မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် စီတောင်းကျေးရွာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကျေးရွာ စည်းရုံးရေးမှူးနဲ့ သူ့ရဲ့ မိသားစုဝင် နှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုက သတ်ဖြတ် သွားတယ်လို့ သိရပါတယ်။ အသတ်ခံရ သူတွေက USDP ပါတီရဲ့ စည်းရုံးရေးမှူး ဖြစ်သူ ဦးဝင်းသိန်း၊ သမီးဖြစ်သူ ဒေါ်ဇာနည်သိန်း နဲ့ ယောကျ်ားဖြစ်သူ ဦးကျော်ထက်အောင် ဆိုသူ တို့ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ၊ ညပိုင်း နေအိမ်မှာ မိသားစုလိုက် အတူရှိနေစဥ် လက်နက်ကိုင် အဖွဲ့က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သတ်ဖြတ် သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ “ည ၁၀ နာရီ လောက်ကြီး ဝင်သတ်သွားတာ။ ဒဏ်ရာတွေက…
၈ မိနစ်အတွင်း လန်ဒန်သို့ ပစ်ခတ်နိုင်သည့် နျူကလီးယားဒုံးကျည် ဘီလာရုစ်တွင် ချထားပြီးကြောင်း ပူတင် ခြိမ်းခြောက်ပြန် မည်သည့် အနောက်တိုင်း လေကြောင်းရန် ကာကွယ်ရေးစနစ်မှ တားဆီးနိုင်စွမ်းမရှိဟု ရုရှားက ကြုံးဝါးထားသော အိုရပ်ရှ်နစ် နျူကလီးယား ဒုံးကျည်စနစ်အား ပူတင်၏ မဟာမိတ် သမ္မတလူကာရှန်၏ ဘီလာရုစ်နိုင်ငံထဲ ရောက်ရှိနေကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပို့ဆောင်ပေးနေသည့် ဗီဒီယိုဖိုင်နှင့်တကွ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကာ ကမ္ဘာကို ခြိမ်းခြောက်လာပြန်သည်။ ယင်းဒုံးကျည်ကို ပို့ဆောင်ကာ သင်ကြားပြသနေသည့် ဗီဒီယိုဖိုင်ကို အရာရှိတစ်ဦးက မည်သို့ အသုံးပြုနိုင်ကြောင်း ဘီလာရုစ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဖော်ပြခဲ့ပြီး ပူတင်အမိန့်ပါမှ ပစ်ခတ်ခွင့်ရှိမည် ဖြစ်သော်လည်း မဟာဗျူဟာ နျူကလီးယားဒုံးကျည် နိုင်ငံတွင်းရောက်ပြီ ဖြစ်သောကြောင့် ပိုဂုဏ်သိက္ခာ ရှိလာပြီဟု…
ချင်းပြည်တော်လှန်ရေးအဖွဲ့များ စုဖွဲ့ထားသည့် ချင်းညီနောင် CB ကို အစဉ်တစိုက် ထောက်ပံ့ကူညီပေးသော အာရက္ခတပ်တော် AA ကို ကျေးဇူးတင် လေးစားဂုဏ်ပြု မှတ်တမ်းတင်ကြောင်း ချင်းညီနောင် CB ၏ ၂ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များ စုစည်းတည်ထောင်ထားသော ချင်းညီနောင် CB အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ချင်းညီနောင်စစ်ဆင်ရေးများတွင် အသက်၊ သွေး၊ ချွေးနှင့် အနာဂတ်ကို စွန့်လွှတ်ပေးဆပ်တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရ ရဲဘော်များ၊ ကျဆုံးသွားသော ချင်းညီနောင်ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို လေးနက်စွာ တန်ဖိုးထား၍ ဂုဏ်ယူအောက်မေ့လျက်ရှိကြောင်းလည်း ချင်းညီနောင်က ဆိုသည်။ ချင်းညီနောင်ကို ထောက်ပံ့ကူညီပေးခဲ့ကြသော တော်လှန်ရေးမဟာမိတ်များနှင့် နိုင်ငံတကာမှ တော်လှန်ပြည်သူများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် လေးစားဂုဏ်ပြု…
မြန်မာလေတပ်ဗုံးကြဲမှုကြောင့် အပျက်အစီးကြား ပိတ်မိနေခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင် သံတွဲမြို့နယ်၊ ငပလီ လင်းသာရွာကို ဒီလ ၂၉ ရက် ည ၈ နာရီခန့်က အကြမ်းဖက် မြန်မာလေတပ်ရဲ့ ဗုံးကြဲမှုအတွင်း ပိတ်မိနေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နာရီအကြာမှာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် (၃) နှစ်အရွယ် မေကံကောင်း(ခ)မအေးသန္တာခိုင်ကို ဗုံးကြဲခံရတဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေကနေ ကယ်ဆယ်ရေးလုပ်ရာမှာ နောက်တစ်နေ့ မနက် ၈ နာရီကျော်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီကလေးငယ် အပျက်အစီးပုံအောက်မှာ ၁၂ နာရီကြာ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။…
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့မှု တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့ ၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ လေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာတွင် တိုက်လေယာဉ် ၁ စီး ပျက်စီးကြောင်း၊ တိုက်လေ ယာဉ် ပျက်စီးမှုကို ယနေ့တွင်မှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေး…