Category: News

  • ဗိုလ်မှူးဝေယံလင်း ဘဝကူးမှုကြောင့် မုန့်ဟင်းခါးချက်ရပြန်ပြီ

    ဗိုလ်မှူးဝေယံလင်း ဘဝကူးမှုကြောင့် မုန့်ဟင်းခါးချက်ရပြန်ပြီ

    ဗိုလ်မှူးဝေယံလင်း ဘဝကူးမှုကြောင့် မုန့်ဟင်းခါးချက်ရပြန်ပြီ၊ ကျန်၆၀​ကျော်ကို​တော့ လူရာအသွင်း မခံကြ

    ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်း အစပ်နား ညောင်ကျိုးစခန်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ အကောင်ကြီး ဝေယံလင်းဟာ ဘဝကူးနေပြီလို့ အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုနေကြ။

    အကြောင်းကတော့ AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းကို ပြန်ရဖို့ ဘဝကူးလက်မှတ်လာယူကြရင်း ဘဝကူး လက်မှတ်ထုတ်ပေးလိုက်ရတာ ဖြစ်တယ်။ ၆၀​ ကျော်စာထုတ်​ပေးရတဲ့ အတွက် အများအပြားရရှိပြီ ဖြစ်သောကြောင့် လက်မှတ်ကုန်နေလို့ တချို့က နောက်ဆုတ်လိုက်ကြပြီ။

    “ကိုဝေကြီးရေ အရမ်းဝမ်းနည်းလိုက်တာ မနေ့က ခင်ဗျားအိမ်ကို ရောက်ခဲ့တယ်။ ငါတောင် မဖြေနိုင်လို့ ခင်ဗျားရဲ့ အမျိုးသမီးကို တရားသာဖြေပါလို့တောင် မပြောထွက်ဘူးဗျာ။ ‘မင်းရင်သွေးလေး နှစ်ယောက်အတွက် ကြံ့ကြံ့ခိုင်ပါ’ လို့ပဲအားပေးနိုင်ခဲ့တယ်။

    ဝေယံလင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ကျောင်းဆင်းသူဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် နဲ့ လွိုင်ကော် အခြေစိုက် ဒေသ ကွပ်ကွဲရေးဌာနချုပ်မှာလည်း G3 အဆင့် နဲ့ တာဝန်ယူဖူးတဲ့သူလို့ သိရပါတယ်။

    ညောင်ကျိုးတပ်စခန်း တိုက်ပွဲ

    ရခိုင်ပြည်နယ် ပန်းတောင်းမြို့နယ် (တောင်ကုတ်-ပန်းတောင်းလမ်းပိုင်း) ရှိ ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် (AA) က ယခုနှစ် မတ်လကတည်းက သိမ်းပိုက်ထားသည်။

    စစ်ကောင်စီတပ်က ယင်းစခန်းကို ပြန်လည်သိမ်းပိုက်ရန် အင်အားများစွာဖြင့် ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး ဝေယံလင်း သေဆုံးခဲ့သည်ဟု စစ်တပ်အသိုင်းအဝန်းမှ သတင်းရရှိသည်။

    ဗိုလ်မှူး ဝေယံလင်း သည် စစ်တက္ကသိုလ် အပတ်စဉ် (၅၃) ကျောင်းဆင်း ဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် လွိုင်ကော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တို့တွင် G3 အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သူ၏ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ဝမ်းနည်းခြင်းမက်ဆေ့ချ်တင်ထားသည်။ (See below)

    စစ်ကောင်စီတပ်သည် ပန်းတောင်းမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်း စက်ရုံများနှင့် ခဲယမ်းမီးကျောက်ဆိုင်ရာ အရေးပါမှုကြောင့် ယင်းစခန်းကို ပြန်ရရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲတွင် ဗိုလ်မှူးသေဆုံးမှုအပါအဝင် ဆုံးရှုံးမှုများရှိပြီး စစ်ကြောင်း ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

