Category: News

  • လူမိုက်ထွဋ်ခေါင် ဓားတင်မြင့် ( သို့မဟုတ် ) ဇိုးတင်မြင့်

    လူမိုက်ထွဋ်ခေါင် ဓားတင်မြင့် ( သို့မဟုတ် ) ဇိုးတင်မြင့်

    ဒီတစ်ကြိမ်မှာတော့ သူ့ကို သာကေတ မြို့မရဲစခန်းနဲ့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတို့ပူးပေါင်း အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

    ပြီးတော့ ရဲတပ်ဖွဲ့ဝင်ကိုသတ်ခဲ့တဲ့အမှု့အတွက် တင်မြင့်ကို ပဲခူးစစ်ခုံရုံးတင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို ချမှတ်ခဲ့တော့တာပါပဲ။

    “ဓါးတင်မြင့် ရဲ့ နောင်တ”

    မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းြ ဖစ်သည်။

    သေဒဏ်ပေးခံရသော အကျဉ်းသားများကိုသာ သီးသန့်ထားသည့် ကြိုးတိုက် အဆောက်အဦးအတွင်း၀ယ် လူတစ်ယောက်သည် ခေါင်းကိုငိုက်စိုက်ထိုင်လျက်သတင်းစာဖြတ်ပိုင်းတစ်ခုကို စိုက်ကြည့်နေ၏ ။

    သတင်းစာဖြတ်ပိုင်းကို ငုံ့ကြည့်နေသူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် သမံတလင်းပေါ် ထောက်ထားသည် ။

    အသေအချာကြည့်မည်ဆိုပါက အံကို တင်းနေအောင်ကြိတ်ထားပြီး သူ့မျက်၀န်းအတွင်း မျက်ရည်များေ၀့သီနေသည်ကို တွေ့ကြရလေမည် ။

    ထိုသူကား ဓါးတင်မြင့် ။

    မှန်ပါသည် ။

    လူသတ်မှု ၊ လုယက်မှုပေါင်းများစွာကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ ၊ အကျဉ်းထောင်များမှ အကြိမ်ကြိမ်လွတ် မြောက်ခဲ့ပြီး နောက်ဆုံးအကြိမ် ရဲတပ်ဖွဲ့၀င်နှစ်ဦးအား သတ်ခဲ့အပြီးတွင် သေဒဏ်ချမှတ်ခံရသော နာမည်ကျော်လူမို က်ကြီး ဓါးတင်မြင့်ပင်။

    ဓါးတင်မြင့်ကား တရားရုံးမှ သေဒဏ်အမိန့်ချပြီး ပြန်အထွက်တွင်ပင် ဟေ့ ဒီလိုပဲ သေဒဏ်ဆိုပြီီး ခဏနေပြန်လွတ်တာကွ ဟုဆိုကာ နိုင်ငံတော်သမ္မတ၏ စေတနာမေတ္တာကရုဏာ လွတ်ငြိမ်းချမ်းသာခွင့်တို့ကို ရည်စူးကြွေးကြော်ဂုဏ်ဖော်ပေးခဲ့သည့် အာဂ လူကြီးဖြစ်သည် ။

    ထိုလူကြမ်းကြီး ယခု မျက်ရည်၀ဲပြီ ။ အံကြိတ်ပြီ ။ လက်သီးဆုပ်ပြီ ။

    ကြိုးတိုက်အတွင်း မျက်စိလည်လမ်းမှားရောက်လာသော သတင်းစာဖြတ်ပိုင်းလေးတစ်ခုကြောင့် လူကြမ်းကြီး နောင်တရနေချေပြီ ။

