Category: News

  • အတုအယောင် ရွေးကောက်ပွဲ နီးလာချိန် မန္တလေးမှာ စစ်အုပ်စု ပိုမိုအာဏာပြ သောင်းကျန်းလာ

    အတုအယောင် ရွေးကောက်ပွဲ နီးလာချိန် မန္တလေးမှာ စစ်အုပ်စု ပိုမိုအာဏာပြ သောင်းကျန်းလာ

    လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲရာမှာ ဖုန်းတွေကို အသေးစိတ် စစ်ဆေး ငွေညှစ်

    အတုအယောင် ရွေးကောက်ပွဲ လုပ်မယ့်ရက် နီးကပ်လာချိန် မန္တလေးမြို့ပေါ်မှာ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ ပိုမို အတင့်ရဲလာကာ ပြည်သူကို ဖမ်းဆီးငွေညစ်တာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတချို့က ဆက်သွယ်ပြောဆိုပါတယ်။

    အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း လမ်းပေါ်သိပ်တွေ့ရလေ့မရှိဘဲ ရဲစခန်းတွေထဲမှာပဲ ခိုအောင်းနေလေ့ရှိတဲ့ စစ်အုပ်စု လက်နက်ကိုင် ရဲတွေကို ယခုရက်ပိုင်း လမ်းပေါ်မှာ မကြာခဏ တွေ့လာရသလို ပျူစောထီးတွေရဲ့ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက် ငွေညှစ်တာတွေလည်း ပိုမို လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

    ယခု ဒီဇင်ဘာလအတွင်း မန္တလေးမြို့အနှံ့မှာ ရဲ ယူနီဖေါင်းဝတ်ထားသူတွေက အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ ဆိုင်ကယ်၊ကားတွေကို မထင်ရင်မထင်သလို စစ်ဆေးရှာဖွေမှုတွေ လုပ်နေသလို ကုန်တင်ကား၊ ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်တွေဆိုရင် မလွတ်တမ်းနီးပါး တားဆီးစစ်ဆေးငွေညှစ်နေတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    “အရင်လကတွေ ရဲတွေချည်းပါတဲ့အဖွဲ့ စစ်တယ်ဆိုတာ မရှိသလောက် ရှားတယ်၊ စည်ပင်၊ ပျု၊ စစ်ခွေးတွေနဲ့ ရဲက ပေါင်းစစ်တာ များတယ်၊ အခုကျ ရဲ‌တွေချည်းပါတဲ့ အဖွဲ့‌တွေ သီးသန့် အဖွဲ့ဖွဲ့စစ်တာ များလာတယ်၊ အရင်ကထက် ပိုများတယ်ပြောရမှာပဲ”

    ယခင်က ပျူစောထီး၊ အပြာဝတ်နဲ့ စည်ပင်တွေ ပေါင်းပြီး အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ လုပ်လေ့ရှိပေမယ့် လက်ရှိမှာတော့ ရဲသီးသန့် ငွေညှစ်တဲ့အဖွဲ့တွေပါ လမ်းပေါ်ရောက်လာတာလို့ ဆိုပါတယ်။

    တချိန်တည်းမှာပဲ မန္တလေးမြို့ပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာတွေကို မိုက်ကြေးခွဲ ငွေညှစ်တဲ့ စစ်အုပ်စုက ဖုန်းတွေကို အသေးစိတ် စစ်ဆေးတာတွေ လုပ်လာပြီး ဖုန်းတွေကို အသေးစိတ် စစ်ဆေးနိုင်ဖို့ စစ်အုပ်စုက ဖုန်းစစ်ဆေးနည်း သင်တန်းပေးထားတယ်လို့ ယူဆရကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။

    “(ဖုန်း)စစ်ဆေးတာ နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေတက်ပြီး စစ်လာကြတယ်လို့ထင်ရတယ်၊ ဖုန်းစစ်တာဆို အရင်ကထက် စနစ် ပိုကျလာတယ်၊ ရဲတွေက PSMS စနစ်နဲ့ပါ မြို့ပေါ်မှာ စစ်ဆေးလာတာ၊ ဖုန်းဆိုလည်း သေချာကို အချိန်ပေး စစ်ဆေးလာကြတယ်၊ အခုဟာ ရဲမှ မဟုတ်ပါဘူး၊ စစ်ခွေး၊ ပျုနဲ့ မော်တော်ပီကယ်တွေက ပုံစံအမျိုးမျိုးနဲ့ ငွေညှစ်နေတာပါပဲ၊ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားဆို သူတို့စစ်တာ ဘာမှမတွေ့လည်း သူတို့အတွက် လဘက်ရည်ဖိုး ဆက်ကြေး‌လေး ခိုး‌ပေးပြီး သွားရတာပါပဲ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    (PSMS – Person Scrutinization and Monitoring System စနစ်ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စနစ်တကျ စစ်ဆေးတဲ့ နည်းပညာဖြစ်ပါတယ်။ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်တွေ စတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကြည့်ပြီး စစ်အုပ်စုက အမှုဖွင့်ထားသူ ဟုတ်၊မဟုတ်၊ CDM ဟုတ်၊မဟုတ် စတာတွေကို စစ်ဆေးတဲ့ နည်းပညာဖြစ်ပါတယ်။ အဲ့ဒီ PSMS စနစ်ကို အာဏာသိမ်း စစ်အုပ်စု အသုံးပြုနိုင်ဖို့ တရုတ် Huawei နည်းပညာကုမ္ပဏီက စစ်အုပ်စုကို ကူညီပေးထားတာဖြစ်)