    ဝေကြီး​ရေ မ​နေ့က မင်းအိမ်ကို​ရောက်ခဲ့တယ်

    ငါ​တောင်မ​​ဖြေနိင်လို့ မင်းရဲ့အမျိုးသမီးကို

    တရားနဲ့​ဖြေပါလို့ ပြောမထွက်ဘူး

    မင်းရင်​သွေး​လေးနစ်​ယောက်အတွက် ကြံခိုင်ပါလို့ပဲ အား​ပေးခဲ့တယ်

    မင်းမမြင်လိုက်ရတဲ့ မင်းသမီး​လေးအတွက်

    ​​​ဘုရားသခင်ထံအပ်နှံပြီးလက်တင်ဆု​တောင်း​ပေးခဲ့တယ်

    ရန်သူရဲ့၁၀၂၇ စစ်ကစားမူမှာ စစ်မျက်နှာ​တွေမှ ငါတို့ အထိနား​နေချိန် ​

    ငါ့ကို ဗျူဟာမှူး​ပေးမယ်ဆို ငါလည်း ဗျုဟာမှူးဖြစ်ပြီး

    နည်းဗျုဟာမှူးအ​နေနဲ့ ကွပ်ကဲရင်း ရန်သူနဲ့တိုက်ပွဲဝင်ရရင်း ကိုယ်ဘက်က အ​ရေးနိမ့်လာရင် သေ၃​သေဘယ်ဟာ​​ရွေးမလည်းဆိုတဲ့စိတ် ငါ့ကိုယ်ငါ​မေးမိတယ်

    ခွင့်ပြုချက်မရပဲမဆုတ်ခွာပြီး ​သေဒဏ်ကျမခံနိင်ဘူး လက်နက်ချအညံ့ခံပြီး ဘဝအ​သေမခံဘူး

    စစ်သားဘဝ အ​သေခံတိုက်မယ် ဆိုတဲ့ လမ်းကိုပဲ​ရွေးမယ်လို့ ဆုံးဖြတ်ထားခဲ့တဲ့ ငါ့စိတ်

    ငါက စိတ်နဲ့ပဲ ကြိုတင်ခံယူချက်ထားခဲ့တာ

    မင်းက စစ်သားပီသစွာ ဒဏ်ရာ​ကြောင့်

    ​သွေးလွန်​သေရမဲ့အစား လက်ပစ်ဗုံးနစ်လုံးကို

    ကိုင်ပြီ အ​သေခံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတယ်

    စစ်သားဘဝ အသက်စွန့်တိုက်တဲ့ဂုဏ်ဆိုတာတုနိုင်းလို့မမှီပါဘူး ဒါ​ပေမဲ့ကွာ

    မင်းရင်​သွေး​လေး နစ်​ယောက်အတွက် အ​ဖေဆိုတဲ့မင်းကိုရှိ​စေချင်တယ်

    မင်းအမျိုးသမီးအတွက်

    ခင်ပွန်ရှိ​စေချင်တယ် မင်းကိုငါ​မျှော်မှန်းခဲ့သလို

    ငါလို အရာရှိကြီးဖြစ်​စေချင်ခဲ့တယ်

    အခုအချိန်မှာ ငါနဲ့ငါ့မိတ်​ဆွေ​တွေက မင်းမိသားစု
    ကူညီ​ပေးရတာထက်
    မင်း ရာထူးတိုးတာဝန်​ရွေ့ပြောင်းထမ်း​​ဆောင်ရချိန်မှာ
    ဂုဏ်ပြုကူညီ​ပေးရတာကို ပိုပြီးဖြစ်ချင်ခဲ့တာ ငါဆန္ဒပါ

    ငါ ခွန်အားဖြည့်စကား​ပြောရင်း ငိုမိတယ်
    မင်းအမျိုးသမီး ငါ့သမီးကို စစ်သားတစ်​ယောက်အ​နေနဲ့
    အ​လေးပြုပြီး ငါပြန်ခဲ့တယ်

    ​​တစ်ခါတစ်​လေ ကရင်ကြီးလို့​ခေါ်တဲ့

    ဝေကြီး​ ဗိုလ်မှူး​ဝေယံလင်း​​ရေ

    ​လေးစာစွာဖြင့်

    သင့် ဆရာ

    ငါအငြိမ်းစားယူချိန် တပည့်​တွေနဲ့နူတ်ဆက်ပွဲတုန်းက

    မင်းပုံနဲ့ ၂၀၂၂ ခုနစ်တုန်းက မင်းစီစဥ်​ပေးခဲ့တဲ့ ခရစ်စမတ်ပင်​လေးက စစ်သားဘဝအမှတ်တရပါ

    ငါမြင်ချင်တဲ့ တစ်ဆင့်တိုး ဗိုလ်မှူး အဆင့်ကြယ်ပွင့်နဲ့ပုံကို

    မလိုသူ​တွေ အသုံးချမခံနိုင်လို့ ငါ မတင်ရက်ဘူးကွာ

    ​အေးချမ်းစွာ အ​နားယူပါ​တော့ကွာ

  • ကျောက်ဖြူ သိုင်းချောင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ရာချီသေဆုံးပြီး စစ်အရာရှိများ စံချိန်တင်သေဆုံး

