Category: News

  • အစိုးရအဖွဲ့ ရာထူးယူထားသူများ လက်ရှိတာဝန်များမှ အနားမယူဘဲ မဲဆွယ်စည်းရုံး ရွေးကောက်ပွဲ ဝင်ကြမည်

    အစိုးရအဖွဲ့ ရာထူးယူထားသူများ လက်ရှိတာဝန်များမှ အနားမယူဘဲ မဲဆွယ်စည်းရုံး ရွေးကောက်ပွဲ ဝင်ကြမည်

    ကြံ့ဖွတ်မှ တစ်ဆင့် ရွေးကောက်ပွဲဝင်ကြမည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်း အပါအဝင် အစိုးရအဖွဲ့ ရာထူးယူထားသူများ လက်ရှိတာဝန်များမှ အနားမယူဘဲ မဲဆွယ်စည်းရုံး ရွေးကောက်ပွဲ ဝင်ကြမည်

    ကြံ့ဖွတ်မှ တစ်ဆင့် ရွေးကောက်ပွဲဝင်ကြမည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်း အပါအဝင် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းအစိုးရအဖွဲ့များတွင် ရာထူးရယူထားသူများမှာ လက်ရှိတာဝန်များမှ အနားမယူဘဲ မဲဆွယ်စည်းရုံးရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်တပ်နှင့်အရပ်ဘက်အရာရှိများဖြစ်ကြသည့် ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့ အပါ အဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့က ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် အရပ်ဘက်ရာထူးတာဝန်များမှ အနားယူခြင်းမရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

    “ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေမှာလက်ရှိ တာဝန်ယူထားတဲ့ သူတွေက ရာထူးတာဝန်တွေမှာပဲ ဆက်လက် တာဝန်ထမ်းဆောင်ရင်းပဲ မဲဆွယ်စည်းရုံး ရွေးကောက်ပွဲဝင်ကြမယ်လို့ ပါတီရဲ့ အောင်နိုင်ရေး အစည်းအဝေးတွေမှာ အသိပေးလာပြီ။ အဲဒါကြောင့် အစိုးရအဖွဲ့ တာဝန်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ကိုယ်စားလှယ်လောင်းအတွက် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တာဝန်ရှိသူတွေက အောင်နိုင်ရေးကို ပိုပြီး အားစိုက်ကြိုးစားပေးကြဖို့ အသိပေးတိုက်တွန်းတယ်ဆိုပြီး ပါတီဝင်တွေကို လမ်းညွှန်ပါတယ်။ အောင်နိုင်ရေးအတွက် အခြေခံ ရပ်/ကျေးက စပြီး မြို့နယ်၊ ခရိုင်အားလုံး ပါဝင် ပူးပေါင်းဆောင်ရွက်ဖို့ စာလည်း ထွက်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆိုသည်။

    အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်အရာရှိချုပ် အောင်လင်းဒွေး နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ် တာဝန်ယူထားသော ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်လည်းကောင်း၊ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး တာဝန်ယူထားသော မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်မှ လည်းကောင်း ၊ သမ္မတရုံးဝန်ကြီး တာဝန်ယူထားသော တင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့တွင် အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ပဲခူးမြို့မဲဆန္ဒနယ်မှလည်းကောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်က ကချင်ပြည်နယ်လွှတ်တော်အတွက် မြစ်ကြီးနားမြို့ မဲဆန္ဒနယ်မှလည်းကောင်း အခြားသော ပြည်နယ်/တိုင်းဝန်ကြီးများမှာလည်း လက်ရှိ ရာထူးတာဝန်များဖြင့်ပင် မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

    ကြံ့ဖွတ်ပါတီမှတစ်ဆင့် အရပ်ဘက်နှင့်စစ်ဘက်မှ အရာရှိကြီးများမှာ မဲဆွယ်စည်းရုံးရေးအတွက် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့၊ ကိုယ်ပိုင်မဲဆွယ်စည်းရုံးရေးအဖွဲ့၊ ကိုယ်ပိုင်ရုံးအဖွဲ့များဖြင့် ရွေးကောက်ပွဲဝင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

  • ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် စီတန်းလှည့်လည်ခွင့် ပိတ်

    ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် စီတန်းလှည့်လည်ခွင့် ပိတ်

    စစ်ကော်မရှင် ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် စီတန်းလှည့်လည်ခွင့် ပိတ်ပင်ခံရ

    စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လုံခြုံရေးကြောင့် စီတန်းလှည့်လည်ခွင့် မရှိပေမယ့် စည်းကမ်းချက်နဲ့အညီ လူစုလူဝေးနဲ့ စည်းရုံးလို့ရတယ်လို့ ကော်မရှင်နဲ့ ပါတီတချို့ကနေ သိရပါတယ်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုတယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာထားတာပါ။

    မဲဆွယ်ကာလအတွင်း ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

    မွန်တိုးတက်ရေးပါတီခေါင်းဆောင်တစ်ဦးက လူစုလူဝေးနဲ့ ကွင်းပြင်တစ်နေရာရာမှာ စုရုံး ဟော ပြောတာကို ခွင့်ပြုပြီး စီတန်းလှည့်လည်တာကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ခွင့်မပြုဘူးလို့ ပြောပါတယ်။

    “မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ လူစုလူဝေးလုပ်မယ်ဆိုရင် ရတယ်လေ။ ကွင်းပြင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့၊ အဲဒီမှာ လူစုမယ် စုပြီးတော့ ကိုယ့်ဟာကို ပြန်သွားကြမှာပေါ့၊ အဲဒီလိုမျိုးဆို ရတယ်။ စီတန်းလှည့်လည်တာကျတော့ အလံတွေ ခေါင်းပတ်တွေ ဘာတွေနဲ့ ဝတ်စုံပြည့်တော့ မရဘူးပေါ့။ အဲဒါတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ပေါ့။ခါတိုင်းလိုတော့ အဲဒီဟာတစ်ခုပဲ (စီတန်းလှည့်လည်တာ) ထူးခြားတာပါ။ကျန်တဲ့ဟာ ရတာပေါ့”လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတချို့က သာသနာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေအတွင်း လူစုလူဝေးနဲ့ စည်းရုံးခွင့်ရဖို့ ကော်မရှင်ကို တင်ပြခဲ့ပေမယ့် အတိအကျတော့ အဖြေမရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

    ရွေးကောက်ပွဲဥပဒေပါ ပုဒ်မ ၃၀-က အရ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ ခွင့်ပြုချက်နဲ့ သတ် မှတ်တဲ့ နေရာနဲ့အချိန်မှာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းအပြင် မီဒီယာတွေကတဆင့် ကော်မရှင်ခွင့်ပြုချက်နဲ့ စည်းရုံးနိုင်တယ်လို့ ပြဌာန်းထားတာပါ။

    ဒါ့အပြင် သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်း အမိန့်ညွန်ကြားချက် လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ရေးသားပုံနှိပ်ထုတ်ဝေ စည်းရုံးခြင်းကို ခွင့်ပြုပေမယ့် စီတန်းလှည့်လည်ခွင့်ကိုတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။

    ဒီအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ စုဝေးဟော ပြောမယ့်အစီအစဉ် အကြောင်းအရာနဲ့ ဟောပြောမယ့်ပုဂ္ဂိုလ်ရဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှာ လျှောက်ထားရမှာပါ။

    မွန်ညီညွတ်ရေးပါတီကတော့ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး လာမယ့်ရက်ပိုင်းအတွင်း ပါတီအစည်းအဝေးပြီးမှသာ ပြောလို့ရနိုင်မယ်လို့ ပြောပါတယ်။

    နည်းဥပဒေမှာတော့ လျှောက်ထားချက်ကို ခွင့်ပြုပေးတဲ့အခါ အစိုးရရုံးတွေ စက်ရုံအလုပ်ရုံနဲ့ အလုပ်ဌာနတွေ သာသနာရေးနဲ့ ဆိုင်တဲ့ နေရာတွေ စာသင်ကျောင်းတွေနဲ့ ပြည်သူ့ဆေးရုံတွေ စတဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို အနှောင့်အယှက် မဖြစ်စေဖို့ ဆောင်ရွက်ပေးရမယ်လို့ ဖော်ပြပါတယ်။

    ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းနဲ့ပတ်သက်ပြီး အဆောက်အအုံတွေ ခန်းမတွေနဲ့ ကွင်းတစ်ခုခုတို့မှာ စုဝေးဟောပြောခြင်းပြုလုပ်ရာမှာ ဝင်ဆံ့တဲ့ အရေအတွက်ထက် မကျော်လွန်စေရဘူးလို့ ဆိုပါတယ်။

    မဲဆွယ်စည်းရုံးရေးအတွက် စုဝေးဟောပြောပွဲ လာရောက်တဲ့အခါမှာ ဖြစ်စေ ဟောပြောပွဲပြီးဆုံးလို့ ပြန်လည်ထွက်ခွာတဲ့အခါမှာ ဖြစ်စေ လူစုလူဝေးနဲ့ ကြွေးကြော်ချီတက်ခြင်း မပြုလုပ်ရဘူးလို့ နည်းဥပဒေမှာ စည်းကမ်းချက် သတ်မှတ်ထားတာပါ။

    မွန်တိုးတက်‌ရေးပါတီခေါင်းဆောင်ကတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ ခွင့်ပြုချက်နဲ့ ကွင်းထဲမှာ စုဝေးဟောပြောတဲ့အချိန်ကျမှသာ ပါတီနဲ့ သက်ဆိုင်တဲ့ အလံထောင်ခွင့် ဝတ်စုံတွေ ဝတ်ခွင့်ရှိတယ်လို့ ပြောပါတယ်။

    “အဲဒီမှာတော့ ခါတိုင်းလိုပဲပေါ့ ခန့်မှန်းအချိန် ခန့်မှန်းလူဦးရေ ပြီးလို့ရှိရင် ဘယ်ကွင်း အဲဒါဆိုရင် သူတို့ လုံခြုံရေးယူပေးမယ်။ လာတဲ့အချိန်ကျရင်တော့လည်း ကိုယ့်ဟာကိုယ် အရပ်ဝတ်တွေနဲ့လာ ပြီးလို့ရှိရင် အဲဒီမှာ ကိုယ်ဝတ်ချင်ရာဝတ် အလံတွေ ဘာတွေထောင်ပြီးတော့ ဟောချင်တာဟော (သတ်မှတ်ချက်နဲ့အညီ) ပြီးလို့ရှိရင်တော့လည်း ပြန်လည်ထွက်ခွာတဲ့အခါကျ အဲဒါတွေ အကုန်သိမ်းသွားရမယ်။လမ်းမှာ အလံတွေ ဘာတွေ ထောင်လို့ မရဘူးပေါ့၊ အဲဒီသဘောမျိုးပါ”လို့ ဆိုပါတယ်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ မဲဆွယ်စည်းရုံးရေးအတွက် ဟောပြောတဲ့အခါ တို့တာဝန်အရေး(၃)ပါးနဲ့ တပ်မတော်ပြိုကွဲရေးကို ထိခိုက်စေတဲ့ ဟောပြောမှုနဲ့ နိုင်ငံတော်ကို အကြည် ညိုပျက်စေအောင် ဟောပြောမှုတွေကို တားမြစ်ထားတာပါ။

    ဒါ့အပြင် လူမျိုးရေး ဘာသာရေး ဒါမှမဟုတ် လူအများနဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ ဟောပြောမှုနဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြအောင် သွေးထိုးလှုံ့ဆော် ဟောပြာမှု စတဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်မှု မပြုလုပ်ရဘူးလို့ အသိပေးထားပါတယ်။

  • Emika Shirakami

    Emika Shirakami

    ငယ်ငယ်ကဆို လက်မောင်းအတူလှဲနေကျ ညီမလေးက အပျိုပေါက်လေးရောက်လာတော့ မထိခလုတ် ထိခလုတ် အတွင်းခံတွေ လှန်လှန်ပြပြီး စပါတယ်