    ဆိုးခဲ့မိုက်ခဲ့သမျှ သေခါနီးမှ နောင်တရနေသည်လား ။

    မဟုတ်ပါ ။

    သူနောင်တရမိသည့် အကြောင်းကို နှုတ်မှ ပင် ဖွင့်ဖော်လေပြီ ။

    နားဆင်လော မိတ်ဆွေ ။

    ”တောက်…ငါ..သမ္မတ ဖြစ်အောင် ကြိုးစားခဲ့ရမှာ..ငါသာ သမ္မတဖြစ်ရင် ကွာ” ဓါးတင်မြင့် အတွေးတို့က ပရဟိတမင်းသားကြီး ကိုကျော်သူ၏ စာအုပ်ခေါင်းစဉ်လို ငါသာသမ္မတကြီးဖြစ်ခဲ့လျှင်ဟု အစချီလေသည်ကား….။

    ငါသာငယ်ငယ်က စာကောင်းကောင်းသင်ခဲ့ရင် ပညာတတ်ကြီးဖြစ်မှာ ။

    အဲ့ဒီအခါကျ ငါတပ်ထဲ၀င်ရင်လဲ တပ်သားဘ၀နဲ့မဟုတ်ဘူး ။

    အရာရှိဘ၀နဲ့ ၀င်ရမှာ ။

    အဲ့ဒီကျ ငါလဲ တပ်ပြေးဖြစ်မှာမဟုတ်ဘူး ။

    အရာရှိအကြီးကြီးဖြစ်ပြီး အငြိမ်းစားယူ ။

    ပါတီထဲ ၀င်ပြီးရင် ငါသမ္မတကြီး ဖြစ်ရမှာ ။

    သမ္မတကြီး ဦးတင်မြင့် ။

    ဦးတင်မြင့် သမ္မတကြီး ။

    နေရာကျလိုက်လေ ။

    အဲ့ဒီအခါကျ ငါ အခုလို လိုက်လုယက်နေစရာမလိုဘူး ။

    တိုင်းပြည်က ရှိသမျှလေးကို ခရိုနီတွေဆိုတဲ့လူတွေနဲ့ပေါင်းပြီး နိုင်ငံခြားကိုရောင်း။

    ခိုးတယ်ဆိုတာ အရင်လူမိုက်တင်မြင့်ဘ၀ကသာ ပင်ပင်ပန်းပန်းလ ုပ်ရတာ။

    အခုလို လူကြီးဖြစ်ပြီဆို ခိုးတယ်ဆိုတာ သိပ်လွယ်တာ ။

    လက်မှတ်လေးတစ်ချက်ထိုးတတ်ယုံပဲ မဟုတ်လား။

    အချိန်ကျ တာ၀န်အရ လုပ်တာပါဆိုတာလေးသာ ထည့်ပြောလိုက်။

    ငါဝါသနာပါတဲ့ လူသတ်တာကိုလဲ သိပ်ခက်ခက်ခဲခဲ လုပ်စရာမလိုဘူး ။

    အိမ်တော်မှာ ဇိမ်နဲ့နှပ်ပြီး ဟိုးလယ်ကွင်းပြင်က လယ်သူမကြီးကိုတောင် နောက်စေ့ပွင့်အောင် တပည့်တွေကို သေနတ်နဲ့ဆော်ခိုင်းလိုက်လို့ တယ် ။

    အခု ငါအဖမ်းခံရတော့ ငါ့ဓာတ်ပုံလာရိုက်နေတဲ့ သတင်းထောက်တွေငဖွတွေကိုလဲ သူပုန်ကွဟေ့ဆိုပြီး အသာလေး အစဖျောက်ပစ်လို့ရသေး ။

