Category: News

  • တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ

    တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ

    တရုတ်ထံမှရသော အသက်ဆက်ကြိုးအတွက် ရုရှားပြန်ပေးဆပ်ရ၊ “ရှက်ဖွယ်ပြောင်းပြန်အနေအထား” ရောက်

    စစ်ပွဲအတွင်း တရုတ်ဘက်ဦးလှည့်အားကိုးသည့် ရုရှား၏လုပ်ရပ်သည် အနောက်အုပ်စု၏ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများရှိချိန် ရုရှားစီးပွားရေး ဆက်လက်ရှင်သန်နေစေရန် အထောက်အကူဖြစ်စေခဲ့ သည်။ သို့သော် ယင်းအတွက် ရင်းနှီးပေးဆပ်ရမှု ရှိနေသည်။

    ရုရှားအတွက် အသက်ဆက်ကြိုးဟုထင်ရသော်လည်း ရေရှည်တွင်မူ ရုရှားအား တရုတ်၏ ‘လက် အောက်ခံ စီးပွားရေးမိတ်ဖက်’ အဖြစ် ရောက်သွားစေနိုင်ကြောင်းနှင့် အနောက်အုပ်စုမှ တားမြစ်ထား သော အဓိကကုန်ထုတ်ကုန်များနှင့် အဆင့်မြင့်ကုန်ကြမ်းများအတွက် ရုရှားသည် ယခုအခါ တရုတ် အပေါ် အလွန်အမင်း မှီခိုနေရပြီဖြစ်ကြောင်း Atlantic Council ပညာရှင်အဖွဲ့က သောကြာနေ့တွင် ထုတ် ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    “စီးပွားရေးအရရော နိုင်ငံရေးအရပါ ရုရှားနဲ့တရုတ်ရဲ့ ဆက်ဆံရေးဟာ တော်တော်လေးမညီမျှဖြစ်နေပြီး နှစ်ဖက်စလုံးအတွက်တော့ အကျိုးရှိနေပါတယ်” ဟု Peterson Institute for International Economics မှပညာရှင် အယ်လီနာ ရီဘာကိုဗာနှင့် Kyiv School of Economics Institute မှ လေ့လာသုံးသပ်သူ လူးကပ်စ်ရီဆင်ဂါတို့က ပြောသည်။။

    အနောက်အုပ်စု၏ သပိတ်မှောက်မှုနှင့် ပိတ်ဆို့မှုများအကြား ရုရှားသည် တရုတ်ထံမှ စက်ယန္တရားများ၊ မော်တော်ယာဉ်များနှင့် အီလက်ထရွန်နစ်ပစ္စည်းများကို ဝယ်ယူနေရပြီး၊ တရုတ်က ရုရှားရေနံများကို လျှော့ဈေးဖြင့် အမြောက်အများ ပြန်ဝယ်သည်။

    “ဒါဟာ ၂၀၀၀ ပြည့်နှစ်အလွန်တွေတုန်းက ရုရှားက တရုတ်ဆီ တန်ဖိုးမြင့်ကုန်စည်တွေတင်ပို့ခဲ့တဲ့ ဆက် ဆံရေးနဲ့ယှဉ်ရင် လုံးဝ ပြောင်းပြန်ဖြစ်သွားတဲ့ ရှက်ဖွယ်ကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်”ဟု လေ့ လာဆန်းစစ်သူများက ဆိုသည်။

    ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးကတည်းက ရုရှားအစိုးရသည် နိုင်ငံ ၏စီးပွားရေးကို စစ်ပွဲခေတ်ပုံစံသို့ပြောင်းလဲခဲ့သည်။ ပိတ်ဆို့ခံရမှုနှင့် ပို့ကုန်ကန့်သတ်ခံရမှုများကြားတွင် ကာကွယ်ရေးအသုံးစရိတ်နှင့် အစိုးရအသုံးစရိတ် အမြောက်အမြားသုံးစွဲခြင်းက ရုရှားစီးပွားရေးကို တောင့်ခံနိုင်စေခဲ့သည်။

