွေမှာ တကယ်ပဲ အိပ်ငိုက်နေတာလားလို့လည်း ဆက်ပြောပါတယ်။

    ဒါက ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက တရားခွင်မှာ ထရမ့်က အိပ်ငိုက်နေသလို ခဏခဏ ခေါင်းငိုက်ကျသွားခဲ့တာကို သူက ရည်ညွှန်းခဲ့တာပါ။

    အသက် ၆၅ နှစ် ကျော်လွန်လာတဲ့ အချိန်မှာ ကိုယ်တိုင်က ဆန္ဒမပါဘဲ၊ တစ်နည်းအားဖြင့် ခန္ဓာကိုယ်က ထိန်းချုပ်လို့ မရဘဲ ရုတ်တရက် ငိုက်မျဉ်းတာ၊ မှေးအိပ်သွားတာတွေဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါရဲ့ အစောပိုင်း အဆင့် လက္ခဏာတွေထဲက တစ်ခုဖြစ်တယ်လို့ ဂတ်နာက ပြောကြားခဲ့ပါတယ်။

    သူဆိုလိုချင်တာက ထရမ့်မှာ ကြုံနေတဲ့ ဒီကိစ္စမျိုးတွေဟာ သာမန် ရိုးရိုးတော့ မဟုတ်ဘူးဆိုတာ ဖြစ်တယ်လို့ ဂတ်နာက မှတ်ချက်ပေးသွားပါတယ်။

    ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ထရမ့်ရဲ့ ခြေကျင်းဝတ်တွေ ရောင်ရမ်းနေတာနဲ့ ပတ်သက်လို့ သူ့ရဲ့ ကျန်းမာရေးအပေါ် သို့လောသို့လော ထင်ကြေးတွေ ထွက်ပေါ်လာတာကြောင့် အိမ်ဖြူတော်က ပြန်ဖြေရှင်းခဲ့ရဖူးပါတယ်။

    ထရမ့်ဟာ အသက်အရွယ် ကြီးရင့်သူတွေ ဖြစ်တတ်တဲ့ သွေးကြော စွမ်းဆောင်ရည် ကျဆင်းမှု ပြဿနာတစ်ခုအတွက် ကုသမှု ခံယူနေရတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

    ကော်နဲလ် တက္ကသိုလ်ရဲ့ စိတ္တဗေဒ ပညာရှင် ပါမောက္ခ ဆီးဂဲလ်ကတော့ ပြဿနာဟာ အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ အခြေအနေထက် ပိုပြင်းထန်နိုင်တယ်လို့ ပြောပါတယ်။

    နှလုံးသွေးကြောတွေ အလုပ်လုပ်မှုမှာ အားနည်းချက် အရမ်းကြီးနေရင် ခြေကျင်းဝတ်တွေ အလွန်အကျွံ ရောင်ကိုင်းတာမျိုး ဖြစ်တတ်ကြောင်း၊ သူဆိုလိုချင်တာက ထရမ့်ရဲ့ ကျန်းမာရေးဟာ အိုကေမနေဘူးဆိုတာဖြစ်ကြောင်း ဆီးဂဲလ်က မှတ်ချက်ပေးခဲ့ပါတယ်။

    ဂတ်နာရော၊ ဆီးဂဲလ်ကပါ အိမ်ဖြူတော် အနေနဲ့ ထရမ့်ရဲ့ လက်မှာ အနာတွေ ရှိနေပြီး မိတ်ကပ်လိုမျိုးနဲ့ ဖုံးကွယ်ထားတဲ့ ကိစ္စကို ရေရေရာရာ ရှင်းမပြနိုင်တဲ့ အပေါ်မှာလည်း ဝေဖန်ခဲ့ပါတယ်။

    ပြီးတော့ ထရမ့်ရဲ့ လက်တွေ တုန်နေတတ်တာနဲ့ ပတ်သက်လို့လည်း အစိုးရ အရာရှိတွေက သမ္မတဟာ အက်စပရင် ဆေးပြားတွေ သောက်နေရတာကြောင့် ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

    အိမ်ဖြူတော်ကတော့ ထရမ့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မရှိဘူးလို့ ပြောကြားထားသလို သမ္မတ သုံးဆက်အတွင်း အိမ်ဖြူတော်ရဲ့ ဆရာဝန်အဖြစ် ၁၄ နှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ ဒေါက်တာ ရွန်နီဂျက်ဆန်ကလည်း ထရမ့်ဟာ သူမြင်ဖူးသမျှ အကျန်းမာဆုံး ပုဂ္ဂိုလ်တစ်ဦးလို့ ပြောကြားသွားပါတယ်။

    ထရမ့်က မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါလိုမျိုး ကျန်းမာရေး ပြဿနာတွေ ရှိနေတယ် ဆိုတဲ့ ထင်ကြေးဟာ လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး ပျံ့နှံ့နေခဲ့ပါတယ်။

    မကြာသေးခင်ကလည်း ထရမ့်က သူ့အပေါ် စွပ်စွဲထားတဲ့ ကိစ္စတစ်ခုမှာ အချက်အလက် အမှားတွေ ပါဝင်နေတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်က တုံ့ပြန်ခဲ့ပြီး အဖိုးကြီး ဖြစ်လာနေတဲ့ ထရမ့်အနေနဲ့ သူ့ရဲ့ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါအတွက် ဆေးတွေ ပုံမှန်သောက်သင့်တယ်လို့ လှောင်ပြောင်သွားခဲ့ပါတယ်။

    ထရမ့်ရဲ့ အသက်အရွယ်နဲ့ ပတ်သက်လို့ သူ့ကျန်းမာရေး အခြေအနေအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေတော့ ရှိနေဆဲပါ။

