Category: News

  • မုံရွာ နမခအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်

    မုံရွာ နမခအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်

    မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

    (more…)

  • မြစ်ခြေနယ်ရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်

    မြစ်ခြေနယ်ရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်

    ပျူစောထီးတွေ ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့လို့ဆို

    (more…)

  • သင့်သွေးအမျိုးအစားက နှလုံးကျန်းမာရေးကို မည်သို့ သက်ရောက်နိုင်သနည်း

    သင့်သွေးအမျိုးအစားက နှလုံးကျန်းမာရေးကို မည်သို့ သက်ရောက်နိုင်သနည်း

    သင့် သွေးအမျိုးအစားကို သိရှိရန် ကြိုးစားခြင်းဖြင့် နှလုံးရောဂါ ဖြစ်နိုင်ခြေအကြောင်း ပိုမိုသိနိုင်ရန် လေ့လာသင့်သည်။

    သွေးအမျိုးအစားကို သိရှိထားခြင်းက ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများတွင် အရေးပါသော အချက်အလက်တခုဖြစ်သည်။

    သွေးအမျိုးအစားကို သိရှိခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါကဲ့သို့ ဖြစ်နိုင်ခြေရှိသော ဆေးဘက်ဆိုင်ရာ အခြေအနေများအကြောင်း ပိုမို သိစေနိုင်သည်။ သွေးအမျိုးအစားသည် လူတို့ ထင်ထားသည်ထက် နှလုံးကျန်းမာရေးနှင့် ပိုမိုဆက်စပ်နေနိုင်သည်။

    သွေးအမျိုးအစားနှင့် နှလုံးရောဂါ မည်သို့ ဆက်စပ်နိုင်သည်ကို သိထားသင့်သည်။ ထို့ပြင် ပိုမိုကောင်းမွန်သော နှလုံးကျန်းမာရေးအတွက် နေထိုင်မှုပုံစံ ပြောင်းလဲမှုများ ပြုလုပ်နိုင်ပုံကို လည်း လေ့လာနိုင်သည်။

    သွေးအမျိုးအစားက သင့်ခန္ဓာကိုယ်အတွက် ဘာကိုဆိုလိုသလဲ။

    A, B နဲ့ O အက္ခရာများသည် ABO မျိုးဗီဇ၏ ပုံစံအမျိုးမျိုးကို ကိုယ်စားပြု၍ ယင်းမျိုးဗီဇများက သွေးဆဲလ်များကို သွေးအုပ်စုအမျိုးမျိုးဖြစ်ပေါ်စေရန် မတူညီစွာ ပုံဖော်ပေးသည်။ ဥပမာအားဖြင့် သင့်တွင် AB အမျိုးအစားသွေးရှိသည်ဆိုလျှင် သင့်ခန္ဓာကိုယ်က သွေးနီဥဆဲလ်များတွင် A နှင့် B antigens များ ထုတ်လုပ်ရန် ပုံဖော်ထားသည်။ O အမျိုးအစားသွေးရှိတဲ့သူများက မည်သည့် antigens ကိုမျှ မထုတ်လုပ်ပေ။

    သွေးနီဥဆဲလ်များတွင် ပရိုတင်း ရှိ၊ မရှိပေါ် မူတည်၍ သွေးကို “positive” (သို့မဟုတ်) “negative” ဟု သတ်မှတ်သည်။ သင့်သွေးတွင် ပရိုတင်းများရှိလျှင် သင်သည် Rhesus (သို့မဟုတ်) Rh positive ဖြစ်သည်။

    O-negative သွေးရှိသူများကို “universal donors” ဟု သတ်မှတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ သွေးတွင် antigens (သို့) ပရိုတင်းများ မရှိခြင်းကြောင့် အရေးပေါ်အခြေအနေမျိုးတွင် မည်သူ့ ခန္ဓာကိုယ်အတွက်မဆို သွေးလှူဒါန်းနိုင်သည်။