    သို့သော် ရေနံဈေးကျဆင်းမှုကြောင့် စွမ်းအင်တင်ပို့မှုမှရသော ဝင်ငွေများ သိသိသာသာ လျော့နည်းလာ ကာ စီးပွားရေးတွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာသည်။ ငွေကြေးဖောင်းပွမှု မြင့်မားနေစဉ် ဝယ်လို အားကလည်း လျော့နည်းလာသည်။

    တရုတ်က ရုရှားကို လိုအပ်သည်ထက် ရုရှားက တရုတ်ကို ပိုမိုလိုအပ်နေ

    ယခုအခါ ရုရှားနိုင်ငံ၏သွင်းကုန်အများစုမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ကုန်သွယ်မှုအများစုကို တရုတ် ယွမ် ငွေဖြင့်သာ ပေးချေနေရသည်။ ရုရှားသည် ၂၀၂၃ ခုနှစ်တွင် တရုတ်အတွက် ရေနံစိမ်းအများဆုံးတင်ပို့သူ ဖြစ်လာခဲ့သော်လည်း ယင်းမှာ တရုတ်အတွက် စုစုပေါင်းရေနံသွင်းကုန်၏ ငါးပုံတပုံသာ ရှိသည်။ ရုရှား အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့မှရရှိသောဝင်ငွေသည် နိုင်ငံတော်ဘတ်ဂျက်၏ သုံးပုံတပုံခန့်အထိ ရှိပြီး အရေးပါသည်။

    တရုတ်သည် ၎င်း၏ ကြီးမားလှသော ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ကမ္ဘာ့ဝယ်လက်များ လိုအပ်နေပြီး ရုရှားမှာ ယင်းဝယ်လက်များထဲမှ တဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း ဥရောပက ရုရှားစွမ်းအင်အပေါ် မှီခိုသကဲ့သို့ တရုတ်က ရုရှားအပေါ် မှီခိုခြင်းမရှိသောကြောင့် ရရှိလာသော အကျိုးအမြတ်များသည် “တရုတ်အတွက်ထက် ရုရှားအတွက် ပိုမိုအရေးကြီးနေသည်” ဟု လေ့လာသူများက ဆိုသည်။

    ထို့ပြင် စီးပွားရေးရှုထောင့်အရကြည့်လျှင် တရုတ်သည် ရုရှားအတွက် ဥရောပသမဂ္ဂထက် ပိုကောင်း သော ကုန်သွယ်ဖက်မဟုတ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို လျှော့ဈေးဖြင့်ဝယ်ယူပြီး ရုရှားတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးကြောင်းနှင့် တရုတ်ထုတ်ကုန်များသည် နည်းပညာပိုင်းအရ အနောက်အုပ်စုထက် နိမ့်နေတတ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။

    ထိုသို့ မညီမျှသော ဆက်ဆံရေးသည် တရုတ်အား ညှိနှိုင်းမှုများတွင် အသာစီးရစေသည်။ ရုရှားအတွက် အခြားရွေးချယ်စရာ လမ်းစနည်းနေသည်ကိုသိသောတရုတ်သည် ရုရှားရေနံကို ဈေးနှိမ်၍ဝယ်ယူနေ ခြင်းဖြစ်သည်။

    “နေတိုးအဖွဲ့ ထိုင်ဝမ်ဘက် အာရုံမရောက်စေဖို့ တရုတ်ကိုကူညီတဲ့အနေနဲ့ ရုရှားဟာ နေတိုးကိုတိုက် ခိုက်ပေးလောက်တဲ့အထိ တရုတ်ရဲ့ လက်ပါးစေ လုံးလုံး ဖြစ်မသွားသေးပေမယ့် ‘အကန့်အသတ်မရှိ’ တဲ့ မိတ်ဖက်ဆက်ဆံရေးမှာတော့ တရုတ်ရဲ့ လက်အောက်ခံ မိတ်ဖက်ဖြစ်နေတာကတော့ သေချာပါတယ်” ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။

    Business Insider မှ Russia’s wartime lifeline from China comes with a price: an ’embarrassing reversal’ for Moscow အား Brownie ဘာသာပြန်သည်။

  • အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံး

    အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံး

    မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား

    ‎ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။



    ‎ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီ မိုင်းယော်တိုက်နယ် အေးသာယာရွာသစ်က တောင်ယာမှာ နေထိုင်တဲ့ မိသားစု ၃ ဦးထဲက အမျိုးသားဖြစ်သူ အသက် ၄၀ အရွယ် အကန်ဆိုသူ အသက် ၃၈ နှစ်အရွယ် ယာကြာဆိုတဲ့ သူ့အမျိုးသမီးဖြစ်သူကို ဓားနဲ့ အကြိမ်ကြိမ် ခုတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါတယ်။

    ‎ဖြစ်စဉ်သိရသူ အမျိုးသားက “သူ့အမျိုးသားက စိတ်မနှံ့ဘူးလို့ပြောတယ်။ ဓါးနဲ့အများကြီးခုတ်တာ။ ပြီးတော့ သူ့ကလေးကို ခုတ်မလို့‌တဲ့။ သူ့ကလေးက ရွာပြန်လာပြောပြတာ။ သွားကြည့်တော့ သူ့မိန်းမပြောတာက သူပါ မီးထဲခုန်ချလိုက်တာတဲ့” လို့ ပြောပါတယ်။



    ‎၎င်းအမျိုးသမီးဟာ လက်မောင်း၊ ဦးခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ခုတ်ခံခဲ့ရပြီး သမီးဖြစ်သူကိုပါ ခုတ်ဖို့လုပ်ပေမဲ့ သမီးဖြစ်သူက ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ‎ဓားခုတ်သူအမျိုးသားကလည်း ခုတ်ပြီးချိန် မီးတောက်အောင်မွှေးပြီး သူကိုယ်တိုင် ခုန်ချလိုက်လို့သေဆုံးသွားခဲ့သလို ခုတ်ခံရသူ အမျိုးသမီးက ဆေးကုသမှာခံယူနေရလျက်ရှိနေပါတယ်။

    ဓာတ်ပုံ – CJ

  • သိန္နီ ပန့်ဆီဆိုင်၌ ဆီဖြည့်နေစဉ် မီးလောင်ပြီး ကား ၄ စီး ပျက်စီး

    သိန္နီ ပန့်ဆီဆိုင်၌ ဆီဖြည့်နေစဉ် မီးလောင်ပြီး ကား ၄ စီး ပျက်စီး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ရှိ စိန်နဂါး ပန့်ဆီဆိုင်မှာ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီလောက်က ဆီတိုင်ကီမှာ ဆီဖြည့်နေချိန် ရုတ်တရက် မီးထလောင်ပြီး ဆိုင်တခြမ်းနဲ့ ကား ၄ စီး လောင်ကျွမ်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဆီတိုင်ကီကနေ စလောင်တာကြောင့် နေပူလို့ လောင်တာလို့ ယူဆရကြောင်း ဆိုင်အနီးနား နေထိုင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။

    “ဆီဖြည့်နေရင်း ဖြစ်တာ။ ဆိုင်တခြမ်းလောင်သွားတာ။ ကား ၄ စီး ပါသွားတယ်။”

    ဆီပေပါကနေ မီးစလောင်သွားတာဖြစ်ပြီး ဆီပန့်အမှား လုံးဝမဟုတ်ဘူးလို့ ဆိုင်ရှင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

    စက်သုံးဆီဆိုင်ပိုင်ရှင်တွေအနေနဲ့ သတိထားကြဖို့နဲ့ ဆီလာတင်တဲ့ပေပါတွေကို သေချာစစ်ဆေးပြီးမှသာ ဆီဖြည့်ပေးကြဖို့ အသိပေးထားပါတယ်။

    ဒေသခံ အမျိုးသားတယောက်က “သိန္နီမှာ ၂ ခါရှိပြီ ပန့်ဆီဆိုင်မီးလောင်တာ။ ပြီးခဲ့တဲ့တခါ လောင်တဲ့ဆိုင်နဲ့ မျက်နှာချင်းဆိုင် ဆိုင်မှာ ပြန်လောင်တာ” လို့ ပြောပါတယ်။