    ယခုရက်ပိုင်း မန္တလေးမြို့လယ် လမ်း ၈၀ ပေါ်နဲ့ ၇၃လမ်း ဆေးကျောင်းအနီးဝန်းကျင်မှာ စစ်အုပ်စုက အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေကာ ဖုန်းတွေကို အသေးစိတ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုက ဖုန်းတွေကို စစ်ဆေးရာမှာ ဖုန်းထဲက ဓါတ်ပုံတွေ၊ Viber၊ တယ်လီဂရမ် နဲ့ စ‌လော့ဂိမ်းတွေ ကို အသေအချာ အချိန်ယူ ရှာဖွေစစ်ဆေးပြီး သူတို့မကြိုက်တာ တစ်ခုခုရှာတွေ့ရင်တော့ ငွေညှစ်တယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။

    “ဖုန်းစစ်တဲ့ပုံကြည့်ရတာ သူတို့ကို နည်းပညာသင်တန်း ပေးထားတဲ့ပုံပဲ၊ ရှာတာကအတော်ကို အသေးစိတ်တယ် ပြောရမယ်။ ဓါတ်ပုံဆို တစ်ပုံချင်း အသေအချာကြည့်တာ၊ မိတ်ဆွေတစ်ယောက်ဆို စလော့ဂိမ်း‌ တွေ့တာရယ်၊ တယ်လီဂရမ်မှာ သူတို့မကြိုက်တဲ့ သတင်းချန်နယ်တစ်ခုကို ဝင်ထားလို့ဆိုပြီး ပိုက်ဆံ‌တောင်းတာ၊ ပေးခဲ့ရ‌တယ်”

    မန္တလေးမြို့ပေါ် သွားလာနေရတဲ့ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုကို ငွေအများကြီး မပေးရဖို့ အပြင်သွားတဲ့အခါ ဖုန်းထဲမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အချို့အရာတွေကို ရှင်းလင်းထားဖို့နဲ့ လောင်းကစားဂိမ်းတွေကို ဖျက်ထားသင့်တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတချို့က အကြံပြုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက်က မန္တလေးစျေးချိုတော်မှာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေးနဲ့ အာဏာသိမ်း ဖက်ဆစ် စစ်အုပ်စုက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဒေါက်တာတေဇာဆန်း အပါအဝင် သပိတ်ခေါင်းဆောင် လူငယ်တွေ ဆန္ဒပြခဲ့ပြီးနောက် စစ်အုပ်စုက ရဲတွေကိုပါ လမ်းပေးတက် ဖမ်းဆီးငွေညှစ် စစ်ဆေးတာတွေ လုပ်ဖို့ ခိုင်းစေထားတယ်လို့ စစ်အုပ်စု လက်အောက်ခံ ရဲတွေနဲ့ နီးစပ်သူ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    “‌ကိုတေဇာဆန်း တို့က ဈေးချိုမှာဆန္ဒပြပြီးတဲ့နောက် သူတို့(စကမ) နည်းနည်း တုန်လှုပ်သွားတယ်၊ သူတို့ စိုးမိုးတဲ့ မြို့ပေါ်တွေမှာ ရွေးကောက်ပွဲဆိုတာကြီးက သူတို့ ဖြစ်စေချင်သလို ဖြစ်မယ်လို့ ထင်ထားတာ၊ ကိုတေဇာဆန်း‌က ဆန္ဒပြပွဲမှာ အသံတိတ်သပိတ်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တကွက်ပြလိုက်တော့ ရဲတပ်ဖွဲ့‌ဝင်‌တွေကို အရင်ကထက် လုံခြုံရေးပိုင်း တင်းကြပ်ဖို့ ဖိအားပေးလာတော့ ရဲတွေကို နေရာ အတော်များများမှာ တွေ့လာရမယ်၊ အမှန်တော့ ပြည်သူဆီက ငွေညှစ်ဖို့ လုပ်ပိုင်ခွင့် ပေးလွှတ်လိုက်သလိုပါပဲ”