    သို့သော် မည်သည်ကြောင့် သွေးအမျိုးအစားများ ကွဲပြားကြသည်ကို သုတေသီများ အပြည့်အစုံ မသိကြသေးပေ။ သို့သော် မျိုးရိုးဗီဇ ဆင်းသက်မှုနှင့် သွေးထဲတွင် ကာကွယ်ပေးနိုင်သော မျိုးဗီဇပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည့် အတိတ်က ကူးစက်ရောဂါများ ကဲ့သို့ အချက်များက သွေးအမျိုးအစား ကွဲပြားခြားနားမှုများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်သည်ဟု Penn Medicine မှ သွေးရောဂါအထူးကု ဆရာဝန် ဒေါက်တာ ဒေါက်ကလပ် ဂူဂမ်ဟမ် က ပြောသည်။

    ဥပမာအားဖြင့် O အမျိုးအစား သွေးရှိသူများသည် ကာလဝမ်းရောဂါကြောင့် ပိုမိုဖျားနာနိုင်ပြီး A (သို့) B အမျိုးအစားသွေးရှိသူတွေက သွေးခဲမှုပြဿနာများ ဖြစ်နိုင်ခြေပိုများသည်။ ကျွန်တော်တို့ ၏ သွေးသည် လက်ရှိဖြစ်ပေါ်နေသော ဇီဝ (သို့မဟုတ်) ဗိုင်းရပ်စ်ဆိုင်ရာ ခြိမ်းခြောက်မှုအမျိုးမျိုးကို အချိန်နဲ့တပြေးညီ ပြောင်းလဲနိုင်ခြင်းသော်လည်း အတိတ်တွင် ဖြစ်ပျက်ခဲ့သော အရာများကို ထင်ဟပ်နိုင်သည်။

    “အတိုချုပ်ပြောရရင် ခန္ဓာကိုယ်ဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံးကာကွယ်နိုင်ဖို့ ပြောင်းလဲလာခဲ့သလိုပါပဲ” ဟု ဂူဂမ်ဟမ် က ဆိုသည်။

    နှလုံးရောဂါဖြစ်နိုင်ခြေ အများဆုံးသွေးအမျိုးအစားများ

    American Heart Association (AHA) ၏ အဆိုအရ A, B (သို့) AB အမျိုးအစားသွေးရှိသူများသည် O အမျိုးအစားရှိသူတွေထက် နှလုံးဖောက်ပြန်ခြင်း (သို့မဟုတ်) နှလုံးအားနည်းခြင်း ဖြစ်နိုင်ခြေပိုများသည်။

    ဖြစ်နိုင်ခြေ တိုးလာခြင်း နည်းပါးသော်လည်း လေ့လာမှုကြီးတခုအရ A (သို့မဟုတ်) B အမျိုးအစား များသည် နှလုံးဖောက်ပြန်မှုဖြစ်နိုင်ခြေ ရှစ်ရာခိုင်နှုန်း ပိုများ၍ နှလုံးအားနည်းမှုဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုများသည်။ ထို့ပြင် သွေးခဲနှုန်း ပိုမို များပြားသည်ဟုလည်း AHA က ဆိုသည်။

    ယင်းလေ့လာမှုအရ A နှင့် B သွေးအမျိုးအစားရှိများသည် ပြင်းထန်သော သွေးခဲခြင်း (deep vein thrombosis) ဖြစ်နိုင်ခြေ ၅၁ ရာခိုင်နှုန်းရှိ၍ pulmonary embolism ဖြစ်နိုင်ခြေ ၄၇ ရာခိုင်နှုန်း ပိုများသည်။

    ယင်းကဲ့သို့ ဖြစ်နိုင်ခြေတိုးလာရသော အကြောင်းရင်းသည် A, B (သို့) AB သွေးအမျိုးအစားရှိသူများ၏ ခန္ဓာကိုယ်ထဲတွင် ရောင်ရမ်းမှု ပြဿနာ ကြောင့် ဖြစ်နိုင်သည် ဟု ဂူဂမ်ဟမ် က ဆိုသည်။

    A နှင့် B သွေးအမျိုးအစားများတွင် ရှိသော ပရိုတင်းများက သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများတွင် “ပိတ်ဆို့မှု” (သို့မဟုတ်) “သွေးကြောနံရံ ထူလာမှု” ပိုဖြစ်စေနိုင်ပြီး သွေးခဲခြင်းနှင့်နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။