    အစ်ကိုကလည်း အတွင်းခံတွေမြင်နေရတော့ စိတ်တွေမထိန်းနိုင်လောင်တွေတီးပြီး ညီမကို ကြုံးပါတော့တယ်

  • ဦးကိုကိုကြီး လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်မည်

    ဦးကိုကိုကြီး လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်မည်

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်လည်းဖြစ်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီး အနေနဲ့ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်အရွေးခံသွားမယ်လို့ သိရပါတယ်။

    စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၁၉ ရက်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာမှာ ဦးကိုကိုကြီးလည်း အဲဒီအထဲမှာ ပါတယ်လို့ သိရပါတယ်။

    ဦးကိုကိုကြီးက “ပါပါတယ်ဗျ။ အတည်ပြုပြီးပါပြီ။ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းပါခင်ဗျ” လို့ ပြောပါတယ်။

    ဦးကိုကိုကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီကနေ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပြီး NLD က ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ပါဘူး။

    အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ပြည်သူ့ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပေမဲ့ ၂ ဒသမ ၇၄ ရာခိုင်နှုန်းသာ မဲရခဲ့လို့ ရှုံးနိမ့်ခဲ့ရပါတယ်။

    လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ အမတ်ဟောင်းဖြစ်တဲ့ ဒေါ်စန္ဒာမင်းနဲ့ ဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်တို့လည်း ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့ မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်ဖို့ ရှိနေပါတယ်။

    ဒေါ်စန္ဒာမင်း အနေနဲ့ လသာမြို့နယ်ကနေ တသီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ ပြိုင်မှာဖြစ်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကတော့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်သွားမယ်လို့ သိရပါတယ်။

    ဒေါ်သက်သက်ခိုင်က “ကျမအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ UEC ထံက တရားဝင်ခွင့်ပြုချက် ရရှိပြီဖြစ်ပါတယ်ရှင့်” လို့ ဆိုပါတယ်။

    ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီက လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၅၁၂ ယောက် အမည်စာရင်းတင်သွင်းထားပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မဲဆန္ဒနယ် အားလုံး ဝင်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီကဦးဆောင်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲတွင် စစ်တပ်သဘောမကျသည့် ရလဒ်မျိုးထွက်လို့မရဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သတိပေးလိုက်သည်။

    “(စစ်တပ်ကလုပ်ပေးမယ့်) ဒီရွေးကောက်ပွဲရလဒ်ဟာ လက်ရှိအာဏာရယူထားတဲ့ တပ်မတော်နဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မယ့် ရလာဒ်မျိုးဖြစ်လို့မရဘူး” ဟု ၎င်းက နေပြည်တော်တွင် မတ်လ ၂၄ ရက်နေ့က Myanmar Hard Talk သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

    တိုင်းပြည်တွင်လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ်နှင့် ပဋိပက္ခများသည် “တပ်မတော်နဲ့လက်တွဲပြီးတော့ ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်”ဟုလည်း ၎င်းကဆိုသည်။

    စစ်ကောင်စီက ၎င်းတို့ဦးဆောင်မည့် ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာနှောင်းပိုင်း(သို့မဟုတ်) ၂၀၂၆ ဇန်နဝါရီအစောပိုင်းတွင် ကျင်းပမည်ဟု ကြေညာထားသည်။

    ဦးကိုကိုကြီးသည် ထိုရွေးကောက်ပွဲကို ဝင်ပြိုင်ရန် သဘောတူပြီး သူ၏ပြည်သူ့ပါတီကိုလည်း စစ်ကောင်စီထံတွင် မှတ်ပုံတင်ထားသည်။

    ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူများအနက် ဦးကိုကိုကြီးအပါအဝင် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များဖြင့် ၂၀၁၈ တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၄၄ နေရာဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှအနိုင်မရခဲ့ပါ။