    စျေးချိုတော် ဆန္ဒပြပွဲအပြီး မန္တလေးမြို့‌ပေါ်က ဈေးတွေမှာ ပျုနဲ့ရဲတွေကို စောင့်ကြည့်ဖို့ လုံခြုံရေး ချထားတာကို တွေ့မြင်လာရတယ်လို့ မြို့ခံစျေးသည်တစ်ဦးကလည်း ပြောပါတယ်။

    “အရင်က ကျမတို့ဈေးနားဆိုရင် ဘာမှ မရှိဘူး။ အခု ကိုတေဇာဆန်းတို့ ဆန္ဒပြပြီးနောက် ရဲနဲ့ပျုတွေ ဈေးနားမှာ ချလာတာ တွေ့ရတယ်၊ မှတ်မှတ်ရရ ဒီဇင်ဘာ ၁၀ရက် (အသံတိတ်သပိတ်) နောက်ပိုင်းကျ ဈေးတွေအနီးဝန်းကျမှာ သူတို့ (စစ်အုပ်စုနဲ့ပျူ)ကို တွေ့လာရတာ”

    အာဏာသိမ်း စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ စီစဉ်ထားပြီး ရွေးကောက်ပွဲ မဲမပေးဘူးလို့ ပြောဆိုသူ၊ လူမူကွန်ယက်မှာ ရေးသူတွေကို လိုက်လံဖမ်းဆီးကာ ထောင် သုံးနှစ်ကနေ တသက်တကျွန်းအထိ ချနိုင်တဲ့ ဥပဒေနဲ့ အမှုဆင် တရားဆွဲ ထောင်ချနေတာ ဖြစ်ပါတယ်။

    မန္တလေးမြို့ပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေး၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ

  • ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့  ၇ ရက်တိတိကျင်းပမည်

    ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပမည်

    အကြမ်းဖက် စစ်တပ်ဘက်တော်သား ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေး

    အကြမ်းဖက် စစ်တပ်ဘက်တော်သား ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေးထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၅၂ နှစ်ပြည့်မယ့် တင်ဌေး (ခေါ်) ဒိန်းဒေါင်က သူရဲ့ မွေးနေ့အဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဟာသအစည်းအရုံးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစလို့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ညစဉ် ပျော်ပွဲ ရွှင်ပွဲ ဖျော်ဖြေပွဲတွေ လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဖြစ်တာကြောင့် ပွဲကျင်း ပခွင့်တွေကို ပိတ်ပင်ထားပေမယ့်လည်း စစ်တပ်ဘက်တော်သား ဒိန်းဒေါင်ရဲ့ မွေးနေ့ပွဲကို အထူးအခွင့်အရေးအနေနဲ့ ခွင့်ပြုပေးထားတာလို့ သိရပါတယ်။

    ဒိန်းဒေါင်မွေးနေ့ပွဲအတွက် ကျင်းပမယ့်နေရာမှာ စစ်သားတချို့၊ ပျူစောထီးနဲ့ ဒေသခံတွေကို လုံခြုံရေးစောင့်ခိုင်းတာတွေရှိနေပြီး ဒိန်းဒေါင်နေတဲ့နေရာ၊ ပွဲစီစဉ်မယ့်သူတွေအတွက်လည်း လုံခြုံရေးပေးထားတယ်လို့ သိရပါတယ်။

    “သူတို့အိမ်တွေကို ရခ၊ စခ တွေလုံခြုံရေးယူပေးထားတယ်။ မွေးနေ့ပွဲက ရ ရက်လုပ်မယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။

    ဟာသလူရွှင်တော် ဒိန်းဒေါင်က စစ်တပ်ဘက်က အပြတ်ရပ်တည်ပြတာကြောင့် ရန်ကုန်နဲ့ နေပြည် တော်မှာ စစ်တပ်က မြေကွက်တွေ ချထားပေးခဲ့တဲ့အပြင် ဒီနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း လူမှုထူးချွန်ဆုကို မင်းအောင်လှိုင်က ဒိန်းဒေါင်ကို ပေးအပ်ခဲ့ပါသေးတယ်။

    Photo: AI Image နှင့် ဇာတ်ဝင်ခန်းပုံအချို့အား အသုံးပြုထားပါသည်။

  • Monkey Twins

    Monkey Twins

    Monkey Twins (2016)

    ဒီဇာတ်ကားလေးက အက်ရှင်–ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေ ထိုင်းရာဇဝင် လက်ဝှေ့ကကွက်တွေ တရုတ်အော်ပရာတွေကို ပေါင်းစပ်ပြထားတဲ့ ဇာတ်လမ်းပါပဲ။