    မီးကူးစက်မြန်သွားတာကြောင့် ဆိုင်ဧရိယာ အလျား မီတာ ၂၀၊ အနံ ၁၀ မီတာလောက်နဲ့ ဝင်းအတွင်းရှိ ၆ ဘီး ကုန်တင်ယာဉ် ၄ စီး လောင်ကျွမ်းသွားပြီး ဆိုင် ဝန်ထမ်းနေအိမ်လိုင်းခန်း‌တွေ မီးဟပ်သွားတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။

    မွန်းလွဲ ၃ နာရီခွဲ လောက်မှာ မီးငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်စစ်ဆေးနေဆဲဖြစ်သလို မီးလောင်လာရတဲ့ အသေးစိတ် အကြောင်းအရင်းမှန်ကိုလည်း သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ဇူလိုင် ၂၃ ရက်ကလည်း သိန္နီမြို့ရှိ မြို့ဦး ပန့်ဆီဆိုင်မှာ ဂိုဒေါင် ထပ်ချဲ့ဖို့ ဝရိန်ဆော်ရင်း မီးစနဲ့ ဓာတ်ဆီထိမိရာက ဆိုင် မီးလောင်ကျွမ်းသွာခဲ့ပြီး ဆီဆိုင်ပိုင်ရှင်ရဲ့သားပါ သေဆုံးခဲ့ပါတယ်။

  • လုပ်ငန်းခွင်ထဲ အမျိုးသမီးများကို  တဏှာရူး နှာဘူးထလို့ အနားပေးခံခဲ့ရတဲ့ သန်းလွင်ထွန်း

    လုပ်ငန်းခွင်ထဲ အမျိုးသမီးများကို တဏှာရူး နှာဘူးထလို့ အနားပေးခံခဲ့ရတဲ့ သန်းလွင်ထွန်း

    ကိုထိန်လင်းကို မိုက်ရိုင်းစော်ကားထားတဲ့ သန်းလွင်ထွန်းရေးထား တဲ့ post သွားဆဲလို့ရအောင် ကွန်မန့်မှာ ပေးလိုက်တယ်။

    ဒီလူယုတ်မာကြောင့် အမေစု နှင့် ကိုထိန်လင်းအကြောင်းတွေကျွန်တော်ရေးနေမိတာဖြစ်တယ်။

    အမေစုရော ၊ ကိုထိန်လင်းရော ၊ မိသားစုလိုက် မြန်မာပြည်အတွက်ပေးဆပ်ခဲ့ကြရတာဖြစ်တယ်။

    အမေစု အကြောင်းတွေးမိတိုင်း စိတ်မကောင်းအလွန်ဖြစ်ရတယ်။

    ဒီကောင် သန်းလွင်ထွန်းက လူယုတ်မာဖြစ်တယ်။ ဒီကောင့်အကြောင်းလည်းကျွန်တော်ရေးထားတယ်။

    Myo Yan Naung Thein

    အမေရိကန်က VOA Burmese လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့၍ လုပ်ငန်းခွင်မှ အနားပေးခံခဲ့ရတဲ့ နာမည်ပျက် သန်းလွင်ထွန်း ဆိုတဲ့ ဘောမကများ အမေစုသားကို အင်္ဂလိပ်စာ ပြန်သင်ပေးရတယ် ရှိသေးတယ်။

    ကိုယ့်ဘဝကိုယ် မမေ့နဲ့ ဘောမရေ။

    ကိုထိန်လင်းဆိုတာ မွေးကတည်းက နိုင်ငံခြားမှာကြီး၊ နိုင်ငံခြားသားစစ်စစ် ဟဲ့။

    နင့်မလည်း အသက်ကြီးမှ စစ်တပ်ဆီက အရိုးအရင်းရဖို့များ ထ ထ အူရဲတဲ့ သတ္တိနဲ့ ထမိန် ဝတ်ထားသင့်တယ်။

