Category: News
-

ညောင်ကျိုးစခန်းကို အပြီးသတ်သိမ်း
ပဲခူးတိုင်း ညောင်ကျိုးစခန်းကို အပြီးသတ်သိမ်း၊ စစ်ကောင်စီက ကြည်းရေလေဖြင့် တိုက်ခိုက်နေဟု AA ဆို
-
လားရှိုးကတော့ တရုတ်စိတ်ကြိုက်လုပ်ရတာပါ
လားရှိုးကတော့ တရုတ်စိတ်ကြိုက်လုပ်ရတာပါပဲ။
တပ်ကလဲ ပြန်လာနေမယ်။ လက်နက်ကြီးပစ်ခွင့် မရှိဘူး။ တလုံးပစ်ရင် MNDAA က ပြန်ဝင်လာမယ်။ မြို့ပတ်လည် သူတို့က ဝိုင်းထားမယ်။
မြို့ပေါ်အုပ်ချုပ်ရေးက စကစ ပြန်ရမယ်။ ၁၂ ရပ်ကွက်ပါမယ်။
MNDAA စစ်ဦးစီးချုပ်ရုံးလဲ လားရှိုးမှာ ဆက်ရှိမယ်။
တရုတ်က အခြေအနေ အနီးကပ်စောင့်ကြည့်ဖို့ လားရှိုးမှာ ကိုယ်စားလှယ်ရုံး လာဖွင့်ထားမယ်။
လားရှိုးဆေးရုံကိုက တရုတ်အစိုးရနဲ့ ဝ တပ်ဖွဲ့နဲ့ တွဲပြီး ကိုင်မယ်ကြားတယ်။ လားရှိုးဆေးရုံက ပစ္စည်းတွေတော့ သိန္ဒီကို ရွှေ့နေကြပြီ။
ကုန်သွယ်လမ်းကြောင်း ပြန်ဖွင့်ဖို့ တရုတ်က လုပ်နေတယ်။
ပြောရရင်တော့ တရုတ်က တပိုင်းတစတောင် ဝင်အုပ်ချုပ်တဲ့ အနေအထားဖြစ်သွားတဲ့အထိပါပဲ။ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းရုံမှတပါး။
– Nay Thway
-

ခြံပြင်ကခွေးကို ရိုက်နှက်သတ်ဖြတ်ပြီး စားသုံးဖို့ကြံခဲ့တဲ့ လှိုင်သာယာ FMI ဝင်းထဲကအမျိုးသမီးတွေ ရဲစခန်းရောက်
လှိုင်သာယာ ပဒေသာပင်အိမ်ရာဝန်း(FMI) အတွင်းက အမျိုးသမီး ၂ ဦး ခွေးကိုရိုက်သတ်ပြီး ခုတ်ထစ်နေတာကို အနီးပတ်ဝန်းကျင်ရှိ နိုင်ငံခြားသားအမျိုးသမီးတစ်ဦးက သွားရောက်တားဆီးရာမှ သိရှိရပါတယ်။
အိမ်နီးချင်းဖြစ်သူ နိုင်ငံခြားသားအမျိုးသမီးက ရိုက်သတ်ခံရတဲ့ ခွေးအော်သံကိုကြားပြီး သွားရောက်တားဆီးချိန်တွင် ခွေးကိုအပိုင်းပိုင်းခုတ်တစ်ပြီးနေကြောင်း အဆိုပါ ရုပ်သံတွင်တွေ့ရှိရမှာပါ။
အဆိုပါ ရုပ်သံဖိုင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ်လေးက ခွေးလေးကို ဟောင်တယ် ကိုက်တယ်ဟုဆိုပြီးတော့ အိမ်ဝန်းထဲခေါ်ပြီး ရိုက်သတ်ခိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ခွေးသတ်ခဲ့တဲ့ လူ ၄ ဦးကို လှိုင်သာယာရဲစခန်းကိုပို့ဆောင်ထားပြီးဖြစ်ပြီးတော့ တစ်ဦးကိုတော့လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။
-

ပုသိမ်တွင် အုပ်ချုပ်ရေးအဖွဲ့က သင်္ကြန်အတွက်ဆိုပြီး အလှူငွေကောက်နေ
သင်္ကြန်ကို အကအခုန်တွေနဲ့ မကျင်းပတော့ဘူးလို့ စစ်ကောင်စီက ကြေညာထားပေမဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေက မဟာသင်္ကြန်အတွက်လို့ဆိုပြီး အိမ်တိုင်းစေ့ငွေကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန် ငလျင်ကြောင့် သေဆုံးထိခိုက်တာတွေ ဖြစ်ပေါ်နေလို့ သင်္ကြန်ကို အဆို၊ အကအခုန်တွေနဲ့မကျင်းပတော့ဘူးလို့ ကြေညာထားပေမဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ အမှတ် ၁ ရပ်ကွက်မှာ ဧပြီ ၃ ရက်ကစတင်ပြီး မဟာသင်္ကြန်အတွက် ငွေကောက်နေတာလို့ ဆိုပါတယ်။
ပုသိမ် ဒေသခံ တယောက်က “တအိမ်တက်တအိမ်ဆင်း ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်ကောက်နေတာ။ တအိမ် ၁,၀၀၀ တော့ အနည်းဆုံး ထည့်ပေးဖို့ပြောကောက်တာ” လို့ ပြောပါတယ်။
ပုသိမ် အမှတ် ၃ ရပ်ကွက်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က သင်္ကြန်အတွက်လို့ ဆိုပြီး ဧပြီ ၂ ရက်ကစလို့ တအိမ်ကို ကျပ် ၃,၀၀၀ အထိကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုသိမ်အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “သင်္ကြန်ပွဲအတွက်ဆိုပြီးငွေကောက်နေတာ။ ဆောက်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေကတော့ ဒီအတိုင်းပဲထားတာတွေ့ရတယ်။ ထပ်လုပ်တာ မတွေ့ရသေးဘူး။ ကောက်ထားတဲ့ငွေနဲ့ အလှူအတန်းလုပ်ပေးဖို့ဆိုပြီးတော့ လေသံလွှင့်နေတယ်” လို့ ပြောပါတယ်။
ဒေသခံတွေအနေနဲ့ သင်္ကြန်အတွက်ကောက်ယူတဲ့ငွေကို မထည့်ချင်ပေမဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က အလှူငွေထည့်သူနဲ့ မထည့်သူ အမည်ကို စာရွက်နဲ့ ရေးမှတ် ကောက်ယူတာကြောင့် ခြိမ်းခြောက်ဖမ်းဆီးမှာ စိုးရိမ်စိတ်နဲ့ ထည့်နေရတာလို့ ဆိုပါတယ်။
