AA ၏ ပစ်ခတ်မှုကြောင့် နတ်ရေကန်စစ်တပ်စခန်းမှ ခမရ ၁၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး၊ ခမရ ၁၄ မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးထက်မနည်းသေဆုံး
Category: News
-

သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေက ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ဒေသခံ လေးဦးကို ပစ်သတ်
မြင်းခြံမှာ စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေက ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ဒေသခံ လေးဦးကို ပစ်သတ်
-

တမူး၊ နမ့်မွန်းတားရွာကို လာတိုက်သည့် စစ်တပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီးဆုတ်ခွာထွက်ပြေး
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည်။
နမ့်မွန်းတားရွာတွင်ဩဂုတ်လ ၅ ရက် နေ့လယ်မှစ၍တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်စစ်ကြောင်းသည် နာရီပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခံခဲ့ရပြီး ည ၁၀ နာရီခန့်တွင်မှ ပြန်လည်ဆုတ်ခွာထွက် ပြေးသွားခြင်းဟု မြေပြင်သတင်းရင်းမြစ်ကပြောသည်။
“တိုက်ပွဲကတစ်နေ့ခင်းလုံးဖြစ်တယ်။ ည ၇ နာရီလောက်မှာရွာက ဘုရားကျောင်းထဲကို ဝင်သွားတော့ PDFတွေက ဝိုင်းပိတ်တိုက်တာ။ စကစဘက်က သေတာတွေရှိတယ်။ ကိုယ့်ဘက့်(PDF ဘက်)က လုံးဝအထိခိုက်မရှိဘူး”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။
နမ့်မွန်းတားရွာသည်ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့ နှင့် ၁၂ မိုင်အကွာ၌ရှိသည်။
နမ့်မွန်းတားရွာနှင့် တမူးမြို့ကြား ပန်းသာရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ဇူလိုင်လ ၁၆ ရက်ကလည်းပန်းသာရွာမှစစ်တပ်နှင့် ပျူစောထီးစစ်ကြောင်းက ခမိတ်ရွာကိုလာရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။
နမ့်မွန်းတားရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
မြေပြင်သတင်းရင်းမြစ်အချို့၏ပြောကြားချက်အရ စစ်သားအလောင်းနှစ်လောင်း နှင့် သေနတ် ၄ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
တမူးမြို့တွင်ပန်းသာရွာ၊မင်းသာရွာအပြင်နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့်မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။
Photo: တမူးဒေသမှ PDF တပ်ဖွဲ့ဝင်များ
-

မြန်မာပလာဇာကားပါကင်၌ဓားထိုးခံရမှု လုပ်ကြံခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူပြော
မြန်မာပလာဇာကားပါကင်၌ဓားထိုးခံရမှု လုပ်ကြံခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူပြော

