Category: News

  • “ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်တွင် တီးခတ်ခဲ့သည့် DJ Violet  ဝန်ချ တောင်းပန်

    “ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်တွင် တီးခတ်ခဲ့သည့် DJ Violet ဝန်ချ တောင်းပန်

    “ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်မှာဖွင့်ပြီး DJ တီးခတ်မိတဲ့အတွက် DJ Violet က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံမှာ စက်တင်ဘာ ၁၁ ရက်က ဝန်ချတောင်းပန်ခဲ့ပါတယ်။

    DJ Violet က ရန်ကုန်မှာ တောင်းပန်ခဲ့ပေမဲ့ ကနဦးသီချင်းသီဆိုရာ မန္တလေး မဟာအောင်မြေမြို့နယ်က ဆရာတော်၊ သံဃာတော်တွေကို တောင်းပန်တာ မလုပ်တဲ့အတွက် မန္တလေးက အမျိုးသားရေးဆရာတော်တွေက မကျေနပ်ကြဘူးလို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

    “မန္တလေးမှာ ဆိုသွားတာကို သရုပ်ဆောင်နေမျိုးအောင် မိန်းမက သူ့ချွေးမကိုခေါ်ပြီး ရန်ကုန် သင်္ဃန်းကျွန်းက ဆရာတော်တွေကို သွားတောင်းပန်တာကို မန္တလေးက မဘသတွေက မကျေနပ်ဘူး။ သွားတောင်းပန်တာလည်း မဘသဘုန်းကြီးတွေပဲ သူတို့ဆီလာတောင်းပန်ရမယ်ပဲ၊ အဲဒီအထဲမှာ ပေါက်ကိုယ်တော် အဆိုးဆုံး။”

    မဟာအောင်မြေမြို့နယ်ရှိ ကလပ်တခုမှာ DJ Violet က “ဗုဒ္ဓံသရဏံဂစ္ဆာမိ” ဓမ္မတေးသီချင်းကို DJ Remix လုပ်ပြီး ဖွင့်ကာ ကခုန်ပျော်ပါးနေတဲ့ ရုပ်သံဖိုင်ကြောင့် အများပြည်သူအကြားမှာ ဝေဖန်မှု မြင့်တက်ခဲ့တာပါ။

    DJ Violet က “ကျမကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို စော်ကားရင် အမျက်ထွက်သလို အားလုံးဖြစ်မယ်ဆိုတာပါတယ်။ ကျမကို အားရပါးရပြောကြပါ။ အဲထက်ကြီးတဲ့ အပြစ်တွေ ရှိရင်လည်း ပေးကြပါ။ တကယ် အနူးအညွတ် တောင်းပန်ပါတယ်။ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ တောင်းပန်တဲ့စကားလုံးထက် ကောင်းတဲ့စကားရှိရင်လည်း ပြောပြီး တောင်းပန်ချင်ပါတယ်။ စိတ်အနှောင့်အယှက်ပေးမိခဲ့လို့လည်း တောင်းပန်ပါတယ်။ ကိုယ်ကိုယ်တိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါလျက်နဲ့ သတိမပြုမိဘဲ လုပ်မိခဲ့တဲ့ အမှားအတွက် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ရှင်။ နောက်နောင် အဲလိုအမှားမျိုး မဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင်” လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့ပါတယ်။

    ဗုဒ္ဓသီချင်းတွေကို ကလပ်တွေနဲ့ ဘားတွေမှာ DJ သီချင်းအဖြစ် ပြောင်းလဲသီဆိုတာကို ထိန်းချုပ်ဖို့လိုသလို သာသနာရေးဝန်ကြီးဌာနက အလုပ်လုပ်ဖို့ လိုအပ်ကြောင်း အငြိမ်းစားဝန်ထမ်း တယောက်က ပြောပါတယ်။

    “ဒါက သာသနာရေးဦးစီးဌာနက လုပ်ရမယ့်အလုပ်ကို ကြားက ပြည်သူတွေနဲ့ ဘုန်းကြီးတွေက ဝင်ပြီး အကုသိုလ်ယူရသလို ဖြစ်နေတယ်။ သာသနာရေးဦးစီးဌာန အနေနဲ့ ကမ္ဘာအေးမှာပဲ ပိဋကတ် စာအုပ်တွေ ရောင်းမနေဘဲ ဘာသာနဲ့ သာသနာရေးမှာ ဘာတွေဖြစ်နေလဲ လေ့လာသင့်တယ်။”

    အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့ သီဆိုခဲ့တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဓမ္မတေးသီချင်းမှာ သရဏဂုံသုံးပါးကို ပူဇော်တဲ့အနေနဲ့ သီဆိုထားတဲ့ တေးသီချင်းတဲ့အတွက် ဓမ္မတေးသီချင်းကို DJ Remix ပြုလုပ်သူကိုလည်း အရေးယူဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

  • ပြတ်သားလွန်းသော  နီပေါ စစ်တပ်

    ပြတ်သားလွန်းသော နီပေါ စစ်တပ်

    ဝန်ကြီးချုပ်က စစ်တပ်ကို အကူအညီတောင်းတယ်၊

    သူ့နဲ့ ဝန်ထမ်းတွေကို အကာကွယ်ပေးဖို့၊

    နီပေါစစ်တပ်က တစ်ခွန်းပဲ ပြောလိုက်တယ်။ ပြည်သူ့ကို ကာကွယ်ဖို့ ပြည်သူ့တပ်မတော် ဖြစ်တယ်၊ ဝန်ကြီးချုပ်တပ်မတော် မဟုတ်ဘူး၊ တစ်ခွန်းထဲပြောပြီ၊ ပြည်သူ့ကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်။

    ရဲတွေ့ လက်နက်စွန့် ဖယ်ခွာသွားကြတယ်၊ ဝန်ကြီးနှစ်ဦး အဖမ်းခံရပြီ၊ ဝန်ထမ်းတွေ့ အများအပြား ထိခိုက် ထွက်ပြေးရတယ်။

    ဝန်ကြီးချုပ် တိုင်းပြည်က ထွက်ပြေးရတယ်။

    ထွက်ပြေးဖို့ စီစဉ်ပေးတဲ့ အဲယားလိုင်းအဆောက်အဦးကို ပြည်သူတွေ ထုချေ မီးတ-င်ပေးလိုက်တယ်။

    ယနေ့ မနက် စစ်တပ်က မြို့ လုံခြုံရေး စတင်တာဝန်ယူထားပေးပြီ ပြည်သူ့တို့၏ ဆန္ဒအရ ဝန်ကြီးချုပ် ရွေးသည့် အထိ စောင့်ရှောက်ပေးမယ်။

    စစ်တပ်ဆိုတာ ပြည်သူ့က မွေးလို့ လူဖြစ်လာတဲ့ အစ လေးပါ။

    အစ လေး ကြီးထွားရှင်သန်ဖို့ ပြည်သူ့က ပြူစု ပျိုးထောင်ပေးခဲ့ကြရတာပါ၊ ထမင်းစား၊ ချာပါတီ၊ စားတဲ့ နီပေါ စစ်တပ်က ကောင်းကောင်း သိပါတယ်။

    မသိတာက ကိုယ့်တို့ မြန်မာပြည်က ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ လောက်တောင် အသိဉာဏ်မရှိ လူစဉ်မမီတဲ့ ကောင်တွေ့ကြောင့် လက်ရှိဖြစ်နေတဲ့ အရှိတရားကို မြင်နေ ကြားနေရတာ။

    ဗိုလ်နေဝင်းက စခဲ့တဲ့ အာဏာသိမ်းမှုကြီးကို ခေတ်အဆက်ဆက် အရာသာတွေ့နေကြပြီ

    အလုအယက် ရာထူးရယူလာကြပြီး အသိုက်တစ်ခု ချမ်းသာဖို့ အရေး

    ပြည်သူ့သွေးများ မြေခ ပေးနေရတဲ့ တိုင်းပြည်။

    အဓိက စစ်တပ်သည့် နိူင်ငံရေးမှ လုံးဝ ဖယ်ရှား နိူင်မှတာ မြန်မာသည့် ငြိမ်းချမ်းပေးလိမ့်မည်၊ ပြည်သူ့များ ဘေးကင်းလုံခြုံကြပါစေ