    O အမျိုးအစားသွေးရှိသူများတွင် ပြင်းထန်သော COVID-19 ရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းကိုလည်း ယင်းသို့ ရှင်းပြနိုင်သည်ဟု ယူဆကြောင်း ဂူဂမ်ဟမ် က ဆိုသည်။

    ယခု ဆောင်းပါးကို ပထမဆုံးထုတ်ဝေပြီး နောက်ပိုင်းတွင် A အမျိုးအစားသွေးရှိသူများသည် ရောဂါကူးစက်နိုင်ခြေပိုများသည်ဟူသော အယူအဆကို ထောက်ခံသည့် သုတေသနများ ထွက်ပေါ်လာခဲ့သည်။

    ယင်း က COVID-19 ဗိုင်းရပ်စ်သည် သွေးအမျိုးအစားပေါ်မူတည်၍ ဆဲလ်များနှင့် အနည်းငယ်ကွဲပြားစွာ ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။

    သွေးအမျိုးအစား၏ အခြားအကျိုးဆက်များ

    O အမျိုးအစားသွေးရှိသူများသည် နှလုံးရောဂါနှင့် သွေးခဲခြင်းဖြစ်နိုင်ခြေ အနည်းငယ် နည်းပါးသော်လည်း သွေးယိုစိမ့်မှု (သို့မဟုတ်) သွေးထွက်လွန်ခြင်းရောဂါဖြစ်နိုင်ခြေပိုများသည်။ ယင်းက မီးဖွားပြီးချိန်များတွင် ပိုမိုတိကျစွာ သိသာနိုင်သည်။

    လေ့လာမှုတခုအရ O သွေးအမျိုးအစားရှိသော အမျိုးသမီးများတွင် မီးဖွားပြီးနောက် သွေးဆုံးရှုံးမှု ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိခဲ့ရသည်။

    O သွေးအမျိုးအစားရှိသူများသည် ထိခိုက်ဒဏ်ရာရပြီးနောက် သွေးထွက်လွန်ခြင်းကြောင့် ပိုမို ဆိုးရွားနိုင်သည်ဟု Critical Care တွင် ဖော်ပြခဲ့သော လေ့လာမှုတခုက ဆိုသည်။

    အခြားသုတေသနများအရ AB အမျိုးအစားသွေးရှိသူများ သည် O အမျိုးအစားရှိသူများနှင့် နှိုင်းယှဉ်လျှင် သိမြင်မှုဆိုင်ရာ ချို့ယွင်းမှု (cognitive impairment) ဖြစ်နိုင်ခြေပိုများနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ သိမြင်မှုဆိုင်ရာ ချို့ယွင်းမှုတွင် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု (သို့မဟုတ်) ဆုံးဖြတ်ချက်ချရာတွင် အခက်အခဲရှိခြင်းတို့ ပါဝင်သည်။

    သင့်သွေးအမျိုးအစားအလိုက် နေထိုင်မှုပုံစံကို ပြောင်းလဲသင့်ပါသလား။

    လက်ရှိရရှိနိုင်သော သုတေသနများအရ သွေးအမျိုးအစားက နှလုံးရောဂါဖြစ်နိုင်ခြေကို အနည်းငယ်သာ သက်ရောက်နိုင်သော်လည်း အစားအသောက်၊ လေ့ကျင့်ခန်း (သို့မဟုတ်) သင်နေထိုင်ရာ ပတ်ဝန်းကျင်တွင် ထိတွေ့ရသော လေထုညစ်ညမ်းမှုပမာဏ ကဲ့သို့ အရေးပါသော အချက်များက နှလုံးကျန်းမာရေးကို ဆုံးဖြတ်ရာတွင် အဓိကကျသည်။

    လူနာများအနေဖြင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းရန် သွေးအမျိုးအစားကို မကြည့်ဘဲ ရောင်ရမ်းမှုကို လျော့နည်းစေသော နှလုံးကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ ‌ရွေးချယ်စားသုံးရန် အထူးအကြံပြုသွားမည် ဟု ဂူဂမ်ဟမ် က ဆိုသည်။

    CNET မှ What’s Your Blood Type? This Is How It Can Affect Your Heart Health ကို လေးမွန် ဘာသာပြန်သည်။