    ထရမ့်ဟာ ၂၀၂၉ ခုနှစ်၊ သူ့ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးချိန်မှာ အမေရိကန် သမိုင်းတလျှောက် အသက်အကြီးဆုံး သမ္မတအဖြစ် ရှိနေမယ်လို့ သိရပါတယ်။

  • မန္တလေးမြို့လယ်က ဖုန်းဆိုင်တခု ဖောက်ထွင်းခံရ

    မန္တလေးမြို့လယ်က ဖုန်းဆိုင်တခု ဖောက်ထွင်းခံရ

    မန္တလေးမြို့လယ်ကတံခါးနှစ်ထပ်ခတ်ထားတဲ့ မိုဘိုင်းဖုန်းဆိုင်တခုဖောက်ထွင်းခံရပြီးဆိုင်ကယ် ၂ စီးအပါအဝင် ဖုန်းအပိုပစ္စည်းများ ဆုံးရှုံးခဲ့ပါတယ်။

    စက်တင်ဘာ ၁၆ ရက် မနက် မနက် ၃ နာရီခွဲခန့်က မန္တလေးမြို့လယ်ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားက ဗန္ဓုလမိုဘိုင်းလ်ဆိုင် ဖောက်ထွင်းခံရတာပါ။

    အဲဒီဖုန်းဆိုင်ထဲကသိန်း(၃၀)ကျော်တန်တဲ့ ဆိုင်ကယ်(၂)စီး၊ Bluetooth Box အပါအဝင် Internet WiFi Router တွေနဲ့ တခြားပစ္စည်း​တွေ ခိုးယူသွားကြောင်း ဖုန်းဆိုင်က အသိပေးပါတယ်။

    ဆိုင်ကထုတ်ပြန်တဲ့ CCTV မှတ်တမ်းမှာတော့ ပုဆိုးဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတဦးဟာ ခြံဝင်းတံခါးတိုင်ကနေကျော်ဝင်လာပြီး CCTV ကင်မရာကို တခုခုနဲ့ကာလိုက်ပါတယ်။ ကာတဲ့ပစ္စည်းက ပြုတ်ပြုတ်သွားပြီး အဲဒီအမျိုးသားဟာ ဝင်းတံခါးက သော့ကိုဖျက်နေခဲ့ပါတယ်။

    ဝင်းတံခါးပွင့်သွားချိန်မှာတော့ အဲဒီလူဟာ ဆိုင်ထဲကို အနွေးထည်ကို ခေါင်းပေါ်အထိတင်ပြီးဝင်ခဲ့ပါတယ်။

    အဲဒီနောက် Accessories ကောင်တာကို ဝင်မွှေ၊ ဆိုင်ကယ်သော့အုံကိုဖြုတ်၊ သံဘာဂျာတံခါးကို ခပ်ဖြည်းဖြည်းဆွဲဖွင့်ပါတယ်။

    ဆိုင်ကယ်ကိုတွန်းယူသွားပြီး ဆိုင်ထဲထပ်ဝင်ကာ အခြားပစ္စည်းတွေ ခိုးယူသွားတာတွေ့ရပါတယ်။

    “သူခိုးထက်ဆိုးတဲ့ ဖောက်ထွင်း ဝိဇ္ဇာတွေပါ။ ခုက သော့ဖျက်ပြီးခိုးတဲ့ဖောက်ထွင်းရေးသမားတွေပါ။ ကြိုတင်လေ့လာထားပြီး ညဘက်လူမရှိမှန်း သိလို့ တမင်လာပြီး ဖောက်ထွင်းခိုးယူတာပါ။”လို့ မြို့ခံတဦးက မှတ်ချက်ပြုပါတယ်။

    အခိုးခံရတဲ့ဆိုင်နေရာဟာတက္ကသိုလ်လေ့ကျင်ရေးတပ်နဲ့ နှစ်ပြသာ ကွာဝေးပြီး စစ်​ကောင်စီတပ်ကစစ်သား​တွေ တပ်စွဲထားတဲ့ ဝန်ထမ်းလိုင်းခန်းတွေနဲ့လည်း နီးကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    CCTV မှတ်တမ်းမှာပါရှိသူနဲ့ ခိုးရာပါပစ္စည်းတွေကို တွေ့ရှိပါက အမြန်ဆုံးဆက်သွယ် အကြောင်း ကြားပေးပါဖို့နဲ့ တွေ့ရှိပါကအထူးကျေဇူးဆပ်မယ်လို့ အဆိုပါမိုဘိုင်းဖုန်းဆိုင်က မေတ္တာရပ်ခံထားပါတယ်။

    မန္တလေးမြို့မှာ လုယက်ခိုးယူမှုတွေ မကြာခဏ ဖြစ်ပွားနေသလို ဆိုင်တွေလည်း ဖောက်ထွင်းခိုးယူခံနေရပါတယ်။

    စစ်အုပ်စုဟာ ညပိုင်းမှာလည်း လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပေမဲ့ သူခိုးတွေကိုတော့ ဖမ်းဆီးအရေးယူနိုင်တာသိပ်မရှိပါဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

    ရုပ်သံ-ဗန္ဓုလမိုဘိုင်းလ်ဆိုင်

  • တရားရုံးထုတ်ပြီး ပြန်လာသည့် အချုပ်သား ၇ ဦး ထွက်ပြေး

    တရားရုံးထုတ်ပြီး ပြန်လာသည့် အချုပ်သား ၇ ဦး ထွက်ပြေး

    မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက တရားရုံးထုတ်ပြီး ပြန်လာတဲ့ အချုပ်သား ၇ ယောက် ထွက်ပြေးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