    🤣🤣🤣

    အင်္ဂလန်မှာနေတဲ့ အန်တီစုရဲ့သားအငယ်ကို

    မြန်မာပြည်ကနေ အင်္ဂလိပ်စာ သင်ပေးချင်တဲ့ ကောင်ကို

    အင်္ဂလိပ်စာပြန်သင်ပေး 🤪🤪🤪

    Yan Naung

    ကလိကလိနဲ့ နေနေလို့ ပြောလိုက်ရဦးမယ် ။

    အမေစုရဲ့ သား အင်္ဂလန်က “ကင် အဲရစ်” ( Kim Aris ) က သူ့အမေ ဘယ်မှာ ဘယ်လို နေရ စားရတယ် ကျန်းမာရေး အခြေအနေဘယ်လိုရှိတယ် ဆိုတာ ဘာမှ မသိရလို့

    For all we know she could be dead

    လို့ပြောသွားပါတယ် ။

    ဆိုချင်တာက အမေ့အကြောင်း ဘာသတင်းမှ မကြားရလို့ သေမှန်းရှင်မှန်းတောင် မသိရပါဘူး လို့ ပြောချင်တာပါ ။ အင်္ဂလိပ်စာ နားလည်သူအတွက်ဆိုရင် ဒီစကားရဲ့ အဓိပ္ပါယ်က ရှင်းနေပါတယ် ။

    အဲဒါကို ဗမာပြည်ကဗမာတွေရော နိုင်ငံခြားရောက်နေတဲ့ ဗမာတွေကရော “ကင်”ဟာ ကပြားမို့ အင်္ဂလိပ်စာကောင်းကောင်းမတတ်ဘူး ၊ ဒီလိုရေးတာ မမှန်ဘူး ဆိုပြီး ဝိုင်းပြီး ဝေဖန်ကြသလေ ။

    ဘီဘီစီ နဲ့ ဗီအိုအေ မှာ အလုပ်လုပ်ခဲ့တယ် ဆိုတဲ့ ကိုသန်းလွင်ထွန်း ဆိုသူက “ဒရာမာ များသွားတဲ့ Kim Aris” ဆိုပြီး ပို့စ်တခု လွန်ခဲ့တဲ့ ၂ ရက်က တင်ပါတယ် ။ သူကပြောပြန်သေးတယ် ၊ အင်္ဂလန်မှာ နေတဲ့ အင်္ဂလိပ်ကပြားလေးကို အင်္ဂလိပ်စာ ပြန်သင်ပေးရမလို ဖြစ်နေပြီတဲ့ ။ နိုင်ငံရေးတွန်းအားတွေကြောင့် ခုလို အင်္ဂလိပ်စကား အမှားကို ပြောသွားတာတဲ့ ၊ ဒရာမာ အခင်းလွန်သွားတယ် တဲ့ ။

    ကိုသန်းလွင်ထွန်း က For all I know she could die ဆိုမှ မှန်ပါတယ်လို့ ဆိုပြန်ပါသဗျ ၊ အဲလို ပြောသင့်တယ်လို့ ဆိုလိုက်ပါသဗျ ။

    – – – – – – –

    ကျနော် သေသေချာချာ ရှင်းပြပါရစေ ။

    For all we know she could be dead ဆိုတာ “သေမှန်းရှင်မှန်းတောင် မသိရဘူး” လို့ အဓိပ္ပါယ်ရပါတယ် ။ အင်္ဂလိပ်လို Idiomatic အသုံး လုံးဝ အမှန်ပါ ။ အင်္ဂလိပ်အစစ်တွေ တကယ် သုံးကြတဲ့ စကားအသုံးအနှုန်းလေးပါ ။ Native English ကိုမကြားဘူးသူတွေကသာ မှားတယ်လို့ ပြောမှာပါ ။

    For all I know she could die လို့ ရေးလေ့ ပြောလေ့ မရှိပါဘူး။ အင်္ဂလိပ်စာ တကယ်တတ်သူတွေက အဲလိုမသုံးကြပါဘူး။ အဲလိုပြောရင် ပြောချင်တဲ့ အဓိပ္ပါယ်လည်း ထွက်မလာပါဘူး ။ “ငါသိရသလောက် သူမ သေသွားနိုင်တယ်” လို့ အနီးစပ်ဆုံး အဓိပ္ပါယ်ထွက်ပါတယ် ။