    အချိန်ကျ တာ၀န်အရ ဆိုတာလေးသာ ထည့်ပြောလိုက် ။

    သူများအသားကိုနာကျင်စေချင်ရင်လဲ အလွယ်လေး ။

    စီမံကိန်းတစ်ခုကို လူတွေသဘောမတူလဲလုပ် ။

    ဟိုလို ဒီလိုလာပြောရင် မီးလောင်တဲ့ ဗုံးဆိုလာ ဘာဆိုလား အဲဒါလေးနဲ့ ကြွေးလိုက် ။

    တန်ခိုးကြီးပါတယ်ဆိုတဲ့ ဘုန်းကြီးတွေတောင် အရေပြားကွာကျသွားမယ် ။

    အချိန်ကျ တာ၀န်အရ ဆိုတာလေးသာ ထည့်ပြောလိုက် ။

    ငါဓါးတင်မြင့်ဘ၀က လိုက်ဖမ်းတဲ့ရဲတွေလား.. ကိစ္စမရှိဘူး နေပူကြဲတဲထဲမှာ ကျောင်းသားတွေနဲ့ လွှတ်ပေးလိုက် ။

    ကျောင်းသားငတိတွေလဲ အထိနာ ရဲတွေလဲ နာမည်ပျက် ။

    နောက်ပြီး ခိုးဆိုးနှိုက် လူသတ် ဓါးပြတိုက် အကျဉ်းသားတွေကိုလဲ နိုင်ငံတော်မှာ မိုးတွင်းကြီး မိုးရွာတဲ့အထိမ်းအမှတ် တစ်ခါလွှတ် ၊ နွေရာသီနေသာတဲ့အထိမ်းအမှတ်ဆိုလဲ တစ်ခါလွှတ် ၊ နေပြည်တော်မှာ ရေချမ်းစင်အသစ်လှူလဲ တစ်ခါလွှတ် ဆိုပြီး သမ္မတတင်မြင့်က ခဏခဏ လွှတ်ပေးပစ်မှာ ။

    ကိုယ်နဲ့ ဝါသနာတူ ဘ၀တူတွေကို ကိုယ်အမြင့်ရောက်တဲ့အခါ ကြည့်ရမယ်လေ ။

    တင်မြင့်တို့က လူဆိုးလူမိုက်ပေမယ့် ဒီလို ကိုယ်ချင်းစာနာစိတ်လေးလဲ ရှိပါသေးတယ် ။

    ပြီးတော့အရင်လို သွားလေရာ ဓါးသုံးချောင်းလဲ ဆောင်စရာမလိုတော့ပါဘူး။

    ငါက သမ္မတကြီးတင်မြင့်ဖြစ်နေပြီပဲ ကိုယ်လုပ်သမျှကို တာ၀န်အရပါဆိုပြီး ဖြီးပေးမယ့် ၀န်ကြီးသုံးပါးပဲခန့်ထားလိုက် ။

    ဓါးသုံးလက်ထက် လူတွေကို ပိုဒုက္ခပေးနိုင်တယ် ။

    လူတွေလျှောက်သတ်ပြီးရင်လဲ သိပ်စိတ်ပူစရာမလိုတော့ဘူး ။

    ငါ့မဟာမိတ်ပေါက်ဖော်တွေတူးပေးထားတဲ့ ဖားကန့်က မဟာအ၀ိစိတွင်းနက်ကြီး ရှိတာပဲ ။

    အဲ့ဒီထဲ အကုန်ပစ်ချ မြေဖို့ပစ်။ အေးဆေးပဲ ။

    ဟဲဟဲ သမ္မတ တင်မြင့် တင်မြင့် သမ္မတတို့က အေးအေးဆေးဆေး ယာတောအိမ်လေးမှာ ရိုးရှင်းတဲ့ အရက်ဖြူလေးသောက်ပြီး နှပ်နေရုံပဲ ။

    ကဲ ဘယ်လောက်ဇိမ်ကျလိုက်သတုံး ။

    တင်မြင့်သမ္မတ ။ သမ္မတ တင်မြင့် ။

    ငါးနှစ်လောက် လုပ်ချင်တာလုပ်ပြီးပြီဆိုတာနဲ့ သမ္မတတင်မြင့် အနားယူမယ် ။

    အဲ့ဒီအခါကျ လုံခြုံရေးတွေဘာတွေနဲ့ တင်မြင့်တို့ ဇိမ် စကျပြီ ။

    ဘာ..ဘယ်လို…ငါးနှစ်တာ သမ္မတတင်မြင့် ရမ်းခဲ့ ကြမ်းခဲ့တာတွေကို အရေးယူမို့တဲ့လား ဟား ဟား ဟား လို့တောင် တင်မြင့်တို့က အော်ရယ်ပြလိုက်ဦးမှာ။