    သထုံခရိုင်တရားရုံးမှာ မနေ့က ညနေပိုင်းက အမှုစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အချုပ်သားတွေကို ရဲအချုပ်ကားတစီးနဲ့ ဈေးမသွယ်ထောင်ကို ခေါ်ဆောင်သွားပြီးနောက် ထောင်အဝင်ဝအရောက်မှာ ထွက်ပြေးသွားကြတာလို့ ထောင်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။

    “အဓိက လုံခြုံရေးအားနည်းတာကြောင့်ပေါ့။ ထောင်​အရှေ့ ကားလည်းရပ်ရော ခုန်ဆင်းပြီး ထွက်ပြေးကြတာ။ ရဲက အင်အားနည်းတော့ ပြန်ခုခံမှာ ကြောက်လို့ထင်တယ်။ ပစ်ခတ်ဖမ်းဆီးတာ မတွေ့ရဘူး။”

    ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေမှာ ခိုးဆိုးလုယက်မှုအပါအဝင် လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်ကြောင်းနဲ့ အချုပ်သား ၇ ယောက်အနက် ၃ ယောက်ကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။

    စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီလက်အောက်ခံ တပ်နဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့အဝင်အထွက်နေရာတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေမှာ ရှာဖွေပိတ်ဆို့ စစ်ဆေးနေကြောင်း မြို့ခံတွေထံက သိရပါတယ်။

  • ရခိုင်မှာ စကမစစ်တပ် လုံးဝ အသံမထွက်နိုင်

    ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း မြို့များစွာဆုံးရှုံး၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေသာမက တိုင်းစစ်ဌာနချုပ်တွေပါဆုံးရှုံး၊ ဒါတင်မက ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်ချုပ်တွေ သေသူသေ၊ အဖမ်းခံရသူခံရ ဖြစ်နေတဲ့အချိန်မှာ စစ်တပ် အသံမထွက်နိုင်ပါဘူး။ အခြေအနေလည်း အတော်ဆိုးသွားတာကိုး။

    ဒါပေမဲ့ တရုတ်ရဲ့ အကူအညီတွေရပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း နောင်ချို၊ မိုးဗြဲ၊ သပိတ်ကျင်းတို့ကို ပြန်သိမ်းနိုင်တဲ့အခါ လေသံနည်းနည်း ပြန်ကျယ်လာပါတယ်။ ဗန်းမော်ကို စစ်ကူသင်္ဘောတွေ ရောက်တဲ့အခါ၊ ဒေါနတောင်ကြောကို ကျော်နိုင်တဲ့အခါ၊ စစ်ကော်မရှင် (စကမ) ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်၊ ဘေဂျင်းက ပြန်လာတဲ့အခါ ပိုပြီးတော့ လေလုံးထွားလာပါတယ်။

    ဇူလိုင်လအတွင်း နောင်ချိုကို သိမ်းပြီးတော့ ကျောက်မဲ၊ သီပေါကို မကြာခင် သိမ်းမယ်လို့ ကြွေးကြော်ပါတယ်။ သပိတ်ကျင်းကိုလည်း ဆက်ရသွားတော့ သပိတ်ကျင်းဘက်က တကြောင်း၊ နောင်ချို၊ ပြင်ဦးလွင်ဘက်က တကြောင်း ထိုးပြီး မိုးကုတ်ကို သိမ်းမယ်ကြွေးကြော်ပါတယ်။ နောင်ချိုကို သိမ်းတာ ဇူလိုင်လကတည်းကပါ။

    ဩဂုတ်လမှာ ဂုတ်တွင်းကို ကူးပြီး ကျောက်မဲကို ထိုးစစ်ဆင်တဲ့တပ်တွေဟာ တတိတိ ရှေ့တိုး တိုက်ခိုက်နေပါတယ်။ အခု စက်တင်ဘာလဆန်းမှာ ကျောက်မဲနား တဖြည်းဖြည်း ကပ်နိုင်တော့ လေသံပိုကျယ်လာပါတယ်။

    နောင်ချို၊ မိုးကုတ်လမ်းအတိုင်း ချီတက်နေတဲ့ စကမ စစ်ကြောင်းကတော့ ရတနာသိင်္ဂီမိုင်းတွင်း အရောက် ဆက်မတက်ပါဘူး။ နောင်ချို၊ ဆမ္မဆယ်၊ သုံးဆယ်၊ ဒိုးပင်၊ ရတနာသိင်္ဂီ ကြားမှာ စကမ စစ်တပ်အတွက် မြေအနေအထားသာပေမဲ့ ရတနာသိင်္ဂီနဲ့ မိုးကုတ်ကြားကတော့ တောတောင်ထူထပ်ပြီး စကမ စစ်အုပ်စုအတွက် မြေအနေအထား အသာမရတဲ့အတွက် အလွယ်တကူ အရဲစွန့် မချီတက်ရဲကြပါဘူး။ တပ်အင်အားဖြည့်ဖို့ ပြင်ဆင်နေပုံရပါတယ်။ သပိတ်ကျင်းနဲ့ မိုးကုတ်ကြားမှာတော့ PDF တွေ ဖြတ်တောက်တိုက်ခိုက်ထားလို့ စစ်တပ် သိပ်အသံမထွက်ပါဘူး။

    နောက် ကရင်နီအစပ် မိုးဗြဲကိုလည်း စစ်တပ်ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ် (ပသစ) တွေ အသုံးပြုပြီး ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။ ဒီနောက် မိုးဗြဲ-လွိုင်ကော် ကားလမ်း ပြန်ဖွင့်နိုင်ခဲ့ပြီး ဒီးမော့ဆို၊ ဖရူဆိုဒေသတွေကို ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။ နယ်မြေစိုးမိုးနိုင်မှုက ပြောက်ကျားဒေသပုံစံဖြစ်နေတော့ စစ်တပ် အသံသိပ်ကျယ်ကျယ် မထွက်ရဲပါဘူး။