    For all I know ဆိုတာ English idiom ပါ ။ ဘာမှ ရေရေရာရာ မသိရဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ ။ ( Speculation with limited knowledge )

    My name is Mg Hla. My father is U Mya. I go to school everyday ဆိုတာလောက်ပဲ တတ်သူတွေက She could be dead ဆိုတဲ့ အသုံးအနှုန်းမျိုးကို နားမလည်နိုင်ဘူးလေ ။

    – – – – – –

    “could be”

    ဥပမာ

    The cat has been missing for 3 days. For all I know it “could be” dead

    ကြောင်လေး ပျောက်သွားတာ ၃ ရက်ရှိပြီ ၊ သေလားရှင်လား မဆိုနိုင်ဘူး

    For all I know the missing person “could be” safe in a cabin

    ပျောက်နေတဲ့သူဟာ တဲတလုံးထဲမှာ အေးဆေးလုံခြုံ ရှိချင်ရှိနေမလားပဲ

    For all I know we “could be” in an Amazon forest

    ခုဟာက ငါတို့ အမေဇုန်တောကြီးထဲများ ရောက်နေသလားတောင်ထင်ရတယ်

    – – – – – – –

    “could die” ဥပမာ

    If you don’t wear a helmet you could die

    ဆိုင်ကယ်ဦးထုပ် မဆောင်းရင် သေနိုင်တယ်နော်

    I am so embarrassed , I could die

    ငါတော့ရှက်လွန်းလို့ လဲသာ သေလိုက်ချင်တယ်

    – – – – – – –

    အမေစုရဲ့ သားဟာ အင်္ဂလန်နိုင်ငံမှာ နေတဲ့ အင်္ဂလိပ်စကား ကောင်းစွာပြောနိုင်တဲ့ native speaker တယောက်ပါ ။ အဲဒါကို အင်္ဂလိပ်စာကို ကြီးမှ သင်ရတဲ့ ဗမာတွေက “ကင်” ပြောတဲ့ အင်္ဂလိပ်စကားက မှားနေပါတယ် လို့ သွားဝေဖန်တာကတော့ သိပ်ကို များသွားပါပြီ ။ မိမိ အင်္ဂလိပ်စာ ကောင်းကောင်းမတတ်ဘူးဆိုတာကို public မှာ ချပြလိုက်တာပါပဲ ။

    ဗမာပြည်က လူတွေထဲမှာလည်း အမေစုနဲ့ မိသားစုကို မှိုချိုးမျှစ်ချိုးပြောချင်ကြသူတွေ အများသားမို့ ဒီပို့စ်အောက်မှာ ဝင်ပြီး တတ်ယောင်ကား ဆွမ်းကြီးလောင်းကြပြန်တယ် ။ “ကင်” က ပညာမတတ်လို့ အင်္ဂလိပ်စာတောင် မှန်အောင်မရေးတတ်ဘူးတဲ့ ။ တခြားလည်း မိုက်မိုက်ရိုင်းရိုင်း မဆိုင်တာတွေ ရေးထားကြတာ အမျိုးမျိုးပဲ ။

    အမေရိကမှာနေတယ်ဆိုတဲ့ ဗမာ တယောက်က ဘာရေးထားလဲ သိလား ။ “ကင်” က Uneducated ပညာမတတ်သူမို့ သနားစရာ အသုံးချ ခံနေရပြန်ပါသတဲ့ ။ ပညာတတ်သူကြီးက ပြောရှာပြန်တယ် ။

    ရိုင်းရိုင်းပဲပြောလိုက်မယ် ၊ အဲဒီလို မန့်နေကြသူတွေ ဗမာတွေ ဟာအကုန်လုံး ၁၀ ယောက်ပေါင်းတောင် ၄ တန်းမအောင်တဲ့ ပညာအရည်အချင်းမျိုးနဲ့ အင်္ဂလန်က အမေစုသား အင်္ဂလိပ်ရဲ့ အင်္ဂလိပ်စာကို ဝင်ပြီး မှားသလေး ဘာလေးနဲ့ ဆရာကြီးတွေလုပ် ဝေဖန်နေကြတာ ဘယ်လောက် သောက်ရှက်မရှိကြလဲ ၊ ရွံစရာကောင်းလိုက်တာ ။