    “နေး” ဆိုတဲ့ လူငယ်တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ဟာနုမာန် မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဖျော်ဖြေနေတဲ့သူပါ။

    သူရရှိထားတဲ့ အတတ်ပညာတွေကတော့ အဖိုး ကလ ထံမှ လက်ဆင့်ကမ်းလာတာဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် ဟာနုမာန်မျက်နှာဖုံးပြဇာတ်နဲ့ မျောက်ဇာတ်လမ်းပြဇာတ် တွေကို လုပ်ခဲ့တာပါ။

    တချိန်တည်းမှာပဲ သူ့ကို ရှင်းပစ်ချင်တဲ့ ” ဆိုလ်” ဆိုတဲ့ ရန်သူတစ်ယောက်ရဲ့ လက်စားချေလိုက်လံဖမ်းဆီးမှုကိုလည်း ရင်ဆိုင်ကြုံတွေ့​နေရပါ​​သေးတယ်။

    “နေး” ချစ်ရတဲ့မိန်းကလေးအသတ်ခံရတာနဲ့ပတ်သက်ပြီး “ဆိုလ်” ကအခွင့်ကောင်းယူကာ ” နေး” ကို အပြစ်ပုံချပြီး စွပ်စွဲခဲ့လို့ အမှုရင်ဆိုင်နေရတာပါ။

    တနေ့မှာ တိုက်ခိုက်မှုကျွမ်းကျင်တဲ့ “လင်းယဥ်” နဲ့ ” နေး” တို တွေ့ဆုံခဲ့ကြတဲ့အခါမှာတော့ နှစ်ယောက်သား ပူးပေါင်းပြီး ရန်သူတွေကို ဘယ်လိုအနိုင်ယူကြမလဲ….

    “နေး” တစ်ယောက် အမှုမှန်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဒီဇာတ်ကားထဲမှာ ​​မွေထိုင်းပြကွက်အပြင် ပြဇာတ်ရဲ့ဖျော်ဖြေမှုတွေနဲ့အတူ တိုက်ရေးခိုက်ရေးတွေကိုပါ ကြည့်ရမှာဖြစ်လို လက်မလွှတ်ဘဲ ကြည့်သင့်ပါကြောင်း….

  • စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရွှေဘိုနှင့်မုံရွာမြို့ပေါ်အထိ ကျယ်ပြန့်လာ

    စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရွှေဘိုနှင့်မုံရွာမြို့ပေါ်အထိ ကျယ်ပြန့်လာ

    စစ်ကော်မရှင် ထိန်းချုပ်သည့် စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ရွှေဘိုမြို့ပေါ် ရပ်ကွက်များတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက စစ်တပ်၏ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် သတိပေးမှုများကို ပြုလုပ်ခဲ့ကြသည်။

    ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်) မွန်းတည့် ၁၂ နာရီတွင် ရွှေဘိုမြို့ အဝေးပြေးကားကြီးဝင်းထိပ် တံတားပေါ်နှင့် အလောင်းမင်းတရား ဦးအောင်ဇေယျ ရုပ်တုရှေ့၊ အမှတ် (၁) အလယ်တန်းကျောင်း မျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့နှင့် ရွှေဘို- ရေဦးလမ်းထိပ်နေရာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်ဝေခြင်းတို့ကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က လုပ်ဆောင်ခဲ့သည်။

    “ကားဝင်းဘက်ဆိုရင် (စစ်တပ်က) အမြဲတမ်း ပတ်ကင်းလည်း လာနေကျ။ မြို့ရှောင်လမ်းထိပ်မှာ အထိုင်ချထားတဲ့ စခန်း ရှိတယ်။ … သူတို့ရဲ့နောက်ကျောတွေ သူတို့ရဲ့ကောင်းကောင်းစိုးမိုးထားတဲ့ နေရာတွေကို သွားပြီးတော့ ဆိုင်းဘုတ်ချိတ်ဆွဲ၊ လက်ကမ်းစာစောင်တွေဝေ၊ ဓာတ်ပုံတွေရိုက် ဂန်းတွေ ဖောက်ပြီးတော့ ပြန်လာတယ်”ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