    နောက် ကရင်နီအစပ် မိုးဗြဲကိုလည်း စစ်တပ်ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ် (ပသစ) တွေ အသုံးပြုပြီး ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။ ဒီနောက် မိုးဗြဲ-လွိုင်ကော် ကားလမ်း ပြန်ဖွင့်နိုင်ခဲ့ပြီး ဒီးမော့ဆို၊ ဖရူဆိုဒေသတွေကို ထိုးစစ်ဆင်လာတာ တွေ့ရပါတယ်။ နယ်မြေစိုးမိုးနိုင်မှုက ပြောက်ကျားဒေသပုံစံဖြစ်နေတော့ စစ်တပ် အသံသိပ်ကျယ်ကျယ် မထွက်ရဲပါဘူး။

    ယခု စက်တင်ဘာလဆန်းထဲမှာ စကမ အုပ်စု အသံပြန်ထွက်လာတာက အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကြောကို ကျော်ပြီး မြဝတီကို ရောက်လာတာပဲ ဖြစ်ပါတယ်။ ဒေါနတောင်ကို ကျော်လာနိုင်တာနဲ့ မြဝတီတောင်ဖက် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေကို ပြန်သိမ်းမယ်လို့ လေသံကောင်း ဟစ်လာသလို ကော်သူးလေအိပ်မက်ကို ရိုက်ချိုးနိုင်ခဲ့ပြီလို့ လေးလုံးကြီးတာလည်း ကြားရပါတယ်။

    လွတ်လပ်ရေးရကတည်းက တိုက်နေရတဲ့ KNU ကို အခုထိ တိုက်မနိုင်တဲ့ စစ်တပ်ရဲ့ စိတ်ကူးအိပ်မက်တွေဟာ လက်တွေ့နဲ့ ဝေးပါသေးတယ်။ ဒါပေမဲ့ မြေပြင်မှာ စစ်ရေးအရ အသာစီးအချို့တလေ ရလာတာနဲ့ လေလုံးထွားကြတော့တာပါပဲ။

    စကမ စစ်အုပ်စုအား ကူညီကြခြင်း

    စစ်တပ် ပြိုလဲပြိုကွဲရင် တိုင်းပြည် ဗရမ်းဗတာဖြစ်မယ်ဆိုတဲ့အမြင်နဲ့ နိုင်ငံကြီးနှစ်ခုက စစ်အုပ်စုကို ချဉ်းကပ်ဆွေးနွေးပါတယ်။ အမေရိကန်က ကိုယ်စားလှယ်တွေနဲ့ စစ်အုပ်စု ကိုယ်စားလှယ်တွေ ဗီယက်နမ်မှာ တွေ့တယ်ဆိုတဲ့သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

    အမေရိကန်ရဲ့ ညှိနှိုင်းမှုမှာ အဓိက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေ လွှတ်ပေးဖို့၊ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းထားသူတွေထဲက တချို့ကို ဖြေလျှော့လွှတ်ပေးဖို့ ပါပါတယ်။ အမေရိကန်ရဲ့ ညှိနှိုင်းမှုမှာ နိုင်ငံရေးအရ အလျှော့အတင်းလုပ်ဖို့ ပါတဲ့အတွက် စစ်အုပ်စု အကြိုက်မတွေ့ပါဘူး။

    တရုတ်ကတော့ နိုင်ငံရေးတောင်းဆိုချက်ကို နောက်ထားပြီး စစ်အုပ်စု မပြိုကွဲဖို့ လိုအပ်တာအားလုံး လုပ်ပေးတဲ့အတွက် စကမ စစ်အုပ်ရဲ့ အကြိုက်ဖြစ်သွားပါတယ်။ လက်ရှိ မြန်မာစစ်တပ် ထူထူထောင်ထောင် ဖြစ်လာအောင် တရုတ်က အတော်လေး အားထည့်လုပ်ပေးရတယ်။

    မြန်မာစစ်တပ်ကို တရုတ်က နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အကူအညီပေးရုံသက်သက်နဲ့တောင် မရပါဘူး။ ကိုးကန့်အဖွဲ့ကို ဖမ်းဆီးခြိမ်းခြောက်ပြီး အတိုက်ရပ်ခိုင်းရပါတယ်။ လားရှိုးမြို့ကို အတင်းပြန်ပေးခိုင်းရပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကိုလည်း အပစ်ရပ်ဖို့ သိမ်းထားတဲ့မြို့တွေ စွန့်လွှတ်ဖို့ ဖိအားပေး ခြိမ်းခြောက်ရပါတယ်။

    ဒါ့ပြင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ခဲယမ်း၊ ငွေကြေးအကူအညီ မပေးဖို့၊ နယ်မြေအသုံးပြုခွင့်မပေးဖို့ နည်းမျိုးစုံသုံးပြီး တရုတ်တို့ ခြိမ်းခြောက် အကျပ်ကိုင်ထားတာ တွေ့နိုင်ပါတယ်။

    ဒါတင်မကဘဲ တရုတ်တို့ဟာ နယ်စပ်တိုင်းရင်းသားတပ်ဖွဲ့များရဲ့ ညီညွတ်မှုကို ဖြိုခွဲတဲ့အပြင် ပြည်မက နွေဦးတော်လှန်ရေးအင်အားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ အဓမ္မဖိအားပေးရပါတယ်။ ဒီလို တရုတ်တို့ ရုပ်ပျက်ဆင်းပျက် လုပ်နေရခြင်းမှာ အကြောင်းရှိပါတယ်။