    ရေးတဲ့လူကလည်း ဘီဘီစီ နဲ့ ဗီအိုအေမှာ လုပ်သွားတယ်သာပြောတယ် ၊ ဒီလောက်မှ အင်္ဂလိပ်စာ နားမလည်ဘူးလား ။ Nuance ဆိုတဲ့ အသုံးအနှုန်းအဓိပ္ပါယ်လေးတွေ မသိမသာကွဲပြားတာကို သူနားမလည်တာ ထင်ရှားနေတယ် ။ သူက ဒါမျိုးရေးတာ ဟို လူမိုက်တွေထက်တောင် ပိုတောင်ရှက်စရာကောင်းသေတယ် ၊ ရှက်တတ်ရင် လဲသေလို့ရတယ် ။ အခု တကယ် သူပြောရမှာက –

    I am so embarrassed, I could die !

    ( ရှက်လွန်းလို့ လဲသေလိုက်ချင်တယ် )

    Hla Bu

    မူလသတင်းမှာ…

    VOA မြန်မာပိုင်းအကြီးအကဲ ဌာနတွင်း စစ်ဆေးခံနေရ

    အမေရိကန်ရှိ နိုင်ငံပိုင်သတင်းဌာန Voice of America (VOA) ၏ မြန်မာပိုင်းဌာန VOA Burmese ကို ကြီးကြပ်သူ ဦးသန်းလွင်ထွန်းသည် မြို့တော် ဝါရှင်တန်ဒီစီရှိ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့ သည်ဆိုသော တိုင်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု သိရှိရသည်။

    VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက လွန်ခဲ့ သည့်သုံးလခန့်တွင် ဌာနတွင်း စတင်တိုင်ကြားခဲ့ကြောင်း၊ ထိုအမျိုးသမီးကို ကနဦး စုံစမ်းစစ်ဆေး မေးမြန်းမှုများပြုလုပ်ပြီးနောက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို ယနေ့မှ စ၍ လုပ်ငန်းတာဝန်များနှင့် မပတ်သက်စေဘဲ ခွင့်ယူရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

    ယခုကဲ့သို့ မယူမနေရ ခွင့်ကန့်သတ်ထားအချိန်အတွင်း ဦးသန်းလွန်ထွန်းအနေဖြင့် VOA သတင်း ဌာန၏ လုပ်ငန်းခွင်သို့ လာရောက်ခြင်းမပြုရန်နှင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများနှင့်ပါ ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ခံထားရသည်။

    မြန်မာပိုင်းအပါအဝင် VOA သတင်းဌာနတစ်ခုလုံးသည် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာအေဂျင်စီဖြစ်သည့် US Agency for Global Media (USAGM) အဖွဲ့၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး၊ ဦးသန်းလွင်ထွန်းအပေါ် စုံစမ်းစစ်ဆေးမှုများကို USAGM တာဝန်ရှိသူများက ပြုလုပ်နေကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

    ဝါရှင်တန်ဒီစီရှိ VOA မြန်မာသတင်းဌာနတွင် ဝန်ထမ်းပေါင်း ၄၀ နီးပါးခန့်ရှိပြီး တစ်ဒါဇင်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရှိရသည်။

    ဂျပန်အမျိုးသမီးတစ်ဦးနှင့် လက်ရှိအချိန်ထိ အိမ်ထောင်ပြုထားပြီး အရွယ်ရောက်ပြီး သားတစ်ဦးရှိ သည့် ဦးသန်းလွင်ထွန်းသည် လွန်ခဲ့သည့်နှစ်များက မြန်မာနိုင်ငံသို့လာရောက်ချိန်တွင် ယခင်စစ်အုပ် ချုပ်ရေးလက်ထက် ရန်ကုန်တိုင်းတိုင်းမှုးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း၏သမီး Hot News အပတ်စဥ်ဂျာနယ်ပိုင်ရှင် မမနှင့်ပတ်သက်သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ခံခဲ့ရသူဖြစ်သည်။