    ကျောက်ဖြူ သိုင်းချောင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ရာချီသေဆုံးပြီး စစ်အရာရှိများ စံချိန်တင်သေဆုံး

    ‎‎ကျောက်ဖြူမြို့နယ်အတွင်း AAကထိုးစစ်ဆင်တိုက်ခိုက်မှုများပြန်လည်ပြုလုပ်လာရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများနေကြောင်း သိရသည်။

    ‎‎စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းသုံး ဝင်ရောက်တပ်စွဲခဲ့သော သိုင်းချောင်းနှင့် မင်းပြင်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့က AAတပ်များ ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

    ‎‎သိုင်းချောင်းကျေးရွာ တိုက်ပွဲတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ရာချီသေဆုံးမှုရှိခဲ့ပြီး စစ်ကြောင်းမှူးအဆင့်ရှိသူများကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ‎”တိုက်ပွဲတွေကပစ်ခတ်တဲ့အသံတွေ ကျောက်ဖြူမြို့ကအထိ ကြားနေရပြီ။ မြို့ကခွါချင်သူလည်း များနေပြီပေါ့နော် အခြေအနေ လှုပ်လှုပ်ခတ်ခတ်ရှိတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ပြောသည်။

    ‎သေဆုံးတပ်ဖွဲ့ဝင်များထဲမှ အရာရှိအဆင့်ရှိသူများကိုသာ စစ်ကော်မရှင်က ဆွဲထုတ်ပြီး ကပ်သပြေနှင့် စစ်တောလမ်းဆုံ၊ ဓညဝတီရေတပ်ဌာနချုပ်ဘက်သို့ တပ်ဆုတ်ထွက်‌ပြေးကြကြောင်း သိရသည်။

    ‎ကပ်သပြေဘက်ဆုတ်ပြေးရာတွင် AAကလိုက်လံတိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေပြီး လေကြောင်း၊ ဒရုန်းနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူနေခဲ့သည်။

    ‎ဖေဖော်ဝါရီလမှ စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲသည် AA ဘက်မှ ၃၂ရဲတပ်ရင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နိုင်ခဲ့ပြီး မေလအလယ်လောက်တွင် စစ်တပ်က အင်အားအလုံးအရင်းသုံး တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

    ‎AAထိန်းချုပ်ရာ သိုင်းချောင်း၊ မင်းပြင်တို့ကို စစ်ကော်မရှင်က ထိန်းချုပ်မှုများပြန်လည်ပြုလုပ်လာသော်လည်း ယခု ဒီဇင်ဘာလတွင်မူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးပြီး တပ်ဆုတ်ပြေးရသည်အထိ စစ်ရေးတွင်အရေးနိမ့်လာခဲ့သည်။

    ‎မြို့သိမ်းတိုက်ပွဲများအတွင်း ကျောက်ဖြူမြို့နယ်၌ စစ်အရာရှိ ဗိုလ်ကြီး၊ ဗိုလ်မှူးသေဆုံးမှုမှာ စံချိန်တင်များပြားနေပြီဖြစ်ကြောင်း Little rabbit က ဖော်ပြသည်။

    ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

  • မ​ကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်း​တွေကို​ထိုးစစ်ဆင်​​နေပြီ

    မ​ကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်း​တွေကို​ထိုးစစ်ဆင်​​နေပြီ

    မ​ကွေးတိုင်းမြို့ ၆ မြို့မှစစ်တပ်စခန်း​တွေကို​ထိုးစစ်ဆင်​​နေပြီး ​ဒေသခံပြည်သူ​တွေ​တိမ်း​ရှောင်​ပေးရန် PDF မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူ​ပြော

    မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက ပြောပါတယ်။

    ဒါကြောင့် အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

    “စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြမယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    လက်ရှိမှာ စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့နဲ့ ပွင့်ဖြူမြို့နယ်က စစ်တပ်ရဲ့ အထိုင်စခန်းတွေကို PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင်တိုက်ခိုက်​နေပြီးတိုက်ပွဲတွေ ပြင်းထန်​နေပါတယ်။

    မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ မနက်ပိုင်းက သတိပေးထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် စလင်း မြို့ပေါ်က သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေလည်း ကြိုတင်ရွေ့ပြောင်းထားကြဖို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးပါတယ်။