    မြန်မာစစ်အုပ်စုကို အသက်ဆက်ဖို့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကူအညီပေးရုံ သက်သက်နဲ့ မရတော့လို့ ဖြစ်ပါတယ်။ မြောက်ပိုင်း တော်လှန်ရေးအင်အားစုအချို့ကို ဖိအားပေးခြိမ်းခြောက် အကျပ်ကိုင်မှသာ မြန်မာစစ်တပ် အသက်ရှူချောင်မယ့် အခြေအနေ ရောက်မှာဖြစ်လို့ပါ။

    ဒါကြောင့် လက်ရှိ တရုတ်တို့ ပါဝင်စွက်ဖက်ထားတာကြောင့် ဖြစ်ပေါ်တဲ့ အခြေအနေဟာ မြန်မာစစ်တပ် အသာစီးရတဲ့ အခြေအနေမှာ မရှိသေးပါဘူး။ တော်လှန်ရေးအင်အားစုများနဲ့ မြန်မာစစ်တပ်ကြား စစ်ရေးအရ သူမသာ ကိုယ်မသာ အခြေအနေရောက်အောင်တောင် တရုတ်တို့ အလွန်အမင်း အားစိုက်လုပ်ပေးထားတာကို တွေ့မြင်နိုင်ပါတယ်။

    ကချင် စစ်မျက်နှာ

    ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ဖားကန့်မှာ စစ်တပ်အင်အား အလုံးအရင်း စုစည်းထားတာ တွေ့နိုင်ပါတယ်။ ဗန်းမော်မြို့မှာ စစ်တပ်က အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) နဲ့ တပ်မ ၈၈ က တပ်တွေအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းတပ်တချို့ပါ စုစည်းပြီး အလုံးအရင်းနဲ့ ခုခံနေတာပါ။

    နားလုံ၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ မိုးမောက်၊ လွယ်ဂျယ်၊ ယောယုံ၊ စိန်လုံကဘာ၊ မန်ဝိန်း၊ မဒယန်၊ မန်စီ စတဲ့ မြို့တွေက ဆုတ်လာတဲ့ တပ်အားလုံးကို စုစည်းထားတဲ့အတွက် အင်အား ၂,၅၀၀ အထက် ရှိနိုင်ပါတယ်။ ဗန်းမော်မြို့ပေါ်မှာလည်း စကခ ၂၁ ဌာနချုပ်၊ ခြေလျင်တပ်ရင်းဌာနချုပ်တချို့နဲ့ သံချပ်ကာ၊ အမြောက်တပ်စတဲ့ လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်တွေ ရှိပါတယ်။ မြို့ကွက်လည်း ကျယ်ပါတယ်။

    ဩဂုတ်လ ၁ ရက်နေ့ စစ်ကူနဲ့ထောက်ပို့ ဗန်းမော် ရောက်လာပြီး တပ်မ ၁၀၁ က တပ်တချို့ပါ အင်းအားဖြည့်တယ်လို့ သိရပါတယ်။ ဒီနောက်မှာ ညာသံပေးပြီး ပြန်ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ ခြေလျင် ခလရ ၂၃၆၊ အမြောက်တပ် အမတ ၃၆၆ ၊ အမှတ် ၅၀၁၄ တင့်ကားတပ်တွေကို ပြန်ရတဲ့အခါ လေသံနည်းနည်း ပြန်ကျယ်လာပါတယ်။ ဗန်းမော်စစ်မျက်နှာမှာ စစ်တပ် ကြွားလုံးထုတ်နေပေမဲ့ အထိအခိုက်အဆုံးအရှုံး များနေသလို အရှုံးအနိုင်လည်း ယတိပြတ် မပြောနိုင်သေးပါဘူး။

    ဖားကန့်ဒေသမှာလည်း မူရင်း တပ်မ ၃၃ အပြင် စကခ ၃ ခေါ် တပ်မဟာ ၃၊ မပခ တိုင်းတပ်အချို့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်နေပါတယ်။

    ဖားကန့်မှာလည်း စစ်တပ်အင်အား ၂,၀၀၀ မှ ၂,၅၀၀ ကြား ရှိနိုင်ပါတယ်။ စစ်တပ်ကို ဖားကန့်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကချင် KPDF တပ်များ ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။ အင်အားဖြည့်တင်းပြီး ဖားကန့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်ဟာ သုံးလကြာမြင့်တဲ့အခါ စခန်းအချို့ ပြန်ရပေမဲ့ ရုန်းကန်နေရဆဲဖြစ်ပြီး တိုက်ပွဲတပွဲချင်းမှာလည်း အထိနာနေပါတယ်။

    KIA နဲ့ ပူးပေါင်းအင်အားတွေဟာ ဗန်းမော်မှာ နေရာယူစစ်နဲ့ ချေမှုန်းရေး တွဲစပ်တိုက်ခိုက်နေသလို ဖားကန့်မှာတော့ နေရာယူစစ်၊ ပြောက်ကျားစစ်နဲ့ ချေမှုန်းရေး တွဲစပ်တိုက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကချင်စစ်မျက်နှာမှာ နေရာတချို့ ပြန်ရတော့ အသံကောင်းဟစ်နေပါတယ်။ ထုံးစံအတိုင်း လိုင်ဇာ ပြန်သိမ်းမယ်ဆိုတာပါပဲ။ လိုင်ဇာနား ကပ်နေတုံးကတောင် လိုင်ဇာ မရောက်နိုင်တဲ့ စကမ စစ်အုပ်စုရဲ့ လိုင်ဇာအိပ်မက် ပြန်မက်လာတာ တွေ့ရပါတယ်။

