Category: News

  • Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်

    Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်

    အင်းစိန်မှာ Gas တန်းစီနေတဲ့ YBS ကို အိမ်စီးကားဝင်တိုက်၊ လူ တစ်ဦးသေဆုံး

    ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို အိမ်စီးကားကနောက်ကဝင်တိုက်ခဲ့တာကြောင့် ကားပေါ် ပါလာသူ တစ်ဦးသေဆုံးခဲ့တယ်လို့ ‌တွဲလက်လူမှူကူညီရေးအဖွဲ့ က အသိပေးထားပါတယ်။

    ဒီနေ့ (ဇန်နဝါရီ ၃) မနက် ၃ နာရီလောက်မှာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ကြို့ကုန်းမှတ်တိုင် မှာ Gas တန်းစီနေတဲ့ YBS-83 ယာဉ်ကို အိမ်စီးကားတစ်စီးက ‌နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ တွဲလက်လူမှူကူညီရေးအဖွဲ့ ထုတ်ပြန်ထားပါတယ်။

    အဲဒီဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်မှာလိုက်ပါလာသူ ငါးဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသူက ကားထဲမှာညပ်နေတာကြောင့် အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပေးခဲ့ပြီး တွဲလက်ကူညီရေးအဖွဲ့လူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပိုပေးခဲ့တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်တစ်ရက်တည်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ငါးဦးရှိခဲ့ပါတယ်။

    ဒါကြောင့် ၂၀၂၆ နှစ်ဆန်းမှာ သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိလာတာဖြစ်ပါတယ်။

    (အင်းစိန်မြို့နယ်မှာ Gasတန်းစီးနေတဲ့ YBSယာဉ်ကို တိုက်ခံရမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့)

  • မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်

    မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်

    မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး တပ်စွဲထားသော စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်က စတင်ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီးကို လက်နက်ကြီးကျည် ၃ ကြိမ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း အရှေ့ပိုင်း ဆေးရုံအနီး တပ်စွဲထားသော စစ်သားများ ထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း လက်နက်ကြီးကျည်များသည် အေးမြဖြူ စက်ချုပ်ဆိုင် အနီးတွင်လည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသောကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။

    “ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်း ဆေးရုံအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေရှိတဲ့ နေရာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးတော့ စစ်ခွေး ၅ ကောင် သေတယ်လို့ သိရတယ်။ ပထမ အလုံးကတော့ အေးမြဖြူ စက်ချုပ်ဆိုင် အနီးကိုကျတယ်။ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေတော့ ထိခိုက်တာတွေတော့မရှိဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    မိုးကုတ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) က ဒီဇင်ဘာလ ပိုင်းမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

  • ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထား

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထား

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်ကြေညာ

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့်ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်လာပြီဟု အမေရိကန်သမ္မတ ထရမ့်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။

    ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုတစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဗင်နီဇွဲလားခေါင်းဆောင် သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတက ကြေ ညာ သည်။

    မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားသမ္မတ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက် ကွဲမှုများစွာ ထွက်ပေါ်ခဲ့ကာ အမေရိကန်က တိုက် ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများစွာ ထွက်ပေါ်ခဲ့ကာ အမေရိကန်က ဗင်နီဇွဲလား၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများက ဆို သည်။

  • အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီး

    အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီး

    အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားမြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ဖြစ်နေ

    အမေရိကန်က တိုက်ခိုက်မှုကို အတည်ပြု

    မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားအစိုးရ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေပြီး အမေရိကန်က တိုက် ခိုက်မှုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

    ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများ၊ ထိတ်လန့် အော်ဟစ်သံများ ထွက်ပေါ်နေပြီး လူနာတင်ကားသံများလည်း ဆက်တိုက် သွားလာနေကြောင်း၊ အမေရိကန် လေ ယာဉ်ဟု ယူဆရသည့် လေယာဉ်များလည်း အနိမ့်ပျံသန်းနေကြောင်း ၊ဗင်နီဇွဲလားမြို့ တော် ကာရာကတ်စ်ကို ထိမှန်ခဲ့သည့် ပေါက် ကွဲမှုများ၏ ဗီဒီယိုမှတ်တမ်းများတွင် အော်ဟစ်သံများနှင့် မီးခိုးများ၊ မီးများ လောင် ကျွမ်း ထွက်ပေါ်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

    ဗင်နီဇွဲလားနိုင်ငံက လုပ်ဆောင်နေသော မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မကြာသေးမီက သတိပေးထားပြီးနောက် အမေရိကန်နှင့် ဗင်နီဇွဲလားတို့အကြား တင်းမာမှုများ ရှိနေစဉ်အတွင်း ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    လက်ရှိဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့တွင် ပေါက်ကွဲသံများနှင့် လေယာဉ်များ နိမ့်နိမ့်ပျံသန်းသံများ ကြားရပြီးနောက် La Carlota လေဆိပ်တွင် မီးခိုးလုံးကြီးများ ထွက်ပေါ်နေကြောင်း သိရှိရသည်။