    ဒူးလေး နန့်ပြနေဦးမှာ ။

    မျက်လုံးလေးမှေးပြီး ၀င်းဦးအသံလေးနဲ့ သေချာလို့လားဗျာ ဆိုပြီး မေးလိုက်ဦးမှာ ။

    ဒီမယ် တင်မြင့် ဆိုတဲ့လူက အခုတောင်အမေရိကန်မှာ သမ္မတလုပ်ဆိုရင်တောင် သွားမလုပ်ဘူး ။ အသေငြင်းမှာ ။

    တင်မြင့် က မြန်မာပြည်မှာပဲ သမ္မတ ဖြစ်ချင်တာ ။

    ကိုယ့်တိုင်းပြည်ကိုချစ်လွန်းလို့ရယ်တော့မဟုတ်ဘူးဗျ။

    အမေရိကန်မှာဆို ဟိုအရင် သမ္မတဟောင်း ကလင်တန် ဆိုတဲ့လူ သူ့အတွင်းရေးမှူးမ နဲ့ ဘာညာသာရကာဖြစ်ကြရာက အတွင်းရေးမှူးမက တရားစွဲလို့ ပြသနာတက်တဲ့ကိစ္စ တင်မြင့် ကြားဖူးထားတယ်လေ ။

    ဒါကြောင့် တင်မြင့်က မြန်မာပြည်မှာပဲ သမ္မတဖြစ်ချင်တာ ။

    သမ္မတ တင်မြင့် တင်မြင့် သမ္မတ ။

    ကိုင်း ခေါ်ရတာအရသာရှိလိုက်ပါဘိတောင်း ။

    ”တင်မြင့်..တင်မြင့်..ထောင်ပိုင်ကြီး လာမယ်…ပုံစံပြင်ထား..ပုံစံပြင်ထား”

    ကြိုးတိုက်တာ၀န်ကျ ထောင်ကြပ်ရဲ့ အသံမာမာကြီးကြောင့် သတင်းစာဖြတ်ပိုင်းလေးကို ငုံ့ကြည့်ကာစိတ်ကူးယဉ်နေသော ဓါးတင်မြင့်တစ်ယောက်ဆတ်ခနဲဖြစ်သွားသည်။

    တာ၀န်ကျထောင်ကြပ်ကို ဂျိုကြည့် တစ်ချက်ကြည့်လိုက်ပြီး ပုံစံထိုင်ရန် ပုဆိုးကိုအသင့်ပြင်၀တ်လိုက်စဉ် သူငုံ့ကြည့်နေသည့် သတင်းစာဖြတ်ပိုင်းလေးက ကြိုးတိုက်၏ တစ်ဖက်ထောင့်ကို လွင့်ထွက်သွားသည် ။

    သတင်းစာဖြတ်ပိုင်းလေးပေါ်မှာတော့ “သမ္မတတာ၀န်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း ၊ အခန်း(၄) နိုင်ငံတော်သမ္မတတာ၀န်ထမ်းဆောင်ခဲ့သူ၏ တာ၀န်အရဆောင်ရွက်ချက်များကို တရားစွဲဆိုခြင်းမရှိစေရ” ဆိုသည့် စာသားလေးက အထင်းသား ။

    ပုံစံထိုင်ဖို့ပြင်ဆင်နေရင်း အခန်းထောင့်မှာ သတင်းစာစာရွက်လေးကို ရီဝေဝေ ကြည့်ကာ ဓါးတင်မြင့်နှုတ်ဖျားက နောင်တသံဖြင့် ခပ်တိုးတိုးလေးရေရွှတ်လိုက်သည်က

    ”တောက်…တင်မြင့် သမ္မတ ဖြစ်အောင် မကြိုးစားမိတာ နာသကွာ”

    (အထက်ပါစာသည် ဓါးတင်မြင့်၏ အတွေးသာဖြစ်ပြီး စာရေးသူ၏ အာဘော်မဟုတ်ပါ ။ မယုံရင် အင်းစိန်ထဲ သွားမေးကြ..ငိငိ ကြိုကာထားရသေးတယ်.)