    စကမ အသံလုံးဝ မထွက်သည့် ရခိုင်စစ်မျက်နှာ

    တကယ်တော့ စစ်အင်အားအများဆုံး သုံးထားပြီး ခံစစ်ကနေ ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာ ရခိုင်မှာ ဖြစ်ပါတယ်။ ရခိုင်မှာ အမ်း-ပဒါန်း-နတ်ရေကန် တောင်ကြား၊ ပြည်-ညောင်ကျိုး-တောင်ကြားနဲ့ ဂွ-ငသိုင်းချောင်း တောင်ကြားလမ်း သုံးနေရာအနက် တနေရာမှာ အနည်းဆုံး အင်အား ၁,၅၀၀ နဲ့အထက် အသုံးပြုပြီး အာရက္ခတပ်တော် (AA) ကို ခံစစ်ဆင်သလို ရရင်ရသလို ပြန်လည် ထိုးစစ်ဆင်နေတာကို တွေ့ရပါတယ်။

    ဒါ့ပြင် ကျောက်ဖြူနဲ့ စစ်တွေမြို့တိုင်းမှာ ရေတပ်က စစ်သင်္ဘော ၁၀ စီးခန့်စီနဲ့ စစ်အင်အား အနည်းဆုံး ၂,၅၀၀ အထက် အသုံးပြုထားပါတယ်။ ကျောက်ဖြူမှာ ပြန်လှန်ထိုးစစ် အဆက်မပြတ်ပြုလုပ်နေပြီး စစ်တွေမှာ အဓိက ခံစစ်ပြင်ကာ ပြန်လည် ထိုးစစ်ဆင်မယ်လို့ ခြိမ်းခြောက်နေတာကို တွေ့ရပါတယ်။

    နတ်ရေကန်၊ ညောင်ကျိုး၊ ဂွ-ငသိုင်းချောင်း စတဲ့ တောင်ကြားလမ်းသုံးခုနှင့် တိုက်ပွဲပြင်းထန်ပါတယ်။ အကြိမ်ကြိမ် ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ ပြန်လန်ကျပြီး အစုလိုက်အပြုံလိုက်သေကာ အထိနာနေပါတယ်။ AA တပ်တွေက တဖြည်းဖြည်း ရှေ့တိုးလားနေပါတယ်။

    အလားတူ ကျောက်ဖြူစစ်မြေပြင်မှာလည်း စစ်မျက်နှာသုံးခု ဖြန့်ခွဲပြီး ထိုးစစ်ဆင်နေတဲ့ စစ်တပ် အကြိမ်ကြိမ် တပ်လန်ကျပြီး အထိနာနေပါတယ်။ စစ်ကြောင်းလိုက် ပြုတ်နေတာတွေလည်း တွေ့နေရပါတယ်။ စစ်တွေမှာ စစ်တပ် အသံပေးနေပေမဲ့ မစရဲသေးပါဘူး။ AA က တဖြည်းဖြည်းချင်း ရှေ့တိုးပြီး နေရာယူနိုင်နေပါတယ်။ AA ဟာ နေရာယူစစ်နဲ့ ချေမှုန်းရေးကို အကောင်းဆုံး တွဲစပ်တိုက်ခိုက်နေတာ တွေ့ရပါတယ်။

    ကျန်တဲ့စစ်မျက်နှာတွေက နေရာတချို့ကို စကမ အုပ်စု ပြန်လည် ထိန်းချုပ်နိုင်တာရှိပေမဲ့ ရခိုင်စစ်မျက်နှာမှာတော့ ယခုအချိန်ထိ စကမ အုပ်စု ပြန်လည်သိမ်းပိုက်နိုင်တာ တနေရာမှ မရှိသေးဘဲ တက်ထိုးလိုက်၊ လန်ကျလိုက်၊ အတုံးအရုံး သေလိုက်ပါပဲ။ ဒါ့ပြင် စခန်းတခုပြီးတခု ထပ်မံ လက်လွှတ်နေရတာ တွေ့နေရပါတယ်။

    စစ်တပ် လေလုံးထွားမှု

    စစ်တပ် လေလုံးထွားတဲ့ နေရာတွေကတော့ မြို့နဲ့ စခန်းတွေ သိမ်းရတဲ့ ရှမ်းမြောက်၊ ကရင်နီရှိ မိုးဗြဲ၊ ဒီးမော့ဆို၊ ကရင်ရှိ မြဝတီ အာရှလမ်းဖြစ်ပါတယ်။ ဒုတိယ အသံထွက်နေတာက ကချင်စစ်မျက်နှာပေဆိုပေမဲ့ သူတို့ မျှော်လင့်သလို ဖြစ်မလာသေးပါဘူး။ စစ်တပ် လုံးဝ အသံမထွက်နိုင်တာကတော့ ရခိုင်စစ်မျက်နှာပါပဲ။

    စစ်တပ်က ပထမ လေလုံးကတော့ သူတို့ဟာ သာလွန်တဲ့အင်အားကို စုစည်းနိုင်ခဲ့တယ်ဆိုတဲ့ လေလုံးပါ။ စစ်တပ်ဟာ ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ တိုက်ပွဲတွေမှာ စုစည်းအသုံးပြုတဲ့ အင်အားဟာ ၁,၇၀၀ ထက်မပိုသလို ကရင်ပြည်နယ်၊ အာရှလမ်းမမှာလည်း ၁,၅၀၀ ထက် မပိုပါဘူး။

    ကရင်နီမှာလည်း အင်အား ၁,၀၀၀ ထက် မပိုပါဘူး။ ဒါပေမဲ့ စစ်တပ်ဟာ သူတို့ အင်အား အဆမတန် သာလွန်နေသလို ဆိုက်ဝါးထည့်ပြီး လေလုံးထွားပါတယ်။ ယုံတဲ့သူလည်း ယုံကြပါတယ်။ လက်တွေ့မှာ ရခိုင်နဲ့ ကချင်စစ်မျက်နှာတွေမှာ အင်အားအများဆုံးပါ။ ကချင်မှာ စစ်တပ် အသံသိပ်မထွက်နိုင်တာ၊ ရခိုင်မှာ လုံးဝ အသံမထွက်တာကတော့ သူတို့ အနိုင်မရ၊ အသာမရလို့ပါ။