    ထို့ပြင် ရန်ကုန်ရှိ မြန်မာအမျိုးသမီးတစ်ဦးကလည်း ဦးသန်းလွင်ထွန်းသည် ၎င်းကို အပျော်ကြံခဲ့ သည်ဟု Facebook လူမှုကွန်ယက်တွင် မကြာသေးမီနှစ်များက ဝေဖန်ရေးသားမှုများရှိခဲ့သည်။

    သို့ရာတွင် ဦးသန်းလွင်ထွန်းအပေါ်လက်ရှိ စုံစမ်းစစ်ဆေးမှုသည် မြန်မာပြည်ရှိကိစ္စရပ်များနှင့် မဆိုင်ဘဲ VOA မြန်မာဌာနတွင်း အဖြစ်အပျက်များနှင့်သာ သက်ဆိုင်ကြောင်း သိရှိရသည်။

    စုံစမ်းစစ်ဆေးမှုများနှင့် စပ်လျဥ်း၍အသေးစိတ်အချက်အလက်များ မသိရှိရသော်လည်း ၎င်းအား တိုင်ကြားချက်တွင် ဦးသန်းလွင်ထွန်းသည် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သည့် ပုံများကို ၎င်း၏ ဖုံးတွင်ထည့်ထားပြီး ထိုပုံများကို ဌာနတွင်းအမျိုးသမီးများအား လိုက်ပြလေ့ရှိသည်ဟူသော အချက်လည်းပါရှိသည်ဟု သိရှိရသည်။

    ယခုကိစ္စနှင့်စပ်လျဥ်း၍ Myanmar Now က US Agency for Global Media (USAGM) အဖွဲ့ အမှုဆောင် အရာရှိချုပ် Amanda Bennet ထံ စာပို့မေးမြန်းခဲ့ရာ Myanmar Now ၏ မေးမြန်းချက်ကို VOA ရုံးချုပ် ပြည်သူ့ဆက်ဆံရေးဌာနသို့ လွှဲပေးခဲ့သည်။

    VOA ၏ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာ Bridget Ann Serchak က “ကိုယ်ရေးကိုယ်တာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးရန် မရှိပါ” ဟု ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် တုံ့ပြန်သည်။

    VOA မြန်မာဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းရာ ဦးသန်းလွင်ထွန်း “ခွင့်သွားနေတယ်” ဟုသာ ပြောဆိုသည်။

    စုံစမ်းစစ်ဆေးနေမှုနှင့် ပတ်သက်၍ ဦးသန်းလွင်ထွန်းကို Myanmar Now က ဆက်သွယ် မေးမြန်းရာတွင် USAGM နှင့် VOA ကဲ့သို့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အဖွဲ့ အစည်းတစ်ခု အတွက် တိုင်ကြားမှုတစ်စုံတစ်ရာရှိလာပါက ယခုကဲ့သို့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုမျိုးမှာ ထူးခြားဖြစ် စဉ်မဟုတ်ဟု တုံ့ပြန်သည်။

    “လက်ရှိကိစ္စရပ်အတွက် မှတ်ချက်ထပ်မံ မပေးလိုပါဘူး။ ဒါပေမဲ့ အရင်နဲ့ အခု စွပ်စွဲမှုတွေအားလုံးဟာ အခြေအမြစ် မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ဦးသန်းလွင်ထွန်းက တုံ့ပြန်သည်။

    ဦးသန်းလွင်ထွန်းအား မယူမနေရခွင့်ပေးထားသည့် ကာလအတွင်း ၎င်းနေရာတွင် ၎င်း၏ လက်ထောက်ဖြစ်သူ ဒေါ်ခင်စိုးဝင်းက စတင်တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။

    နှစ်ပေါင်း ၃၀ ကျော် သတင်းထောက်အတွေ့အကြုံရှိသည့် ဦးသန်းလွင်ထွန်းသည် VOA ၌ ၂၀၀၄ ခုနှစ် တွင် စတင်လုပ်ကိုင်ခဲ့ကာ ယခင်က BBC သတင်းဌာန၌လည်း အသံလွှင့်သတင်းထောက်အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့ဖူးကြောင်း VOA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။