ဇန်နဝါရီ ၅ ရက်မှစတင်ပြီး ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့တွင် ဒေါ်နယ်ထရမ့်နှင့် အမေရိကန် ထောက်ခံ အားပေးသူမှန်သမျှကို မာဂျူရိုကို လိုလားသော ဆိုင်ကယ်စီး ပြည်သူ့စစ်ဂိုဏ်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး ဖမ်းဆီးနေသဖြင့် အကြောက်တရားများ စိုးမိုးနေကြပြီး လမ်းပေါ် မထွက်ရဲသည့် အနေအထား ဖြစ်နေသည်။ အမေရိကန်က မာဂျူရိုနှင့် ဇနီးအား ဖမ်းဆီးသွားပြီးနောက် အတွင်းသူလျှို ရှိသဖြင့် တည်နေရာသိပြီး အဖမ်းခံရခြင်း ဖြစ်သည်ဟု ဆိုနေကြရာ ၎င်း၏ သားဖြစ်သူက ဖခင်အား ထောက်ခံသည့် လူများအားလုံး လမ်းပေါ်ထွက်ကာ မိမိတို့ သမ္မတအပေါ် အပြည့်အ၀ ထောက်ခံကြောင်း ပြသမည်ဟု ကြုံးဝါးသလို ဇန်နဝါ ရီ ၅ ရက်က မာဂျူရိုထောက်ခံ အစိုးရအဖွဲ့ ဆက်လက် အုပ်စိုးနေသည့် ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက အမေရိကန်နှင့်…
ပျဥ်းမနား ပေါင်းလောင်းတကြောသတိထားရမယ့် အရာ အခုနက ငလျင်ဟာ M 2.2 ပါ။ ဒီလောက် Minor လေးကို ပျဥ်းမနားတကြောက အတော်သိသာခံစားမိကြတာကတော့ မြေအမျိုးအစားကြောင့် နဲ့ ငလျင်ကြီးဒဏ်ကြောင့်လို့ သုံးသပ်ရပါတယ်။ ဒီနေရာမှာ အသင့်တင့်ပြင်းတဲ့ Moderate အဆင့်များလာခဲ့ရင် ဒီလိုသိသာတုန်ခါခံစားရမူနဲ့သာဆိုအတော်လေး သတိထားရမယ့် သဘောပါပဲ။ နေပြည်တော်နဲ့ ပျဉ်းမနားတကြောဟာ စစ်တောင်း မြစ်ဝှမ်းနဲ့ နီးစပ်ပြီး နုန်းမြေ (Alluvial soil) အနည်ကျမှုများတဲ့အတွက် ငလျင်လှိုင်းတွေကို ပိုမိုပွားများစေကာ (Amplification)တုန်ခါမှုကို ပိုသိသာစေတာဖြစ်ပါတယ်။ ဒီနေရာဟာ စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) ရဲ့ အဓိကအက်ကြောင်းကြီးနဲ့ အနီးကပ်ဆုံးမှာရှိနေသလို ပေါင်းလောင်းပြတ်ရွေ့စုနဲ့လည်း ကပ်လျက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က (မန္တလေး-စဉ့်ကူး) မှာ လှုပ်ခဲ့တဲ့ M 5.8…
အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှ မရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဟု ကြေညာ မြန်မာနိုင်ငံ၏ အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှမရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ MNDAA ၏ နန်ထင်မိန် (Nantingmen) တောင်ကုန်းကို အောင်မြင်စွာ ချီတက်သိမ်းပိုက်နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်တွင် MNDAA က အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၅…
နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်း ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ (YOMA GBK PDF) နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်…
နိုင်ငံတကာ အဖွဲ့အစည်း ၆၀ ကျော်ကနေ အမေရိကန် နုတ်ထွက်သွားမှုနဲ့အတူ ရန်ပုံငွေထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်သလို မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း ၃၁ ခု၊ တခြားအဖွဲ့အစည်း ၃၅ ခု၊ စုစုပေါင်း နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်ပြည်ထောင်စုနုတ်ထွက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက်နေ့ မှာ အမိန့်စာထုတ်ပြန်ခဲ့တာပါ။ ဒီနုတ်ထွက်မှုကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ရပ်တည်နေရတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်သလို သွယ်ဝိုက်သက်ရောက်မှုတွေလည်း ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုအရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဒီမိုကရေစီအရေးတွေမှာ တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်ပြီး…