    ✍🏻ဗြိတိသျှကိုကိုမောင်

  • နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ

    နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ရခိုင်ရိုးမပေါ်က နတ်ရေကန်တောင်ဗျူဟာစခန်းအနီးမှာ ရောက်ရှိနေတဲ့ ရှေ့တန်းစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ CDF-Asho က ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    နတ်ရေကန်တောင်ခြေအောက်ရှိ ပဇီကျေးရွာအနီးကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက တပ်သား ၃ ဦးဟာ CDF-Asho နဲ့ ချိတ်ဆက်ပြီးတော့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

    “(တပ်သား ၃ ဦး)က စခန်းကမဟုတ်ပါဘူး။ ပဇီရွာအနီး ရှေ့တန်းစစ်ကြောင်းကပါ။ (သူတို့ကို) မဖမ်းပါဘူး။ ကြိုတင်ဖုန်းဆက်ကြပြီးမှ ထွက်လာကြတာမျိုးပါ။ လက်ရှိတော့ လုံခြုံတဲ့စခန်းတနေရာကို ပို့ထားပေးပါတယ်” လို့ CDF-Asho မှတာဝန်ရှိသူတဦး ကပြောပါတယ်။

    ဘက်ပြောင်းလာသူ ၃ ဦးမှာ ခလရ ၁၀ မှ တပ်သား ကိုသိန်းမော် အသက် ၃၃ နှစ်နဲ့ ကိုမြမင်းခိုင် ၂၈နှစ်၊ တပ်မ ၈၈မှ တပ်သားကိုမိုးကျော် ၃၃ နှစ်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ သေနတ် ၃ လက်နဲ့ ခဲယမ်း၊ ကျည်တွေ ယူဆောင်လာခဲ့တယ်လို့ သူကဆိုပါတယ်။

    လက်ရှိမှာ အဲဒီတပ်သား ၃ ဦးကို လုံခြုံတဲ့ စခန်းတနေရာမှာ ထိန်းသိမ်းထားပြီး၎င်းတို့ မိသားစုတွေနဲ့ ဆက်သွယ်ပြီး ပြန်ပို့ပေးနိုင်ရေးအထိ လမ်းကြောင်းစီစဉ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    အဆိုပါတပ်သား ၃ ဦးဟာ ရှေ့တန်းစစ်မြေပြင်မှာ အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင် ကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ အခုလိုထွက်ပြေးလာခဲ့ကြတာ ဖြစ်တယ်လို့လည်း ထွက်ဆိုထားကြောင်း သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လ အတွင်းမှာလည်း နတ်ရေကန်တောင်ဗျူဟာ စခန်းကုန်း တိုက်ပွဲမှ ထွက်ပြေးလာကြတဲ့ စစ်ကော်မရှင်တပ်သား ၆၆ ဦးကို CDF- Asho က ဖမ်းမိပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

  • သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်

    သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်

    စစ်ခေါင်းဆောင်လာမည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်၍ လုံခြုံရေးတင်းကြပ်ထား

    ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေပြီး စစ်ကော်မရှင်တပ်နှင့် ရဲများမှဧည့်စာရင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း၌ နံနက်အစောပိုင်းမှစတင်ကာ စစ်ကော် မရှင်တပ်ဖွဲ့နှင့် ရဲများမှ ဧည့်စာရင်းဝင်‌ရောက်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    “မနက်က သန်လျင်အောင်ချမ်းသာထဲကို ဧည့်စာရင်းဝင်စစ်သွားတယ်။ ရွေးကောက်ပွဲကြောင့်လို့ထင်နေတာ ဟိုဂျပု(စစ်ခေါင်းဆောင်)လာမယ်လို့နောက်မှ သိရတာ။ ဘေးတွဲတွေလည်း အပြင်မထွက်ရဲဘူး။ ရပ် ကွက်တွေထဲထိ လိုက်ဖမ်းနေတာ”ဟု အောင်ချမ်းသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်ထဲရှိ ရေနံရပ်ကွက်၊ အောင်ချမ်းသာ၊ ညောင်သုံးပင်စသည့် ရပ်ကွက်အနီးတစ်ဝိုက်ကို အင်အားအများအပြားဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးသွားခြင်းဖြစ်သည်။

    ထို့အပြင် သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကာ အင်တာနက်လိုင်းများလည်း ယာယီပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။

    “ဘယ်အချိန်ကတည်းက လိုင်းပြတ်တာလည်းတော့ မသိဘူး ဖုန်းဆက်စရာရှိလို့ ဆက်တော့မှ ဖုန်းခေါ်မရတာ။ ဖုန်းတိုင်လည်းပျောက်၊ အင်တာနက်လည်း လိုင်းကျတာ။ ကိုယ်တစ်ယောက်ထဲလားဆိုပြီး ဘေးအိမ်တွေကို မေးတော့ သူတို့လည်းဖြစ်ကြတာ။ ခု နေ့ခင်းချိန် ဆက်သွယ်လို့မရသေးဘူး။ ရဲတွေက မနေ့က မနက်ပိုင်းကနေ ညအထိကို လမ်းထိပ်တွေ လမ်းမကြီးတွေပေါ်မှာ လုံခြုံရေးယူထားတာ”ဟု အောင်ချမ်းသာနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

    သန်လျင်မြို့နယ်အတွင်းကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ရဲတပ်သားအများအပြား ဖြန့်ခွဲကာ နေရာအနှံ့လုံခြုံရေးချ ကင်းပုန်းဝပ်စေပြီး နေ့နံနက်ပိုင်းအထိ လုံခြုံရေးများတင်းကြပ်ထားကြောင်း သိရသည်။

    ဆိုင်ကယ်ကယ်ရီသမားများကို ကျိုက်ခေါက်ဘုရားလမ်းမကြီးပေါ်သို့ တက်ခွင့်မပေးဘဲ ဈေးဆိုင်ခန်းများကိုလည်း လမ်းဘေးဝဲယာတစ်လျှောက် ရှင်းလင်းကာ လုံခြုံရေးယူထားသည်ဟု ဆိုသည်။

    လက်ရှိတွင် စစ်ခေါင်းဆောင်မှာ ရွေးကောက်ပွဲအတွက် တပ်နယ်အသီးသီးကို လှည့်လည်သွားလာကာ တပ်အတွင်း မဲဆွယ်ပြောဆိုမှုပြုလုပ်နေပြီး ရွေးကောက်ပွဲအတွက် အထူးကြိုးပမ်းနေသည်ကိုတွေ့ရသည်။

    ဓာတ်ပုံ-စစ်ခေါင်းဆောင်မင်းအောင်လှိုင် (လူမှုကွန်ရက်)

  • ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

    စစ်တပ်လက်ဝေခံပျုစောထီးတွေပါဝင်တဲ့လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ လ ၁၉ရက် နေ့ခင်းပိုင်းမှာ အိမ်စီးကားနဲ့ ဘုရားဖူးထွက်လာတဲ့ မိသားစုတစ်စုကိုပြန်ပေးဆွဲခဲ့တာပါ။