    ပြည်သူ့ပါတီသည် ၂၀၂၃ တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံတွင် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး စစ်တပ်ဦးဆောင်မည့် ရွေးကောက်ပွဲကိုထောက်ခံကြောင်းလည်း ကြေညာထားသည်။

    သို့သော် ထိုရွေးကောက်ပွဲသည် ပြည်တွင်းစစ်နှင့်နိုင်ငံရေးအကျပ်အတည်းကို ချက်ချင်းပြေလည် စေမည်ဟု မယုံကြည်ဘဲ စစ်ခေါင်းဆောင်လက်ထဲချုပ်ကိုင်ထားသည့် အာဏာများကို လွှတ်တော်နှင့် အစိုးရသစ်လက်ထဲ ခွဲဝေသည့်စနစ်ဖြစ်ရန် မျှော်လင့်ကြောင်း ပါတီခေါင်းဆောင် ဦးကိုကိုကြီးက မကြာခဏပြောဆိုထားသည်။

    စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲကို ဆန့်ကျင်သူများကိုလည်း ဦးကိုကိုကြီးက Myanmar Hard Talk သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြစ်တင်ပြောဆိုခဲ့ပြီး ဆန့်ကျင်သူများတွင် စစ်တပ်ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ်မျိုးရှိလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။

    “ပွင့်ပွင့်လင်းလင်းပြောရင် ၂၀၁၀ တုန်းက NLD အနိုင်ရရင်၊ ရွေးကောက်ပွဲဝင်ခဲ့ရင်၊ အာဏာအပြောင်းအလွှဲတောင် ချောချောမွေ့မွေ့ ဖြစ်ချင်မှဖြစ်မယ်၊ ပြောရရင်ဒါကျနော့် ခန့်မှန်းချက်ပေါ့၊ တဖက်က အဲ့ဒိအချိန်က စစ်အစိုးရကိုယ်၌ကလည်း NLD ကိုမဝင်စေချင်ဘူးလို့ထင်တယ်၊ ဝင်ရင်ပွတ်တိုက်မှု၊ထိပ်တိုက်ကတော်တော်ကြီးမယ်။ တဖက်ကမဝင်စေချင်တဲ့ဟာကို ကိုယ်ကလည်းဆန့်ကျင်ပြီး မဝင်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်တယ်လို့ ကျနော်ကမြင်တယ်။ အခုလည်းဘဲ တကယ်ဆန့်ကျင်နေတာလား။ သို့မဟုတ်တဖက်ကလိုချင်တဲ့ ရလာဒ်ကို ပူးပေါင်းဆောင်ရွက်နေကြတာလားလို့ကျနော်ကမေးခွန်းထုတ်စရာရှိတယ်” ဟုလည်း ဦးကိုကိုကြီးက Myanmar Hard Talk ကိုပြောသည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကို ထုတ်ဖော်ပြောဆိုထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့် စနစ်နှင့် မည်သည့်နေရာများတွင် ကျင်းပမည်ဆိုသည်ကိုတော့ ပြောဆိုထားခြင်းမရှိပါ။

    စစ်တပ်ကဆက်လက်ဆွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်များတွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းအလိုလျှောက်ရရှိထားသောကြောင့် ရွေးကောက်ပွဲမှမဲဖြင့်တက်လာသည့် အမတ်နေရာ ၈ ရာခိုင်နှုန်းရှိရုံမျှဖြင့် စစ်တပ်ကလွှတ်တော်ခေါ်ကာ အစိုးရသစ်ဖွဲ့နိုင်သည်။

  • လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    ပစ္စည်းခိုးတယ်ဆိုပြီး သားအမိ ၂ ယောက်အား နှိပ်စက်ခဲ့တဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က တွယ်တာသူ အထည်ဆိုင်ပိုင်ရှင်နဲ့ ဗီဒီယိုရိုက်တင်ခဲ့တဲ့ ဝန်ထမ်းကို အောက်တိုဘာ ၂၁ ရက် နေ့လယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    အောက်တိုဘာ ၂၀ ရက်က တွယ်တာသူဆိုင်မှ စတီးဇလုံ အလုံး ၂၀ ခိုးတယ်ဆိုပြီး အမျိုးသမီးနဲ့ ကလေးငယ်အား ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီးနောက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ စိုးတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တာလို့ မြိုခံတယောက်က ပြောပါတယ်။

