📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

“ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်တွင် တီးခတ်ခဲ့သည့် DJ Violet ဝန်ချ တောင်းပန်

“ဗုဒ္ဓံသရဏံဂစ္ဆာမိ” သီချင်းကို ကလပ်မှာဖွင့်ပြီး DJ တီးခတ်မိတဲ့အတွက် DJ Violet က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံမှာ စက်တင်ဘာ ၁၁ ရက်က ဝန်ချတောင်းပန်ခဲ့ပါတယ်။

DJ Violet က ရန်ကုန်မှာ တောင်းပန်ခဲ့ပေမဲ့ ကနဦးသီချင်းသီဆိုရာ မန္တလေး မဟာအောင်မြေမြို့နယ်က ဆရာတော်၊ သံဃာတော်တွေကို တောင်းပန်တာ မလုပ်တဲ့အတွက် မန္တလေးက အမျိုးသားရေးဆရာတော်တွေက မကျေနပ်ကြဘူးလို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“မန္တလေးမှာ ဆိုသွားတာကို သရုပ်ဆောင်နေမျိုးအောင် မိန်းမက သူ့ချွေးမကိုခေါ်ပြီး ရန်ကုန် သင်္ဃန်းကျွန်းက ဆရာတော်တွေကို သွားတောင်းပန်တာကို မန္တလေးက မဘသတွေက မကျေနပ်ဘူး။ သွားတောင်းပန်တာလည်း မဘသဘုန်းကြီးတွေပဲ သူတို့ဆီလာတောင်းပန်ရမယ်ပဲ၊ အဲဒီအထဲမှာ ပေါက်ကိုယ်တော် အဆိုးဆုံး။”

မဟာအောင်မြေမြို့နယ်ရှိ ကလပ်တခုမှာ DJ Violet က “ဗုဒ္ဓံသရဏံဂစ္ဆာမိ” ဓမ္မတေးသီချင်းကို DJ Remix လုပ်ပြီး ဖွင့်ကာ ကခုန်ပျော်ပါးနေတဲ့ ရုပ်သံဖိုင်ကြောင့် အများပြည်သူအကြားမှာ ဝေဖန်မှု မြင့်တက်ခဲ့တာပါ။

DJ Violet က “ကျမကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို စော်ကားရင် အမျက်ထွက်သလို အားလုံးဖြစ်မယ်ဆိုတာပါတယ်။ ကျမကို အားရပါးရပြောကြပါ။ အဲထက်ကြီးတဲ့ အပြစ်တွေ ရှိရင်လည်း ပေးကြပါ။ တကယ် အနူးအညွတ် တောင်းပန်ပါတယ်။ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ တောင်းပန်တဲ့စကားလုံးထက် ကောင်းတဲ့စကားရှိရင်လည်း ပြောပြီး တောင်းပန်ချင်ပါတယ်။ စိတ်အနှောင့်အယှက်ပေးမိခဲ့လို့လည်း တောင်းပန်ပါတယ်။ ကိုယ်ကိုယ်တိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါလျက်နဲ့ သတိမပြုမိဘဲ လုပ်မိခဲ့တဲ့ အမှားအတွက် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ရှင်။ နောက်နောင် အဲလိုအမှားမျိုး မဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင်” လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ တောင်းပန်ခဲ့ပါတယ်။

ဗုဒ္ဓသီချင်းတွေကို ကလပ်တွေနဲ့ ဘားတွေမှာ DJ သီချင်းအဖြစ် ပြောင်းလဲသီဆိုတာကို ထိန်းချုပ်ဖို့လိုသလို သာသနာရေးဝန်ကြီးဌာနက အလုပ်လုပ်ဖို့ လိုအပ်ကြောင်း အငြိမ်းစားဝန်ထမ်း တယောက်က ပြောပါတယ်။

“ဒါက သာသနာရေးဦးစီးဌာနက လုပ်ရမယ့်အလုပ်ကို ကြားက ပြည်သူတွေနဲ့ ဘုန်းကြီးတွေက ဝင်ပြီး အကုသိုလ်ယူရသလို ဖြစ်နေတယ်။ သာသနာရေးဦးစီးဌာန အနေနဲ့ ကမ္ဘာအေးမှာပဲ ပိဋကတ် စာအုပ်တွေ ရောင်းမနေဘဲ ဘာသာနဲ့ သာသနာရေးမှာ ဘာတွေဖြစ်နေလဲ လေ့လာသင့်တယ်။”

အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့ သီဆိုခဲ့တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဓမ္မတေးသီချင်းမှာ သရဏဂုံသုံးပါးကို ပူဇော်တဲ့အနေနဲ့ သီဆိုထားတဲ့ တေးသီချင်းတဲ့အတွက် ဓမ္မတေးသီချင်းကို DJ Remix ပြုလုပ်သူကိုလည်း အရေးယူဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်