    ထိုဆိုင်းဘုတ်ချိတ်ဆွဲခဲ့သည့်နေရာများသည် စစ်တပ်တပ်စွဲထားရာ နေရာများနှင့်နီးကပ်ပြီး ၄၅ မိနစ်ခန့်အတွင်း သုံးနေရာလုံး၌ တပြိုင်တည်းလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    “ မြို့ပေါ်မှာ သူတို့စိုးမိုးထားတဲ့နယ်မြေအတွင်းက ပြည်သူတွေကို တနည်းအားဖြင့် သူတို့ ရွေးကောက်ပွဲကို သွားပြီးတော့ မပါဝင်ချင်ဘဲနဲ့လည်း ပါဝင်ရမဲ့အနေထားဖြစ်နေတာကိုး။ ပြည်သူတွေလည်း အားရှိအောင် သူတို့ကိုလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကောင်းကောင်းတုံ့ပြန်နိုင်တယ်ဆိုတာကို သွားချင်တာ။ ဒါက အစပဲ ရှိသေးတယ်”ဟု ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

    ယမန်နေ့က ထိုလှုပ်ရှားမှုအပြီး စစ်ကော်မရှင်တပ်များ ရောက်လာကာ ဦးအောင်ဇေယျရုပ်တုအနီးတွင် ချိတ်ဆွဲထားသည့် ဗီနိုင်းကို လာရောက်ဖြုတ်ချခဲ့ပြီးနောက် ကျန်ဗီနိုင်းနှစ်ခုကို လမ်းသွားလမ်းလာနှင့် အနီးဝန်းကျင်ရှိ ပြည်သူများကို ဖြုတ်ခိုင်းကြောင်း အထက်ပါ ပကဖ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

    စစ်ဌာနချုပ် အခြေစိုက်သော မုံရွာ

    မုံရွာမြို့ပေါ်တွင် တော်လှန်ရေးအင်အားစုများ ချိတ်ဆွဲထားသော ဗီနိုင်းတစ်ခု

    စစ်ကော်မရှင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များ၏ ဓာတ်ပုံ ၊ အမည်စာရင်းများကို “ အကြမ်းဖက်သစ္စာဖောက်လောက်ကောင်များ”ဟု ဖော်ပြထားသော ဗီနိုင်း၊ ပိုစတာများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်သည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့်မြို့နယ်အတွင်း ဒီဇင်ဘာလ ၁၅ ရက်နေ့က ချိတ်ဆွဲ၊ စိုက်ထူခဲ့သည်ဟု သိရသည်။

    မုံရွာနယ် ကိုယ်စားပြု၍ စစ်ကော်မရှင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးတင်လှိုင်မြင့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးကျော်နိုင်ဝင်းနှင့် ဦးကျော်ဝင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ဦးဝင်းဗိုလ်နှင့် ဦးလမင်းအောင်၊ ပြည်သူ့ပါတီ (PP) မှ ဦးဝင်းမြတ်တို့ဖြစ်ကြသည်။

    ထိုသူများကို ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ပြီး လူမှုရေးပြစ်ဒဏ်ခတ်ခြင်း (Social Punishment ) ပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် “ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပေဒအရ” အရေးယူသွားမည်ဟု မုံရွာမြို့နယ် ပကဖက ဆိုသည်။

    “ပြည်သူ့လူထုအနေနဲ့လည်း Social Punishment ပြုလုပ်နိုင်ဖို့နဲ့ တဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သူတို့ကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ သဘောပါပဲဗျ” ဟု မုံရွာမြို့နယ် ပကဖ မှ တော်လှန်ရေးရဲ့ဘော်တစ်ဦးက ပြောသည်။

    ပုလဲမြို့နယ်မှ ၂၀၂၀ ခုနှစ် ရွေးကောက်ခံအမတ်ဖြစ်ခဲ့သူ ဦးဇော်ထက်က အကြမ်းဖက်နေသော စစ်တပ်၏ ရွေးကောက်ပွဲတွင် ပါဝင်မှုသည် ပြည်သူအပေါ် သစ္စာဖောက်ခြင်းသာဖြစ်ကြောင်း မှတ်ချက်ပေးသည်။

    “ပြည်သူတွေအပေါ် ဥပဒေမဲ့ အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့လူတိုင်းဟာ ပြည်သူ့သစ္စာဖောက်ပဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    “ ဘာကြောင့်လဲဆို ပြည်သူတွေကို တရားမဲ့ သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို တရားဝင်မှုဖြစ်အောင် နောက်ကနေ အားပေးအားမြှောက်လုပ်နေတာပဲ။ ဒါတွေဟာ ပြည်သူ့သစ္စာဖောက်ပဲ။ ဒီတော့ ပြည်သူ့သစ္စာဖောက်တွေကို သူတို့ရဲ့သွားရာလမ်းအတိုင်း ကျွန်တော်တို့က ပြန်လည်တုံ့ပြန်ရလိမ့်မယ်” ဟု လက်ရှိ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံဖြစ်သော ဦးဇော်ထက်က ဆိုသည်။

    စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အခန်း(၂) ဥပဒေ၏ ရည်ရွယ်ချက်များတွင် “အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဖြစ်မြောက်စေရန် လုပ်ဆောင်မှုများကို တားဆီးရန်နှင့် ပါဝင်ကူညီဆောင်ရွက်သူများကို အရေးယူရန်” ဆိုသည့် အချက်ဖော်ပြထားသည်။

    လွှတ်တော်အမတ်များနှင့်ပတ်သက်ပြီး အဆိုပါဥပဒေတွင် “မတရားသောနည်းလမ်းဖြင့် အာဏာရယူရန် ကြိုးပမ်းသူ” အဖြစ် သတ်မှတ်ထားပြီး ဖမ်းဆီး အပြစ်ပေးခံရပါက ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိနှင့် ငွေဒဏ်ကျပ်သိန်း ၅၀၀ ထက် မနိမ့်သောငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်ဟု ပါရှိသည်။

    လွှတ်တော် အမတ်လောင်းများအပြင် စစ်ကော်မရှင်၏ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲကော်မရှင်မှ တိုင်း/ ပြည်နယ်၊ မြို့နယ်နှင့် ကျေးရွာအုပ်စုအဆင့် ရွေးကောက်ပွဲကော်မရှင်များအထိ အဆင့်လိုက် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ထာသည်ကိုတွေ့ရပြီး ထောင်ဒဏ်အားဖြင့် အနိမ့်ဆုံး ခြောက်လမှ ၁၀ နှစ်အထိသာမက ငွေဒဏ်အသီးသီး ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

    နိုင်ငံရေးထွက်ပေါက်အဖြစ် စစ်တပ်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောထားကြသည်။

    စစ်တပ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် တော်လှန်ရေးအင်အားစုများက ၎င်းတို့ နယ်မြေစိုးမိုး ထားသည့်ကျေးရွာများနှင့် လူစည်ကားရာလမ်းမများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်များ စိုက်ထူသည့် လှုပ်ရှားမှုများကို ဒီဇင်ဘာလဆန်းမှ စပြီး ခပ်စိပ်စိပ်လှုပ်ရှားလာသည်။

    စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ ကျင်းပရန် ကြေညာထားသည်။ အပိုင်း (၁) ကို ယခုလ ၂၈ ရက်တွင် လည်းကောင်း၊ အပိုင်း (၂) ကို လာမည့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လည်းကောင်း ကြေညာထားပြီး နောက်နှစ်ပတ်ကြာ ဇန်နဝါရီလ တတိယပတ်တွင် အပိုင်း (၃) ကျင်းပနိုင်ခြေရှိနေသည်။

    လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁)တွင် စစ်ကိုင်းတိုင်းမှ မုံရွာ၊ ရွှေဘို အပါအဝင် လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ တမူးနှင့် ဟုမ္မလင်းမြို့နယ်တို့ပါဝင်သည်။

    သို့သော် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု မူလလျာထားသည့် အပိုင်း (၁) နှင့် (၂) အတွင်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ရန်ကုန်တိုင်းနှင့် နေပြည်တော်ကောင်စီမှလွဲလျှင် ကျန်ပြည်နယ်နှင့် တိုင်း ၁၃ ခုတွင် မြို့နယ် ၂၀၂ မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခု ရွေးကောက်ပွဲ လုပ်နိုင်တော့မည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယခုလ ၅ ရက်တွင် ကြေညာခဲ့ရသည်။

    အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်သော စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင်လည်း မြို့ပေါ်မှ လွဲလျှင် မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု ၅၂ အုပ်စုတွင် ကျေးရွာအုပ်စု ၂ ခုသာ ရွေးကောက်ပွဲလုပ်နိုင်မည် ဖြစ်သည်။

    မုံရွာမြို့တွင် ရွေးကောက်ပွဲ နီးလာသည်အထိ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ပွဲများ မတွေ့ရဘဲ စားသုံးဆီ ရောင်းချသည့်နေရာများတွင်သာ မဲထည့်ကြရန်တိုက်တွန်းခြင်းနှင့် မဲထည့်နည်းများ ပြောဆိုခြင်းများ ရှိသည်ဟုလည်း မုံရွာမြို့ ရတနာပုံ ရပ်ကွက်မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    “မြို့ပေါ်တော့ မဲဆွယ်တရားဟောတာတွေ မလုပ်ကြဘူး။ လုပ်လည်းသူတို့ အသိုင်းဝိုင်းလောက်ပဲရှိမှာ။ မလုပ်လောက်ကြလောက်ဘူးရယ်။ အမတ်လောင်းတွေကိုယ်တိုင်တောင် ပေါ်ပေါ်တင်တင် မထွက်ရဲကြဘူးလေ” ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

    အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် မြို့နယ်ဆိုင်ရာအချက်အလက်အရ ရွှေဘိုမြို့နယ်တွင် ရွှေဘိုမြို့နှင့် ကျောက်မြောင်းမြို့တို့ပါဝင်ပြီး မြို့ပေါ် ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၇၂ စု ရှိသည်။

    အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်အပါအဝင် စစ်ကော်မရှင် တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ရာ ရွှေဘိုမြို့နယ်တွင် ရွှေဘိုနှင့် ကျောက်မြောင်းမြို့ပေါ် ရပ်ကွက်များ၌ ရွေးကောက်ပွဲ အပြည့်အဝမလုပ်နိုင်သည့် အခြေအနေဖြစ်ပေါ်နေသည်။

    ရွှေဘိုမြို့ပေါ် ရပ်ကွက် ၇ ခု၊ ကျောက်မြောင်းမြို့မှ ရပ်ကွက် ၄ ခုနှင့် ကျေးရွာ အုပ်စု ၇၀ တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ ရွှေဘိုမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်က ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက် ၂၀၀၀ ကျော်ကို ရွှေဘိုမြို့ပေါ်တွင် ဒရုန်းဖြင့် ကြဲချခဲ့ကြောင်း ရွှေဘို ပကဖထံက သိရသည်။

    ဒီပဲယင်း၊ ဝက်လက်၊ ခင်ဦးတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး တော်လှန်ရေးအင်အားစုများအားကောင်းရာ ရွှေဘိုမြို့နယ်၌ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုများအပြင် လေကြောင်း တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်လာသည်။

    ယနေ့ နံနက် ၁၀ နာရီခွဲမှစပြီး ရွှေဘိုမြို့နယ် အရှေ့မြောက်ခြမ်းနှင့်အရှေ့တောင်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့သည့်အပြင် ရွှေဘိုမြို့နယ်တောင်ပိုင်းကိုလည်း ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှု အချို့ရှိကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများထံက သိရသည်။

    ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန် ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

    ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်တပ်က အရပ်သားပြည်သူများကိုတိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမို မြင့်တက်လာပြီး နိုဝင်ဘာလအတွင်း စစ်တပ်လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၃၀ ဦး သေဆုံးကာ ၂၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ခွင့်လွှတ်၍မရဟု နွေဦးတပ်ပေါင်းစု SRA ပြော

    မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ခွင့်လွှတ်၍မရဟု နွေဦးတပ်ပေါင်းစု SRA ပြော

    ရခိုင်တစ်ပြည်လုံးနီးပါး အားကိုးအားပြုနေရသည့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ခွင့်လွှတ်၍ မရကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်း SRA က ပြောသည်။

    စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးမှာ အားလုံးနီးပါး ပျက်စီးသွားသလို ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဆေးကုသနေသော လူနာများ ၃၃ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၇၇ ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ပြောသည်။

    မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲခြင်းသည် စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကြီးကြီးမားမား မျက်မြင်ကိုယ်တွေ့ ကျူးလွန်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောကြားခဲ့သည်။

    “ဒီလို စစ်ရာဇဝတ်မှုကို စစ်တပ်က ကျူးလွန်တာဟာ အခုမှ မဟုတ်ဘူး။ တောက်လျှောက်ပြုလုပ်နေတာဖြစ်တယ်။ ဒါ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ဖြစ်စဉ်ဟာ အင်မတန် ထိတ်လန့်စရာကောင်းတဲ့၊ အံ့ဩစရာကောင်းတဲ့ စစ်ရာဇဝတ်မှု အကြီးကြီးကို တကယ့်ကို မျက်မြင်ကိုယ်တွေ့ ကျူးလွန်ထားတာဖြစ်တယ်။ ကျနော်တို့ ဒါတွေကို ခွင့်လွှတ်လို့ မရဘူး။ ကျနော်တို့ မေ့လို့မရဘူး။ ဒါကို တစ်ချိန်ချိန်မှာ တရားမျှတမှုကို ပြန်ပြီးရှာဖွေတဲ့အခါမှာ ကျနော်တို့ ဒီဖြစ်ရပ်တွေကို မေ့လို့မရဘူးဆိုတဲ့ သဘောထား ကျနော်တို့မှာရှိပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီသည် စကားနှင့်ပြော၍ ရသောအဖွဲ့မဟုတ်သည့်အတွက် SRA အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းကို ပြောဆိုမှာမဟုတ်ဘဲ တရားမျှတမှု ရရှိရေးအတွက်သာ လုပ်ဆောင်သွားမည်ဟု ကိုမင်းဟန်ထက်က ပြောကြားခဲ့သည်။

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance -SRA ကို နွေဦးတော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် စုပေါင်းပြီးဖွဲ့စည်းထားသော တော်လှန်ရေးတပ်ပေါင်းစုကြီးဖြစ်သည်။