    “အဲ့အမျိုးသမီးက ဗီဒီယိုတွေဖျက်ပြီး Tiktok အကောင့်ပါ ချိန်းလိုက်တာ။ ဒါပေမဲ့ မရဘူး၊ ရပ်ကွက်မှာ အုတ်အော်သောင်းတင်းဖြစ်နေပြီ၊ ရဲတွေက ဝင်ဖမ်းတာ ဝန်ထမ်းတွေရောပါတယ်။”

    ခိုးယူသူကို ဥပဒေအရ ရပ်ကွက်၊ ရဲစခန်းနဲ့ချိတ်ဆက်ကာ အရေးယူရမယ့်ကိစ္စကို မိမိသဘောဆန္ဒနဲ့ ရိုက်နှက်နှိပ်စက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အတွက် ဆိုင်ရှင်နဲ့ဝန်ထမ်းကို ပရဟိတအဖွဲ့အစည်းတွေက ကလေးသူငယ်ဥပဒေနဲ့အမှုဖွင့်ဖို့ စီစဥ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ရဲစခန်းကလည်း သူ့ကို အရေးယူဖို့စစ်ဆေးနေသလို ပရဟိတအဖွဲ့အစည်းတွေကလည်း ကလေးသူအခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဥ်နေတယ်။ လက်ရှိအခြေအနေက စစ်ဆေးနေတုန်းပါ။”

    လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မနော်ဝါဝါလှိုင် နဲ့ ဝန်ထမ်းအချို့ကို လှိုင်သာယာအရှေ့ပိုင်း မြို့နယ် ရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ဖြစ်စဥ်နှင့်ရုပ်သံကို ဒီမှာနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

    ပစ္စည်းခိုးယူသည်ဟု စွပ်စွဲရိုက်နှက်ခံရသူ သားအမိနှင့် ရိုက်နှက်သည့် ဆိုင်ရှင် ၂ ဖက်လုံး ရဲစခန်းတွင် ထိန်းသိမ်း

    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စတိုးဆိုင်တခုတွင် ပစ္စည်းခိုးယူသည်ဟု စွပ်စွဲကာ ရိုက်နှက်ခံရသူ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦး၊ ရိုက်နှက်သူ ဆိုင်ပိုင်ရှင် အမျိုးသမီးတို့ နှစ်ဖက်လုံးကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

    ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်)ညနေပိုင်းက Tik Tok လူမှုကွန်ရက်ပေါ်၌ စတင်ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တွင် “ကလေးချီထားသည့်အမျိုးသမီးကို ဆိုင်ရှင်ဖြစ်သူဟု ယူဆရသူ အမျိုးသမီးက ဆိုင်အတွင်းမှာပင် သူခိုးဟုပြောဆိုကာ ရိုက်နှက်ခြင်း၊ ကလေးဖြစ်သူအား တွန်းထုတ်ခြင်း၊ နေပူထဲရှိ လမ်းဘေးဓာတ်တိုင်တွင် ကလေးနှင့် ကလေးချီထားသူ အမျိုးသမီး နှစ်ဦးလုံးကို ကြိုးချည်ထားခြင်း” ပြုလုပ်နေသည့် မြင်ကွင်းများ ပါဝင်သည်။

    အဆိုပါ ဖြစ်စဉ်သည် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ တွယ်တာသူ အထည်နှင့်စတိုးဆိုင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မည်သည့်နေရက်က ဖြစ်ပွားခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

    အဆိုပါ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့ခဲ့ပြီးနောက် ပစ္စည်းခိုးယူသူဟု စွပ်စွံကာ အမျိုးသမီးတဦးနှင့်အတူပါလာသည့် ကလေးငယ်အား ရိုက်နှက်နေသည့် ဆိုင်ပိုင်ရှင်ကို လူမှုကွန်ရက် သုံးစွဲသူများက ဝေဖန်မှုများ ရှိခဲ့သည်။