    “စစ်ဦးစီးချုပ်ရဲ့ နီပေါပြည်သူများသို့ သတိပေးစကား”

    တိုင်းပြည်က ဆင်းရဲနေချိန်၊ကမ္ဘာကြီးက မရေမရာဖြစ်နေချိန်မှာ စစ်အာဏာ သိမ်းလိုက်လို့ တိုင်းပြည်အတွက် ဘာအကျိုးကျေးဇူးမှဖြစ်လာမှာမဟုတ်ဘူးဆိုတာကို လက်ခံထားဆဲပါ။

    ပြည်သူတို့မလိုချင်တဲ့ အစိုးရလည်းဆင်းသွားပြီမို့ ပြည်သူတို့ဆန္ဒလည်း ပြည့်စုံပြီလို့ယူဆပါတယ်။

    ဒါ့ကြောင့် အစိုးရတရပ် လစ်လပ်နေချိန် ဆန္ဒပြမှူများ နှင့်အတူဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကို ရပ်တန့် ပေးကြပြီး အမြန်ဆုံးနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြပြီး အမြန်ဆုံး တိုင်းပြည်ပုံမှန် အခြေအနေတခုသို့ရောက်ရှိရန် အရေးပေါ်လိုအပ်နေပါပြီ။

    ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန် အထူးမေတ္တာ ရပ်ခံတောင်းဆိုအပ်ပါသည်။

    ကျွန်တော်တို့ရဲ့တာဝန်သည် တိုင်းပြည်တည်ငြိမ်ဘို့အတွက်သာ ရည်ရွယ်ပါသဖြင့် အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံ့အာဏာကို ထိန်းသိမ်းရသည့်အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ပြည်သူများပူးပေါင်းပါဝင်ကြပါ။

    (နီပေါနိုင်ငံ ကာချုပ် ၊၁၀-၉-၂၅)

  • အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်တဲ့ Ooredoo Myanmar (အူရီဒူးမြန်မာ) ကုမ္ပဏီအနေနဲ့ U9 အမည်ကို ပြောင်းလဲသွားမယ်လို့ အူရီဒူးမြန်မာက စက်တင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၀ ရက်ကစပြီး U9 အမည်သစ် တရားဝင် ကူးပြောင်းမှာဖြစ်ပြီး လက်ရှိဖုန်းနံပါတ်တွေနဲ့ ဆင်းမ်ကတ်တွေ တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်ကြောင်း၊ အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ အရင်အတိုင်း ဆက်လက်အလုပ်လုပ်နေမှာ ဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ လက်ရှိဝန်ဆောင်မှုတွေ ဆက်လက်ရရှိဖို့အတွက် ဘယ်လိုဆောင်ရွက်မှုမျိုးမှ လုပ်ဖို့မလိုကြောင်း၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်တွေနဲ့ ဆိုင်လိပ်စာတွေ အားလုံးလည်း အရင်အတိုင်း ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။

    အူရီဒူးမြန်မာ တာဝန်ရှိသူတယောက်က “ဝန်ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ နာမည်လေးပဲ ပြောင်းလိုက်တာပေါ့။ ပိုင်ရှင်ပြောင်းသွားတယ်။ ဝန်ထမ်းတွေကလည်း ပုံမှန်ရာထူးအတိုင်းပါပဲ” လို့ ပြောပါတယ်။

    အဆိုပါ U9 အက်ပလီကေးရှင်းအသစ်ကို Apple App Store နဲ့ Google Play တို့မှာ ရယူနိုင်ပြီး သုံးစွဲသူတွေအနေနဲ့ အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်တွေအတိုင်း ပြန်လည်အသုံးပြုကာ ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