    AFP သတင်းထောက်၏ ပြောကြားချက်အရ စနေနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လေယာဉ်များ ပျံသန်းသံနှင့်တူသော အသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။

    လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်တွင်လည်း ဗင်နီဇွဲလားမြို့တော်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် ဗီဒီယိုရုပ်သံမှတ်တမ်းများစွာ ထွက်ပေါ်လျက်ရှိသည်။

    အမေရိကန်အစိုးရအရာရှိတစ်ဦးကမူ တိုက်ခိုက်မှုကို အတည်ပြုလိုက်ကြောင်း CBS News သတင်းတွင် ဖော်ပြထားသည်။

    ဗင်နီဇွဲလားနိုင်ငံက အမေရိကန်၏ စစ်ရေးကျူးကျော်မှုကို ရှုတ်ချကာ ဗင်နီဇွဲလား အစိုးရက နိုင်ငံတော်ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ကြောင်း သိရှိရသည်။

  • ကသာမြို့သိမ်းတိုက်ပွဲ၌  ခမရ ၃၀၉ ဒုတပ်ရင်းမှူး သေဆုံး

    ကသာမြို့သိမ်းတိုက်ပွဲ၌ ခမရ ၃၀၉ ဒုတပ်ရင်းမှူး သေဆုံး

    ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်ကောင်စီ ခမရ ၃၀၉ တပ်ရင်းဟာ ခွာစစ်ဆင်ရင်း ဇန်နဝါရီ ၂ ရက်မှာ ဒုတပ်ရင်းမှူး သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

    မြို့နယ် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် ခမရ ၃၀၉ ရဲ့ ဒုတပ်ရင်းမှူး တာဝန်ပါ ပူးတွဲယူထားရတဲ့ ဗိုလ်မှူးနိုင်ဝင်းဟာ ထွေအုပ်၊ ရဲစခန်း၊ စစ်ကောင်စီတပ်နဲ့အတူ ဆုတ်ခွာတုန်း ပြည်သူ့ကာကွယ်ရေးတပ်တွေပစ်ခတ်တဲ့ လက်နက်ကျည်ထိမှန်သေဆုံးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “PDF တွေ မြို့ထဲက ထွေအုပ်နဲ့ ရဲစခန်းကိုတိုက်တဲ့အချိန် ဒုတပ်ရင်းမှူးကျည်ထိသွားတယ်။ အဲ့ကနေ ခွာစစ်ဆင်ရင်း ခမရ ၃၀၉ ကို ပြန်ရောက်တယ်။ တပ်ရင်းထဲမှာ ရသလောက်ကုတယ်။ မနေ့က ပဲသေသွားတယ်။ လက်ရှိအခြေအနေကိုပြောရရင် PDF တွေက မြို့တဝက်လောက်သိမ်းထားပြီ။”

    ကသာမြို့နယ်ဟာ ခရိုင်အခြေစိုက်ရုံးဖြစ်တဲ့အပြင် စစ်ကောင်စီတပ်အတွက် အရေးပါတဲ့မြို့နယ် ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို လက်နက်မချဘဲ ရသလောက်ခုခံသွားဖို့ နမခတိုင်းက ညွှန်ကြားထားပါတယ်။

    ကသာမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်နေတာ ဒီကနေ့ ဆို ၇ ရက်ရှိပြီး မြို့ခံအကုန်နီးပါး စစ်ဘေးရှောင်ကြသလို Non CDM ဝန်ထမ်းတွေလည်း မြို့ခံတွေနဲ့အတူ ထွက်ပြေးကြတယ်လို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

    “မရှောင်လို့လည်းမရဘူး။ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲနေတာ။ စစ်ရှောင်တဲ့သူ တသိန်းကျော်ရှိတယ်။ အဲ့ဒီထဲမှာ ဝန်ထမ်းတွေလည်းပါတယ်။ PDF တွေက ပြည်သူတွေဆို ဘာမှမလုပ်ဘူး။ ဝန်ထမ်းတွေဆိုရင်ရင်တော့ စစ်ဆေးပြီး ဖမ်းဆီးတာရှိတယ်။ အခုထိလည်း တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်နေတုန်းပဲ။”

    ကသာမြို့နေ ပြည်သူတွေဟာ အများအားဖြင့် မြို့နဲ့ နီးစပ်ရာ နဘား၊ မိုးညှင်း၊ ရွှေကူ၊ မော်လူး၊ မြစ်ကြီးနား မြို့နယ်တွေကို စစ်ဘေးရှောင်ကြပြီး ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်နဲ့ မန္တလေးကို စစ်ရှောင်နေကြပါတယ်။

    လက်ရှိ ကသာမြို့အခြေအနေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေက ခမရ ၃၀၉ အပါ အဝင် တမြို့လုံးကိုသိမ်းနိုင်ရေးအတွက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကတော့ မြို့မကျ ရေးအတွက် လေကြောင်းပစ်ကူယူကာ ခံစစ်ဆင်နေရတာဖြစ်ပါတယ်။