    အသင့်စားသုံးနိုင်တဲ့ အစားအသောက်၊ရေ၊ဆေးဝါး၊အရေးကြီးစာရွက်စာတမ်း၊ရွှေ၊ငွေ၊ဖုန်းတွေ ကိုပါ အဆင်သင့်သယ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။

    “ပြည်သူတွေမြို့ကနေရှောင်ပြီးရင်အဆင်ပြေပြီဗျာ အခုကနှစ်ရက်ကြာတာကိုမထွက်ကြသေးလို့။ ဒီမနက်မှ စထွက်နေကြတုန်း။စစ်ရေးရလဒ်ကို အဆင်ပြေတဲ့အချိန်ရောက်မှ အသိပေးမယ်”လို့ ဆင်ဖြူကျွန်းတိုက်ပွဲမှာရှိနေတဲ့ စစ်ရေးတာဝန်ရှိသူက ပြောပါတယ်။

    မင်းဘူးခရိုင်စစ်ဌာန၊PDF ၊ပကဖနဲ့ မဟာမိတ်တပ်တွေ စုပေါင်းပြီး တပ်ပေါင်းစုအသွင်နဲ့ မင်းဘူးခရိုင်ထဲက မြို့တွေကစစ်တပ်စခန်း​တွေကို တိုက်ခိုက်နေတာလို့ သူက ဆိုပါတယ်။

    ဆင်ဖြူကျွန်းမြို့တိုက်ပွဲမှာစစ်တပ်ကလေကြောင်းကနေ ဗုံးအလုံးရေ ၃၀၀ နီးပါးကြဲချထားပြီး မြေပြင်တပ်တွေကပါ ဟောင်ဝှစ်ဇာတွေ နဲ့ခုခံနေတယ်လို့ သိရပါတယ်။

    တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူခုနစ်ဦးထက်မနည်းဟာ လေယာဥ်ဗုံး၊လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရထားပါတယ်။

    ဒီကနေ့မနက်ကစလို့ ဆင်ဖြူကျွန်းမြို့ခံပြည်သူတွေဟာ မြို့ကနေ ရွှေ့ပြောင်းနေ​ကြပါတယ်။

    (ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ မြို့ နဲ့အနီးဝန်းကျင်ကို Google Earth မှာ​တွေ့ရပုံ)

  • စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင်

    စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင်

    စစ်တပ်ပေါ်တာဆွဲ၍ လူငယ်များ ညဘက် မထွက်ရဲ ဖြစ်နေချိန် စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင်

    အာဏာသိမ်း စစ်တပ် ပေါ်တာဆွဲသည့် ရန်ကိုကြောက်သဖြင့် လူငယ်များ ညဘက် မသွားရဲ၊ မလာရဲဖြစ်နေချိန်တွင် စစ်ခေါင်းဆောင်က ညဘက် လျှောက်သွား ပြနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ လှောင်ပြောင်ခဲ့ကြောင်း သိရသည်။

    စစ်ခေါင်းဆောင်သည် ဒီဇင်ဘာ ၂၀ရက်က ၄င်းတို့ ပြည်မြို့ ညစျေးတန်းအား လျှောက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေအား ဦးစိုင်းသန်းထိုက်က လှောင်ပြောင်ထားခြင်း ဖြစ်သည်။

    ” အဘ(မူရင်း အယ်ဘ) ကတော့ ဇွတ်။ လူငယ်တွေက ညဘက်မထွက်ရဲလို့ အိမ်စောစောပြန်နေရတဲ့ အချိန်မှာ အဘ(မူရင်း အယ်ဘ) က ညစျေးမှာ ညမင်းသားလုပ်နေတယ်” ဟု လှောင်ပြောင်သည့် အီမိုဂျီများရောနှောကာ ဦးစိုင်းသန်းထိုက်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

    အဆိုပါ ပို့စ်၌ ပြည်သူတစ်ဦးက ဟဟreact ပေးထားမိသဖြင့် အဖမ်းခံရမည်ကို ကြောက်ကြောင်း ကွန်းမန့်ပေးထားပြီး ယင်းကွန်းမန့်တွင် ဦးစိုင်းသန်းထိုက်က သူ့အား စစ်တပ်က ဖမ်းမည်မဟုတ်ဟု ပြန်လည်ဖြေကြားထားသည်ကို တွေ့ရသည်။

    “မဖမ်းလောက်ပါဘူး။ ဖမ်းခံထိလဲ အတူတူပေါ့” ဟု ဦးစိုင်းသန်းထိုက်က ပြန်ပြောထားခြင်း ဖြစ်သည်။