    ပါဝင်သော အဖွဲ့များမှာ ဗမာ့တပ်တော် (BA)၊ BLDF၊ 96 Soldiers PDF၊ BPLA၊ KNDF၊ ချင်းညီနောင် (CB)၊ DPLF ၊ FFD ၊ G Z မျိုးဆက်တပ်တော်၊ KRF ၊ MAGWAY PDF၊ MSRF ၊ NLA ၊ PIA ၊ PNDF-KK/PPDF-KD ၊ YDF ၊ SAGAING PDF ၊ SAF နှင့် ယောတပ်တော် (YA) တို့ ပါဝင်ကြသည်။

    မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်မှရမည်ဟု ယုံကြည်ချက် ပိုမိုခိုင်မာစေပြီး ကိုယ်ရေးကိုယ်တာများကို ဘေးဖယ်ထားကာ တော်လှန်ရေးကို အာရုံစိုက်ကြရန် BPLA ခေါင်းဆောင် မောင်ဆောင်းခ တိုက်တွန်း

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်ကို အမြစ်မှ ရမည်ဟု ယုံကြည်ချက် ပိုမိုခိုင်မာစေပြီး ကိုယ်ရေးကိုယ်တာများကို ဘေးဖယ်ထားကာ တော်လှန်ရေး ကို အာရုံစိုက်ကြရန် BPLA ခေါင်းဆောင် မောင်ဆောင်းခက တိုက်တွန်းလိုက်သည်။

    ဒီဇင်ဘာလ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး) နေ့ ည ၉ နာရီ ၁၃ မိနစ်က မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက် စစ်ကော်မရှင်မှ တမင်တကာ ရည် ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာတစ်စီးပေါ်မှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး ဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိက ခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အစရှိသော မြောက်ဦးပြည်သူ့ဆေးရုံကြီး တစ်ခုလုံး နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံပတ်ဝန်းကျင်ရှိ လူနေအိမ် အဆောက်အအုံအချို့ပါ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

    ထို့အပြင် ဆေးရုံအတွင်း ဆေးကုသခံယူနေကြသော အရပ်သားပြည်သူ ၃ လသားအရွယ်မိန်းကလေး တစ်ဦး အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦး တို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ ရပြီး အခြားသော ဆေးကုသမှုခံယူနေကြသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အို များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထိုသို့ ဒဏ်ရာရရှိခဲ့သူများအထဲတွင် အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်း အချို့လည်း ပါ ဝင်ခဲ့ကြောင်း သိရသည်။

    “လက်ရှိမြောက်ဦးဖြစ်စဉ်အပါအဝင် ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှု တွေ အားလုံးက ဒီစစ်တပ်ကို အမြစ်ဖြတ်မှပဲရမယ်ဆိုတဲ့ ငါတို့ယုံကြည်ချက်ကို ပိုခိုင်မာတည်ကြည် စေတယ်။ ကျနော်တို့ ရိုကျိုးစွာ၊ နှိမ့်ချစွာ၊ ညီညွတ်စွာနဲ့ ရှိသမျှ ခွန်အားအပြည့်ကို အသုံးပြုပြီး ဒီဖက် ဆစ်စစ်တပ်ကို အမြစ်ဖြတ်ရပါမယ်။ ကိုယ်ရေးကိုယ်တာတွေ ဘေးဖယ်ပြီး တော်လှန်ရေးကိုပဲ သေ ချာအာရုံစိုက်ကြရမယ်။ မဖြစ်နိုင်တာတွေကြားထဲ နံရံကို ခေါင်းနဲ့ဆောင့်ရဲမယ့်သူတွေလည်း မကြာ ခင် စနစ်တကျပေါ်ထွက်လာလိမ့်ဦးမယ်။ မလိုက်ရဲရင် အသိုက်ထဲ နေခဲ့ပါ။ လိုက်ရဲသူအတွက် တိုက် ပွဲရှိပြီး တိုက်ပွဲရှိမှ အောင်ပွဲရှိပါလိမ့်မယ် ရဲဘော်တို့ရေ…။” ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တော် (BPLA) ခေါင်းဆောင်မောင်ဆောင်းခက ၎င်း၏လူမှုကွန် ယက်မှ တဆင့် တိုက်တွန်းထား သည်။

    မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် စစ်ကိုစစ်နှင့်တူအောင်တိုက်ခိုက်ခြင်းမရှိပဲ အရပ်သားပြည်သူလူထူများကိုသာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် ထိရောက်စွာအရေးယူပေးကြပါရန် ကျူးလွန်ခံရသူများနှင့်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံတ ကာ အဖွဲ့အစည်းများက တိုက်တွန်းထားသည်။