    “ဖြစ်စဉ်ကတော့မှန်တယ်” လို့ ပုဂံမြို့ခံတစ်ဦးကပြောပါတယ်။

    ပြန်ပေးဆွဲပြီးနောက် ပုဂံ-ချောက်ကားလမ်းဘက်ခေါ်ဆောင်သွားပြီး ကျပ်သိန်းငါးထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တာပါ။

    ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်ကကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

    အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံအနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။

    ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တဲ့ စေတနာကြီးဘုရားက ပုဂံမြို့သစ်နဲ့ တစ်မိုင်ခန့်သာဝေးပြီး ခရီးသွားမရှိဘဲ လူသွားလူလာပြတ်တဲ့နေရာတစ်ခုပါ။

    ဆက်စပ်သတင်း

    ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့

  • ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    မနေ့ နေ့လယ်က နေပြည်တော် MGallery ဟိုတယ်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ဘွဲ့ရလူငယ်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပို့ပေးဖို့ ပြောတယ်။ စာရင်းတောင်းတယ် ဆိုတာထက် အမိန့်ပေးတာ။ ဒီလူငယ်တွေက ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရမှာဆိုတော့ ဘာမှပြန်မပြောဘူး။ စစ်ဘက်ကကြားရတဲ့ သတင်းတွေအရတော့ ဘွဲ့ရတွေကို စစ်ဘက်က နည်းပညာပိုင်းမှာ စစ်မှုထမ်းခိုင်းမယ်လို့ ပြောနေကြတယ်။ အရင်က စစ်မှုထမ်းကို ကြုံရာလူတွေပဲ ခေါ်နေတာ၊ အခု ဘွဲ့ရ ပညာတတ်တွေအလှည့် ရောက်လာတာ။”

    ဘွဲ့ရထားသူစာရင်းကို ရန်ကုန် မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးတွေက ကောက်နေရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ ဘွဲ့ရလူဦးရေစာရင်း ကောက်ခိုင်းတာ၊ ဘွဲ့ရ ကျားဘယ်နှယောက်ရှိတယ်၊ မ ဘယ်နှယောက်ရှိတယ်၊ ပုံစံ ၆၆ နဲ့နေတဲ့သူ၊ ဧည့်စာရင်းနဲ့နေတဲ့သူ အကုန်ပါတယ်။ မြို့နယ်ကနေ တဆင့် ရပ်ကွက်နဲ့ ကျေးရွာကို စာထုတ်ညွှန်ကြားတာ။ ဘာကြောင့်ဆိုတာ ခေါင်းစဥ်မရှိဘူး။ ရပ်ကွက်အတွင်း နေထိုင်တဲ့ ဘွဲ့ရစာရင်းဆိုတာပဲ သိရတယ်။”

    စာရင်းကောက်ယူရာမှာ ကောက်ပုံကောက်နည်း ကွဲပြားမှုရှိပြီး တချို့မြို့နယ်တွေမှာ အိမ်တိုင်ရာရောက် လာကောက်တာရှိသလို တချို့မြို့နယ်တွေမှာတော့ ရုံးကို ကိုယ်တိုင် စာရင်းသွားပေးရတယ်လို့ လှည်းကူးမြို့ခံတယောက်က ပြောပါတယ်။

    “လှည်းကူးမှာတော့ အုပ်ချုပ်ရေးက အိမ်တိုင်ရာရောက် လာကောက်တာ။ လူဦးရေစာရင်း ကောက်သလိုပဲ အပြည့်အစုံပေးရတာ။ မင်္ဂလာဒုံဘက်မှာ ရုံးကို လူကိုယ်တိုင် စာရင်းသွားပေးရတာ။ သွားမပေးလို့လည်း မရဘူး၊ စစ်တပ်နယ်မြေဆိုတော့။”

    တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ဘွဲ့ရလူငယ်စာရင်း ကောက်ယူတဲ့အသံ မကြားရဘဲ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာသာ စာရင်းကောက်ယူနေတာကြောင့် စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။