    “တကယ်လို့ ပစ္စည်းခိုးတယ်ဆိုရင်တောင် ခိုးတဲ့ အမျိုးသမီးကို ရိုက်တာ ဘာမှမပြောလိုဘူး။ ဒါပေမယ့် ကလေးကိုပါ လုပ်တာကတော့ လွန်တယ်” ဟု လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ရေးသားသည်။

    ယင်းသို့ လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိလာပြီးနောက် အမျိုးသမီးနှင့် ကလေးငယ်အား ရိုက်နှက်မှု ကျူးလွန်သည့် စတိုးဆိုင်ပိုင်ရှင်ကို ယနေ့(အောက်တိုဘာ ၂၁ ရက်)နံနက်ပိုင်းတွင် လှိုင်သာယာမြို့မရဲစခန်းက လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

    “ရိုက်တဲ့သူရော အရိုက်ခံရတဲ့ မိသားစုရော နှစ်ဖက်လုံး ရဲစခန်းထဲမှာပါ အပြင်မထွက်သေးဘူး။ ဘာဆက်လုပ်မလဲ ဆိုတာတော့ ခဏနေသိရမယ်ထင်တယ်။ ဗီဒီယိုထဲမှာပြောနေတဲ့ ရေနွေးပူနဲ့ လောင်းတာတော့ မရှိခဲ့ပါဘူး” ဟု ဖြစ် စဉ်အား လိုက်ပါကူညီဆောင်ရွက်နေသူ တဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

    ရိုက်နှက်ခံရသူ အမျိုးသမီးသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ကလေးနှစ်ဦး မိခင်ဖြစ်ပြီး မိသားစုစားဝတ် နေရေးအတွက် တောင်းရမ်းစားသောက်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    “အရိုက်ခံရတဲ့သူ ဗီဒီယိုဖိုင်ထဲမှာ ပြောထားတဲ့ ကလေးတယောက်က နေမကောင်းလို့ ဆေးထိုးနေရတယ်ဆိုတာလည်း မှန်တယ်။ အဲ့ဒီ့ကလေးက ပိုလီယိုဖြစ်နေတာ။ အမျိုးသားလည်း မရှိတော့ဘူး။ သူနေတဲ့ နေရာကိုလည်း သိတယ်”ဟု လှိုင်သာယာဒေသခံ တစ်ဦးက ပြောသည်။

    ၎င်းအမျိုးသမီးသည် ကလေးချီလျက် ဆိုင်အတွင်းရှိ ပစ္စည်းများအား ဝင်ရောက်ခိုးယူလေ့သည်ကို CCTV မှတဆင့် ဆိုင်ရှင်ဘက်က သိရှိထားပြီး ထပ်မံလာရောက်ခိုးယူချိန် ဖမ်းဆီးကာ ဗီဒီယိုဖိုင်ထဲပါဝင်သည့်အတိုင်း ရိုက်နှက်ခံရခြင်းဟု ဖြစ်စဉ်အား လိုက်ပါကူညီဆောင်ရွက်နေသူက ပြောသည်။

    “ဝင်ခိုးတာတော့ ဟုတ်ပါတယ်။ ကြီးကြီးမားမားတော့ ခိုးတာ မဟုတ်ဘူး။ အဝတ်တို့ လွယ်အိတ်တို့ ဝင်ခိုးတာပေါ့။ တစ်ခါ နှစ်ခါ သုံးခါ ဆိုတော့ ဆိုင်ရှင်လည်း စိတ်တိုတာပေါ့။ ဒါပေမယ့် ဖြေရှင်းတဲ့ ပုံလွဲတော့ ဆိုင်ရှင်အမှား ဖြစ်သွားတာ။ “ ဟု ၎င်းက ဆိုသည်။

    ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်ရှင်နှင့် နီးစပ်သည့် လှိုင်သာယာမြို့ခံတဦးက “ သူ့ပစ္စည်းအခိုးခံရတော့ စိတ်တိုသွားတယ်ဆိုပေမယ့် သူက စိတ်ရင်းကောင်းတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဗီဒီယိုထဲမှာဆိုရင် ကလေးကို ဝန်ထမ်းကို ယူထားခိုင်းသေးတယ်လေ။ ဒါပေမယ့် ဟိုအမျိုးသမီးက ကလေးကို မပေးဘူး။ အဲ့ဒီနောက် ကြိုးတုပ်တဲ့အချိန် ကလေးပါ ပါသွားတော့ ဆိုင်ရှင် မကောင်းဖြစ်သွားတာပေါ့” ဟု ဆိုသည်။

    နောက်ထပ် လှိုင်သာယာဒေသခံ တစ်ဦးကလည်း “ လှိုင်သာယာအထာက လှိုင်သာယာသားတွေ လှိုင်သာယာမှာ ဆိုင်ဖွင့်တဲ့သူတွေပဲ သိပါတယ်။ တကယ့် လှိုင်သာယာသားစစ်စစ်တွေက ဒီကိစ္စကို ဝင်မပြောကြပါဘူး” ဟု ဆို သည်။

    လက်ရှိတွင် ပစ္စည်းခိုးမှုကျူးလွန်သူနှင့် ရိုက်နှက်သူအား မည်သို့ အရေးယူ ဆောင်ရွက်မည် ဆိုသည်ကို ပြည်သူအများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

    အလားတူ ဗီဒီယိုဖိုင်ထဲပါရှိသည့် ရိုက်နှက်ခံရသည့် သားအမိနှစ်ဦးကို ကူညီဆောင်ရွက်မှုပေးရန် ပရဟိတအသင်းများနှင့် အွန်လိုင်းနာမည်ကြီး ပုဂ္ဂိုလ်တချို့က လုပ်ဆောင်နေကြသည်။

    “လူမှုကွန်ရက်မှာတော့ သားအမိနှစ်ဦးကို အကူအညီပေးဖို့ ဆိုပြီး အလှူခံတာတွေ ရှိလာတယ်။ ပရဟိတအဖွဲ့တွေရော လူပုဂ္ဂိုလ်တွေရောပေါ့။ အွန်လိုင်းဆယ်လီ မီဒီယာတွေလည်း အင်တာဗျူးဖို့ လုပ်နေကြတာတွေ ရှိနေတာတွေ့ရတယ်။ ဒီလိုဖြစ်စဉ်တွေနောက်မှာ ဒီလိုကိစ္စတွေ ပါလာတာက မကောင်းဘူးဘဲ ပြောချင်တယ်။ ပြည်သူတွေလည်း ချင့်ချိန်ပြီး လှူဒါန်းတာတွေ လုပ်ကြဖို့တော့ တိုက်တွန်းချင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် ပရဟိတအသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်တွင် ရင်ခွင်ပိုက် အရွယ်ကလေးငယ်များကို ချီဆောင်ကာ တောင်းရမ်းစားသောက်ခြင်း၊ ကလေးငယ်များအား လမ်းဘေးတွင် ပိုက်ဆံတောင်းရန် စေခိုင်းခြင်းများသည် အာဏာမသိမ်းခင်ကထက် ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

    ထိုသို့ ဖြစ်စဉ်များသည် လမ်းသွားလမ်းလာများ၊ မော်တော်ယာဉ်များအား အနှောင့်အယှက်ဖြစ်စေသည့်အတွက် မြို့ခံများက ရံဖန်ရံခါ လူမှုကွန်ရက်ပေါ်တွင် ရေးသားခြင်း၊ ဓာတ်ပုံများ၊ ဗီဒီယိုများဖြင့် ဖော်ပြခြင်းများရှိသော် လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ထိရောက်သည့် အရေးယူမှု ပြုလုပ်ခြင်း မရှိကြောင်း မြို့ခံများက ပြောကြားထားသည်။

    ဖြစ်စဥ်နှင့်ရုပ်သံကို ဒီမှာနှိပ်၍ ကြည့်ရှုနိုင်ပါသည်။