    အူရီဒူးမြန်မာကို ကာတာနိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီ အူရီဒူးက Nine Communications ကုမ္ပဏီထံ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ အူရီဒူးမြန်မာသည် U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမည်ဖြစ်ပါသည်။ လာမည့် ရက်သတ္တပတ်များအတွင်း လက်လီအရောင်းဆိုင်များ၊ ရုံးခန်းများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် U9 ၏ တက်ကြွလန်းဆန်းသော အသွင်အသစ်ကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။

    ဤအကူးအပြောင်းသည် သုံးစွဲသူများအတွက် လွယ်ကူချောမွေ့မည် ဖြစ်ပါသည်။

    လက်ရှိဖုန်းနံပါတ်များနှင့် SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ပါ။

    အသုံးပြုနေသော အစီအစဉ်များ၊ လက်ကျန်ငွေများနှင့် ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်များ ယခင်အတိုင်း ဆက်လက် အလုပ်လုပ်နေမည်ဖြစ်ပါသည်။

    သုံးစွဲသူများအနေဖြင့် လက်ရှိဝန်ဆောင်မှုများ ဆက်လက်ရရှိရန်အတွက် မည်သည့် ဆောင်ရွက်မှုမျိုးမျှ ပြုလုပ်ရန်မလိုပါ။

    သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များနှင့် ဆိုင်လိပ်စာများ အားလုံးလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။

    U9 သည် မြန်မာ့ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင် အရေးပါသော မှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါသည်။

    “U” သည် ဤအသွင်ကူးပြောင်းမှု၏ ဗဟိုချက်တွင်ရှိသော ကျွန်ုပ်တို့၏ သုံးစွဲသူများ၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းများဖြစ်သည့် “လူကြီးမင်း” တို့ကို ညွှန်းဆိုပါသည်။
    “9” သည် ဆက်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကတိကဝတ်များကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ရင်း စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများကို ညွှန်းဆိုပါသည်။

    “အခုလို အသွင်အသစ်ပြောင်းလဲမှုဟာ ကျွန်မတို့ ကုမ္ပဏီအတွက်သာမက ဆက်သွယ်ရေးနယ်ပယ်အတွက်ပါ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်” ဟု U9 ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်းယဉ်ယဉ်ဌေးက ပြောကြားခဲ့သည်။ “ကျွန်မတို့ရဲ့ အမည် ပြောင်းလဲသွားပေမဲ့ သုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ရရှိနေမှာဖြစ်သလို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကိုလည်း မကြာခင်မှာ ရရှိလာမှာဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစွဲသူများသည် U9 အက်ပလီကေးရှင်းအသစ်အား Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည် အသုံးပြုကာ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

    U9 မိတ်ဆက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ သုံးစွဲသူများမှ 9999 အား “Hello U9” ဟု စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည့် အခွင့်အရေးကိုပါ စီစဉ်ပေးထားပါသည်။

  • ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်

    ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်

    “ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်။

    ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ပါဆယ်လမ်းက သွားဆေးခန်းတခုမှာ ဒီနေ့ညနေ ၅ နာရီခန့်က အမည်မသိ အမျိုးသားတဦးက ဓါးနဲ့ထိုးခဲ့တဲ့အတွက် သွားဆရာဝန် နဲ့ ဆရာဝန်ကတော်တို့ သေဆုံးခဲ့ပြီး အိမ် မှာ ရှိနေတဲ့ မိသားစုဝင်အမျိုးသမီးနဲ့အတူ ဆေးခန်းအကူအမျိုးသမီးတဦးလည်း ဒဏ်ရာအသီးသီး ရသွားခဲ့ပါတယ်။

    “ဆရာ့အမျိုးသမီးက ပွဲချင်းပြီး၊ဆရာက ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးပဲ ရှပ်ထိတာမို့ မစိုးရိမ်ရဘူး။ ကောင်မလေးကလည်း မစိုးရိမ်ရပါ”လို့ အိမ်နီးချင်းတဦးက လူမှုကွန်ယက်မှာ ရေးတင်ခဲ့ပါတယ်။

    ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ သွားဆေးခန်းပိုင်ရှင် ဒေါက် တာတင်မောင်ထွန်းရဲ့ ဆေးခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ ။ အခင်းဖြစ်ပွားရာမှာတော့ ဆရာဝန်ရဲ့ဇနီး ဒေါ်ဇင်မီမီသက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါက် တာ တင်မောင်ထွန်းကတော့ ဆေးရုံအထိ အသက်မမီခဲ့ဘူးလို့လည်း ဆေးရုံဝန်ထမ်းတဦးက အတည်ပြုပါတယ်။

    PCX အမျိုးအစား ဆိုင်ကယ်စီးလာတဲ့ အသားဖြူဖြူမျက်နှာသွယ်သွယ် အမည်မသိအမျိုးသားက သွားဆေးခန်းကို ရောက်လာခဲ့ပြီး သူ့အလှည့်အရောက်မှာ ဆရာဝန်ကို ဓါးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။

    ဆရာဝန်ကတော်က အနားမှာ ရှိနေတဲ့အတွက် သူ့ကိုလည်း ဓါးနဲထိုးပြီး ခွဲချလိုက်တဲ့အတွက် ပွဲချင်း ပြီး သေဆုံးခဲ့တာလို့ ရပ်ကွက်အတွင်းမှာ နေထိုင်သူ တဦးက သူကြားတဲ့အကြောင်းကို ပြောပါတယ်။

    အမှုအခင်းနဲ့ ပါတ်သက်ပြီး မြို့ပေါ်မှာ သတင်းတွေ အမျိုးမျိုး ပြောနေကြပေမယ့် ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတစုံတရာကို ယူမသွားခဲ့ဘူးဆိုတာကိုတော့ ဆွေမျိုးနီးစပ်တော်သူတဦးကလည်း အတည်ပြုပါတယ်။

    “ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲ့လိုတွေးရမလို ဖြစ်နေတယ်”လို့ ပြောပါတယ်။

    အခင်းဖြစ်ပွားချိန်ဟာ ဆေးခန်းဖွင့်ချိန်ဖြစ်တဲ့အတွက် တခြားလူနာတွေလည်း ရှိသလို ၊ ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လက်ဖက်ရည်ဆိုင်ရှိတဲ့အတွက် အနုကြမ်းစီးတာ၊ ဓါးပြတိုက်ချင်တာဆိုရင် ဒီလိုနေရာမှာ ဒီလိုအချိန် လုပ်မှာမဟုတ်ဘူးလို့လည်း မြို့ခံတဦးက သုံးသပ်ပါတယ်။

    ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်

    ဒီအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပြီး စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း(ပါဆယ်လမ်း) ၊ ဒေါက်တာတင်မောင်ထွန်း၊ သွားဆေးခန်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်အပြီး ဆေးခန်းရှေ့၊ လမ်းတဖက်မှာ ရှိတဲ့ CCTV က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

    ရုပ်သံဖိုင်အရ လူသတ်သမားရဲ့ တိုက်ခိုက်ခံရပြီးချိန်မှာ ဆေးခန်းအကူ အမျိုးသမီးက ဆေးခန်းရှေ့ ၊ ပါဆယ်လမ်းမပေါ် ပြေးထွက်လာခဲ့ပြီး လမ်းသွားလမ်းလာတွေကို အကူအညီတောင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။

    အဲဒီနောက် စက္ကန့်အနည်းငယ် အကြာမှာ လူသတ်သမားဟာ ဆိုင်ကယ်ကိုခွပြီး နောက်ပြန်တွန်းထွက်လာခဲ့တာကို တွေ့ရပါတယ်။

    အဲဒီနောက် ပါဆယ်လမ်းမကြီးအတိုင်း ဟင်္သာတဘူတာဘက်ကို ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနှင်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။

    ဒီအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ နဲ့ အမှုဖွင့်လှစ်ထားပြီး စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

    CCTV ပါ အချက်အလက်တွေကို အခြေခံပြီး သံသယတရားခံတဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေတာရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီ ကနဦး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သံသယတရားခံကလည်း သေဆုံးခဲ့တဲ့ ဆရာဝန်မိသားစုနဲ့ အသွားအလာ အဝင်အထွက် ရှိသူဖြစ်တယ်လို့လည်း တရပ်ကွက်တည်းနေတဲ့ မြို့ခံတဦးက ပြောပါတယ်။