    နောင်ချို၊ မိုးဗြဲ၊ အာရှလမ်းတွေမှာ စစ်တပ်ရဲ့ လေလုံးကတော့ နည်းပညာမြင့်ဒရုန်း၊ ညဘက်မှာပါ ရန်သူလှုပ်ရှားမှု မြင်ရတယ်ဆိုတဲ့ ဒရုန်းတွေပါ။ ဒီလို အဆင့်မြင့်ဒရုန်းတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) တွေ၊ PDF တွေ အတုန်းအရုန်းသေပြီး နာလန်မထူတော့တဲ့အကြောင်း လေလုံးထွားသလို ဆိုက်ဝါးထည့်ပါတယ်။

    ဒါပေမဲ့ သူတို့ဒရုန်းတွေဟာ ရခိုင်မှာ အစွမ်းထက်ကြောင်း စစ်တပ်က မကြွားရဲပါဘူး။ ဒရုန်းတွေ သုံးနေတဲ့ကြားက အရှုံးတွေဆက်နေတဲ့အပြင် AA တပ်ဖွဲ့တွေက ဒရုန်းတွေပစ်ချ၊ သိမ်းဆည်းရမိတဲ့ သတင်းတွေတောင် တက်နေပါတယ်။ အဆင့်မြင့်ဒရုန်းတွေ သုံးနေပေမဲ့ နိုင်ပွဲမရတဲ့အတွက် ကြွားလုံးမထုတ်ရဲပါဘူး။

    စစ်တပ်က နောင်ချိုကို သိမ်းပြီး‌ ဂုတ်တွင်းကျော်ကာ ကျောက်မဲထိုးစစ်စကတည်းက ရှမ်းမြောက်ကို သေနင်္ဂဗျူဟာအရ ခြိမ်းခြောက်ပြီလို့ ဝါဒဖြန့်ပါတယ်။ တကယ်တော့ မိုးမိတ်၊ မိုးကုတ်ကိုတောင် မကပ်နိုင်သေး။

    မူဆယ်နဲ့ လားရှိုးမှာလည်း ပိတ်မိနေတဲ့ စစ်တပ်ဟာ ရှမ်းမြောက်မှာလည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အလားတူ မြဝတီ အာရှလမ်း မသိမ်းနိုင်တာနဲ့ ကော်သူးလေအိပ်မက် ရိုက်ချိုးနိုင်ပြီလို့ လေလုံးထွားပါတယ်။ အာရှ လမ်းမရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို စိုးမိုးဖို့အသာထား၊ အာရှလမ်းမ လုံခြုံရေးကို တာဝန်ယူဖို့တောင် အတော်ကြိုးစားရဦီးမှာ ဖြစ်ပါတယ်။

    ဒါပေမဲ့ စစ်တပ်က အောင်မြင်မှုအနည်းငယ်ရတာနဲ့ ဆိုက်ဝါးထည့်ပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ပါတယ်။ ယုံတဲ့သူလည်း ယုံကြတယ်။ တချို့ ကြောက်စိတ်ပေါ်နေပုံရတယ်။

    ကချင်စစ်မျက်နှာမှာ ဗန်းမော်မြို့ရဲ့ တချို့နေရာတွေ ပြန်လည် ထိန်းချုပ်နိုင်ပြီဆိုပေမဲ့ တမြို့လုံးကို ပြန်မထိန်းချုပ်နိုင်သေးသလို လေယာဉ်ကွင်းကို အသုံးပြုနိုင်တဲ့အထိ မထိန်းချုပ်နိုင်သေးပါဘူး။

    ရခိုင် စစ်မျက်နှာ

    ဒါ့ပြင် ဒီလိုအခြေအနေမှာ စစ်တပ်ဟာ ရှမ်းမြောက်၊ ကရင်နီ၊ ကချင်နဲ့ ကရင်မှာပဲ ထိုးစစ်ဆင်နေသလိုမျိုး ဆိုက်ဝါးထည့်ထားပါတယ်။ တချို့လည်း အဲသလို ထင်နေကြပုံရပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်ထဲမှာ စစ်အင်အား အများဆုံးသုံးပြီး ထိုးစစ်ဆင်နေတာ ရခိုင်ဖြစ်ပါတယ်။

    စစ်တပ်ဟာ ရခိုင်မှာ အောင်ပွဲသေးသေးလေးဖြစ်ဖြစ် အရမ်းလိုချင်နေတာပါ။ နေပြည်တော် သတင်းအရင်းအမြစ်တွေအရ ရခိုင်စစ်မျက်နှာမှာ လိုအပ်တဲ့၊ စစ်အင်အား၊ ဒရုန်းအပါအဝင် စစ်လက်နက်ပစ္စည်း၊ စစ်ကူပစ်ကူ ပေးဖို့ဆိုတာ စစ်တပ်ရဲ့ ပထမဦးစားပေးလို့ ဆိုပါတယ်။

    စစ်တပ်ဟာ ရခိုင်မှာ အောင်ပွဲသေးသေးလေးဖြစ်ဖြစ် အရမ်းလိုချင်နေတာပါ။ နေပြည်တော် သတင်းအရင်းအမြစ်တွေအရ ရခိုင်စစ်မျက်နှာမှာ လိုအပ်တဲ့၊ စစ်အင်အား၊ ဒရုန်းအပါအဝင် စစ်လက်နက်ပစ္စည်း၊ စစ်ကူပစ်ကူ ပေးဖို့ဆိုတာ စစ်တပ်ရဲ့ ပထမဦးစားပေးလို့ ဆိုပါတယ်။