    အာဏာသိမ်း စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း တိုင်းစစ်ဌာနချုပ် ၂ခု စွန့်လွှတ်ခဲ့ရသည်ထိ အထိနာခဲ့ပြီးနောက် စစ်မှုထမ်းဥပဒေ အတင်းအကျပ်ပြဌာန်းကာလူငယ်များအား အဓမ္မ စစ်သားလုပ်ခိုင်းခြင်းကို ပြုလုပ်လျှက် ရှိနေသည်။

    ဦးစိုင်းသန်းထိုက်သည် အဆိုပါအခြေအနေအား တိုက်ရိုက် မပြောရဲသဖြင့် သွယ်ဝိုက် လှောင်ပြောင်ခြင်း ဖြစ်ပြီး စစ်တပ် အလိုကျနေထိုင်နေသူ ဖြစ်၍ အာဏာသိမ်း စစ်တပ်က ဖမ်းမည်မဟုတ်ဟု ရန်ကုန်မြို့နေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဝေဖန်ထောက်ပြသည်။

    ” စစ်တပ် အလိုကျနေတဲ့ သူပဲဗျာ။ ဘယ်ဖမ်းပါ့မလဲ။ ဒဲ့လည်း ရေးတာမှာမဟုတ်ဘဲ၊ ဖားယားနေတဲ့ သူတွေလေ။ ဒါလည်း ဖားတဲ့ ပို့စ်ပဲ။ ဒီလိုပဲမြင်တယ်။ တော်လှန်ရေး ကို ဖြိုခွင်းနေလို့ စစ်သားလိုတယ် ဒါကြောင့် ပေါ်တာဆွဲတယ်။ လူငယ်တွေ မထွက်ရဲဘူး။ ဒဲ့ရေးတာမှ မဟုတ်ဘဲ” ဟု ရန်ကုန်မြို့နေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

    ဦးစိုင်းသန်းထိုက်သည် ပြည်ကြီးတံခွန်မြို့နယ်မှ နေ၍ အတုအယောင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီတိုင်းဒေသကြီး အမတ်လောင်း ဖြစ်သည်။

    ၄င်းသည် ဒီဇင်ဘာ ၁၀ ရက်က လူထု၏ အသံတိတ်သပိတ် အောင်မြင်သည်ကို မယုံကြည်ခဲ့သူ တစ်ဦး ဖြစ်ပြီး စစ်တပ်အလိုကျ မန္တလေးမြို့အတွင်း လျှောက်သွားနေခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

  • ခရိုနီ ၃ ဦးနှင့်ဗိုလ်ချုပ် ၄ ဦးအပါ ကိုးဦး ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ရုပ်သိမ်း

    ခရိုနီ ၃ ဦးနှင့်ဗိုလ်ချုပ် ၄ ဦးအပါ ကိုးဦး ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ရုပ်သိမ်း

    အာဏာသိမ်းစစ်တပ် ဖမ်းဆီး၊ ထောင်ချခဲ့သည့် ခရိုနီ ၃ ဦး၊ ဗိုလ်ချုပ် ၄ ဦးနှင့် သူရဦးအောင်ကို၊ ဦးမြင့်နိုင်တို့အား ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များကို နိုဝင်ဘာ ၄ ရက်က ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

    ဘွဲ့တံဆိပ်ရုပ်သိမ်းခံရသည့် ခရိုနီသုံးဦးမှာ ရိုးမဘဏ်နှင့် FMI လုပ်ငန်းစုဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ(ခ) Serge Pun(သီရိပျံချီဘွဲ့)၊ ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ(ဝဏ္ဏကျော်ထင်ဘွဲ့)၊ ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်(စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်)တို့ ဖြစ်ကြသည်။

    ဘွဲ့၊တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်လေးဦးမှာ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်လင်းထွန်း (ဇေယျာကျော်ထင်ဘွဲ့)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်(ဇေယျာကျော်ထင်ဘွဲ့)၊ တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ်လှမြင့်စိုး(ဇေယျကျော်ထင်ဘွဲ့)နှင့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ် ဇော်လွင်ဦး(ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်)တို့ ဖြစ်ကြသည်။

    ဘွဲ့၊ တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် ဗိုလ်ချုပ်လှမြင့်စိုးတို့မှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရခြင်းဖြစ်ကြောင်း သိရသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုမှာ သူရဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခံထားရသူဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှာ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)ချီးမြှင့်ခံထားရသူဖြစ်သည်။