    ဒီနေ့ဆိုရင် အခင်းဖြစ်ပွားတာ ၄ ရက်ရှိလာပြီ ဖြစ်ပြီး မနေ့က ညနေ ၃ နာရီမှာတော့ သေဆုံးသူတွေရဲ့ နှစ်လောင်းပြိုင် ဈာပနကို ဟင်္သာတမြို့ခံအများအပြားက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

  • အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်

    ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်တဲ့ Ooredoo Myanmar (အူရီဒူးမြန်မာ) ကုမ္ပဏီအနေနဲ့ U9 အမည်ကို ပြောင်းလဲသွားမယ်လို့ အူရီဒူးမြန်မာက စက်တင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၀ ရက်ကစပြီး U9 အမည်သစ် တရားဝင် ကူးပြောင်းမှာဖြစ်ပြီး လက်ရှိဖုန်းနံပါတ်တွေနဲ့ ဆင်းမ်ကတ်တွေ တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်ကြောင်း၊ အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ အရင်အတိုင်း ဆက်လက်အလုပ်လုပ်နေမှာ ဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ လက်ရှိဝန်ဆောင်မှုတွေ ဆက်လက်ရရှိဖို့အတွက် ဘယ်လိုဆောင်ရွက်မှုမျိုးမှ လုပ်ဖို့မလိုကြောင်း၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်တွေနဲ့ ဆိုင်လိပ်စာတွေ အားလုံးလည်း အရင်အတိုင်း ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။

    အူရီဒူးမြန်မာ တာဝန်ရှိသူတယောက်က “ဝန်ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ နာမည်လေးပဲ ပြောင်းလိုက်တာပေါ့။ ပိုင်ရှင်ပြောင်းသွားတယ်။ ဝန်ထမ်းတွေကလည်း ပုံမှန်ရာထူးအတိုင်းပါပဲ” လို့ ပြောပါတယ်။

    အဆိုပါ U9 အက်ပလီကေးရှင်းအသစ်ကို Apple App Store နဲ့ Google Play တို့မှာ ရယူနိုင်ပြီး သုံးစွဲသူတွေအနေနဲ့ အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်တွေအတိုင်း ပြန်လည်အသုံးပြုကာ ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

    အူရီဒူးမြန်မာကို ကာတာနိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီ အူရီဒူးက Nine Communications ကုမ္ပဏီထံ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ထားသည့် ဂျော်နသန်ကျော်သောင်း အူရီဒူးမြန်မာ ပိုင်ရှင်ဖြစ်လာ

    စစ်ကော်မရှင်ကို တဖက်တလမ်းက ပံ့ပိုးကူညီနေသူ ဦးကျော်သောင်း မျိုးဆက်၊ ဦးမိုးကျော်သောင်းရဲ့သား (စစ်တပ်အတွက် လက်နက်ပွဲစားလုပ်တယ်လို့ နာမည်ထွက်နေသူ) ဂျော်နသန်ကျော်သောင်းက အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေရဲ့ပိုင်ရှင် ဖြစ်လာပြီလို့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းအသိုက်အဝန်းမှာ စုံစမ်းချက်အရ သတင်းရရှိထားပါတယ်။

    စီးပွားရေး လုပ်ငန်းရှင်တယောက်က “ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေကြားထဲမှာတော့ ပိုင်ရှင်အစစ်ဟာ ဘယ်သူလဲ သိကြပါတယ်၊ ဦးကျော်သောင်းရဲ့ မြေးပါ။ ဂျော်နသန် ကျော်သောင်းဆိုတာ စီးပွားရေးသမားလောကမှာ လူတိုင်းသိပါတယ်” လို့ ပြောပါတယ်။

    မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ ကာတာအခြေစိုက် အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စင်ကာပူအခြေစိုက် Nine Communications Pte. Ltd က ဝယ်ယူမှု ပြီးပြတ်သွားတဲ့အတွက် လာမယ့် စက်တင်ဘာ ၂၀ ရက်က စပြီး U9 အမည်သစ် တရားဝင် ကူးပြောင်းသွားတော့မယ်လို့ အူရီဒူးမြန်မာကလည်း ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာခဲ့တာပါ။

    ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စင်ကာပူအခြေစိုက် Nine Communications Pte. Ltd ထံ ရောင်းချဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီလို့ တရားဝင်ထုတ်ပြန်ပြီးနော် ၃ နှစ်အကြာမှာ ငွေပေးချေမှု ပြီးပြတ်ခဲ့တာမို့လို့ အခုလို နာမည်ပြောင်းခွင့်ရခဲ့တာလို့ သိရပါတယ်။

    Ooredoo Myanmar ကုမ္ပဏီရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ စင်ကာပူအခြေစိုက် Ooredoo Asian Investments ကုမ္ပဏီ (OAI) ဟာ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းကို Nine Communications ကုမ္ပဏီထံ စုစုပေါင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁၆၂ သန်း သတ်မှတ်ကာ အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

    ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီထံကနေ ဝယ်ယူလိုက်တဲ့ စင်ကာပူအခြေစိုက် Nine Communications Pte. Ltd ရဲ့ ကုမ္ပဏီပိုင်ဆိုင်မှုမှာ ဦးဉာဏ်ဝင်း ဆိုသူနဲ့ Link Family Office တို့ ဖက်စပ်ပိုင်တယ်လို့ အူရီဒူးရဲ့ သဘောတူကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ နောက်ကွယ်မှာ စီးပွားရေးအင်အားတောင့်တင်းတဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေ ပါတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

    အူရီဒူးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်ပြီး အာဏာမသိမ်းမီ ၂၀၂၀ တုန်းက သုံးစွဲသူ ၁၅ သန်းနီးပါး ရှိခဲ့ပါတယ်။

    ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ သန်းကျော် (၈ ဒသမ ၃) အထိ လျော့ကျသွားတယ်လို့ အူရီဒူးကုမ္ပဏီဘက်က ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန် ပြောဆိုထားခဲ့တာ ရှိပါတယ်။

    အူရီဒူးရဲ့ အရောင်းအဝယ်လုပ်ငန်းထဲ နီးစပ်ခဲ့သူ ပြောတာက ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်တဲ့ Ooredoo Myanmar (အူရီဒူးမြန်မာ) ကုမ္ပဏီရဲ့ ပိုင်ရှင်အသစ်ဟာ ဂျော်နသန်ကျော်သောင်း မိသားစုလို့ ထုတ်ဖော်ပြောဆိုပါတယ်။

    ဂျော်နသန်ကျော်သောင်း ဆိုသူဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ခံခဲ့ရတဲ့ KT လုပ်ငန်းစု တည်ထောင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်ကမှ အမေရိကန်ဘက်က ပိတ်ဆို့မှုကို ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံကနေ အရင်ဆုံး ထွက်ခွာသွားခဲ့တာပါ။ ဒီ့နောက် အူရီဒူးမြန်မာက ဆက်လက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

    လာမယ့် စက်တင်ဘာ ၂၀ ရက်ကစပြီး U9 အမည်သစ် တရားဝင်ကူးပြောင်းမယ့် အူရီဒူးရဲ့ လက်ရှိဖုန်းနံပါတ်တွေနဲ့ ဆင်းမ်ကတ်တွေဟာ တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်တဲ့အပြင် အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ အရင်အတိုင်း ဆက်လက်အလုပ်လုပ်နေမယ်လို့ အူရီဒူးမြန်မာဘက်က ပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က တက်ကြွလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ Justice For Myanmar (JFM) က စစ်ကော်မရှင်ဟာ ပြည်တွင်းအင်တာနက်အသုံးပြုသူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ အတွက် တရုတ်ကုမ္ပဏီ Geedge Networks ရဲ့ အင်တာနက် စောင့်ကြည့်ထောက်လှမ်း စက်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုမှာ တပ်ဆင်အသုံးပြုနေတယ်လို့ ဖော်ထုတ်ထားတာရှိပါတယ်။ အဲဒီအထဲမှာ အူရီဒူးမြန်မာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတ်ထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေ

    မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုနှင့် မိုလ်ဘိုင်းဖုန်းသုံးသူများ၏ တည်နေရာများကို ခြေရာခံနိုင်သည့် နည်းပညာကို တရုတထံမှ စစ်တပ်က ဝယ်ယူအသုံးပြုနေကြောင်း Justice For Myanmar(JFM) က သတင်းထုတ်ပြန်သည်။

    အာဏာသိမ်း စစ်ကောင်စီက အင်တာနက်နှင့် မိုလ်ဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်မည့် “တရုတ်အင်တာနက် ပိတ်ပင်ရေးမဟာရံစနစ်” နည်းပညာကို တရုတ်ကုမ္ပဏီ Geedge Networks ထံမှ ဝယ်ယူ အကောင်အထည်ဖော်နေကြောင်း၊ Geedge Networks ကုမ္ပဏီသည် တရုတ်အစိုးရအဖွဲ့နှင့် တိုက်ရိုက်ဆက်နွယ်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်အကြမ်းဖက် စစ်ဆင်ရေးကို ကျူးလွန်ရန် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း JFM က ဆိုသည်။

    Geedge Networks ကုမ္ပဏီက တပ်ဆင်ပေးနေသည့် “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံမှာ စစ်ကောင်စီအတွက် မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိနိုင်မည်ဟု သိရသည်။

    Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်သည်ဟု JFM က ဆိုသည်။

    ယင်းစနစ်သည် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အုပ်စုအတွက် မရှိစဖူးသော လုပ်နိုင်စွမ်းများကို ပေးအပ်လျက်ရှိသည်ဟု JFM က ပြောသည်။

    Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား လည်ပတ်အသုံးပြုရာတွင် စစ်ကောင်စီ ကိုယ်စား မြန်မာ့ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုက လုပ်ဆောင်ရမည်ဖြစ်သည်။

    ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

    Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။ Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်” ဟု ပြောသည်။

    အာဏာသိမ်း စစ်ကောင်စီထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် Geedge Networks ကုမ္ပဏီသည် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေးကူညီရာ ရောက်နိုင်ကြောင်းလည်း JFM က ဆိုသည်။

    ထို့ကြောင့် Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှု တာဝန်ရှိသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Geedge ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။

    ယင်းဖော်ထုတ်ချက်များသည် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက် ရောင်းချခြင်း၊ မှားယွင်းသည့်နိုင်ငံရေးတရားဝင်မှုများ ပေးအပ်ခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် အားပေးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်လာသည့် အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

    တရုတ်အစိုးရအနေဖြင့် Geedge Networks က ရောင်းချပေးအပ်သည့် ဆော့ဝဲလ်၊ ဟာ့ဝဲလ်နှင့် နည်းပညာအကူအညီများ အပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ်လေ့ကျင့်သင်တန်းနှင့် အကူအညီများ လွှဲပြောင်းပေးအပ်မှုကို ချက်ချင်း ရပ်တန့်ရန် လိုအပ်ကြောင်းလည်း JFM က ဆိုသည်။

    စစ်အုပ်စုကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် အကူအညီများ အပါအဝင် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာပံ့ပိုးမှုများအား ချက်ချင်းရပ်တန့်ရန်လည်း လိုအပ်နေသည်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ယူနစ်များကို ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အရေးပါသည့် သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန် Justice For Myanamr က တောင်းဆို ထားသည်။

    Geedge ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်များမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ အင်တာနက် ကြားခံပေးသူများ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူများက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားသည်ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

    “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စု၏ တင်သွင်းသုံးစွဲနေမှုသည် မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်နိုင်ငံ၏ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး ယင်းလုပ်ရပ်ကို ယခုချက်ချင်း အဆုံးသတ်ရမှာဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဟု မရတနာမောင်က ပြောဆိုထားသည်။