    ဒါပေမဲ့ ရခိုင်စစ်မျက်နှာမှာ စစ်တပ် အသံမထွက်နိုင်ပါဘူး။ စစ်အင်အားအလုံးအရင်း သုံးတာလည်း မပြောနိုင်ပါဘူး။ ဒရုန်းတွေ အဆင်မြင့်တာလည်း မကြွားနိုင်ဘူး။ စစ်တပ်ရဲ့ ထိုးစစ်ဟာ တနေရာပြီးတနေရာ ရှေ့ဆက်ပြီး အောင်ပွဲရမယ်လို့လည်း ကြွားလုံးမထုတ်ရဲပါဘူး။ သေနင်္ဂဗျူဟာအရ ရခိုင်ကို အသာစီးရပြီလို့ မဆိုရဲကြပါဘူး။ အကြောင်းကတော့ စစ်မြေပြင်မှာ အနိုင်မရဘဲ ရှုံးပွဲတွေ့နေလို့ပါ။

    စစ်တပ် ကြွားလုံးမထုတ်နိုင်တဲ့ ရခိုင်က စစ်အောင်နိုင်ခြင်း အကြောင်းအချက်တွေကို လေ့လာကြဖို့ လိုပါလိမ့်မယ်။ သာမန်စစ်ဗျူဟာ သက်သက်ကြောင့်သာ မဟုတ်ဘဲ သူတို့တတွေ တလျှောက်လုံး တည်ဆောက်၊ ပြင်ဆင်၊ လေ့ကျင့်၊ စုဖွဲ့ပုံများနဲ့ AA ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း လက်ရှိအောင်ပွဲများအတွက် အရေးပါလိမ့်မယ် ထင်ပါတယ်။

    ✍ဇေယျ (အညာ)

  • ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန်  စုစုပေါင်း ၄၈၉ ဦး  မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့

    ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့

    ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်းအင်အား ၄၈၉ ဦး ပြောင်းရွှေ့ လာကြောင်း ကြံခိုင်ရေးပါတီ သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး စစ်ရုံးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်အရာရှိကြီးအဆင့်မှ အရာရှိငယ်အဆင့်အထိ အရာရှိများ၊ အောက်ခြေအဆင့်တွင်မူ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအဆင့်များကိုပါ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့ခိုင်းနေကြောင်း သိရှိရသည်။

    စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဒုဗိုလ်ချုပ်ကြီး ၆ ဦး ၊ ဗိုလ်ချုပ် ၁၂ ဦး၊ ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး ၃၀၀ ဦး ၊ ဗိုလ်ကြီးနှင့်ဗိုလ်မှူး ၁၁၀ ဦး၊ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအထိ အခြားအဆင့် ၆၀ ဦး စုစုပေါင်း ၄၈၉ ဦးကို ကြံ့ဖွတ်ပါတီသို့ စစ်ခေါင်းဆောင်က ပြောင်းရွှေ့စေခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

    “အောင်လင်း‌ဒွေးနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ၃ ယောက် ၊ ဒုတိယဗိုလ်ချုပ်ကြီး ၆ ယောက်ကတော့ အတည်ပြုပြီ။ အမည်စာရင်း List ကတော့ ထွက်နေပြီ။ ထူးချုပ်မှာရော စာရင်းချုပ်ရုံးမှာရော စစ်ရာထူးခန့်ချုပ်ရုံးမှာရော ထွက်နေပြီ။ ဒီ စက်တင်ဘာလထဲမှာပဲ အပြီးသတ် ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။ ဒါတွေကတော့ စာရွက်စာတမ်းရဖို့ အတော်လေး ခဲယဉ်းတယ် ။ စစ်ရာထူးခန့်ချုပ်နဲ့ စာရင်းချုပ်ရုံးကပဲ ထုတ်ပြန်မယ့် ရုံးတွင်း အမိန့်တွေ ဖြစ်တဲ့အတွက် Documents ရဖို့ကတော့ အတွင်းပိုင်းက အဖွဲ့တွေနဲ့ ထပ်ပြီးတော့ ချိတ်ဆက်ရဦးမှာပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ကြံ့ခိုင်ရေး ပါတီသတင်းရင်းမြစ်ကမူ ​စစ်တပ်မှ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့လာသော စစ်အရာရှိများ၏ စာရင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ဆုံးအတည်ပြု ပြီးမှ ရောက်ရှိလာခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ ခင်ရီ ခေါင်း ဆောင်သော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်ခံပေးရကြောင်း၊ အရေအတွက် အတိအကျ မသိရှိရသော်လည်း မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် စစ်တပ်မှ ပြောင်းရွှေ့လာသော စစ်အရာရှိဟောင်းများအတွက် မဲဆန္ဒနယ်များ ချန်ထားပေးရကြောင်း သိရှိရသည်။

    ” ပြောင်းရွှေ့လာတဲ့ ဗိုလ်ချုပ်စာရင်းတွေဘေးမှာ ပြိုင်မယ့် မဲဆန္ဒနယ်နဲ့ ပြိုင်မယ့် လွှတ်တော်ပါ တစ်ခါတည်းပါပါတယ်။ အဲဒါတွေက ပါတီဘက်က မဖြစ်မနေ ဖယ်ပေးရပါတယ်။ တပ်ချုပ်အတည်ပြုပြီးလာတာမို့ ဒီဘက်ကလည်း မဖြစ်မနေ လက်ခံရတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    ကြံ့ခိုင်ရေးပါတီက လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံရေးပါတီနှင့်မှ ရွေးကောက်ပွဲတွင် မဟာမိတ်လုပ်မည်မဟုတ်ဘဲ မဲဆန္ဒနယ်အားလုံးအနိုင်ရရှိအောင် ယှဉ်ပြိုင်သွားမည်ဟု မူဝါဒ ချမှတ်ထားကြောင်း သိရှိရသည်။